• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ဒီပဲယင်းအနီးတဝိုက် စစ်တပ် ဆက်တိုက်စစ်ကြောင်းထိုး ဒေသခံ ၂ ဦးကို သတ်

by ဧရာဝတီ
3 October 2023
in Crime, Human Rights, သတင်း
A A
ဒီပဲယင်းအနီးတဝိုက် စစ်တပ် ဆက်တိုက်စစ်ကြောင်းထိုး ဒေသခံ ၂ ဦးကို သတ်

စစ်ဘေးရှောင်နေရသော ဒေသခံများ/ ဒီပဲယင်းမြို့နယ်ညီနောင်များ

1.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့အနောက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နှမ်းဘဲလှနှင့် လက်တီးရွာမှ ဒေသခံ ၂ ဦးကို သတ်ကာ လက်တီးရွာသား ၂ ဦးကိုလည်း ဖမ်းသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကဆိုသည်။

ပြီးခဲ့သော စက်တင်ဘာ ၃၀ ရက်နေ့က လက်တီးရွာမှ ကိုနိုင်လင်းဆိုသူကို ရွာအတွင်း ဖမ်းဆီးကာ ဦးခေါင်း၊ ခြေ ၂ ဖက်၊ လက်တဖက်တို့အား ဖြတ်တောက်၍ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သလို ဦးငမြနှင့် ကိုကျော်နိုင် ဆိုသူ တို့ကိုလည်း ဖမ်းသွားရာ ယနေ့တိုင် ပြန်လွတ်လာခြင်း မရှိသေးကြောင်း သိရသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
167
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.4k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
42

ဒေသခံတဦးက “စစ်ကြောင်းထွက်သွားလို့ ရွာကို ပြန်ဝင်တဲ့အချိန်မှ အခုလို ရက်ရက်စက်စက် အသတ်ခံထားရတာကို တွေ့ကြရတာပါ၊ ရွာကို အဝင်မှာ ဖမ်းပြီး သတ်သွားကြတာပါ၊ သတ်ထားတာကလည်း အတော်ကြီးကို ရက်ရက်စက်စက် လုပ်သွားကြတာ၊ ခေါင်းဖြတ်တယ်၊ ခြေထောက် ၂ ချောင်းကို ဖြတ်တယ်၊ လက်တဖက် ဖြတ်တယ်၊ ခေါင်းကိုတော့ လုံချည်နဲ့ထုတ်ပြီး တိုင်မှာ ချည်သွားတယ်၊ ဖြတ်ထားတဲ့လက်ကို အိမ်နံရံမှာ ချိတ်ထားခဲ့ကြတာ၊ ခြေထောက်တွေကိုလည်း ပြန်ရှာကြရတာ။ ပြီးတော့ ရွာသား ၂ ယောက်ကိုလည်း ဖမ်းသွားကြတယ်၊ ဒီနေ့အထိ ပြန်လွတ် မလာသေးဘဲ နောက် ဆက်တွဲ အခြေအနေကိုလည်း မသိရသေးဘူး”ဟု ပြောသည်။

ထို့ပြင် အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီခန့်ကလည်း နှမ်းဘဲလှရွာခံ ကိုဝင်းအောင်ဆိုသူကို ဖမ်းဆီးပြီး ပုဂံရွာအနီး ငရုတ်ခင်းဘေးတွင် သတ်သွားကြောင်း သိရသည်။

ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ ကိုကြီးဖြိုးက “အသတ်ခံရတဲ့သူတွေက ရိုးရိုးရွာသားတွေပါ လက်တီးရွာက အသတ်ခံ ရတဲ့သူက စစ်ကြောင်းလာတာ ရှောင်စရာမလိုဘူးဆိုပြီး ရွာမှာ ကျန်နေရစ်ခဲ့တာ ပြီးတော့သူက ကြံ့ခိုင်ရေး ပါတီထောက်ခံ အားပေးတဲ့သူဗျ။ အခုလို သတ်ခံရတာက စစ်ကြောင်းဝင်လာတဲ့အချိန် အဖမ်းခံရပြီးတော့ စစ်ဆေးမေးမြန်းတာကို ကောင်းကောင်းမွန်မွန် မဖြေဘဲ မချေမငံဖြစ်တဲ့ပုံစံမျိုး ဖြစ်တာကြောင့် အခုလို အသတ်ခံလိုက်ရတာလို့ ယူဆရပါတယ်”ဟု ပြောသည်။

ဒီပဲယင်းအနောက်ခြမ်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရေဦးတိုင်းရင်းဆေးရုံတွင် အထိုင်ချ တပ်စွဲထားသော အင်အား ၈၀ ကျော်ပါ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ အောင်လံမြို့အခြေစိုက် ခလရ ၇၁ နှင့် ပျူစောထီး အဖွဲ့ဝင်များဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်နေ့က ပျံကျကျေးရွာအနီးတွင် ဒေသတွင်း တော်လှန်ရေး အင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုကြီးဖြိုးက “စစ်ကြောင်းက ပျံကျဘက်ကို ဦးတည်ပြီး ဝင်လာတဲ့အချိန် ကျနော်တို့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်၊ စစ်ကြောင်းက သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့တယ်၊ အဲဒီမှာ သူတို့ ထုံးစံအတိုင်းပဲ အထိနာပြီဆိုတော့ ညနေ ၅ နာရီ ၅၀ မိနစ်မှာပဲ နမခကနေပြီးတော့ ရဟတ်ယာဉ်တက်လာပြီးတော့ ဝေဟင်ကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်၊ အဲဒီတိုက်ခိုက်မှုမှာ ကာကွယ်ရေးအဖွဲ့တွေ ပြည်သူတွေ ထိခိုက်တာမျိုးတော့ မရှိခဲ့ပါဘူးဗျ”ဟု ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း၊ စစ်ကြောင်း အထိနာသွားသဖြင့် ညနေ ၅ နာရီ ၅၀ မိနစ်ခန့်တွင် မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ)မှ Mi-35 ၁ စင်းတက်လာပြီး ဝေဟင်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က “လပ်တီးရွာဘက်ကနေ အေးသာယာ(ခ) ပျံကျရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ပြီး ဝင်လာကြတာ၊ ပျံကျရွာ တောင်ဘက်မှာ ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တာမှာ အထိနာသွားတော့ နမခက တက်လာတဲ့ Mi 35 နဲ့ ပတ်ပြီး ပစ်တော့တာပဲ၊ လက်ရှိအခြေအနေမှာ ဒီကောင်တွေက လေကြောင်းမပါရင် မြေပြင်စစ်ကြောင်း မထိုးရဲလောက်အောင်အထိ ဖြစ်နေကြပြီ၊ တခုတော့ ပြောချင်တယ်ဗျ၊ သိပ်ပြီးဇရှိနေရင် လေကြောင်းအားမကိုးပဲ မြေပြင်မှာ သေနတ် သေနတ်ချင်း ယှဉ်ပစ်ဖို့ စစ်ခွေးတပ်ကို သတိပေးချင်ပါတယ်” ဟု ပြောသည်။

စစ်ဘေးရှောင်နေရသော ဒေသခံများ/ ဒီပဲယင်းမြို့နယ်ညီနောင်များ

အဆိုပါစစ်ကြောင်းသည် အောက်တိုဘာ ၂ ရက်နံနက်ပိုင်းကလည်း ပုဂံကျေးရွာသို့ ဝင်ရောက်စီးနင်းပြီး နေအိမ်များနှင့် ပစ္စည်းများအား ဖျက်ဆီးသွားသလို ဆိုင်ကယ် ၃ စီးနှင့် ကားတစီးအား မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီး ပြီးနောက် နေ့လယ်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်သို့ ပြန်လည် ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ယခုအခါ ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီဘက်က နယ်မြေစိုးမိုးမှုအနေဖြင့် ဒီပဲယင်းမြို့ပေါ်နှင့် စိုင်ပြင်တွင်သာ ကြီးစိုးနိုင်တော့ကြောင်း၊ လက်ရှိတွင် နေရပ်မပြန်နိုင်သေးသော စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ အကူညီများလည်း လိုအပ်နေကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ကိုကြီးဖြိုးက “လက်ရှိမြေပြင်အနေအထားတွေအရ စစ်ကောင်စီက နယ်မြေစိုးမိုးထားနိုင်မှု လျော့နည်းလာတာနဲ့အတူ ဂိတ်တွေ၊ စခန်းတွေနဲ့ ဌာနဆိုင်ရာတွေ တိုက်ခိုက်ခံနေရတာ ရှိတယ်၊ အဲဒီလို တိုက်ခိုက်ခံရတဲ့အချိန်မှာ လက်နက်တွေ ပါသွားက ၃ ကြိမ်လောက်ထိ ရှိနေပြီဆိုတော့ သူတို့ နယ်မြေကျဉ်းလာပြီး စခန်းသိမ်းခံရတာတွေထိ ဖြစ်လာမှာ စိုးရိမ်လို့ အခုလိုမျိုး စစ်ကြောင်းထိုးနေတာပဲ”ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီစစ်ကြောင်းမှာ ယနေ့( အောက်တိုဘာ ၃ ရက်) နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်မှ ပြန်ထွက်လာပြီး ဒီပဲယင်း-ရေဦးနယ်အစပ်ရှိ ပျော်ဘွယ်ရွာနှင့် မစိုးရိမ်ရွာသို့ ဝင်ရောက်နေကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က သတိပေးထားသည်။

ဒီပဲယင်းမြို့နယ်အတွင်းသို့ စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ စစ်ကြောင်းထိုးလာသဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည့် ဒေသခံများမှာ ရပ်ရွာများအတွင်းသို့ ပြန်လည် ဝင်ရောက် နေထိုင်ကြဖြစ်သော်လည်း ဒီပဲယင်းမြို့ အနီးဝန်းကျင်ရှိ ဝသာ၊ မှန်သာ၊ သပြေသာ၊ အင်းတန်း၊ တောကျောင်း၊ ယင်းတွေ၊ ငြိမ်းချမ်းရွာသစ်ကျေးရွာများမှ ဒေသခံ ၅ ထောင်ကျော် စစ်ဘေးရှောင်နေကြရဆဲဟု သိရသည်။

စစ်ဘေးရှောင်များအား ကူညီနေသူတဦးက “ဒေသခံတွေကတော့ စစ်ကြောင်းထွက်တာနဲ့ ကာကွယ်ရေးအဖွဲ့ တွေ ရှင်းလင်းရေးလုပ်ပြီးတာနဲ့ ရွာတွေထဲကို ပြန်ဝင်နေကြပြီ၊ ဒီပဲယင်းမြို့အနီးဝန်းကျင် ပတ်ပတ်လည်က ရွာတွေကတော့ လက်ရှိအချိန်ထိ ပြန်မကပ်နိုင်ကြသေးဘဲ ဆက်ပြီးတော့ တိမ်းရှောင်နေကြရဆဲပါပဲ” ဟု ပြောသည်။

ဒီပဲယင်းမြို့ အနီးဝန်းကျင်မှ ကျေးရွာများသည် ဘေးလွတ်ရာကျေးရွာများသို့ စစ်ဘေးရှောင်ကြရပြီး ကျေးရွာများမှ ချက်ပြုတ်ကျွေးမွေးကြသလို ပါရှိလာသော ရိက္ခာများအား ကိုယ်တိုင် ချက်ပြုတ် စားသောက်ကြသည်များလည်းရှိကြောင်း စစ်ဘေးရှောင်ဒေသခံတဦးက ပြောသည်။

၎င်းက “ကူညီရေးအဖွဲ့တွေကလည်း လာပြီး ကူညီပေးကြတာတွေလည်း ရှိပါတယ်။ နေရတာကတော့ ဖြစ်သလို နေထိုင်ကြရတာပေါ့၊ စစ်ကြောင်းက ဒီပဲယင်းမြို့ဝင်သွားပြီဆိုပေမယ့် စိတ်မချရသေးတော့ ရွာကို မပြန်ရဲကြသေး ဘူးလေ”ဟု ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့ကလည်း ပုလဲမြို့နယ် ညောင်ကုန်းကျေးရွာအတွင်းသို့ ပစ်ခတ်ဝင်ရောက်လာသော စစ်ကြောင်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ဖွဲ့ဝင် ၃ ဦးကို ခြေ၊ လက်၊ ဦးခေါင်းတို့အား ဖြတ်ကာ ရက်ရက်စက်စက် သတ်ဖြတ်မှုများ ပြုလုပ်သွားသေးကြောင်း သိရသည်။

You may also like these stories:

စစ်ကိုင်း၌ စစ်ကြောင်းထိုးနေသော စစ်တပ် ဒေသခံ ၄ ဦးကို သတ်ဖြတ်

ဒီပဲယင်းကို အာဏာသိမ်းတပ်က လေကြောင်း စစ်ဆင်ရေးလုပ်၊ ဒေသခံများ ထွက်ပြေး

ရေဦးတွင် စစ်တပ်ဝင်ပြီးနောက် အလောင်း ၁၁လောင်း တွေ့

Your Thoughts …
Tags: စစ်ကြောင်းထိုးစစ်ဘေးရှောင်တိုက်ပွဲဒီပဲယင်းသတ်ဖြတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.6k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.5k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

Next Post
တရုတ်က မြန်မာနယ်စပ်တွင် ကန့်သတ်နယ်မြေ ထူထောင်မည်

တရုတ်က မြန်မာနယ်စပ်တွင် ကန့်သတ်နယ်မြေ ထူထောင်မည်

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခရီးမရောက်

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ခရီးမရောက်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate