• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

by ဧရာဝတီ
19 September 2023
in သတင်း
A A
စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးညွန့်အောင်(MOC)

14.3k
VIEWS
Share on FacebookShare on Twitter

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုး ထိန်းသိမ်းခံရပြီးနောက် ယင်းကော်မတီ၏ အတွင်းရေးမှူး စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဒုဝန်ကြီး ဦးညွန့်အောင်ကိုလည်း ယခုရက်ပိုင်း စစ်ဆေးနေကြောင်း စီးပွားရေးလုပ်ငန်းရှင် များနှင့် စီးပွား/ကူးသန်းမှ စုံစမ်း သိရသည်။

အဆိုပါ ဗဟိုကော်မတီသည် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ အကျပ်အတည်းဖြစ်လာနေမှုကို ထိန်းချုပ်ကိုင်တွယ်နိုင်ရန် ပြည်ပမှ တင်သွင်းနေရသော စက်သုံးဆီနှင့် စားသုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချခြင်းအပါအဝင် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားခြင်း ဖြစ်သည်။

RelatedPosts

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ်  NUG ဝေဖန် (ရုပ်/သံ)

မြန်မာအရေး အာဆီယံ ဆောင်ရွက်ချက်တွေအပေါ် NUG ဝေဖန် (ရုပ်/သံ)

17 July 2025
38
စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

စစ်တပ် လေယာဉ်ဗုံးထုတ်လုပ်ရေး တရုတ်ပံ့ပိုး (ရုပ်/သံ)

17 July 2025
43
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
460

စီးပွားရေး လုပ်ငန်းရှင်များထံမှ အမေရိကန်ဒေါ်လာများ လာဘ်စားမှုကြောင့် နေပြည်တော်လူဖမ်းပွဲ နောက်ဆက်တွဲ အနေ ဖြင့် စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် အပါအဝင် အခြားသော ဝန်ကြီးဌာနအရာရှိတချို့လည်း ထပ်မံ စစ်ဆေး မေးမြန်း ခံရလျက်ရှိကြောင်း၊ အသေးစိတ်ကိုမူ မသိရသေးကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန၏ အရာရှိဟောင်း တဦးက ဧရာဝတီသို့ ပြောသည်။

ထို့အတူ စက်သုံးဆီကုမ္ပဏီတခုဖြစ်သည့် Moon Sun Energy ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ မူမူရှိန်ကိုလည်း ခေါ်ယူ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း စက်သုံးဆီလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရသည်။

Moon Sun Energy ကုမ္ပဏီသည် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ အထွေထွေ အတွင်း ရေးမှူးဖြစ်သူ ဒေါက်တာ ဝင်းမြင့် ပိုင်ဆိုင်သော မြတ်မေတ္တာမွန် စက်သုံးဆီကုမ္ပဏီနှင့်လည်း မိတ်ဖက်ကုမ္ပဏီတခု ဖြစ် သည်။

စက်သုံးဆီ လုပ်ငန်းရှင်တဦးက “ငွေပေးတဲ့ စာရင်းမှာမပါတဲ့သူတွေက ရန်ကုန်မှာပဲ စစ်ဖို့ ချန်ခဲ့တယ်။ စာရင်းထဲပါတဲ့သူ တွေကို ချက်ချင်း လေယာဉ်နဲ့ နေပြည်တော်ကို ခေါ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် အမည်စာရင်းမထွက်သေးသည့် စက်သုံးဆီနှင့် စားအုန်းဆီလုပ်ငန်းရှင်များကိုလည်း စောင့်ကြည့်လျက်ရှိပြီး ပြည်တွင်းပြည်ပ ထွက်ခွာခွင့်များ ပိတ်ပင်ထားကြောင်း ၎င်းက ပြောဆိုသည်။

ဒုဝန်ကြီးဦးညွန့်အောင် ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း လူကြီးများ မရှိသေး၍ မဖြေဆိုနိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစုနှင့် ရင်းနှီးသော ရွှေဗျိုင်း ဖြူလုပ်ငန်းစု (SBP) ပိုင်ရှင်ဖြစ်သူ ဦးသိန်းဝင်းဇော်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။

ယင်းပြင် စက်တင်ဘာလ ၇ ရက်မှ စတင်ကာ စစ်ကောင်စီ၏ ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ် ရန်နောင်စိုး ဖမ်းဆီးခံရပြီး ထိုနေ့တွင်ပင် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တချို့နှင့် စားအုန်းဆီ၊ စက်သုံးဆီ၊ ဆန်၊ ပဲ၊ ပြောင်းကုန်သည်များ အပါအဝင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ လုပ်ငန်းရှင်များကို နေပြည်တော်သို့ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ ဖမ်းဆီးခံရသူအများအပြားသည် စစ်ကောင်စီက ဖွဲ့စည်းထားသည့် နိုင်ငံခြားငွေကြေး ကြီးကြပ်ရေးကော်မတီ (FESC) တွင် ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို လာဘ်ထိုးထားသည်ဟု ဆိုကြသည်။ ဗိုလ်ချုပ် ရန်နောင်စိုးသည် မိုးမြင့်ထွန်း၏ ညာလက်ရုံး ဖြစ်သည်။

လတ်တလော ကုန်ဈေးနှုန်းများအဆမတန် မြင့်တက်နေရခြင်းမှာ ဝိသမလောဘသား စီးပွားရေးသမားများကြောင့် ဖြစ်ရ သည်ဟု စစ်ကောင်စီဘက်က သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ထုတ်ပြန်ပြောကြားပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများ ဖြစ် ပေါ်လာခြင်း ဖြစ်သည်။

သွင်းကုန်ထုတ်ကုန်လုပ်ငန်းရှင်များနှင့် ဘဏ်အချို့သည် ဗဟိုဘဏ် သတ်မှတ်ဈေး ဒေါ်လာ၂၁၀၀ ကျပ်ဈေးဖြင့် ဝယ်ယူ တင်သွင်းလာသော ကုန်စည်များကို ပြင်ပပေါက်ဈေးဖြင့် ပြန်လည်ရောင်းချပြီး အမြတ်ထုတ်နေကြောင်းလည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရသူက ပြောဆိုခဲ့သေးသည်။

You may also like these stories:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

ကုန်သွယ်ရေး တာဝန်ခံ ဗိုလ်ချုပ်ရန်နောင်စိုးနှင့် စီးပွားရေးသမားတချို့ စစ်ဆေးခံနေရ

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

Your Thoughts …
Tags: Moon Sun Energyစက်သုံးဆီစီးပွားကူးသန်းဒုဝန်ကြီး ဦးညွန့်အောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

ယမ်းနှင့် စက်သုံးဆီ ပြင်ပရောင်းချမှု ဗိုလ်ချုပ်နှစ်ဦး စစ်ဆေးခံနေရ

by ဧရာဝတီ
9 May 2024
13k

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ စစ်လက်နက်ပစ္စည်း ညွန်ကြားရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်နှင့် တွဲဖက်စစ်ထောက်ချုပ် ဗိုလ်ချုပ် ဇော်လွင်ဦးတို့နှစ်ဦး ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဧရာဝတီ သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

by ဧရာဝတီ
7 December 2023
11k

တရက်အတွင်း အမေရိကန် ၁ ဒေါ်လာ လျှင် ၃,၅၆၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်ခဲ့သည်။

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

by ဧရာဝတီ
6 February 2024
8.7k

လက်ရှိတွင် သံသယရှိသူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး တရာခံများကို ရှာဖွေကာ၊ ပိုင်ဆိုင်မှုများဖြစ်သည့် ဇိမ်ခံကားများ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ အပါအဝင် လက်နက်များကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

နတခ ထိပ်တန်းအရာရှိအချို့ အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရ

by ဧရာဝတီ
26 September 2024
6.5k

အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ စစ်ဦးစီးဗိုလ်မှူးကြီး မျိုးညွှန့်ဦး အပါအဝင် ဗိုလ်မှူးကြီး အောင်ဆန်းလွင်၊ ဒု ဗိုလ်မှူးကြီး ကျော်စွာထွန်းနှင့် ဗိုလ်မှူး စိုးရန်နိုင်တို့အား စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီး နတခ တိုင်းမှူးထိပါ စစ်ဆေးခံရနိုင်ကြောင်း

KBZ လုပ်ငန်းစု၏ စက်သုံးဆီသိုလှောင်ကန် စတင်လည်ပတ်မည်

KBZ လုပ်ငန်းစု၏ စက်သုံးဆီသိုလှောင်ကန် စတင်လည်ပတ်မည်

by ဧရာဝတီ
12 September 2023
4.9k

မြန်မာ့စက်သုံးဆီဈေးကွက်တွင် ပြည်ပမှ လစဉ်တင်သွင်းနေသော ပျမ်းမျှစက်သုံးဆီတန်ချိန်သည် ၃ သိန်းခွဲ မှ ၅ သိန်းကြား ရှိနေခြင်းကြောင့် Brighter Energy ကုမ္ပဏီ ခွဲတမ်းရရှိထားသော ပမာဏသည် ဈေးကွက်၏ ၁၀ ရာခိုင်နှုန်းခန့်အထိ ရှိကြောင်း

Next Post
အာဆီယံ၏ ပထမဆုံး စစ်ရေးလေ့ကျင့်မှု အင်ဒိုနီးရှားတွင် ပြုလုပ်

အာဆီယံ၏ ပထမဆုံး စစ်ရေးလေ့ကျင့်မှု အင်ဒိုနီးရှားတွင် ပြုလုပ်

ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate