• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝန်ကြီးချုပ် မဲရရန် ဖွေ့ထိုင်းက Move Forward နှင့် လမ်းခွဲ

by ဧရာဝတီ
2 August 2023
in သတင်း
A A
ဝန်ကြီးချုပ် မဲရရန် ဖွေ့ထိုင်းက Move Forward နှင့် လမ်းခွဲ

ဖွေ့ထိုင်းပါတီဌာနချုပ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်၏ ပုံတူပန်းချီကားလက်ဆောင်နှင့်အတူ ပါတီဝင်များအား တွေ့ရစဉ်/ Khaosod

3.8k
VIEWS
Share on FacebookShare on Twitter

ဝန်ကြီးချုပ်ရွေးချယ်ရန် သောကြာနေ့တွင် ထိုင်းပါလီမန်အစည်းအဝေးကျင်းပသောအခါ ဖွေ့ထိုင်းပါတီ ဝန်ကြီးချုပ်လောင်း ဆက်သာ သာဗီဆင်အတွက် လမ်းကြောင်းချောမွေ့စေရန်အတွက် ရွေးကောက်ပွဲအနိုင်ရသည့် Move Forward ပါတီ မပါဝင်သည့် ညွန့်ပေါင်းအဖွဲ့သစ် ဖွဲ့စည်းမည်ဟု ဖွေ့ထိုင်းပါတီက ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

“လက်ရှိညွန့်ပေါင်းအဖွဲ့ကနေ နုတ်ထွက်ဖို့၊ အာဏာရ ညွန့်ပေါင်းအဖွဲ့သစ်ဖွဲ့ဖို့နဲ့ ဆက်သာ သာဗီဆင်ကို ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းဖို့ ဖွေ့ထိုင်းပါတီက Move Forward ပါတီနဲ့ တိုင်ပင် ဆွေးနွေးပြီးဖြစ်ပါတယ်” ဟု ဖွေ့ထိုင်းပါတီခေါင်းဆောင် ချိုလနန် ဆရီကောက ဘန်ကောက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

RelatedPosts

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

20 June 2025
430
ကရင်နီ၌ စက်သုံးဆီပြတ်လာ

ကရင်နီ၌ စက်သုံးဆီပြတ်လာ

20 June 2025
164
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
1.4k

မေလ ၁၄ ရက်နေ့ ကျင်းပသည့် ရွေးကောက်ပွဲတွင် စစ်တပ်နှင့်ပတ်သက်သည့် ပါတီများ၏ ၉ နှစ်ကြာ အုပ်ချုပ်ရေးကို မဲဆန္ဒရှင်များက ပယ်ချခဲ့ပြီးနောက် အောက်လွှတ်တော်တွင်အင်အားအကြီးမားဆုံး ပါတီ ၂ ခုဖြစ်သည့် Move Forward နှင့် ဖွေ့ထိုင်းပါတီတို့သည် အခြားပါတီ ၆ ခုနှင့်အတူ ဒီမိုကရေစီလိုလားသော ညွန့်ပေါင်းအဖွဲ့တခု ဖွဲ့ခဲ့ကြသည်။

သို့သော် Move Forward ပါတီ၏ အဓိက မူဝါဒဖြစ်သည့် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေကို ပြင်ဆင်ရေးသည် အထက်လွှတ်တော်အမတ်များနှင့် ကွန်ဆာဗေးတစ် အောက်လွှတ်တော်အမတ်များ အထိမခံနိုင်သည့် အနီရောင်စည်း ဖြစ်နေသည်။ ထိုင်းရာဇဝတ်ကြီး ဥပဒေ ပုဒ်မ ၁၁၂ သည် ဘုရင်စနစ်ကို စော်ကားသူများကို အဓိကအားဖြင့် အပြစ်ပေးသည်။

Move Forward ပါတီခေါင်းဆောင် ဝန်ကြီးချုပ်လောင်း ဖိထာ လင်မ်ဂျာရွန်ရတ်ကို အထက်နှင့် အောက်လွှတ်တော်က နှစ်ကြိမ်ပယ်ချခဲ့သည်။ ဖိထာသည် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပထမအချီ မဲခွဲစဉ်က မဲ ၅၀ ခန့် လိုအပ်နေပြီး ဇူလိုင်လ ၁၉ ရက်နေ့တွင် ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းခြင်းကို ပါလီမန်က ပယ်ချခဲ့သည်။

Move Forward ပါတီက ညွန့်ပေါင်းအဖွဲ့ ဦးဆောင်မှုကို ဖွေ့ထိုင်းပါတီသို့ လွှဲပြောင်းပေးပြီးနောက် ဒုတိယအင်အားအကြီးမားဆုံး ဖွေ့ထိုင်းပါတီသည် အသက် ၆၀ အရွယ် အိမ်ခြံမြေ လုပ်ငန်းရှင်ကြီး ဆက်သာအတွက် မဲအလုံအလောက်ရစေရန် မဟာမိတ်ပါတီများနှင့် တွေ့ဆုံဆွေးနွေးသည်။ ဆက်သာသည် ပါတီ၏ဝန်ကြီးချုပ်လောင်း ၃ ဦးအနက် တဦးဖြစ်သည်။ ကွန်ဆာဗေးတစ်ပါတီများ ဖြစ်သော ဘုမ်ဂျိုင်ထိုင်း၊ ချတ်ထိုင်းပါတနာ၊ ဒီမိုကရက်၊ ဖလန်ပရာချာရက်နှင့် ယူနိုက်တက် ထိုင်း နေးရှင်းပါတီတို့က ဖွေ့ထိုင်းပါတီသည် Move Forward ပါတီပါဝင်သည့် ညွန့်ပေါင်းအဖွဲ့အတွင်း ဆက်လက်ရှိနေပါက ဖွေ့ထိုင်းကို ထောက်ခံမည်မဟုတ်ကြောင်းပြောသည်။

” ပုဒ်မ ၁၁၂ ကို ပြင်ဆင်တာကို မထောက်ခံဘဲ အာဏာရညွန့်ပေါင်းသစ်မှ Move Forward ပါတီ မပါဝင်ကြောင်း ဖွေ့ထိုင်းနဲ့ ဆက်သာ သာဗီဆင်ကအတည်ပြုသည်” ဟု ချိုလ်နန်က ပါတီ၏ ကြေညာချက်ကို သတင်းစာရှင်းလင်းပွဲတွင် ကတိပြုသည်။

ဖွေ့ထိုင်းပါတီသည် ယခုအစိုးရဖွဲ့စည်းရာတွင် အခက်အခဲများကို ဖယ်ရှားရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဦးစားပေးမည်ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။ စစ်အစိုးရက ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေက ဝန်ကြီးချုပ်ရွေးချယ်ရာတွင် ရွေးကောက်ခံမဟုတ်သည့် အထက်လွှတ်တော်ကို အခန်းကဏ္ဍတခု ပေးအပ်ထားသည်။

ဖွေ့ထိုင်းက Move Forward ပါတီကို သစ္စာရှိ မရှိအပေါ် ရွေးကောက်ပွဲမတိုင်မီကပင် မေးခွန်းထုတ်ခဲ့ကြသည်။ ဖွေ့ထိုင်းပါတီ တည်ထောင်သူ အဝေးရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် အဂတိလိုက်စားမှု ထောင်ဒဏ်ကို ရင်ဆိုင်ရစေကာမူ ထိုင်းနိုင်ငံသို့ သြဂုတ်လ ၁၀ ရက်နေ့တွင် ပြန်ရန် စီစဉ်ထားသည်။

ဖွေ့ထိုင်းပါတီက ၎င်းတို့သည် ထိုင်းနိုင်ငံကို ပုံမှန် ဒီမိုကရေစီနိုင်ငံပြန်လည်ဖြစ်ရန်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်အောက်တွင် နိုင်ငံ၏ စီးပွားရေး ပြဿနာများကို ဖြေရှင်းရန် ကတိပြုထားသည်။

Move Forward ၏ ၈ ပါတီ ညွန့်ပေါင်းအဖွဲ့က သဘောတူထားသော လိင်တူလက်ထက်ခွင့်၊ အဖျော်ယမကာလုပ်ငန်းကို တံခါးဖွင့်ပေးခြင်း၊ အစိုးရ ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်း၊ လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးနှင့် စစ်မှုမထမ်းမနေရစနစ် အဆုံးသတ်ခြင်းစသည့် မူဝါဒများအတွက် တွန်းအားပေးမည်ဖြစ်ကြောင်း ဖွေ့ထိုင်းပါတီကပြောသည်။

Move Forward ပါတီသည် အတိုက်အခံအနေအထားသို့ ရောက်သွားမည်ဖြစ်ပြီး ၂၀၁၉ ရွေးကောက်ပွဲ အပြီးအခြေအနေ ပြန်ဖြစ်သည်။ ထိုစဉ်က ဖွေ့ထိုင်းပါတီသည် လွှတ်တော်နေရာအများစု အနိုင်ရသော်လည်း ဗိုလ်ချုပ်ကြီး ပရာယွဒ် ချန်အိုချာ၏ ညွန့်ပေါင်းအဖွဲ့နှင့် စစ်တပ်ခန့် အထက်လွှတ်တော်အမတ်များက မဲဖြင့် ပယ်ချခံရသည်။ ယခု အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ပရာယွဒ်သည် ဖွေထိုင်းပါတီအစိုးရကို ၂၀၁၄ ခုနှစ်ဖြုတ်ချသည့် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူဖြစ်သည်။

ပြည်သူ့ဆန္ဒနှင့်အညီ အစိုးရမဖွဲ့နိုင်ခြင်းအတွက် Move Forward ပါတီက တောင်းပန်ကြောင်း ပါတီ အတွင်းရေးမှူးချုပ် ချိုင်သာဝပ် တူလာသွန်က ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ Move Forward ပါတီအနေဖြင့် ပုဒ်မ ၁၁၂ ကို ပြင်ဆင်ခြင်း ရုတ်သိမ်းရန်နှင့် ဆက်သာကို မဲပေးရန် ဖွေထိုင်းပါတီက တောင်းဆိုခြင်း မရှိကြောင်း သူပြောသည်။

“အသိုက်အဝန်းဟောင်းက Move Forward ပါတီ အစိုးရဖြစ်တာကို မလိုလားလို့ ပုဒ်မ ၁၁၂ ကို အကြောင်းပြချက်သက်သက် ပေးတာသာဖြစ်တယ်။ ဒီဖြစ်ရပ်ဟာ ပြည်သူတွေကို အမြင့်မားဆုံး အာဏာမပေးဘူးဆိုတာကို ပြသနေပါတယ်” ဟုလည်း သူပြောသည်။

You may also like these stories:

ဖွေထိုင်းပါတီ ဘာလုပ်မလဲ

ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

ဒီမိုကရေစီလှိုင်းကြားက ထိုင်းစစ်တပ်

ကမ္ဘောဒီးယား ဝန်ကြီးချုပ်လောင်း ဟွန်မနက် ဘယ်သူလဲ

Your Thoughts …
Tags: Move Forwardဆက်သာ သာဗီဆင်ထိုင်းဝန်ကြီးချုပ်ဖွေ့ထိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.8k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

ပြည်သူတွေအသက်ကယ်ဖို့ အိမ်နီးချင်း နိုင်ငံတွေကို လိုက်စည်းရုံးနေတယ် (ရုပ်/သံ)

ပြည်သူတွေအသက်ကယ်ဖို့ အိမ်နီးချင်း နိုင်ငံတွေကို လိုက်စည်းရုံးနေတယ် (ရုပ်/သံ)

by ဧရာဝတီ
7 March 2024
3.2k

"အာဏာသိမ်းပြီး ၃ နှစ်အကြာ" လို့ ခေါင်းစဥ်တပ်ထားတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို ထိုင်းလွှတ်တော်မှာ မတ်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေမှာ ကျင်းပခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေကယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ဒူးထောက်တောင်းဆိုခဲ့သူ

မြန်မာအလုပ်သမားတွေကယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို ဒူးထောက်တောင်းဆိုခဲ့သူ

by ဧရာဝတီ
31 March 2025
2.5k

ဝန်ကြီးချုပ်ဆီမှာ တောင်းဆိုတာက ကျနော်တို့ မြန်မာပြည်သားတွေ ဒီထဲမှာ အထောက်အထားမဲ့တွေ ရှိပါတယ်။ အထောက်အထားမဲ့တွေ ရှိနေတဲ့အတွက် ပစ်မထားဖို့ကို မေတ္တာရပ်ခံပြီး တောင်းဆိုတယ်။ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေးကို ပြန်လည်ရရှိဖို့၊ ပြန်ကြည့်ပေးဖို့ကို တောင်းဆိုခဲ့တာပါ။

ထိုင်းနိုင်ငံရေးတွင် တော်ဝင်ဝါဒီများက အခိုင်အမာ ချုပ်ကိုင်ထားဆဲ

by ဧရာဝတီ
17 August 2024
2.2k

ရှည်လျားသော စစ်တပ်ကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးကို ဖေါ်ဆောင်ခဲ့သည့် ထိုင်းတော်ဝင်ဝါဒီအသိုက်အဝန်းသည် အာဏာချုပ်ကိုင်ထားဆဲဖြစ်သည်

မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

by ဧရာဝတီ
21 February 2024
1.1k

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်က အသက်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် စစ်ကောင်စီက အတည်ပြုခဲ့သည့် ပြည်သူ့ စစ်မှုထမ်း ဥပဒေသည် လာမည်ဧပြီလတွင် စတင်မည်ဖြစ်ရာ ထိုင်းနိုင်ငံသို့ လာရောက်ရန် ဗီဇာလျှောက်ထားသူ အလွန်များပြားနေသည့်အပေါ် ထိုင်းဝန်ကြီးချုပ်က ရည်ညွှန်း၍ ပြောခြင်းဖြစ်ကြောင်း Bangkok...

ထိုင်းက မြန်မာဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို အားသစ်လောင်း

ထိုင်းက မြန်မာဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို အားသစ်လောင်း

by Kavi Chongkittavorn
20 June 2024
750

ထိုင်း-မြန်မာ နယ်စပ်တလျှောက် တည်ငြိမ်ငြိမ်းချမ်းရေးသည် နိုင်ငံနှင့်ဒေသတွင်း ရိုက်ခတ်မှုရှိသောကြောင့် သူ၏ ပထမဆုံးဦးစားပေး ဖြစ်ကြောင်း မစ္စတာ မာရစ်က ပြောသည်။

Next Post
စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

စစ်ကောင်စီ၏ အနှစ်သာရကင်းမဲ့သော လုပ်ရပ်

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

စစ်အရာရှိ ၆၁ ဦး အငြိမ်းစားပေးခံရ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate