• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမျိုးသမီးများနေ့၌ စစ်ခေါင်းဆောင်ပြောသောမိန့်ခွန်း လက်တွေ့နှင့် ကွဲလွဲနေ

by ဧရာဝတီ
4 July 2023
in သတင်း
A A
၂၀၂၁ ဖေဖေါ်ဝါရီ ၈ရက်နေ့က စစ်တပ်အာဏာသိမ်းခြင်းကို ကန့်ကွက်ဆန္ဒပြနေသည့် ရန်ကုန်မြို့မှ အမျိုးသမီးတစ်ဦး / ဧရာဝတီ

၂၀၂၁ ဖေဖေါ်ဝါရီ ၈ရက်နေ့က စစ်တပ်အာဏာသိမ်းခြင်းကို ကန့်ကွက်ဆန္ဒပြနေသည့် ရန်ကုန်မြို့မှ အမျိုးသမီးတစ်ဦး / ဧရာဝတီ

2.9k
VIEWS
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီး ၃ထောင်ကျော်ကို ဖမ်းထားပြီး ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများ၌ အမျိုးသမီးများအား စစ်တပ်က သတ်ဖြတ်အဓမ္မပြုကျင့်မှုများ ကျူးလွန်နေသော်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ် တည်ဆောက်ရေးတွင် အမျိုးသမီးများမှာ အရေးပါသောအင်အားစုဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့က ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ စစ်ခေါင်းဆောင် ပေးပို့သည့် မိန့်ခွန်းတွင် “မြန်မာအမျိုးသမီးများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည် ဆောက်ရေး၌ အရေးပါသည့် အင်အားစုတရပ်ဖြစ်ပြီး နိုင်ငံတော်အတွက် အဖိုးတန်သော လူသားများ ဖြစ်ကြောင်း၊ မြန်မာအမျိုးသမီး တွေဟာ လောကကို တဖက်တလမ်းက တာဝန်ယူသူတွေ လူငယ် လူရွယ်တွေရဲ့ အနာဂတ်ကို လှပ အောင် ဖန်တီးသူ ဥယျာဉ်မှူးတွေဖြစ်ပါတယ်” ဟု ပါရှိသည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
108
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
368
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
132

ထို့အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို လိုလားခြင်းမရှိသည့် စစ်အုပ်စုက ၎င်းတို့အားဆန့်ကျင်သူမှန်သမျှ ရန်သူ အဖြစ် သတ်မှတ်ပြီး ဖမ်းဆီးနေချိန် ယခုလို ပြောဆိုခြင်းမှာ အပြောနှင့်အလုပ် မညီကြောင်း အမျိုးသမီးများက ဝေဖန်ကြသည်။

အမျိုးသမီး များအဖွဲ့ချုပ် (WLB) မှ အထွေထွေအတွင်းရေးမှူး နာင်းမို့မို့က “အကြမ်းဖက် စစ်တပ်က သူပြောတာနဲ့ လုပ်တာ လုံးဝတခြားစီ ဖြစ်နေတယ်။ အမျိုးသမီးတွေရဲ့ ပါဝင်မှုက အရေးကြီးတယ်ဆိုတာကို မသွားခင်မှာ သူတို့ ကိုယ်တိုင်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လိုလားတဲ့လူတွေ မဟုတ်ဘူး။ ဒါကို လိုလားတဲ့လူတွေကို ဖမ်းဆီးတယ်။ သူတို့ လုပ်ရပ်သမျှတွေက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို ဆန့်ကျင်တဲ့ လုပ်ရပ် တွေ ဖြစ်တယ်” ဟု ပြောသည်။

နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးထုကြီး၏အင်အားဖြင့် အကောင်အထည်ဖော်ကြရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကို အလေးထား ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းကိုလည်း စစ်ခေါင်း ဆောင် က ထည့်သွင်းပြောဆိုသော်လည်း ၎င်းတို့အား ဆန့်ကျင်သည့် အမျိုးသမီးများကိုမူ အင်အားသုံး ဖမ်းဆီးကာ စစ် ကြောရေးနှင့် အကျဉ်းထောင်တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများအပြင် ဖိနှိပ်မှုများ ပြုလုပ်ခြင်း၊ စစ်ပဋိပက္ခဒေသများ က အမျိုးသမီးများကို အဓမ္မပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်းများကိုလည်း လုပ်နေသည်။

အာဏာသိမ်း ၂ နှစ် ကျော်ကာလအတွင်း စစ်တပ်လက်ချက်ဖြင့် အမျိုးသမီး ၅၃၆ ဦး သေဆုံးပြီး ထိုအထဲတွင် စစ် ကိုင်းတိုင်းမှအများဆုံးဖြစ်ကာ၂၅၀ ဦးထိ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အသင်း (AAPP) က မေလအထိ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

စစ်ကိုင်းတိုင်းအပြင် စစ်ပဋိပက္ခဒေသအတွင်းက အမျိုးသမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်းများကို စစ်တပ်က ပြုလုပ် နေခြင်းဖြစ်ပြီး၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ မှ ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်အထိ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် ၁၁၇ ခုမှုအနက် ၁၀၈ မှုသည် စစ်အုပ်စုက ကျူးလွန်သော အမှုများဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇွန်လ၂၅ ရက်က စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာကို ဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်သည် ဒေသ ခံပြည်သူအပါအဝင် ပကဖ အဖွဲ့ဝင် ၁၇ ဦးထက်မနည်းကို သတ်ဖြတ်ခဲ့ကာ၊ ထိုအထဲတွင် အသက် ၂၀ အရွယ် အမျိုး သမီးငယ်၂ ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်များထံက သိရသည်။

ယခုနှစ် မတ်လ ၁ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းသည် စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာကို ဝင်ရောက်ခဲ့ပြီး ဒေသခံ ၁၇ ဦးကို သတ်ဖြတ်ခဲ့ကာ ထိုသတ်ဖြတ်ခံရသူများထဲမှ အမျိုးသမီး ၃ ဦး၏ ရုပ်အလောင်းများတွင် မုဒိမ်း ကျင့်ခံထားရသည့် လက္ခဏာများအပြင် ဖမ်းဆီးစစ်ဆေးမှုများလုပ်စဉ်က ညှဉ်းပန်းနှိပ်စက် ခံထားရသည့် ဒဏ်ရာ ဒဏ်ချက်များလည်း တွေ့ရှိရကြောင်း အလောင်းကောက်ယူရာတွင် ပါဝင်သူများ၏ ပြောပြချက်အရ သိရသည်။

မန္တလေး သပိတ်တက်ကြွလှုပ်ရှားသူ မအေးမြင့်အောင်အောင်က “နင်တို့အမျိုးသမီးတွေက မိန်းမဖြစ်နေပြီးတော့ ဘာလို့ပါတာတုန်း။ နင်တို့ မိရင် မုဒိမ်းကျင့်ခံရမယ်။ ဘာလုပ်ခံရမယ်ဆိုတာတွေ ဆဲဆိုပြောဆိုတာတွေ လုပ်တာပေါ့။ အမျိုးသမီးဖြစ်နေလို့ နှိမ်တဲ့စကားတွေ အများဆုံး ပြောကြတယ်။ ခေတ်အဆက်ဆက် စစ်တပ်သည် အင်မတန်ကိုမှ ဖိုဝါဒ ကြီးစိုးတာ ဖြစ်တယ်။ မိန်းကလေးတွေ တကယ်တန်ဖိုး မထားဘဲနဲ့ အရမ်းကိုနှိမ့်ကျတဲ့ နေရာမှာပဲ ထားတယ်” ဟု ပြောသည်။

ထို့ပြင် စစ်တပ်အာဏာသိမ်းသည့်၂၀၂၁ မှ ယခုနှစ် မေ၂၉ ရက်ထိ စစ်တပ်က ဖမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသမီး ၃,၅၁၇ ဦးထိ ရှိခဲ့ပြီး ၈၅၉ ဦးသည် ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားသည်။

“နိုင်ငံရေးမှာ အမျိုးသမီးတွေက ဘယ်လောက်အရေးကြီးတယ်ဆိုပြီး လှလှပပလေး ပါးစပ်က ပြောနေပေမယ့် လက် တွေ့လုပ်ဆောင်မှုမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြားသော အမျိုးသမီးတွေကို တောက် လျှောက် ဖမ်းဆီးတာတွေ့ရတယ်။ ဒါက သူတို့ (စစ်ကောင်စီ) ရဲ့ အကြောက်တရားပေါ့။ ဒီအမျိုးသမီးသည် သူတို့ထက် လူထု ထောက်ခံမှုကို ရနေတယ်။ ခေါင်းတလုံး သာနေတယ်ဆိုတာ သိလို့ ပိုဖိတာပေါ့” ဟု မအေးမြင့်အောင်အောင်က ဆိုသည်။

ထိုသို့ အမျိုးသမီးနှင့် ကလေးသူငယ်များပါမချန် သတ်ဖြတ်၊ နှိပ်စက်မှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အပြင် ၎င်းတို့ကို အမိန့်ပေးသည့် စစ်အုပ်စုခေါင်းဆောင်များသည် ထိုက်တန်သည့် ပြစ်ဒဏ်ကို တာဝန်ယူရန် လိုအပ် ပြီး နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်း စစ်တပ်၏ ကျူးလွန်မှုများကို ရှုတ်ချပြီး စစ်အုပ်စုကို အသိအမှတ်မပြု ခြင်း ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းပြောဆိုသည်။

စစ်ကောင်စီကမူ မြန်မာအမျိုးသမီးများနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ရိုးရိုးယဉ်ယဉ် မြန်မာ့အသွင်၊ ရောင်စုံခြယ်သ မြန်မာအမျိုးသမီးများအလှဆိုကာ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပြပွဲပြု လုပ်ခဲ့သည်။

You may also like these stories:

မိခင်သောကနှင့် တော်လှန်ရေး ဆုတောင်း

အာဏာသိမ်း စစ်တပ်က မုဒိမ်းကျင့် လူသတ်နေသည်

ဒီမိုကရေစီတိုက်ပွဲဝင် အမျိုးသမီး စစ်သည်တော်များ

စစ်ခေါင်းဆောင်တွေရဲ့ နောက်ဆုံးလုပ်ကြံမှုကို ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားနိုင်မလား

Your Thoughts …
Tags: စစ်ကောင်စီဒီမိုကရေစီနှင့် ဖက်ဒရယ်အမျိုးသမီးများနေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာစစ်တပ် (ဝဲ) နှင့် PDF, EAO တို့၏ တပ် (ယာ)

မြန်မာ့ "ညီညွတ်ရေး တပ်ပေါင်းစု" တံလျှပ်များ

ကရင်နီပြည်နယ်မှ စစ်ဘေးရှောင်ပြည်သူများ / ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်

ကရင်နီစစ်ရှောင်များ စားနပ်ရိက္ခာ အကျပ်အတည်း ဆိုက်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate