• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစိုးရသစ်ဖွဲ့မည့်အချိန် သက်ဆင် ထိုင်းပြန်လာ

by ဧရာဝတီ
22 August 2023
in သတင်း
A A
အစိုးရသစ်ဖွဲ့မည့်အချိန် သက်ဆင် ထိုင်းပြန်လာ

ထိုင်းနိုင်ငံ ဘန်ကောက် ဒွန်မောင်း လေဆိပ်သို့ ရောက်လာသော သက်ဆင်က ဘုရင့်ဓာတ်ပုံရှေ့ ဝပ်တွားဦးချစဉ်/AFP

1.8k
VIEWS
Share on FacebookShare on Twitter

အစိုးရဖွဲ့သစ်ဖွဲ့ရန်နှင့် သုံးလကြာ နိုင်ငံရေးအကျပ်အတည်း ပြီးဆုံးစေရန် ထိုင်းနိုင်ငံမှ လူထုထောက်ခံမှုများသော ဖွေ့ထိုင်းပါတီသည် ယခင်စစ်တပ်ပြိုင်ဘက်များအပါအဝင် အခြားပါတီ ၁၀ ခုနှင့် မဟာမိတ်ဖွဲ့ပြီးသည်နှင့် ပြည်ပတွင် နေထိုင်နေသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ် ယနေ့ ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်။

သက်ဆင်၏ ဂျက်လေယာဉ်ငယ်သည် ဘန်ကောက်သို့ မနက် ၉ နာရီတွင် ဆိုက်ရောက်လာပြီး သူ့အားထောက်ခံသူ ရှပ်နီဝတ်များကလည်း ဒွန်မောင်း လေဆိပ်တွင် လာရောက် စုရုံး ကြိုဆိုနေခဲ့သည်။

RelatedPosts

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

စစ်တပ်က ဘာအားကိုးနဲ့ ပြန်ခြိမ်းခြောက်နေသလဲ (ရုပ်/သံ)

15 July 2025
276
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
191
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

15 July 2025
72

ဖွေ့ထိုင်းပါတီ ခေါင်းကိုင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပြည်ပတွင် ၁၅ နှစ်ကြာသွားရောက်နေထိုင်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာချိန်သည် ဝန်ကြီးချုပ်သစ်ရွေးရန် ပါလီမန်တွင် မဲမခွဲမီအလို ဖြစ်သည်။

ဖွေ့ထိုင်းပါတီသည် အိမ်ခြံမြေလုပ်ငန်းရှင် ဆတ်ထာ သာဗီဆင်ကို နိုင်ငံ၏ လာမည့်ခေါင်းဆောင်အဖြစ် အင်္ဂါနေ့ ညနေတွင် အမည်စာရင်းတင်သွင်းမည် ဖြစ်သည်။

မေလ ၁၄ ရက်နေ့က ကျင်းပသည့် ထိုင်းရွေးကောက်ပွဲတွင် ဖွေ့ထိုင်းသည် ဒုတိယအများဆုံး အနိုင်ရသော်လည်း နေရာအများဆုံးရသည့် တိုးတက်သော Moving Forward ပါတီ၏ ဝန်ကြီးချုပ်လောင်း ရွေးချယ်ရန်အားထုတ်မှုတွင် ရွေးကောက်ခံမဟုတ်သည့် အထက်လွှတ်တော်မှ ရှေးရိုးစဉ်လာဝါဒီများက ပိတ်ဆို့ထားသောကြောင့် ဖွေထိုင်းက အစိုးရကိုဦးဆောင်မည်ဖြစ်သည်။

အသက် ၆၀ ရှိပြီဖြစ်သော ဆတ်ထာသည် နိုင်ငံရေးလောကတွင် လူသစ်ဖြစ်ပြီး ဝန်ကြီးချုပ်ဖြစ်ရန် အထက်အောက်လွှတ်တော် နှစ်ရပ်ပေါင်း၏ ထက်ဝက် သို့မဟုတ် လွှတ်တော်ကိုယ်စားလှယ် ၃၇၅ ဦး၏ ထောက်ခံမှုရယူရန် လိုအပ်သည်။

မဟာမိတ်အဖွဲ့သစ်သည် ရာထူးစွန့်လွှတ်ရတော့မည် ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာ၏ ယူနိုက်တက်ထိုင်းနေးရှင်းပါတီ နှင့် ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝေါင်ဆူဝန်၏ ဖလန်ပရာချာရက် ပါတီ အပါအဝင် အခြားပါတီ ၁၀ ခု၏ ထောက်ခံမှု ရရှိထားကြောင်း ဖွေ့ထိုင်းပါတီခေါင်းဆောင် ချိုလ်နန် ဆရီကောက သတင်းထောက်များကို ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း ပရာယွဒ်သည် သက်ဆင်၏ညီမ ယင်လတ်ရှင်နာဝပ်အစိုးရကို ၂၀၁၄ ခုနှစ်က ဖြုတ်ချသည့် အာဏာသိမ်းမှုကို ပြုလုပ်ခဲ့သည်။ အာဏာရသောအခါ ပရာယွဒ်သည် ရှေးရိုးစဉ်လာအသိုက်အဝန်းက မထောက်ခံသည့် ရွေးကောက်ပွဲ အနိုင်ရသူများကို အစိုးရဖွဲ့ရာ၌ လွန်စွာ ခက်ခဲစေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခဲ့သည်။

ဖွေ့ထိုင်း၏ ဆတ်ထာကို ထောက်ခံသော ၁၁ ပါတီညွန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်နေရာ ၅၀၀ တွင် ၃၁၄ မဲရရှိထားကြောင်း ဘန်ကောက်ပို့စ်ဝက်ဆိုက်တွင် ဖေါ်ပြထားသည်။ ဖွေ့ထိုင်းသည် ထိုမဟာမိတ်အဖွဲ့အတွင်း အကြီးဆုံးပါတီဖြစ်ပြီး ၁၄၁ မဲအနိုင်ရထားသည်။

“ဆတ်ထာ ရွေးကောက်ခံရမယ်လို့ ကျနော်တို့ယုံကြည်တယ်” ဟု ချိုလ်နန်ပြောသည်။

ဒွန်မောင်းလေဆိပ်တွင် စုရုံးကြိုဆိုနေသော သက်ဆင်ထောက်ခံသူများ/AFP

“စီးပွားရေးကို ပြန်လည်ထိန်းသိမ်းဖို့ နဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူအဖွဲ့အစည်း တည်ငြိမ်ရေး ယန္တရားတွေ တိုးတက်ဖို့ မူဝါဒတွေနဲ့ ကျနော်တို့ အမြန်လုပ်ရမယ်” ဟုလည်း သူပြောသည်။

ဖွေ့ထိုင်း၏ အားထုတ်မှုကို ထောက်ခံမည်မဟုတ်ကြောင်း မဲ ၁၅၁ နေရာ အနိုင်ရထားသည့် Move Forward ပါတီကပြောကြားပြီး ထိုသို့လုပ်ခြင်းသည် ရွေးကောက်ပွဲ ရလဒ်ကို ပုံဖျက်ပြီး ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ကြောင်းပြောသည်။

ထိုင်းနိုင်ငံသားများသည် ပရာယွဒ်နှင့် ပရာဝတ် တို့၏ပါတီများပါဝင်သော ဖွေ့ထိုင်း၏ ညွန့်ပေါင်းအစိုးရဖွဲ့မည့် အစီအစဉ်ကို သဘောမတူကြောင်း လူထုသဘောထား စစ်တမ်းများတွင် ဖေါ်ပြနေသည်။ National Institute for Development Administration က ကောက်ယူသည့် တနင်္ဂနွေနေ့က ထုတ်ပြန်သည့် စစ်တမ်းတွင် မေးမြန်းသူများ၏ ၆၄ ရာခိုင်နှုန်းသည် ဖွေ့ထိုင်းနှင့် စစ်တပ်ကျောထောက်နောက်ခံပြုပါတီများ မဟာမိတ်ဖွဲ့ခြင်းကို သဘောမတူ သို့မဟုတ် လုံးဝ သဘောမတူကြပေ။

မဟာမိတ်အဖွဲ့အတွင်း နိုင်ငံရေး သဘောထားကွဲလွဲမှုများရှိသော်လည်း ပြိုင်ဘက်အင်အားစုများသည် အစိုးရဖွဲ့စည်းရေး မနှောင့်နှေးရန် လူထုအတွက် တာဝန်ရှိကြောင်း ချိုလ်နန် ပြောသည်။

“ဒီတလျှောက်လုံးမှာ ကျနော်တို့ သဘောထားကွဲလွဲမှုကို ဖြူစင်တဲ့ နှလုံးသားနဲ့ ဒီအကျပ်အတည်းကို ကျော်လွှားဖို့ ဆုံးဖြတ်ချက်နဲ့ ရင်ဆိုင်မယ်” ဟု သူပြောသည်။ “လတ်တလော ရည်မှန်းချက်ပန်းတိုင်က နိုင်ငံအအတွက် တာဝန်ခွဲဝေဖို့ဖြစ်တယ်” ဟုလည်း သူပြောသည်။

သင်ဆင်၏ သမီးကလည်း စစ်တပ်ပါတီများနှင့် မပေါင်းရန် ရွေးကောက်ပွဲကတိ မစောင့်ထိန်းနိုင်ခြင်းအတွက် ဖွေ့ထိုင်းပါတီကိုယ်စား ပြည်သူလူထုကို တောင်းပန်သည်။

ဖွေ့ထိုင်းဝန်ကြီးချုပ်လောင်း ဆတ်ထာ သာဗီဆင်နှင့် သက်ဆင်သမီး ပေတောင်တန် ရှင်နဝပ်/AFP

“နိုင်ငံရှေ့ခရီးဆက်နိုင်ဖို့ အလျှော့အတင်းလုပ်လိုက်ရတယ်” ဟု ပေတောင်တန် ရှင်နာဝပ်က တနင်္ဂနွေနေ့တွင်ပြောသည်။

“ဟုတ်ပါတယ်။ ဖွေ့ထိုင်းအနေနဲ့ တန်ဖိုးတခုပေးဆပ်ရမှာပါ။ အဲဒါကတော့ ပြည်သူတွေရဲ့ ဝေဖန်မှုပါပဲ” ဟုသူပြောသည်။ “အဲဒီလိုဝေဖန်တာကို နှိမ့်ချစွာလက်ခံပြီး လူအများအပြားကို စိတ်ပျက်ဝမ်းနည်းအောင်လုပ်မိလို့ တောင်းပန်ပါတယ်” ဟုလည်း သူပြောသည်။

အစိုးရဖွဲ့နိုင်ခဲ့ပါက နိုင်ငံ၏ ပြဿနာများကိုဖြေရှင်းရန် ပါတီက အပြည့်အဝ လုပ်ဆောင်မည်ဖြစ်ကြောင်း သူပြောပြီး သူ၏ဖခင်နိုင်ငံသို့ ပြန်လာရန်စီစဉ်ထားခြင်းသည် နိုင်ငံရေးနှင့်မပတ်သက်ကြောင်း သူပြောသည်။

အသက် ၇၄ နှစ်ရှိပြီဖြစ်သော ဆက်သွယ်ရေးလုပ်ငန်းရှင်ဟောင်း သက်ဆင်သည် ၂၀၀၁ ခုနှစ်မှ သူ့ကိုဖြုတ်ချသည် ၂၀၀၆ အာဏာသိမ်းမှုအထိ ဝန်ကြီးချုပ်ဖြစ်ခဲ့ပြီး အင်္ဂါနေ့နံနက် ၉ နာရီတွင် ဘန်ကောက်မှ ဒွန်မောင်းလေဆိပ်သို့ ရောက်လာသည်။ သူရောက်မည့်အချိန်သည် ပါလီမန်တွင် ဝန်ကြီးချုပ်မရွေးချယ်မီ အချိန်အနည်းငယ်အလိုဖြစ်သည်။

ဖွေ့ထိုင်းက စစ်တပ်လိုလားသော ပါတီ ၈ ဖွဲ့နှင့် မဟာမိတ်သစ် ဖွဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ/Thai PBS

အဂတိလိုက်စားမှုအတွက် ထောင်ဒဏ်ကိုရှောင်ရန် ထိုင်းနိုင်ငံမှ ထွက်ပြေးပြီးနောက် ဒူဘိုင်းတွင်သာ အနေများသော သက်ဆင်သည် ထောင်ဒဏ်ကို ရင်ဆိုင်ရနိုင်ခြေရှိသည်။

“ဝန်ကြီးချုပ်လောင်းမဲခွဲမယ့်နေ့မှာ သက်ဆင်ပြန်လာတာက ဖွေ့ထိုင်းဝန်ကြီးချုပ်လောင်း ဝန်ကြီးချုပ် ရွေးချယ်ခံရမယ်ဆိုတာကို သူယုံကြည်ကြောင်း ပြသနေတယ်” ဟု ကဆက်ဆပ်တက္ကသိုလ် နိုင်ငံရေး သိပ္ပံအသင်း ဥက္ကဋ္ဌ သန်နာပွန် ဆရီယာကူး ပြောသည်။

သက်ဆင်သည် သူ၏ ပုဂ္ဂလိကဂျက်လေယာဉ်မှ ဆင်းလျှင်ဆင်းခြင်း ဖမ်းဆီးခံရပြီး တရားရုံးချုပ်သို့ ခေါ်ဆောင်ကာ အကျဉ်းထောင်ဌာနသို့ လွှဲပြောင်းမည်ဖြစ်သည်။

“သက်ဆင်က အသက်ကြီးပြီဖြစ်တဲ့အတွက် ထောင်ဆရာဝန်တွေက သူ့ကို ဆရာဝန်တွေအနီးကပ် စောင့်ရှောက်မှုအောက်မှာ ထားမထား ဆုံးဖြတ်မှာဖြစ်တယ်။ သူ့မှာနာတာရှည်ရောဂါရှိရင် သူ့ကို ထောင်ဆေးရုံများထားမထား ဆရာဝန်တွေကပဲ ဆုံးဖြတ်မယ်” ဟု ထိုင်းနိုင်ငံမှ နေးရှင်းသတင်းစာက ဖေါ်ပြသည်။

“ထောင်ထဲရောက်တဲ့အခါ အစောင့်တွေက သူ့ကို ကနဦးဖမ်းဆီးထားတဲ့ကာလအတွင်း ဆွေမျိုးရင်းတွေနဲ့သာ တွေ့ခွင့်ပေးလိမ့်မယ်” ဟုလည်း အထက်ပါသတင်းတွင် ဖေါ်ပြသည်။

ကိုးကား။ ။ Aljazeera, Thai PBS

You may also like these stories:

ထိုင်း ဝန်ကြီးချုပ်လောင်းအတွက် မဲမရေမရာဖြစ်နေဆဲ

အိမ်ခြံမြေလုပ်ငန်းရှင် ဆက်ထာ သာဗီဆင် ထိုင်းဝန်ကြီးချုပ်ဖြစ်လာမည်လား

ထိုင်းနိုင်ငံရေးလွန်ဆွဲပွဲတွင် ဘုရင်စနစ် ရှေ့ဆုံးရောက်လာ

ဖိထာ ရှုံးလည်း အပြောင်းအလဲကို ထိုင်း ရှောင်လွှဲမရ

Your Thoughts …
Tags: Moving Forwardထိုင်းအစိုးရသစ်ဖွေထိုင်းပါတီသက်ဆင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

သက်ဆင်၊ သန်းရွှေ နှင့် မင်းအောင်လှိုင် တို့၏ အတိတ်ဇာတ်ကြောင်း

by ဧရာဝတီ
31 March 2024
16.3k

ဘယ်မြင်းကိုလောင်း ဘယ်သူနှင့် ပေါင်းရမည်ကို သက်ဆင်က ကောင်းကောင်း သိသည်ဟု ဆိုရမည်။

သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ

သက်ဆင် ခုမှ ဘာကြောင့် ထိုင်းပြန်လာသလဲ

by ဧရာဝတီ
24 August 2023
6.6k

ပြည်ပတွင် ၁၅ နှစ် နေပြီးနောက် ဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်သည် ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၂၂ ရက်နေ့တွင် ပြန်လာသည်။

ထိုင်းဘုရင်ကို စော်ကားမှုဖြင့် သက်ဆင် ရှင်နာဝပ်ကို တရားစွဲ

ထိုင်းဘုရင်ကို စော်ကားမှုဖြင့် သက်ဆင် ရှင်နာဝပ်ကို တရားစွဲ

by ဧရာဝတီ
29 May 2024
6.3k

မစ္စတာ သက်ဆင်က ထိုစွဲချက်ကို ငြင်းဆန်ပြီး ဘုရင်စနစ်ကို သစ္စာခံကြောင်း အကြိမ်ကြိမ် ပြောသည်။

ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ

ထိုင်းအစိုးရသစ် ရင်ဆိုင်ရမည့် ပြဿနာများ

by ဧရာဝတီ
26 August 2023
5.3k

ဖွေ့ထိုင်းနှင့် စစ်တပ်အကြား ပျားရည်ဆမ်းခရီးသည် မကြာမီ ကုန်ဆုံးသွားမည်ဖြစ်ကြောင်း လေ့လာသူများက ယူဆကြသည်။

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

by Surachanee Sriyai
11 September 2023
5.1k

ထိုင်းနိုင်ငံသည် ၎င်း၏ အကျိုးစီးပွားများ မြှင့်တင်ရာတွင် မြန်မာ၏ ရှုပ်ထွေး ထိခိုက်လွယ်သော လူမှုနိုင်ငံရေး ရှုခင်းတွင် လမ်းကြောင်းရှာရန် ပိုမို ခက်ခဲသည်။

ဖွေထိုင်းပါတီ ဘာလုပ်မလဲ

ဖွေထိုင်းပါတီ ဘာလုပ်မလဲ

by Aekarach Sattaburuth
24 July 2023
5.1k

နှစ်လတာမျှ စောင့်ဆိုင်းနေပြီးနောက် ဖွေထိုင်းပါတီသည် ညွန့်ပေါင်းအစိုးရဖွဲ့ခွင့်ရပြီ ဖြစ်သည်။

Next Post
မန္တလေး မင်္ဂလာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း

မန္တလေး မင်္ဂလာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း

ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော

ဘဏ်တချို့ သစ္စာမရှိဟု စစ်ကောင်စီ ပြော

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate