• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မူဆယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်

by ဧရာဝတီ
12 July 2023
in သတင်း
A A
TNLA တပ်ဖွဲ့ဝင်တဦး (ဓာတ်ပုံ- ဧရာဝတီ)

TNLA တပ်ဖွဲ့ဝင်တဦး (ဓာတ်ပုံ- ဧရာဝတီ)

4.6k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် အရှေ့ဘက် နမ့်တောင်းရွာဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည်။

စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇ သည် ဇူလိုင်လ ၁၁ ရက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အနီးရှိ လုံခန်ကျေးရွာဘက်မှ မြောက်ဘက် ၄ မိုင်ကျော်အကွာ TNLA တပ်မဟာ ၅ စစ်ရေးလှုပ်ရှားသည့် နမ့်တောင်းရွာသို့ ချီတက်တိုက်ခိုက်လာသဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံက ဧရာဝတီကို ပြော သည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
249
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
518
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
199

တိုက်ပွဲသည် နံနက် ၁၀ နာရီ မိနစ် ၄၀ မှ ၁၁ နာရီအထိ မိနစ်၂၀ ခန့် ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် ၂ ဖက်တပ်ဖွဲ့အကြား ယာယီအပစ်ရပ်နေကာ တဖက်နှင့်တဖက် အခြေအနေကို စောင့်ကြည့်နေကြောင်း TNLA ပြောရေး ဆိုခွင့်ရှိသူရုံး တာဝန်ခံ အမျိုးသမီးက ရှင်းပြသည်။

၎င်းက “မြန်မာစစ်တပ်က လုံခန်ရွာကနေ နမ့်တောင်းကို ထိုးစစ်ဆင်တိုက်ခိုက်လို့ ဖြစ်တာပါ။ စစ်ကောင်စီဘက်က လက် နက်ကြီး ပစ်ခတ်တဲ့အတွက် အရပ်သားနေအိမ်တွေ ပျက်စီးတာတော့ ရှိပါတယ်။ ပြည်သူထိခိုက်တာတော့ မရှိဘူး။ အရပ် သား နေအိမ်၂ လုံး ထိခိုက်ပါတယ်။ လက်နက်ကြီးက မူဆယ်ဘက်က ၁ ချက် ပစ်ပါတယ်။ အခုကတိုက်ပွဲ ဖြစ်ပြီးတော့ ၂ ဖက် ယာယီရပ်ဆိုင်းထားတဲ့ အနေအထားပါ” ဟု ဆိုသည်။

တိုက်ပွဲအတွင်း TNLA တပ်ဖွဲ့ဝင်တဦး သေဆုံးပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုကို မသိရသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံက ပြောသည်။

နမ့်တောင်းရွာတိုက်ပွဲသည် TNLA တပ်ဖွဲ့ဝင်များက လမ်းပေါ်တက် အခွန်ကောက်ရာမှ အရပ်ဝတ်ဖြင့်လာသည့် စစ်ကောင် စီတပ်ဖွဲ့ဝင်များ၏ ကားနှင့်ဆုံမိပြီး ပစ်ခတ်မှုဖြစ်ခြင်းဖြစ်ကြောင်း Facebook လူမှုကွန်ရက်၌ သတင်းများ ထွက်နေသော် လည်း အဆိုပါသတင်းသည် သတင်းမှားသာ ဖြစ်သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံ အမျိုးသမီးက ဆိုသည်။

၎င်းက “လိုင်းပေါ်က သတင်းကတော့ သတင်းအမှားပါ။ ကျမတို့ စခန်း အတိုက်ခံရတာပါ” ဟု ဆိုသည်။

မူဆယ်မြို့ ဒေသခံတဦးကမူ နမ့်တောင်းဘက်တွင် တိုက်ပွဲဖြစ်သည်ဟု သတင်းကြားရသော်လည်း ၂ ဖက် ပစ်ခတ်သံများ ကိုမူ မကြားရကြောင်း ဆိုသည်။

၎င်းက မူဆယ်မြို့တွင်း၌ ဇူလိုင်လ ၁၂ ရက်တွင် မြို့ခံများ ပုံမှန်သွားလာနေကြပြီး ကုန်ကားများလည်း သွားလာနေကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်ရှိ မိုင်းငေါ့မြို့နယ်ထဲတွင် စစ်ကောင်စီ၏ ခလရ ၂၅၇ နှင့် TNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ လက်ရှိတွင်မူ မိုင်းငေါ့မြို့နယ်ထဲ၌ ၂ ဖက်တပ်များ ဆိုင်ထားပြီး အခြေအနေ စောင့်ကြည့်နေဆဲဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံထံမှ သိရ သည်။

TNLA ဒုဥက္ကဋ္ဌ ၁ ဗိုလ်ချုပ် တားဂျုတ်ဂျားကလည်း “အရှေ့မြောက်ဒေသ တိုက်ပွဲခေါ်သံက အဆုံးအဖြတ်တိုက်ပွဲရဲ့ ရှေ့ပြေး နိမိတ်ဖြစ်နိုင်မလား” ဟု ဇူလိုင်လ ၁၂ ရက်တွင် ၎င်း၏ Facebook အကောင့်‌၌ ရေးသားထားသည်။

စစ်ရေးလေ့လာသူတဦးကမူ မူဆယ်မြို့နယ်ထဲက စစ်ကောင်စီနှင့် TNLA တိုက်ပွဲသည် အမှတ်မထင်ဆုံသည့် တိုက်ပွဲသာ ဖြစ်နိုင်ကြောင်း ဆိုသည်။

၎င်းက “အရပ်သားတွေပြောတာကို တချို့သတင်းတွေမှာ တွေ့တာက စစ်တပ်က အရပ်ဝတ်နဲ့ တက်လာတဲ့အချိန်မှာ TNLA က အခွန်ကောက်ဖို့ တားတာ။ အရပ်ဝတ် ဝတ်ထားတဲ့ စစ်တပ်က လူတွေက ပစ်ကြခတ်ကြဖြစ်တော့ အကျအဆုံးရှိတာလို့ ပြောတယ်။ ပြောမယ်ဆိုရင် နမ့်တောင်းဘက်က တိုက်ပွဲက တဖက်နဲ့တဖက် ရည်ရွယ်ချက်ရှိရှိဖြစ်တဲ့ တိုက်ပွဲတော့ မဟုတ် ဘူး။ ဒါက ပက်ပင်းတိုး တိုက်ပွဲဖြစ်တာပါ” ဟု ဆိုသည်။

ဆက်လက်၍ စစ်ရေးလေ့လာသူတဦးက TNLA ဒုဥက္ကဋ္ဌ ၁ ၏ ရေးသားချက်သည် မူဆယ်မြို့နယ်ထဲက တိုက်ပွဲကိုဆိုလို ခြင်းမဟုတ်ဘဲ ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ဘက်က တိုက်ပွဲအခြေအနေကိုပြောခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။

၎င်းက “လုံခန်ဘက်က အခြေအနေတွေနဲ့ သိပ်မဆိုင်လောက်ဘူး ထင်တယ်။ ကျောက်မဲ မိုင်းငေါ့ဘက်က အခြေအနေကို ဆိုလိုတာ ထင်တယ်။ အဲဒီဘက်မှာ စစ်တပ်က TNLA ရှိတဲ့နေရာတွေဆီ တိုးလာလို့ ရေးတာ ထင်တယ်။ အဲဒီဘက်မှာ စစ်ဆင်ရေးလုပ်ရင် TNLA နယ်မြေထဲကို ဝင်လာတာဖြစ်တဲ့အတွက် မဖြစ်မနေ ပြန်တိုက်ရမယ့် အခြေအနေ ဖြစ်လာမယ်။ လုံခန်တို့ နမ့်တောင်းတို့ဆိုတာက TNLA ရဲ့ တကယ့် နယ်မြေအစစ် မဟုတ်ဘူး။ ဆိုလိုတာက အဲဒီမှာက ပလောင်ရွာ မရှိ ဘူး။ TNLA အခြေခံ ဒေသထဲဝင်လာရင်တော့ သူတို့ မဖြစ်မနေ ပြန်တိုက်ကြမယ့် သဘောပေါ့” ဟု မှတ်ချက်ပေးသည်။

စစ်ကောင်စီတပ်နှင့် TNLA သည်၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် TNLA ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်၊ ကုန်းသာ ရွာ၌ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး တိုက်ပွဲများ ယာယီ ငြိမ်သက်နေရာမှ၂၀၂၃ ခုနှစ် ဇူလိုင်လတွင်တိုက်ပွဲသတင်းများ ပြန် လည် ပေါ်ထွက်လာခြင်း ဖြစ်သည်။

You may also like these stories:

စစ်ရေးသတိရှိကြရန် လိုင်ဇာလူထုကို KIA သတိပေး

ကွတ်ခိုင်၌ စစ်ကောင်စီတပ်ကို KIA တိုက်

တီးတိန် သိုင်းငင်းရွာတိုက်ပွဲ ပြင်းထန်သဖြင့် နှစ်ဖက်သေဆုံးမှုများ

Your Thoughts …
Tags: TNLA
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

SSPP ၏ မဟာမိတ် UWSA တပ်သားများ / ဧရာဝတီ

သံလွင်မြစ်ကို ကူးလာတဲ့ UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ

by ကိုဦး
12 April 2023
57.6k

နွေဦးတော်လှန်ရေးတွင် အကျိုးအမြတ်အရှိဆုံးက UWSA ဖြစ်သည်ဟု အချို့သုံးသပ်သည်။

၂၀၁၉ ခုနှစ်အတွင်း မေမြို့စစ်တက္ကသိုလ်အား မြောက်ပိုင်း ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်အပြီး

မြောက်ပိုင်းသုံးဖွဲ့နှင့် သုံးပွင့်‌ဆိုင်ဇာတ်လမ်း

by မိုးစက်ငြိမ်းချမ်း
6 June 2023
18.1k

မြန်မာစစ်တပ်လော်ဘီများက မျောက်သုံးကောင်ဟု သရော်ခနဲ့သည့် မြောက်ပိုင်းသုံးဖွဲ့သည် မြန်မာပြည်နိုင်ငံရေးနှင့် ပြည်တွင်းစစ်တွင် အရေးပါသော နေရာတနေရာ ရယူထားနိုင်ခဲ့ပြီဖြစ်သည်ကမူ ငြင်းပယ်၍ မရနိုင်တော့ပြီ။

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး အင်ဘန်လနှင့် PSLF ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တာအိုက်ဘုန်း

KIA နှင့် TNLA ထိပ်သီးတွေ ဘာကြောင့် တွေ့ဆုံဆွေးနွေးတာလဲ

by ဧရာဝတီ
1 June 2023
9k

၂ ဖွဲ့လုံး အခြေစိုက်ရာ ရှမ်းပြည်မြောက်ပိုင်းတွင် အခွန်ကောက်ယူမှု၊ စစ်သားသစ်စုဆောင်းမှုနှင့် ပိုင်နက်နယ်မြေသတ်မှတ်မှုတို့တွင် မဟာမိတ်ဆိုသော်ငြား ပွတ်တိုက်မှုများ ရှိနေသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့ အဖွဲ့ဝင် TNLA တပ်သားများ ၂၀၁၉ ခုနှစ်က စစ်ရေးပြနေစဉ် / ဧရာဝတီ

တရုတ်ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ကတိပြု

by ဧရာဝတီ
6 July 2023
11.8k

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုသည် ဘေဂျင်း၏ ဖိအားပေးခံရပြီးနောက် ၎င်းတို့ ဒေသများမှ တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်မည်ဖြစ်ကြောင်း စနေနေ့တွင် ကြေညာသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ရန်ကုန်ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများက မင်းအောင်လှိုင်အပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြိုးကိုင်ထားပုံ သရုပ်ဖော်ပုံကို ကိုင်ဆောင်ထားစဉ် / AFP

တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း

by Igor Blazevic
28 March 2023
13.7k

တရုတ်၏ ရည်မှန်းချက်များ၊ အခြားနိုင်ငံတကာဇာတ်ဆောင်များက မြန်မာအကျပ်အတည်းတွင် မည်သည့်အခန်းကဏ္ဍမှ ပါဝင်နိုင်သည်တို့ကို ဆွေးနွေးထားသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်အတွင်းက တရုတ်အထူးကိုယ်စားလှယ်သစ် မစ္စတာ တိန့်ရှီကျွန်း တရုတ်နယ်စပ်ရှိ မြောက်ပိုင်းတိုင်းရင်းသား တပ်ဖွဲ့များနှင့် ဒုတိယအကြိမ် တွေ့ဆုံစဉ်

တိန့်ရှီကျွန်းနှင့် မြန်မာစစ်တပ်၏ စစ်ဆင်ရေးသစ်များ

by သက်ထားမောင်
18 March 2023
8.3k

တရုတ်နယ်စပ်မှ တပ်များထုတ်နုတ်နိုင်ခြင်းသည် "အာမခံချက်တခု" ကြောင့်သာ ဖြစ်နိုင်ပေ၏။

Next Post
Golden City စီမံကိန်း

စင်ကာပူလုပ်ငန်းက စစ်ကောင်စီနှင့် ဆက်စပ်စီမံကိန်းတွင် ဆက်လက်ပတ်သက်နေ

NUG ကို ထောက်ခံဆန္ဒပြသူများ / AFP

ထီ၊ ငွေတိုက်စာချုပ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် နွေဦးတော်လှန်ရေး ရန်ပုံငွေ

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.6k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

5 days ago
3.2k

Most Read

  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate