• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပြီး မဆာတွီရွာကို စစ်တပ်ဗုံးကြဲ

by ဧရာဝတီ
18 July 2023
in သတင်း
A A
ကန်ပက်လက်တွင် တိုက်ပွဲဖြစ်ပြီး မဆာတွီရွာကို စစ်တပ်ဗုံးကြဲ

စစ်ကောင်စီတပ် ဗုံးကြဲခဲ့သည့် မဆာတွီကျေးရွာ/Khonu Battalion

1.1k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ဆီ ဦးတည်လာသည့် စစ်ကောင်စီစစ်ကြောင်း ယနေ့နံနက်ပိုင်းက ချင်း-မကွေး နယ်စပ်၌ ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် အနီးရှိ မဆာတွီရွာကို တိုက်လေယာဉ်များက ဗုံးကြဲခဲ့ကြောင်း ချင်း ဒေသကာကွယ်ရေးတပ်(CDF-Kanpetlet) မဟာမိတ် ဆက်ဆံရေးတာဝန်ခံ ဆလိုင်းသန်းရွှေ ကပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဆာတွီရွာ ဘုရားကျောင်းအပါအဝင် လူနေအိမ်အဆောက်အဦ ၁၀ လုံးခန့် ထိခိုက်ပျက်စီး သွား ခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကိုမူ အတည်မပြုနိုင်သေးကြောင်းလည်း ၎င်းကပြောသည်။

RelatedPosts

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

16 June 2025
64
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
1.4k
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
624

ဆလိုင်းသန်းရွှေက “ သူတို့က ဗုံးအလုံး ၂၀ ဝန်းကျင်လောက် ကြဲချသွားတာ၊ ပြည်သူထိခိုက်မှုကတော့ အတည် မပြုနိုင် သေးဘူး၊ နေအိမ်တွေ ပျက်စီးမှုပဲ အတည်ပြုနိုင်သေးတယ်၊ တိုက်ပွဲကတော့ မနက်ထဲက နှစ်ကြိမ်လောက် ဖြစ်နေတာ၊ စစ်ကောင်စီဘက်က အတော်လေး ထိခိုက်မှုရှိတယ်လို့ ကြားရတယ်၊ ကျနော်တို့ဘက်ကလည်း တဦး ဒဏ်ရာရတာရှိတယ်၊ စစ်ရေးက ဆက်လက်တင်းမာနေတဲ့ အနေအထားပါ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီ၏ သံချပ်ကာယာဉ် နှစ်စီးအပါအဝင် ကား ၂၇ စီးခန့် ပါ လူ၊ လက်နက်၊ ရိက္ခာများ တင်လာသည့် ထောက်ပို့ ယာဉ်တန်းမှာ ဇူလိုင် ၁၃ ရက်နေ့ကတည်းက မကွေးတိုင်း၊ လောင်းရှည်မြို့မှ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့အနေဖြင့် ကျင်ဒွေးမြို့ရှိ စစ်တပ်စခန်းအထိ သွားရောက်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ခန့်မှန်း ထားကြသည်။

အဆိုပါ ထောက်ပို့ယာဉ်တန်းတွင် တပ်မ ၈၈ လက်အောက်ခံတပ်များမှ အင်အား ၃၀၀ ခန့်ပါပြီး ယာဉ်တန်းလုံခြုံရေး ရှေ့ပြေးစစ်ကြောင်းများနှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

အဆိုပါ ထောက်ပို့ယာဉ်တန်း ထွက်လာသည့်နေ့မှစတင်ကာ စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းအပြင် လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုများကို လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းတွင် တိုးမြှင့်ပြုလုပ်လျှက်ရှိရာ ဇူလိုင် ၁၄ ရက် နေ့က ဆောမြို့နယ်၊ ရင်းကဲကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ် ကလေးငယ်တဦး သေဆုံးခဲ့ပြီး အမျိုးသားတဦးဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းများဖော်ပြနေသည့် ယောအလင်းတန်း မီဒီယာတွင် ရေးသား ထားသည်။

စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရသည့် နေရာပြ မြေပုံ

အိမ်ခြေ ၃၀၀ကျော်ရှိ ရင်းကဲကျေးရွာသည် လောင်းရှည်-ကျင်းဒွေးလမ်းပိုင်းဘေးရှိ သဲချောင်းတဖက်ကမ်းမှ ရွာဖြစ်ပြီး စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ပြီး ရွာတွင်းဝင်ကာ မီးရှို့သဖြင့် ရွာလုံးကျွတ်နီးပါး မီးလောင် ပျက်စီးခဲ့ ရကြောင်းလည်း သိရသည်။

လတ်တလော စစ်ကြောင်း၏ တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုများကြောင့် ရင်းကဲကျေးရွာနှင့် အနီးအနားရှိ နတ်ကောင်းကျင်း၊ ဆွဲလွဲကျင်းကျေးရွာဒေသခံ စုစုပေါင်း နှစ်ထောင်ခန့်မှာ စစ်ဘေးရှောင်ထွက်ပြေးနေရကြောင်းလည်း သိရသည်။

ဇူလိုင် ၁၅ရက်တွင်လည်း ဆွဲလွဲကျင်းရွာပတ်ဝန်းကျင်၌ တိုက်ပွဲ ဆက်လက်ဖြစ်ပွား ခဲ့ရာတွင်လည်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်များကပြောသည်။

လတ်တလောတွင် အဆိုပါစစ်ကြောင်းသည် ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် မဆာတွီကျေးရွာနှင့် ဆွဲလွဲကျင်း ကျေးရွာ အကြားတွင် ရောက်ရှိနေပြီး ကြားဖြတ်တိုက်ခိုက်မှုများကြောင့် ရှေ့ဆက်မတိုးနိုင်သေးကြောင်းလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့ များက ပြောသည်။

CDF-Kanpetlet – Khonu Battalion ခေါနူးတပ်ရင်းတာဝန်ရှိသူတဦးက “ ဆွဲလွဲကျင်းရွာနားမှာ မနက်စောစော တိုက်ပွဲ ဖြစ်တယ်။ သူတို့ အရှေ့တက်လာလို့ မရတော့ ဒီနေ့ သူတို့ လေယာဉ်နဲ့ကြဲတယ်၊ ထိခိုက်ပျက်စီးမှုတွေရှိတယ်၊ ကျနော်တို့ ရှိတာနဲ့ပဲ ရသလို ခုခံနေရတာ၊ လေကြောင်းရန်ကို ခုခံဖို့ဆိုတာက ခက်ခဲတယ်၊ ကျနော်တို့မှာ ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်မရှိဘူး၊ ခဲယမ်းမရှိဘူး၊ လိုအပ်ချက်တွေ ရှိနေတယ်” ဟုပြောသည်။

ကျင်ဒွေးမြို့ရှိ စစ်တပ်စခန်းအား ထောက်ပို့ပေးရန် လောင်းရှည်-ကျင်ဒွေးလမ်းအတိုင်း စစ်ကြောင်း ထိုးနေသည်နှင့် တပြိုင် နက်တည်း ကျောက်ထုမြို့ဘက်မှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းတကြောင်း မှာလည်း ဆောမြို့ထဲသို့ ရောက်နေကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည်လည်း ကန်ပက်လက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာနိုင်သည်ဟု ဒေသကာကွယ်ရေးတပ် များက ခန့်မှန်ထားပြီး အတတ်နိုင်ဆုံး ခုခံတိုက်ခိုက်သွားမည်ဟု ဆလိုင်းသန်းရွှေက ပြောသည်။

၎င်းက “ချင်းဘက်ကို ပြင်းထန်တဲ့ထိုးစစ်ဆင်ချင်တဲ့ သဘောရှိတယ်၊ ဒီဘက်ကို စစ်ကြောင်းမထိုးတာ အတော်လေးကြာပြီ၊ အခုက အလုံးအရင်းနဲ့ထိုးလာတယ်ဆိုတော့ ဘာကြောင့်ဆိုတာတော့ မပြောတတ်ဘူး၊ ပြည်သူတွေကို ပစ်မှတ်ထားမယ်၊ ကျေးရွာတွေကို ဖျက်ဆီးတာလို လူ့အခွင့်အရေးနဲ့မညီတဲ့ လုပ်ရပ်တွေကတော့ ကျနော်တို့ဘက်က လုံးဝကို လက်မခံပါ ဘူး။ ကျနော်တို့နယ်မြေမှာ ကျနော်တို့ပြည်သူတွေကို ကာကွယ်ရမယ့်တာဝန်ရှိတယ်၊ သူတို့ ဘယ်အကြောင်းကြောင့်ပဲ စစ်ကြောင်းထိုးထိုး ပြည်သူကိုကာကွယ်ဖို့ ကောင်းမွန်တဲ့ တုန့်ပြန်မှုကတော့ ပြန်လည် လုပ်သွားမှာပါ” ဟု ပြောသည်။

ဇူလိုင် ၁၃ ရက်နေ့မှစတင်ကာ လောင်းရှည်မှထွက်လာသည့် ထောက်ပို့စစ်ယာဉ်တန်းနှင့် ရှေ့ပြေးစစ်ကြောင်းတို့အား ဒေသကာကွယ်ရေးတပ်များက နေ့စဉ် ခုခံတိုက်ခိုက်လျှက်ရှိရာတွင် နှစ်ဖက်ထိခိုက် သေဆုံးမှုများရှိနေပြီး အသေးစိတ် အခြေအနေများအား သက်ဆိုင်ရာတပ်ဖွဲ့ များက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

စစ်ရေးတင်းမာမှုများရှိနေသည့် ကန်ပက်လက်မြို့နယ်တွင် ပြီးခဲ့သည့်ဇူလိုင် ၁၃ ရက်နေ့ကလည်း CDF-Kanpetlet နှင့်ပူးပေါင်းတပ်များက မြို့ပေါ်ရှိ စစ်တပ်စခန်းအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရသည်။

လတ်တလော စစ်ကောင်စီထောက်ပို့စစ်ကြောင်း စစ်ကြောင်းထိုးနေသည့် လောင်းရှည်-ကျင်ဒွေးလမ်းပိုင်းတလျှောက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သည့်အတွက်လည်း ဒေသခံပြည်သူများ သွားလာခြင်းမပြုကြရန် ဒေသကာကွယ်ရေး တပ်များက သတိပေး ကန့်သတ်ထားသည်။

You may also like these stories:

ချင်းပြည်နယ်မှ ခုခံတော်လှန်ရေးစခန်းတခုကို စစ်တပ်ဝင်သိမ်း

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၁)

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၂)

နွေဦးတော်လှန်ရေးနှင့် ချင်းလက်နက်ကိုင်တပ်ဖွဲ့များ (၃)

Your Thoughts …
Tags: ကန်ပက်လက်ချင်းချင်းဒေသကာကွယ်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

by မိုးစက်ငြိမ်းချမ်း
2 May 2024
7.5k

ဤသုံးပွင့်ဆိုင်နယ်မြေတွင် တဖွဲ့တဖွဲ့ ကျောချင်းကပ်ကာ ရင်ဆိုင်၍ရသည့် အခြေခံဒေသတခု တည်ဆောက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ကြိုးစားနေပုံရ၏။

ထန်တလန် စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်သေဆုံးမှုများ

ထန်တလန် စခန်းသိမ်းတိုက်ပွဲ နှစ်ဖက်သေဆုံးမှုများ

by ဧရာဝတီ
29 August 2023
6.9k

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်းအား သြဂုတ် ၂၈ ရက်၌ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ နှစ်ဖက်သေဆုံးမှုများပြီး ပူးပေါင်းတပ်များ ယာယီနောက်ဆုတ်ခဲ့ရကြောင်း CNF ပြောခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် ကန်ပက်လက်ကို ထိုးစစ်ဆင်နေ

စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် ကန်ပက်လက်ကို ထိုးစစ်ဆင်နေ

by ဧရာဝတီ
21 July 2023
6.2k

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်နှင့် ထောက်ပို့ယာဉ် ၂၇ စီး ပါဝင်သည့် စစ်ကြောင်းတခုသည် ဆောမြို့မှ ကန်ပက် လက်မြို့နယ် ကျင်ဒွေးမြို့သို့ လက်နက်ခဲယမ်းနှင့်ရိက္ခာထောက်ပို့ရန် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး အင်အား ၁၀၀ ကျော် ပါဝင်သည့် စစ်ကြောင်းတကြောင်းသည် ဆောမြို့နယ်မှကန်ပက်လက်မြို့သို့...

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

by စောလွင်
27 June 2024
5.9k

စစ်ကောင်စီက လမ်းကြောင်းများပိတ်ဆို့ထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ အတွက် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ၊ ဆေးဝါးများအတွက် အိန္ဒိယကုန်ပစ္စည်းများကို အဓိက အားထားနေရခြင်းဖြစ်ပြီး CYLA က လမ်းပိတ်ခြင်း၏ နောက်ဆက်တွဲကို ရခိုင်ပြည်သူများ ပိုမိုခံစားရသောကြောင့် AA...

ကန်ပက်လက်ကို CDF သိမ်းတော့မလား

ကန်ပက်လက်ကို CDF သိမ်းတော့မလား

by ဧရာဝတီ
4 October 2023
4.7k

CDF တပ်ဖွဲ့ဝင်များသည် ကန်ပက်လက်မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအား မကြာခဏ ဆိုသလို ဝင်ရောက် တိုက်ခိုက်သည့်ဖြစ်စဉ်များကြောင့် လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် မြို့ပေါ် စစ်ဆေးရေးဂိတ်များပင် မထားရှိနိုင်တော့သလို၊

ကရင်နီညီညွတ်ရေးကို ချင်းတပ်ဖွဲ့တွေ အတုယူပါ

ကရင်နီညီညွတ်ရေးကို ချင်းတပ်ဖွဲ့တွေ အတုယူပါ

by ကိုဦး
10 July 2024
4.1k

ကရင်နီနှင့် ချင်းတို့ တူသည်က အမျိုးသားနိုင်ငံရေးသည် ၎င်းတို့၏ မျိုးနွယ်စု ကိုယ်ပိုင်လက္ခဏာနှင့်ပါ သက်ဆိုင်နေသည်။

Next Post
စိုက်စရိတ်ချေးငွေ ပြန်မဆပ်က ထောင်ချမည်ဟု စစ်ကောင်စီ ဖိအားပေး

စိုက်စရိတ်ချေးငွေ ပြန်မဆပ်က ထောင်ချမည်ဟု စစ်ကောင်စီ ဖိအားပေး

စစ်တောင်းမြစ်အနောက်ခြမ်းတွင် စစ်ကောင်စီနှင့် ကရင်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

စစ်တောင်းမြစ်အနောက်ခြမ်းတွင် စစ်ကောင်စီနှင့် ကရင်ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

4 days ago
4.9k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate