• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွေးကောက်ပွဲရလဒ် ပြောင်းရန် ကြိုးစားမှု အပြစ်မရှိကြောင်း ထရမ့် လျှောက်လှဲ

by ဧရာဝတီ
5 August 2023
in သတင်း
A A
ရွေးကောက်ပွဲရလဒ် ပြောင်းရန် ကြိုးစားမှု အပြစ်မရှိကြောင်း ထရမ့် လျှောက်လှဲ

တရားစွဲခံနေရသည့် အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရမ့် ဝါရှင်တန်လေဆိပ်သို့ ဆိုက်ရောက်လာစဉ် / AFP

949
VIEWS
Share on FacebookShare on Twitter

အမေရိကန် ဒီမိုကရေစီ၏ မဏ္ဍိုင်များကို အင်အားချိနဲ့စေရန် ထိုစဉ်က သမ္မတ၏ သမိုင်းတွင်သည့် အားထုတ်မှုဟု တရားလိုရှေ့နေများ စွပ်စွဲသည့်အမှုဖြစ်သော ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ်ခြင်းကို ပြောင်းလဲရန်ကြိုးစားသည့် အားထုတ်မှုအတွင်း အပြစ်မရှိကြောင်း ဩဂုတ်လ ၃ ရက်နေ့တွင် ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

ထရမ့်က တရားသူကြီး မော်ဆီလာ ဥပါဒရာယာထံတွင် ထိုသို့ထွက်ဆိုစဉ် ဖက်ဒရယ်စုံစမ်းစစ်ဆေးမှုများကို ဦးဆောင်သည့် အထူးရှေ့နေ ဂျက်စမစ်သည် တရားရုံးရှေ့ဆုံးတန်းတွင် ထိုင်နေသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
265
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.4k

“အပြစ်မရှိဘူး” ဟု ထရမ့်က အလေးအနက် ထွက်ဆိုသည်။

နာရီဝက်ခန့်ကြာသော ထိုသို့စစ်ဆေးခြင်းသည် သူ၏ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို အတည်ပြုမည့် ကွန်ဂရက်တွင် တားဆီးရန် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့သည့် အမေရိကန်လွှတ်တော် အဆောက်အအုံမှ မိုင်ဝက်ခန့် ဝေးသည့် ဝါရှင်တန်တရားရုံးတွင် ပြုလုပ်ခြင်းဖြစ်သည်။

ယခုတကြိမ် အပြစ်မရှိကြောင်း ငြင်းဆန်ခြင်းသည် ဧပြီလနောက်ပိုင်းတွင် တတိယအကြိမ် ငြင်းဆန်ခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် သမ္မတမဲဆွယ်ပွဲနောက်ခံတွင် ဥပဒေကြောင်းအရ လပေါင်းများစွာ ငြင်းခုန်ရမည်ဖြစ်သည်။ ထိုသမ္မတမဲဆွယ်ပွဲတွင် ထရမ့်သည် ဒီမိုကရက်တစ် သမ္မတ ဂျိုးဘိုင်ဒင်ကို အနိုင်ယူရန် ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ရှေ့ဆုံးတန်းတွင် ရောက်နေသည်။

ဩဂုတ်လ ၁ ရက်နေ့ကစွဲဆိုသည့် စာမျက်နှာ ၄၅ မျက်နှာပါစွဲချက်တွင် စမစ်က ထရမ့်နှင့် သူ၏မဟာမိတ်များသည် ရွေးကောက်ပွဲ မသမာမှုရှိသည်ဆိုသည့် မှားယွင်းသော ပြောဆိုချက်ကို ပြုလုပ်ပြီး ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် ပြည်နယ်နှင့် ဖက်ဒရယ်အရာရှိများကို ဖိအားပေးကာ ဘိုင်ဒင်ထံမှ ရွေးကောက်ခံမဲလုယူရန် ရွေးကောက်သူစာရင်းအတု ပြုလုပ်သည်ဟု ဖော်ပြထားသည်။

အသက် ၇၇ နှစ်ရှိပြီဖြစ်သော ထရမ့်သည် အမေရိကန် ပြည်ထောင်စုကို လိမ်လည်ရန် ကြိုးစားမှု၊ အမေရိကန် ပြည်သူများမဲပေးခွင့် ဆုံးရှုံးစေမှု၊ တရားဝင်လုပ်ထုံးလုပ်နည်းများကို နှောက်ယှက်မှု အပါအဝင် စွဲချက် လေးခု ရင်ဆိုင်နေရသည်။ အပြင်းထန်ဆုံးစွဲချက်အရ အများဆုံးထောင်ဒဏ် နှစ် ၂၀ အထိ ကျနိုင်သည်။

နောက်တကြိမ်ရုံးချိန်းကို သြဂုတ်လ ၂၈ ရက်နေ့တွင် အမေရိကန် ခရိုင်တရားသူကြီး တန်ယာ ချတ်ကန်ထံတွင် ပြုလုပ်မည်ဖြစ်သော်လည်း ထရမ့်ကိုယ်တိုင် ထိုရုံးချိန်းသို့ လာရန်မလိုကြောင်း တရားသူကြီး ဥပါဒရာယာ ပြောသည်။ ချတ်ကန်က ထိုအခါမှသာ တရားခွင်အတွက် ရက်စွဲသတ်မှတ်ရန် ရည်ရွယ်ကြောင်း ၎င်းကပြောသည်။

ထရမ့်၏ရှေ့နေ ဂျွန်လော်ရိုက ကန့်ကွက်စာ စောစီးစွာ တင်မည်ဟု မှတ်ပုံတင်ပြီး အမှု၏ အတိုင်းအတာနှင့် ပါဝင်မည့် အချက်အလက်များအရ အချိန်များစွာ လိုအပ်မည်ဖြစ်ကြောင်း ပြောသည်။

အစိုးရရှေ့နေ သောမတ် ဝင်ဒမ်က အမှုကို မြန်မြန်ဆန်ဆန် ကြားနာမှုဖြင့် ပုံမှန်အတိုင်း စစ်ဆေးသင့်ကြောင်း ပြောသည်။

ထရမ့်ကို ခရီးသွားလာမှု ကန့်သတ်ချက်မရှိဘဲ လွှတ်ထားပေးသည်။ လွှတ်ပေးသည့် စည်းကမ်းချက်များအနက် တခုမှာ ရှေ့နေမပါဘဲ အမှုနှင့်သက်ဆိုင်သော မည်သည့်သက်သေနှင့်မှ ဆွေးနွေးခြင်းမပြုရန် ဖြစ်သည်။

ထရမ့်က ယခုတရားစွဲဆိုမှုကိုသာမက အခြား သူ့ကို စွပ်စွဲသည့် ရာဇဝတ်မှုများသည် သူ၏ အိမ်ဖြူတော်မဲဆွယ်ပွဲ လမ်းကြောင်းလွဲစေရန် အပြစ်ရှာခြင်းဖြစ်သည်ဟု တုံ့ပြန်သည်။

“အမေရိကအတွက် ဝမ်းနည်းစရာကောင်းသောနေ့”

“ဒီနေ့က အမေရိကန် ပြည်ထောင်စုအတွက် အရမ်းဝမ်းနည်းစရာကောင်းတဲ့နေ့ပဲ” ဟု ထရမ့်က ကြားနာမှုအပြီး နယူးဂျာစီရှိ သူ၏ ဘက်မင်စတာဂေါက်ကွင်းသို့ ကိုယ်ပိုင်လေယာဉ်ဖြင့် မသွားမီ သတင်းထောက်များကို ပြောသည်။ “ဒါဟာ နိုင်ငံရေးအတိုက်အခံကို အမှုဆင်တာ” ဟုလည်း ၎င်းကပြောသည်။

ထရမ့်သည် အနီရောင်လည်စီးနှင့် အမေရိကန် အလံငယ်တပ်ဆင်ထားသည့် ရေတပ်အပြာရောင်ဝတ်စုံ ဝတ်ထားသည်။ သူ၏နောက်ဘက် နံရံတွင် လျှို့ဝှက် လုံခြုံရေး ၁၀ ဦးခန့် ရပ်နေသည်။

စမစ်နှင့် အမှုအတွက်တာဝန်ယူသော အစိုးရ ရှေ့နေများကို ထရမ့်က မကြာခဏ ကြည့်ပုံရသည်။

အပြစ်မရှိကြောင်း ထရန့် ထွက်ဆိုသော တရားခုံရုံးအား ပန်းချီဆရာ Bill Henessy ၏ ရေးဆွဲဖော်ပြချက်

တရားရုံးလက်ထောက်က အမှုအမည်ဖြစ်သော “အမေရိကန် ပြည်ထောင်စုနှင့် ဒေါ်နယ် ဂျေ ထရမ့်အမှု” ဆိုသည့် အမည်ကို ဖတ်ပြသောအခါ သမ္မတဟောင်း ထရမ့်က ခေါင်းခါကန့်ကွက်သည်။

ထရမ့်က သူသည် ရာထူးစွန့်လွတ်ရသောအခါ လျှို့ဝှက်စာရွက်စာတမ်းများကို ယူဆောင်သွားသည်ဆိုသည့် စွဲချက်နှင့် အပြာမင်းသမီးတဦးကို နှုတ်ပိတ်ခပေးရာတွင် စာရွက်စာတမ်း အတုလုပ်သည်ဟု နယူးယောက်ပြည်နယ်တွင် စွဲဆိုသည့် အမှုတွင်လည်း အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သည်။

သူသည် ဂျော်ဂျီယာပြည်နယ်တွင်လည်း နောက်ထပ်စွဲချက်များ မကြာမီ ရင်ဆိုင်ရဖွယ်ရှိသည်။ ထိုပြည်နယ်တွင် ပြည်နယ်ရှေ့နေတဦးက ထရမ့်သည် ထိုပြည်နယ်ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန် ကြိုးစားသည့်အမှုကို စုံစမ်းစစ်ဆေးနေသည်။ အတ္တလန်တာဒေသ အစိုးရရှေ့နေ ဖန်နီ ဝီလစ်က သြဂုတ်လလယ်တွင် စွဲချက်တင်မည်ဖြစ်ကြောင်း ပြောကြားထားသည်။

ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ် ထရမ့် ရှေ့ဆုံးရောက်နေ

ထရမ့်၏ ဥပဒေဆိုင်ရာ ပြဿနာများရှိသော်လည်း ရီပတ်ဘလစ်ကန် သမ္မတလောင်းဖြစ်ရန် ရှေ့ဆုံးရောက်နေသည့် အနေအထားကို ထိခိုက်စေခြင်း မရှိပေ။ ရီပတ်ဘလစ်ကန် မဲဆန္ဒရှင်များ၏ ၄၇ ရာခိုင်နှုန်းက သူ့ကိုထောက်ခံမည်ဖြစ်ကြောင်း ဩဂုတ်လ ၁ နေ့ စွဲချက်အပြီးတွင် Reuters/Ipsos က ကောက်ယူသော စစ်တမ်းတွင် ပြောသောကြောင့် ၁၃ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်ရှိနေသော ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်းတစ်ထက် အပြတ်အသတ် ထောက်ခံမှု ရနေသည်။

ယခုစွပ်စွဲချက်များသည် “နိုင်ငံရေးပယောဂ မကင်း” ဟု ရီပတ်ဘလစ်ကန် လေးပုံ သုံးပုံက ယူဆသောကြောင့် ထရမ့်ပြောသည့်အတိုင်း သူသည် နိုင်ငံရေးအရ အမှုဆင်ခံရသည်ဆိုသည့် ပြောဆိုချက်ကို ထင်ဟပ်နေသည်။

ထိုသို့ဆိုသော်လည်း ရီပတ်ဘလစ်ကန် ထက်ဝက်ခန့်က ထရမ့်ကို ရာဇဝတ်မှုဖြင့် စီရင်ပါက ထရမ့်ကို မဲပေးမည် မဟုတ်ကြောင်း အထက်ပါစစ်တမ်းတွင် တွေ့ရသောကြောင့် သူ သမ္မတလောင်းဖြစ်ရေးအတွက် အမှုများက အန္တရာယ်ဖြစ်စေမည့် အလားအလာရှိသည်။

သမ္မတလောင်းရာထူးအတွက် သူနှင့် ပြိုင်ဘက်များအပါအဝင် ထင်ရှားသည့် ရီပတ်ဘလစ်ကန်များက သူ့ကို ကာကွယ် သို့မဟုတ် နှုတ်ဆိတ်နေကြပြီး ဘိုင်ဒင်အစိုးရသည် တရားရေးဌာနကို လက်နက်သဖွယ် သုံးပြီး ရန်သူကို တိုက်ခိုက်သည်ဟု စွပ်စွဲသည်။

ဘိုင်ဒင်က ထိုရုံးတင်စစ်ဆေးမှုများကို တစုံတရာဝေဖန်ခြင်း မရှိပေ။

ဩဂုတ်လ ၁ ရက်နေ့ တရားစွဲဆိုမှုမှ စွဲချက်အများအပြားကို မီဒီယာသတင်းများနှင့် အောက်လွှတ်တော် လက်ရွေးစဉ်ကော်မတီက ပြုလုပ်သည့် စုံစမ်းစစ်ဆေးမှုတွင် ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

သို့သော် ယခု တရားစွဲဆိုသောအခါ ယခင်က ကျယ်ကျယ်ပြန့်ပြန့် မသိသေးသည့် ဂရန်း ဂျူရီဟု ခေါ်သော တရားစွဲဆိုသင့်သည်များကို အစိုးရရှေ့နေများအား ဆုံးဖြတ်ရန် ကူညီပေးသူများ၏ ထွက်ဆိုချက်နှင့် ဒုတိယသမ္မတ မိုက်ပန့်စ်၏ ထိုစဉ်က မှတ်စုများကို အခြေခံသည့် အသေးစိတ်အချို့ ပါဝင်သည်။ မိုက်ပန့်စ်သည်လည်း ရီပတ်ဘလစ်ကန် သမ္မတလောင်းဖြစ်ရန် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

စွဲချက်တွင် ဘိုင်ဒင် ရွေးကောက်ပွဲ အနိုင်ရသည်ကို အသိအမှတ်ပြုခြင်းအား ပိတ်ပင်နိုင်သည်ဆိုသော ထရမ့်ပြောသည့် သဘောတရားတွင် ဥပဒေအခြေခံ မရှိကြောင်း ပန့်စ်က ထရမ့်ကိုပြောသည့် ဖုန်းခေါ်ဆိုမှုကိုလည်း ဖော်ပြထားသည်။”ခင်ဗျားက ရိုးသားလွန်းတယ်” ဟု ထရမ့် ပြန်လည်တုံ့ပြန်ခဲ့ကြောင်း အစိုးရရှေ့နေများက ပြောသည်။

ပြည်နယ်အချို့မှ မဲများ ပယ်ချခွင့် သူ့တွင် မရှိကြောင်း ပန့်စ်က ထရမ့်ကို အကြိမ်ကြိမ် ပြောခဲ့သော်လည်း ထရမ့်က ပန့်စ်တွင် ထိုသို့လုပ်ပိုင်ခွင့်ရှိကြောင်းသာ ပြောနေသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် လွှတ်တော်အဆောက်အအုံ တိုက်ခိုက်မှု မတိုင်မီ ထရမ့်က သူ့ကိုထောက်ခံသူများကို စကားပြောသောအခါ “ပန့်စ်သာ မှန်ကန်တာကိုလုပ်ရင် ကျနော်တို့ ရွေးကောက်ပွဲနိုင်တယ်” ဟု ပြောခဲ့သည်။ ထို့နောက် လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်သည့် ဆူပူသူအချို့က “မိုက်ပန့်စ်ကို ကြိုးပေးသတ်” ဆိုသည့် ကြွေးကြော်သံများ အော်ဟစ်ခဲ့သည်။

အကြမ်းဖက်မှုများအား မတားဆီးသည့်အပြင် ထရမ့်နှင့် အပေါင်းပါများသည် အဓိကရုဏ်းဖြစ်ပြီး နာရီအတန်ကြာသည့်အချိန်အထိ ရွေးကောက်ပွဲအနိုင်ရမှု အသိအမှတ်ပြုခြင်းကို ပိတ်ပင်ရန် ရီပတ်ဘလစ်ကန် လွှတ်တော်ကိုယ်စားလှယ်များကို ဆက်လက် တောင်းဆိုခဲ့ကြောင်း စွဲချက်တွင် ဖော်ပြထားသည်။

ပန့်စ်သည် ဩဂုတ်လ ၁ ရက်နေ့တွင် ထရမ့်ကို ဝေဖန်သည့် အနည်းငယ်မျှသော ရီပတ်ဘလစ်ကန်များတွင် ပါဝင်ပြီး “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်တဲ့ ဘယ်သူမဆို ဘယ်အခါမှ သမ္မတမဖြစ်သင့်ဘူး” ဟု ပြောသည်။

ကိုးကား ။ ။ Reuters သတင်း Trump pleads not guilty of plotting to overturn election loss

You may also like these stories:

လျှို့ဝှက်စာရွက်စာတမ်းများ တရားမဝင် ယူဆောင်မှု ထရမ့် ကာကွယ်ရန် ခက်ခဲနိုင်

နှုတ်ပိတ်ခပေးသောအမှုများဖြင့် ထရမ့် တရားရုံးတက် ရင်ဆိုင်

ထရမ့် သွားရှုပ်တဲ့ စတော်မီ ဒန်နီရယ် ဘယ်သူလဲ

သမ္မတဟောင်း ထရမ့်၏ အိမ်ကို FBI ဝင်ရောက်စီးနင်း

ထရမ့်ကို ဇနီးနဲ့ သမီးက ရွေးကောက်ပွဲရလဒ် လက်ခံဖို့ တိုက်တွန်း

Your Thoughts …
Tags: ဂျိုးဘိုင်ဒင်ဒေါ်နယ် ထရမ့်ရွေးကောက်ပွဲသမ္မတလောင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.1k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.1k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

စစ်ကောင်စီ ကုန်ဈေးနှုန်း ကျအောင် လုပ်နိုင်ပါ့မလား

စစ်ကောင်စီ ကုန်ဈေးနှုန်း ကျအောင် လုပ်နိုင်ပါ့မလား

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate