• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ

by ဧရာဝတီ
13 November 2023
in သတင်း
A A
ရခိုင်စစ်ပွဲ ပထမရက် စစ်တပ်စခန်းတချို့ အသိမ်းခံရ

ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ် ဆက်သွယ်ထားသည့် အငူမော်ကားလမ်းဘေးရှိ နယ်ခြားစောင့် ရဲစခန်းများ / ဧရာဝတီ

3.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အတွင်း၌ ရက္ခိုင့်တပ်တော် (AA) က စစ်ဆင်ရေးစတင်သည့် ပထမနေ့မှာပင် ရသေ့တောင်၊ ကျောက်တော်၊ မင်းပြားမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်လျက်ရှိကာ စခန်းတချို့ သိမ်းပိုက်ရရှိထား ကြောင်း သိရသည်။

ယနေ့ မနက်ပိုင်းက ရသေ့တောင်မြို့နယ်အတွင်း အငူမော်- မောင်တောကားလမ်းပေါ်ရှိ ဒုံးပိုက် နယ်ခြားစောင့်ရဲစခန်းနှင့် ချိန်ခါလိန်နယ်ခြားစောင့်ရဲစခန်းတို့ကို AA တပ်ဖွဲ့ဝင်များက နံနက် ၅ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ပြီး မနက် ၇ နာရီဝန်း ကျင်တွင် စခန်း၂ ခုလုံးကို သိမ်းပိုက် ရရှိခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
34
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
57
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
307

၎င်းက “ရသေ့တောင်မြို့ နယ်မှာဆိုရင် စခန်းတချို့ သိမ်းပိုက်ရရှိထားတာ ရှိတယ်။ တချို့ နေရာတွေမှာ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေတုန်းပဲ။ တိုက်ပွဲအတွင်းမှာ အရာရှိတချို့ ဖမ်းဆီးရမိတာရှိတယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက်ကတော့ ကျနော့်ဆီ ရောက်လာတာ မရှိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရသေ့တောင်မြို့နယ် အငူမော်- မောင်တော ကားလမ်းပေါ်ရှိ နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရမှုကြောင့် မြို့ပေါ်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာအနီးဝန်းကျင်သို့ တောက်လျောက် ပစ်ခတ်နေသည့် အတွက် ချိန်ခါလိန်၊ ဒုံးပိုက်၊ ဆင်ပိုက်၊ ကိုးတန်ကောက် စသည့်ကျေးရွာသားများ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။

ချိန်ခါလိန်ကျေးရွာသားတဦးက “ကားလမ်းတလျောက်က ရွာသားတွေ အကုန်တောထဲမှာပဲ ရှိပါသေးတယ်။ တိုက်ပွဲက မပြီး သေဘူး။ ချိန်ခါလိန်နဲ့ ကိုးတန်ကောက်ဘက်မှာ သေနတ်သံတွေ ဆူညံနေတုန်းပဲရှိပါသေးတယ်။ လက်နက်ကြီးတွေ လှမ်းပစ် နေတော့ ကျနော်တို့လည်း တောင်အောက်ကို မဆင်းကြည့်ရဲတဲ့အတွက် စခန်းကျတာတွေဘာတွေတော့ မသိဘူး” ဟု ဧရာ ဝတီသို့ ပြောသည်။

အလားတူ မင်းပြားမြို့နယ်၊ ဖားပြို (ချင်းတိုင်းရင်းသားရွာ) အနီးတွင်လည်း ယနေ့မနက် ၇ နာရီဝန်းကျင်က တိုင်းဗဟို ၉ တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် စစ်ကား ၂ စီးကို AA တပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ စီး မီးလောင်သွားပြီး၊ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးရ မိခဲ့သလို သေဆုံးသူများလည်း ရှိကြောင်း AA နှင့် နီးစပ်သူထံက သိရသည်။

ယင်းပြင် ကျောက်တော်မြို့နယ်၊ အပေါက်ဝရဲစခန်းကိုလည်း ယနေ့ နေ့လယ်ပိုင်းက AA တပ်ဖွဲ့ဝင်များက လာရောက် ပိတ်ဆို့ပြီး လက်နက်ချ အညံ့ခံရန်ပြောဆိုရာ ရဲတပ်ဖွဲ့ဝင်များအပါအဝင် စစ်ကောင်စီတပ်သား ၃၀ နီးပါး လက်နက်ချ အညံ့ခံသည့်အတွက် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ စခန်းအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အပေါက်ဝကျေးရွာသားတဦးက “ရဲစခန်းတခုလုံး လက်နက်ချပြီး အညံ့ခံ လိုက်တာလို့ပြောတယ်။ သေနတ်လည်းမထွက် တော့ ပထမ လူတွေ မသိကြဘူး။ စခန်းအခြေအနေကို သွားကြည့်တဲ့လူတွေ ပြောမှ သိရတာ။ ရဲတွေကို ယူနီဖောင်းချွတ် ခိုင်းပြီး လက်နက်တွေကိုပါ AA က သိမ်းဆည်းပြီး ကားနဲ့ ခေါ်ယူသွားတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲများပြန်လည်ဖြစ်ပွားနေသဖြင့် စစ်ကောင်စီက စစ်တွေမြို့ဝင် တပ်ထိန်းဂိတ်၊ ကျောက်တန်း စစ်ဆေးရေးဂိတ်စသည့် ဂိတ်များနှင့် စစ်တွေမြို့မှ မြို့အသီးသီးသို့ပြေးဆွဲပေးလျက်ရှိသည့် ရေလမ်း ကြောင်းခရီးစဉ်များကိုပါ အကန့်အသတ်မရှိ ရပ်နားပိတ်ဆို့လိုက်သည့်အတွက် ခရီးသွားလာနေသူများ ပိတ်မိနေကြကာ လမ်းကြောင်းများလည်း ပြတ်တောက်လျက် သည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့် အခြားတိုင်းနှင့် ပြည် နယ်များသို့ ဆက်သွယ်ထားသည့် တောင်ကုတ်တောင်ကြားလမ်း၊ အမ်းတောင်ကြားလမ်း၊ ငသိုင်းချောင်း- ဂွလမ်းတို့ကို လည်း စစ်ကောင်စီက ပိတ်လိုက်ကြောင်း သိရသည်။

The International Crisis Group ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး ရစ်ချတ်ဟိုဆေး က “ယနေ့ ရခိုင်ပြည် နယ်မှာ AA က တိုက်ခိုက်မှုတွေ အများအပြားရှိတာကြောင့် ပြင်းထန်တဲ့ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားဖို့ အလားအလာ ပိုများပါတယ်။ တကယ်လို့ တိုက်ပွဲတွေဆက်ဖြစ်နေရင် တရုတ်နဲ့ ထိစပ်နေတဲ့ အရှေ့ဘက်နယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန် နေပြီဖြစ်တဲ့ စစ်ကောင်စီအတွက် သိသာထင်ရှားတဲ့ စစ်မျက်နှာစာသစ်ကို ဖွင့်လိုက်တာပဲ။ မြန်မာစစ်တပ်ဟာ AA နဲ့ ရခိုင် ထဲမှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်တိုက်ဖူးပြီး အခုလည်း ရခိုင်အနှံ့ ခရီးသွားလာမှု ရပ်ဆိုင်းထားပြီး ပြီလို့ သိရပါတယ်။ ဒါပေမယ့် စစ်တပ် အားနည်းနေကြောင်း သက်သေပြနေတဲ့ စစ်ကောင်စီဆန့်ကျင်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဘက်ပေါင်းစုံမှာ သူတို့ရဲ့ ကြိုးပမ်း အား ထုတ်မှုတွေကို အာရုံစိုက်ဖို့ စစ်တပ်အနေနဲ့ ခက်ခဲပါလိမ့်မယ်”သုံးသပ်ပြောဆိုသည်။

You may also like these stories:

အကျအဆုံးများနေသည့် စစ်တပ် ဘာသာရေးဖြင့် စိတ်ဓာတ်မြှင့်တင်ရေး လုပ်လာ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

Your Thoughts …
Tags: AAစစ်ကောင်စီတပ်စခန်းစစ်ဆင်ရေးရခိုင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

Next Post
ကန့်ဘလူတောင်ခြမ်းရှိ ဝက်တိုးရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရ

ကန့်ဘလူတောင်ခြမ်းရှိ ဝက်တိုးရွာ ပျူစောထီးစခန်း တိုက်ခိုက်ခံရ

ကွမ်းလုံ ၁၂ ရက်နှင့် လောက်ကိုင် ပိတ်ဆို့စစ်ဆင်ရေး

ကွမ်းလုံ ၁၂ ရက်နှင့် လောက်ကိုင် ပိတ်ဆို့စစ်ဆင်ရေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate