ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် စစ်တပ်အကြီးအကဲအဖြစ် အာဏာသိမ်းပြီး ကိုးနှစ်အကြာတွင် နိုင်ငံရေးမှ အနားယူကြောင်း ကြေညာခဲ့သည်။
“အခုကစပြီး နိုင်ငံရေးက ထွက်ပါပြီ၊ United Thai Nation ပါတီရဲ့ အဖွဲ့ဝင်အဖြစ်ကနေ နှုတ်ထွက်ပါတယ်” ဟု ပါတီ၏ အင်္ဂါနေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ၎င်းက ပြောကြားခဲ့သည်။
ဗိုလ်ချုပ်ကြီး ပရာယွတ်သည် မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် ပါတီစာရင်းဝင် ပါလီမန်အမတ်တဦးအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း UTN ၏ အကြံပေးအရာရှိချုပ်နှင့် ပါတီ၏ ဝန်ကြီးချုပ်လောင်းနှစ်ဦးထဲမှ တဦး ဖြစ်သည်။ အစိုးရသစ် မဖွဲ့မချင်း အိမ်စောင့်ဝန်ကြီးချုပ်အဖြစ်လည်း ဆက်ရှိနေမည်ဖြစ်သည်။
အသက် ၆၉ နှစ်ရှိ ဗိုလ်ချုပ်ကြီး ပရာယွတ်က ၎င်း၏ ရာထူးသက်တမ်း ကိုးနှစ်အတွင်း “အောင်မြင်မှုများစွာ” ရရှိခဲ့ကြောင်း အင်္ဂါနေ့တွင် ပြောသည်။
“ကျွန်ုပ်သည် ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံတော်၊ သာသနာနှင့် ဘုရင်စနစ်ကို ချစ်မြတ်နိုးသော ပြည်သူများ၏ အကျိုးစီးပွားအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ရလဒ်က ပြည်သူတွေ အသီးအပွင့်ကို ခံစားရရှိနေကြပါပြီ” ဟု ၎င်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား။ ။ Bangkok Post
You may also like these stories:
ထိုင်းဝန်ကြီးချုပ်လောင်း ဖိထာ အနာဂတ် မရေရာ
ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်
ဒီမိုကရေစီလိုလားတဲ့ လွှတ်တော်ဥက္ကဋ္ဌကို ထိုင်းပါလီမန်က ဝန်ကြီးချုပ် မဲပေးခါနီးမှာ ရွေးချယ်
ဇူလိုင် ၁၃ ရက် ထိုင်းပါလီမန် ဝန်ကြီးချုပ် ရွေးချယ်ချိန် မဲနိုင်မည်ဟု ဖိထာ ယုံကြည်