စစ်ကောင်စီထိန်းချုပ် မြန်မာဗဟိုဘဏ်သည် ယခုနှစ် မတ်လအထိ အာရှ၊ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုမှ ဘဏ် ၁၄ ခုတွင် နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံရှိကြောင်း ဧရာဝတီ သတင်းဌာနက ကြည့်ရှုခဲ့သည့် ဗဟိုဘဏ်စာရင်းများအရ သိရသည်။
ထိုငွေများအနက် စင်ကာပူဘဏ် ကိုးခုတွင် ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံရှိပြီး မြန်မာ့နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက ရှိသည်။
ထိုစာရင်းများအရ မြန်မာ့နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၆,၈၄၉,၄၂၅,၁၅၉ ကို အမေရိကန် ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဟောင်ကောင်၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ရှိ ဘဏ်များတွင် ၂၀၂၃ ခုနှစ်၊ မတ်လအထိ အပ်နှံထားသည်။
စင်ကာပူတွင် DBS, UOB, OCBC, SMBC, May Bank, Mizuho (Yangon branch), CIMB, MUFB နှင့် SCB တွင် ဒေါ်လာ ၄,၅၈၅,၉၈၀,၄၆၁ သို့မဟုတ် မြန်မာ့နိုင်ငံခြားသုံးအရန်ငွေ၏ ၆၇ ရာခိုင်နှုန်းကို အပ်နှံထားသည်။
စင်ကာပူတွင် DBS, UOB, OCBC, SMBC, May Bank, Mizuho (Yangon branch), CIMB, MUFB နှင့် SCB တွင် ဒေါ်လာ ၄,၅၈၅,၉၈၀,၄၆၁ သို့မဟုတ် မြန်မာ့နိုင်ငံခြားသုံးအရန်ငွေ၏ ၆၇ ရာခိုင်နှုန်းကို အပ်နှံထားသည်။
ဒုတိယအများဆုံး အပ်နှံထားသည့် ဘဏ်မှာ နယူးယောက် ဗဟိုဘဏ် (FRB NY) ဖြစ်ပြီး နိုင်ငံခြား အရန်ငွေ၏ ၂၀ ရာခိုင်နှုန်းကို အပ်နှံထားကာ ဆွစ်ဇာလန်နိုင်ငံ၊ ဘာဆယ်ရှိ နိုင်ငံတကာ ငွေပေးချေမှုဘဏ် (BIS) တွင် ၁၂ ရာခိုင်နှုန်း အပ်နှံထားသည်။ ဟောင်ကောင်မှ တရုတ်ဘဏ် (BOC)၊ မလေးရှားမှ မေဘဏ်နှင့် ထိုင်နိုင်ငံ ထုတ်ကုန်သွင်းကုန်ဘဏ် (EXIM ဘဏ်) တို့တွင် ကျန် ၁ ရာခိုင်နှုန်းကို အပ်နှံထားသည်။

ထိုစာရင်းတွင် ဗဟိုဘဏ်က နိုင်ငံခြားအရန်ငွေသည် နှိုင်းယှဉ်ချက်အားဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှ စတင် တည်ငြိမ်နေသော်လည်း FRB NY မှ အရန်ငွေမှာ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်များသို့ အတိုးပေးနေရသောကြောင့် ကျဆင်းနေသည်။
ဗဟိုဘဏ်က ၎င်းတို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဘဏ်များကိုယ်စား ချုပ်ကိုင်ထားသည့် ငွေရင်းနှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့သို့ ပေးရမည့်ငွေများ မပါဘဲ ဒေါ်လာ ၄ ဒသမ ၆၅၇ ဘီလီယံရှိသည်ဟု ပြောသောကြောင့် နိုင်ငံခြားအရန်ငွေသည် သုံးလစာ သွင်းကုန်နှင့် ညီမျှကြောင်း သိရသည်။
တနည်းအားဖြင့်ဆိုပါက ဗဟိုဘဏ်တွင် နိုင်ငံခြားအရန်ငွေသည် ဧပြီ၊ မေနှင့် ဇွန်လအတွက် သွင်းကုန်ဖိုးသာ ရှိသည်။ ဗဟိုဘဏ်၏ လက်ရှိ အရန်ငွေကို မသိရဘဲ မြန်မာကျပ်ငွေတန်ဖိုးသည် အမေရိကန် ဒေါ်လာနှင့်ယှဉ်လျှင် နေ့စဉ် ပြိုလဲကျဆင်းနေပြီး တဒေါ်လာလျှင် ကျပ် ၄,၀၀၀ နီးပါးရှိသောကြောင့် မြင့်မားသော ငွေကြေးဖောင်းပွမှု ဖြစ်နေသည်။
စီးပွားရေး စီမံခန့်ခွဲမှု မှားယွင်းခြင်းနှင့် ၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ကိုယ့်ပြည်သူကိုယ် ပြန်သတ်သောကြောင့် ဖြစ်လာသော နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကြောင့် စစ်ကောင်စီတွင် ငွေမာမရှိတော့ဘဲ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာဘဏ်များမှ အရန်ငွေ ဒေါ်လာ ၆ ဘီလီယံကျော်ကို သုံးခွင့်ရ၊ မရ မေးစရာဖြစ်နေသည်။
နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကြောင့် စစ်ကောင်စီတွင် ငွေမာမရှိတော့ဘဲ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာဘဏ်များမှ အရန်ငွေ ဒေါ်လာ ၆ ဘီလီယံကျော်ကို သုံးခွင့်ရ၊ မရ မေးစရာဖြစ်နေသည်။
ဗဟိုဘဏ်ကို အရေးယူပိတ်ဆို့ခြင်း မရှိသေးသောကြောင့် သဘောတရားအရ စစ်ကောင်စီသည် ထိုငွေများကို ထုတ်ယူနိုင်သေးကြောင်း နိုင်ငံရေး သုတေသီတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
“ဒါပေမယ့် အရေးယူပိတ်ဆို့တာတွေ မရှိတာတောင်မှ ဘဏ်တွေက သူတို့ဆီမှာ အပ်နှံသူတွေရဲ့ လုပ်ငန်းတွေကို ငြင်းပယ်နိုင်တယ်” ဟု ၎င်းကပြောသည်။
ဘဏ်များ၏ ငြင်းပယ်မှုသည် အရေးယူပိတ်ဆို့မှုနှင့် အလားတူ သက်ရောက်ကြောင်း ၎င်းက ရှင်းပြသည်။
“နိုင်ငံခြားဘဏ်တွေက မြန်မာစစ်ကောင်စီနဲ့ အလုပ်လုပ်ရတာ သူတို့ဂုဏ်သိက္ခာ ထိခိုက်တယ်လို့ မြင်ကြပြီး စစ်ကောင်စီနဲ့ အလုပ်မလုပ်ရင် စစ်ကောင်စီကို ထိခိုက်မယ်” ဟုလည်း ပြောသည်။

စစ်ကောင်စီအတွက် လက်ရှိအချိန်အထိ အကြီးမားဆုံး ထိုးနှက်ချက်မှာ ဇွန်လတွင် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံပိုင်ဘဏ် နှစ်ခုဖြစ်သော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူပိတ်ဆို့ခြင်း ဖြစ်သည်။ ထိုဘဏ်များသည် နိုင်ငံခြားငွေလဲလှယ်ရေးများ လုပ်ကိုင်ပေးပြီး ကျပ်ငွေနှင့် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေများကို အပြန်အလှန် လဲလှယ်ပေးသည်။
မြန်မာနှင့် ကုန်သွယ်ရာတွင် ဗဟိုချက်ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်ဘဏ်ကလည်း MFTB နှင့် MICB တို့၏ငွေစာရင်းများကို ပိတ်လိုက်ပြီး စုစုပေါင်းအပ်နှံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကို သိမ်းဆည်းထားသည်။
မြန်မာဘဏ် နှစ်ခုကို အမေရိကန် ပြည်ထောင်စုက ပိတ်ပင်ပြီးနောက် မြန်မာဗိုလ်ချုပ်များ အကြိုက်ဆုံးဘဏ်ဖြစ်သည့် စင်ကာပူမှ United Overseas ဘဏ် (UOB) က မြန်မာမှ လူပုဂ္ဂိုလ်များနှင့် ဘဏ်များ၏ ဗီဇာနှင့် မာစတာကတ်များ အပါအဝင် မြန်မာဘဏ်များနှင့် ဆက်ဆံရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် ရပ်ဆိုင်းမည်ဟု ယခုလတွင် ကြေညာပြီး UOB ငွေစာရင်းအချင်းချင်း ငွေပေးငွေယူကိုသာ လုပ်ဆောင်ပေးမည်ဟု ပြောသည်။ သို့သော် UOB သည် ဗဟိုဘဏ်နှင့် အလုပ်ဆက်လုပ်၊ မလုပ် ရှင်းလင်းစွာ မသိရပေ။
စင်ကာပူမှ ဘဏ်များအနက် UOB သည် ဗဟိုဘဏ်အတွက် ပိုမို မှီခိုအားထားနိုင်ပုံရသည်။ ဗဟိုဘဏ်သည် DBS နှင့် OCBC ဘဏ်များမှ ဒေါ်လာ သန်း ၃၅၀ ကို ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် UOB သို့ ရွှေ့ပြောင်းလိုက်သည်။
စင်ကာပူမှ ဘဏ်များအနက် UOB သည် ဗဟိုဘဏ်အတွက် ပိုမို မှီခိုအားထားနိုင်ပုံရသည်။ ဗဟိုဘဏ်သည် DBS နှင့် OCBC ဘဏ်များမှ ဒေါ်လာ သန်း ၃၅၀ ကို ယခုနှစ် မတ်လ ၃၁ ရက်နေ့တွင် UOB သို့ ရွှေ့ပြောင်းလိုက်သည်။ ဧရာဝတီက ကြည့်ရှုခဲ့သည့် ဗဟိုဘဏ်စာရင်းအရ ထိုသို့ လုပ်ရခြင်းအကြောင်းရင်းမှာ ငွေကြေးရလွယ်မှုကို အထောက်အကူပြုသောကြောင့်နှင့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုကာလတွင် ဗဟိုဘဏ်ကို အကူညီဆုံး ဖြစ်သောကြောင့်ဟု သိရသည်။ မတ်လ ၃၁ ရက်နေ့အထိ UOB တွင် ဗဟိုဘဏ်၏ငွေ ဒေါ်လာ ၆၂၅ သန်း ရှိသည်။
လက်ရှိအချိန်တွင် အမေရိကန် ပြည်ထောင်စုသည် စစ်ကောင်စီထိန်းချုပ် မြန်မာ့စီးပွားရေးဘဏ် (MEB) နှင့် ဗဟိုဘဏ်တို့ကို ပစ်မှတ်ထားသင့်၊ မသင့် သက်ဆိုင်သူများကို မေးနေသည်။ အမေရိကန် ပြည်ထောင်စုသည် ရုရှားဗဟိုဘဏ်ကို ၂၀၂၂ ခုနှစ်တွင် အရေးယူပြီး အမေရိကန် ပြည်ထောင်စုရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ရုရှား၏ မည်သည့်ပိုင်ဆိုင်မှုကိုမဆို ပိတ်ပင်လိုက်ပြီး အမေရိကန် ပြည်ထောင်စုပြင်ပရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ရုရှားဗဟိုဘဏ်၏ ဒေါ်လာများကို မရွှေ့ပြောင်းနိုင်အောင်လုပ်လိုက်သည်။
“အမေရိကန် ပြည်ထောင်စုက အဲဒီလိုလုပ်သင့်တယ်၊ လွှတ်ထားတာ မကောင်းဘူး။ အမေရိကန်က လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ပုဂ္ဂလိကဘဏ်တွေက စစ်ကောင်စီနဲ့ မဆက်ဆံရင် အရေးယူ ပိတ်ဆို့တာနဲ့ အတူတူပဲ” ဟု အထက်ပါ သုတေသီက ပြောသည်။
မတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီ ဗဟိုဘဏ်နှင့် အလုပ်လုပ်သည့် ဘဏ် ၁၄ ခု ရှိသော်လည်း အချို့သည် ဝန်ဆောင်မှုပေးရန် ငြင်းဆန်ထားပြီး ဖြစ်သည်။
မတ်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီ ဗဟိုဘဏ်နှင့် အလုပ်လုပ်သည့် ဘဏ် ၁၄ ခု ရှိသော်လည်း အချို့သည် ဝန်ဆောင်မှုပေးရန် ငြင်းဆန်ထားပြီး ဖြစ်သည်။
JPM သည် ဗဟိုဘဏ်၏ အမေရိကန်ဒေါ်လာဖြင့် ပေးချေမှုကို ပြဿနာ အကြီးအကျယ်ဖြစ်စေကြောင်း ဗဟိုဘဏ် စာရွက်စာတမ်းများအရ သိရသည်။ အမေရိကန်ဒေါ်လာဖြင့် ငွေပေးချေမှုကို ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ရပ်ဆိုင်းခဲ့သည်။
Deutsche Bank သည်လည်း ဗဟိုဘဏ်နှင့် ဘဏ်လုပ်ငန်းဆက်ဆံရေးကို ပိတ်ထားပြီး မည်သည့်အချိန်က စတင်သည်ကို ဖော်ပြထားခြင်း မရှိပေ။
ထိုဘဏ်များတွင် ငွေမည်မျှ အပ်နှံထားသည်ကိုလည်း မသိရပေ။
စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကြားကာလ မြန်မာနိုင်ငံ ဗဟိုဘဏ်သည် စစ်ကောင်စီက နိုင်ငံခြားအရန်ငွေများကို အလွဲသုံးစားလုပ်ရန် ကြိုးစားနေခြင်းနှင့် အရေးယူပိတ်ဆို့မှုများကို ကျော်လွှားရန် ဗဟိုဘဏ်စာရင်းများ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့ကို သုံးနေခြင်းကို သိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ဧရာဝတီသို့ ပြောသည်။
“စစ်ကောင်စီရဲ့ နိုင်ငံဘဏ္ဍာငွေ အလွဲသုံးစားမှုတွေကို ပိုမိုပြင်းထန်စွာ အရေးယူရေး တွန်းအားပေးဖို့ ကျနော်တို့က အဓိကနိုင်ငံတွေက ဗဟိုဘဏ်တွေနဲ့ ဘဏ္ဍာရေးအာဏာပိုင်တွေနဲ့ ဆက်သွယ်နေပြီး သူတို့က မြန်မာပြည်သူတွေကိုယ်စား လုပ်သင့်တာကို လုပ်မယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟုလည်း ၎င်းကပြောသည်။
ယခင်က အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြီး အရေးယူပိတ်ဆို့မှုများ၏ ထိရောက်မှုနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများရှိကြောင်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ယခင်စစ်အုပ်စုအား နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ရည်ညွှန်းပြောကြားသည်။
သို့သော် စစ်ကောင်စီသည် နိုင်ငံခြားငွေကြေးစီးဆင်းမှုနှင့် နိုင်ငံတကာ ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များကို ယခင်စစ်အုပ်စုများထက် ပိုမိုမှီခိုနေရသောကြောင့် ထိုသို့ နှိုင်းယှဉ်ခြင်းသည် မမှန်ကြောင်းနှင့် အရေးယူပိတ်ဆို့မှုများ၏ သက်ရောက်မှုကို တနိုင်ငံလုံးတွင် အကြမ်းဖက်ရန် စစ်ကောင်စီ အသုံးမပြုနိုင်သည့် တဒေါ်လာစီနှင့် တိုင်းတာသင့်ကြောင်း ၎င်းကပြောသည်။
“လက်ရှိ အရေးယူပိတ်ဆို့မှုတွေရဲ့ စစ်ကောင်စီအပေါ် သက်ရောက်မှုဟာ နိုင်ငံခြားအရန်ငွေသုံးဖို့နဲ့ သူတို့ရဲ့စစ်ပွဲအတွက် ထောက်ပံ့ဖို့ ငွေလွှဲပြောင်းမှုတွေကို သိသိသာသာ ပြဿနာဖြစ်စေတာကို ကျနော်တို့ တွေ့နေရပြီ” ဟုလည်း ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta’s Central Bank Had $6.8 Bn in Reserves at 14 Int’l Banks in March ကို ဘာသာပြန်သည်။)
You may also like these stories:
စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ
ငွေကြေး မတည်ငြိမ်စေရန် လုပ်ဆောင်သူများ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်
စစ်ကောင်စီဘဏ်များနှင့် ထိတွေ့ဆက်ဆံမှုများ စတင်အရေးယူမည်ဟု အမေရိကန်သတိပေး
ဆန်ရှင်ကို ရှောင်ဖို့ ခရိုနီဘဏ်တွေကတဆင့် ထွက်ပေါက်ယူလိမ့်မယ်
MAI လေကြောင်းလိုင်း ငွေစာရင်းကို စင်္ကာပူ UOB ဘဏ်က ပိတ်သိမ်း