• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

by ဧရာဝတီ
26 October 2023
in သတင်း
A A
ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ

စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုး

2.4k
VIEWS
Share on FacebookShare on Twitter

ရွေးကောက်ပွဲမသမာမှု နာမည်ဆိုးဖြင့်ကျော်ကြားသည့် ဦးသိန်းစိုးဦးဆောင်သော စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) လက်ထက်တွင် နိုင်ငံရေးပါတီများမှတ်ပုံတင်ရာ၌ ဖိနှိပ်ကန့်သတ်မှုများသည် သမိုင်းတပတ် ပြန်လည်လာပြီဖြစ်သည်။

စစ်ဥပဒေချုပ်တာဝန်ယူခဲ့သည့် ဦးသိန်းစိုးသည် ယခင်စစ်အုပ်စုကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲအား ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းစဉ်ကတည်းက နိုင်ငံရေးပါတီလှုပ်ရှားမှုများအား တင်းကျပ်ကန့်သတ်ခြင်း၊ ပွင်းလင်းမြင်သာမှုမရှိခြင်းနှင့် သန်းခေါင်ယံမှရောက်လာသည့် ကြိုတင်မဲများဖြင့် ရွေးကောက်ပွဲရလဒ်များ ပြောင်းပြန်ဖြစ်အောင် ဗြောင်ကျကျ လုပ်ဆောင်ခဲ့သူဖြစ်သည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
533
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
293
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.6k

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီအပါအဝင် ဒီမိုကရေစီအင်အားစုပါတီများက သပိတ်မှောက်ခဲ့သည့် နာမည်ပျက်ခဲ့သော ထိုရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ကြံ့ခိုင်ရေး)က အနိုင်ရပြီး အစိုးရဖွဲ့ခဲ့သည်။

လက်ရှိအချိန်တွင်လည်း ဦးသိန်းစိုးဦးဆောင်သည့် UEC သည် မှတ်ပုံတင်လျှောက်ထားသည့် ပါတီများအပေါ် ပွင့်လင်း မြင်သာမှု မရှိဘဲ ခွဲခြားဖိနှိပ်မှုများအား ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာနေပြီး ၎င်းတို့အလိုကျ ပါတီစုံစနစ် တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံရေးပါတီ အသိုင်းအဝိုင်းက ထောက်ပြလာကြသည်။

စစ်ကောင်စီလက်အောက် နိုင်ငံရေးပါတီမှတ်ပုံတင် လျှောက်ထားသည့်ပါတီ ၆၄ ပါတီအနက် ၃၇ ပါတီကိုသာ UEC က မှတ်ပုံတင်ခွင့်ပြုထားသည်။

ထို ၃၇ ပါတီတွင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားရောက်တွေ့ဆုံကာ ရွေးကောက်ပွဲ မျှတမှုမရှိပါက စစ်တပ်ဝင်ဖြေရှင်းရန် တိုက်တွန်းခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဦးဆောင်သော ၃၄ ပါတီထဲမှ ၁၂ ပါတီထက်မနည်း ပါဝင်သည်။

စစ်တပ်အားတိုက်တွန်းခဲ့သည့် ပါတီများထဲမှ အချို့ပါတီများမှာ ယခုအခါ အမည်ပြောင်းကာ မှတ်ပုံတင်ထားကြခြင်း ဖြစ်သည်။

မှတ်ပုံပြန်တင်သည့်ပါတီများအနက် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီသည် မှတ်ပုံတင်အမှတ်စဉ် ၁ နှင့် အစောဆုံး မှတ်ပုံတင်ခွင့်ပြုချက်ရခဲ့ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျှက် ရှိနေသည်။

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ZCD) တွဲဖက်အတွင်းရေးမှူး ပူကမ်လမ်ခုပ်က “ မျှမျှတတလေးတော့ ဖြစ်သင့်တာပေါ့၊ မှတ်ပုံတင်မကျသေးတာ ဘာကြောင့်မကျသေးလဲ ပွင့်ပွင့်လင်းလင်း ပြောသင့်တာပေါ့၊ အခု ၆ လလောက် ရှိနေပြီ၊ အများစုက တမင်သပ်သပ် လုပ်နေသလို မြင်ကြတာပေါ့။ အခုက ဘာအကြောင်းမှ မကြားဘူးဆိုတော့ နည်းနည်းလေး မတူမတန်သလို ဆက်ဆံတဲ့ပုံစံမျိုးဖြစ်နေတယ်” ဟု ပြောသည်။

ZCD ပါတီသည် ချင်းပြည်နယ်အခြေစိုက် အင်အားကြီးပါတီတခုဖြစ်ပြီး ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေး ဦးတည်သည့် ပါတီဖြစ်ကာ ဧပြီလကတည်းက ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထားခဲ့သော်လည်း ယခုအချိန် မှတ်ပုံတင်မကျသေးသည့် ပါတီ ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ZCD ပါတီ အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျန်အား ကြိုတင် အသိပေးမှုမရှိဘဲ စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် ပူဂင့်ကမ်းလျန်မှ စစ်ကောင်စီအဖွဲ့ဝင်ခန့်အပ်ခြင်းအား ငြင်းပယ်ခဲ့သည့်အတွက် ချင်းပြည်နယ်၊ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာ မှုထန်အား အစားထိုးခန့်အပ်ခဲ့ရသည်။

ZCD ပါတီကဲ့သို့ပင် ရခိုင်အမျိုးသားပါတီ(ANP)၊ မွန်ညီညွတ်ရေးပါတီ(MUP)နှင့် ပြည်သူ့ပါတီ(PP)စသည့် ပါတီများ ကိုလည်း ဦးသိန်းစိုးဦးဆောင်သော UEC က ခြောက်လခန့်ကြာသည်အထိ ပါတီ မှတ်ပုံတင်ချ မပေးသေးပေ။

ANP ပါတီဥက္ကဌ ဦးသာထွန်းလှက “ တချို့ပါတီတွေဆို လွယ်လွယ်ကူကူ မှတ်ပုံတင် ချပေးလိုက်တာ ရှိတယ်လို့ သုံးသပ်မိတယ်၊ အင်အားရှိတဲ့ပါတီတွေ၊ အင်အားကြီးထွားနိုင်တဲ့ပါတီတွေကို ရည်ရွယ်ချက်တခုနဲ့ ကျယ်ကျယ်ပြန့်ပြန့် လေ့လာ စိစစ်နေတယ်လို့ သုံးသပ်မိတယ်”ဟု ပြောသည်။

ANP သည် ယခင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ပူးပေါင်းကာ ၂၀၁၄ ခုနှစ်တွင်ပါတီမှတ်ပုံတင်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း လူထုထောက်ခံမှုအများဆုံးရရှိသော အနိုင်ရပါတီဖြစ်သည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)၊ မွန်အမျိုးသားပါတီ(MNP)နှင့် မွန်နိုင်ငံရေး အင်အားစုများ ပေါင်းစည်းကာ ၂၀၁၈ ခုနှစ်တွင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီးဦးဆောင်သည့် ပြည်သူ့ပါတီ(PP)သည် ကျောင်းသား မျိုးဆက် ဒီမိုကရေစီအင်အားစုများအား အခြေခံထားသည့်ပါတီဖြစ်သည်။

ယခုကဲ့သို့ ပါတီများအား မှတ်ပုံတင်ချပေးရန် နှောင့်နှေးနေသည့် UEC ၏ လုပ်ရပ်နှင့်ပတ်သက်ပြီး ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးကလည်း နိုင်ငံရေးနည်းလမ်းအရ လုပ်ဆောင်မှုများအပေါ် ပြည်သူများ အယုံအကြည်မဲ့စေသည့်လုပ်ရပ်အဖြစ် မီဒီယာများထံ ဝေဖန်ပြောဆိုထားသည်။

၎င်းက “ လက်နက်ကိုင်နည်းလမ်းကို မရွေးချယ်ပဲနဲ့ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်းကိုရွေးချယ်တဲ့ ပြည်တွင်းနိုင်ငံရေး အင်အားစုများအတွက်က လုပ်ကွက်မရှိဘူးဖြစ်နေတယ်၊ ပြည်သူတွေက နိုင်ငံရေးနည်းလမ်းကို ယုံကြည်လာအောင် လုပ်နေတာလား၊ နဂိုကမှ နိုင်ငံရေး နည်းလမ်းနဲ့တော့ မရတော့ပါဘူးကွာဆိုပြီးတော့ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ ပြည်သူတွေကို လုံးဝနိုင်ငံရေးမျှော်လင့်ချက် ပျောက်အောင် လုပ်နေတာလားဆိုတာ ကျနော်တို့ကလည်း မေးခွန်းထုတ်စရာဖြစ်နေတာပေါ့”ဟု ပြည်တွင်းအခြေစိုက် CNI မီဒီယာ သို့ ပြောထားသည်။

ပါတီမှတ်ပုံတင်ခွင့် မပြုသေးသည့်အတွက် ပါတီများအနေဖြင့် ပါတီဝင်စည်းရုံးတွေ့ဆုံပွဲများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် တွေ့ဆုံဆက်သွယ်ဆောင်ရွက်မည့်အပိုင်းများတွင် ကန့်သတ် တားမြစ်ခံရမှုများ ကြုံနေရသည်။

ထိုအခြေအနေတွင် ကြံ့ခိုင်ရေးပါတီသည် နိုင်ငံတကာသံတမန်များနှင့်တွေဆုံခြင်း၊ မြေပြင်စည်းရုံးခြင်း၊ ပြည်ပနိုင်ငံများသို့ အလုပ်သမား စေလွှတ်ရန် ပြည်ပကုမ္ပဏီလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကဲ့သို့သော နိုင်ငံရေးလှုပ်ရှားမှုများအား ကျယ်ကျယ်ပြန့်ပြန့် လုပ်ခွင့်ရနေသည်။

အမည်မဖော်လိုသော နိုင်ငံရေးပါတီခေါင်းဆောင်တဦးက “ သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းရှိတဲ့ ပါတီတွေက အရင်ဆုံး အင်အားတွေ ပြည့်စုံအောင်ရထားဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်နေတယ်လို့ ယူဆကြသူတွေရှိတယ်။ လက်ရှိကျန်ခဲ့တဲ့ပါတီအများစုက ၁၉၉၀ ရွေးကောက်ပွဲ ကတည်းက အတိုက်အခံ ပုံစံမျိုးရှိတယ်၊ အဲ့ဒီပါတီတွေက ကျန်ခဲ့တာ များတယ်” ဟု ပြောသည်။

ထို့သို့ နိုင်ငံရေးပါတီများအပေါ် ခွဲခြားမှုဆန်သည့် ပါတီမှတ်ပုံတင်ချပေးရန် နှောင့်နှေးမှုသည် စစ်ကောင်စီက ကြွေးကြော် နေသည့် ပါတီစုံဒီမိုကရေစီအား အမှန်တကယ် အကောင်အထည် ဖော်နိုင်မလားဆိုသည့်အပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

ဦးသာထွန်းလှက “ ပါတီစုံဒီမိုကရေစီနိုင်ငံရေးကို အကောင်းအထည်ဖော်မယ်ဆိုတာက အမှန်တကယ် လက်တွေ့ လုပ်လို့ရနိုင်တဲ့ အခြေအနေမျိုးရော ရှိသေးရဲ့လားလို့ ပြန်သုံးသပ်ရမယ်၊ တကယ်ရော ပါတီစုံဒီမိုကရေစီကို သွားမှာလား ဆိုတာ တစုံတရာ သံသယဖြစ်မိတယ်” ဟု ပြောသည်။

လက်ရှိစစ်ကောင်စီလက်အောက် ပါတီမှတ်ပုံတင်ခွင့်ပြုရေးနှင့်ပတ်သက်ပြီး အငြင်းပွား၊ ဝေဖန်မှုများ ရှိနေသော်လည်း စစ်ကောင်စီသည် ရွေးကောက်ပွဲ မည်သည့်အချိန်တွင် ကျင်းပမည်ကို ထုတ်ပြောနိုင်ခြင်း မရှိသေးပေ။

အစောဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် စတင်ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်းစာရင်း ကောက်ယူပြီးမှသာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုနိုင်မည်ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ပြောထားသည်။

စစ်အာဏာသိမ်းမှုကြောင့် ပြည်သူများ၏ခုခံတော်လှန်မှုအား ရင်ဆိုင်နေရသည့်စစ်ကောင်စီအနေဖြင့် သန်းခေါင်စာရင်း ကောက်ယူကာ ရွေးကောက်ပွဲပြန်လည်ကျင်းပရန် လုပ်ဆောင်မှုသည် တိုင်းပြည်၏ပြဿနာအား ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက KIO ၆၃ နှစ်မြောက် အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

၎င်းက “ နည်းမှန်လမ်းမှန်မဟုတ်သည်သာမက ယခုလိုအချိန်အခါမျိုးတွင် သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် ရွေးကောက်ပွဲကျင်းပခြင်းသည် တိုင်ပြည်၏ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဤလုပ်ရပ်များအပေါ် ပြည်သူလူထုများပါဝင်ခြင်း၊ အားပေးအားမြောက်ခြင်း မည်သူမျှမလုပ်ဆောင်ရန် တိုက်တွန်းပါသည်” ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များဘက်ကလည်း စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲအား လုံးဝလက်မခံကြောင်းပြောထားပြီး ဦးသိန်းစိုးဦးဆောင်သော ရွေးကောက်ပွဲကော်မရှင် ကိုလည်း အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ဧပြီလ ၄ ရက်နေ့တွင် NUG က ကြေညာခဲ့သည်။

You may also like these stories:

မေးစရာတွေ ဗလပွနဲ့ ဦးသိန်းစိုး အစီရင်ခံစာ

စစ်ကောင်စီ ရွေးကော်ဥက္ကဋ္ဌ ကမ္ဘောဒီးယားရွေးကောက်ပွဲ သွားလေ့လာ

ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီ တွန်းအားပေးလုပ်နေ

ရွေးကောက်ပွဲတွင် စစ်ဘက်က စွက်ဖက်မှုကို ခြေရာခံခြင်း

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ တရုတ်သံအမတ် သွားတွေ့

လာမည့်နှစ်မှ သန်းခေါင်စာရင်း ကောက်တော့မည်

Your Thoughts …
Tags: SliderUECကြံ့ခိုင်ရေးပါတီမှတ်ပုံတင်ရွေးကောက်ပွဲဦးသိန်းစိုး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

ဒေါ်အောင်ဆန်းစုကြည် လည်ပင်းကျီးပေါင်းရောဂါ ခံစားနေရ

ဒေါ်အောင်ဆန်းစုကြည် လည်ပင်းကျီးပေါင်းရောဂါ ခံစားနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate