• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော် အင်ဒိုနီးရှားသို့ တပတ်အတွင်း ရောက်လာ

by ဧရာဝတီ
22 November 2023
in သတင်း
A A
ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော် အင်ဒိုနီးရှားသို့ တပတ်အတွင်း ရောက်လာ

နိုဝင်ဘာ ၂၁ ရက် ညက အာချေးသို့ ကမ်းကပ်လာသော ရိုဟင်ဂျာ လှေစီးဒုက္ခသည်များ/AFP

550
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သောညက ရိုဟင်ဂျာ ဒုက္ခသည် ၂၀၀ ခန့် အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်စွန်း ပြည်နယ်သို့ ရေကြောင်းမှ ရောက်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောသောကြောင့် လွန်ခဲ့သော အပတ်အတွင်း ရိုဟင်ဂျာ လှေစီးဒုက္ခသည် တထောင်ကျော်ရောက်လာခြင်း ဖြစ်သည်။

မွတ်ဆလင်အများစုပါဝင်သည့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာသည် ရှည်လျားအကုန်အကျများသော ပင်လယ်ခရီးတွင် အသက်စွန့်ပြီး လှေအဟောင်းအစုတ်များဖြင့် မလေးရှား သို့မဟုတ် အင်ဒိုနီးရှားသို့ ရောက်ရန် နှစ်စဉ် ကြိုးစားကြသည်။

အထက်ပါ နောက်ဆုံးအုပ်စုတွင် အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများပါဝင်ပြီး ဆူမတြား မြောက်ဘက်စွန်းမှ အာချေးပြည်နယ် ဆဘန်း မြို့တွင် ဒေသစံတော်ချိန် အင်္ဂါနေ့ည ၁၁ နာရီခန့်တွင် ကမ်းကပ်လာသည်။

“မြို့ဝန်က လူ ၂၀၀ လို့ပြောတယ်။ သူတို့ကမ်းကပ်လာတာကျနော်တို့ကို သူအကြောင်းကြားတယ်။ ဆဘန်းကို သွားမယ့်အဖွဲ့ မနက်ဖြန် မနက်မှာထွက်မယ်” ဟု ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီမှာ အကာအကွယ်ပေးရေး အရာရှိ ဖိုင်ဆယ် ရာမန်က AFP သတင်းဌာနသို့ ပြောသည်။

ဒေသခံအသိုက်အဝန်း၏ အဆိုအရ ဒုက္ခသည် အရေအတွက်သည် ပိုမိုများပြားနိုင်ပြီး ကမ်းကပ်လာသည့် ဒုက္ခသည် ၃၆၀ အထိ များနိုင်သည်ဟု ခန့်မှန်းသည်။

အာချေးဒေသခံများသည် လွန်ခဲ့သော အပတ်အတွင်း ဘင်္ဂလားဒေ့ရှ်မှ လှေဖြင့်ရောက်လာသူ အများအပြားကို ကမ်းကပ်ခွင့်မပေးပေ။ ပင်လယ်ပြင်တွင် ရက်သတ္တပေါင်းများစွာ ခရီးသွားခဲ့သည့် မျှော်လင့်ချက်ကင်းမဲ့သည့် ဒုက္ခသည်များကို လက်ခံရန် ၎င်းတို့တွင် ရင်းမြစ်များမရှိသောကြောင့် ထိုသို့ငြင်းပယ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၆ ရက် ကမ်းကပ်လာသော လှေစီးဒုက္ခသည်များအား ကမ်းပေါ်မှ လက်ဟန်ပြနေစဉ်/AFP

AFP သတင်းဌာက တွေ့ရသည့် ဓာတ်ပုံနှင့် ဗီဒီယိုများတွင် နောက်ဆုံးရောက်လာသည့် ဒုက္ခသည်များကို အမိုးအကာအောက်သို့ ခေါ်မသွားဘဲ အာချေးပြည်နယ် ဆဘန်းကမ်းခြေတွင် အတန်းလိုက် ထိုင်ခိုင်းထားကြောင်း တွေ့ရသည်။

ထိုအုပ်စုများအနီးတွင် လုံခြုံရေးတပ်များနှင့် ဒေသခံများက ရပ်ကြည့်နေကြသည်ကိုလည်းတွေ့ရသည်။

ယခုနောက်ဆုံးရောက်ရှိလာသူများပါ ပါဝင်ပါက ဒုက္ခသည် ၁၁၀၀ ကျော် အာချေးသို့ လွန်ခဲ့သော အပတ်အတွင်း ရောက်လာပြီး ယခင်က လှေ ၅ စီးဖြင့် လူ ၈၀၀ ကျော်ရောက်ပြီးဖြစ်ကြောင်း ဒေသခံ အရာရှိများ ပြောသည်။

၂၀၂၂ ခုနှစ် တနှစ်လုံးတွင် အခြားအရှေ့တောင်အာရှ နိုင်ငံများသို့ လှေဖြင့်ထွက်ပြေးရန် ရိုဟင်ဂျာ ၂၀၀၀ ကျော် ကြိုးစားသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ခန့်မှန်းသည်။

ငြင်းပယ်မှု ဗိုင်းရပ်စ်

နောက်ဆုံးရောက်လာသူများ လုံလောက်သော ပြုစုစောင့်ရှောက်မှု ရရေး UNHCR အဖွဲ့သည် ဆဘန်းသို့ အမြန်ဆုံး သွားရောက်မည်ဖြစ်ကြောင်း ရာမန် ပြောသည်။

ဒုက္ခသည်များအတွက် ဘေးကင်းလုံခြုံသော အမိုးအကာရှာဖွေပေးရန် ဆဘန်း မြို့ဝန် ရီဇာ ဖာလီဗီကို အေဂျင်စီက မေတ္တာရပ်ခံထားကြောင်း သူပြောသည်။

“မြေပြင်အခြေအနေက သိပ်မကောင်းဘူး။ ငြင်းပယ်မှု ဗိုင်းရပ်စ်က လူတိုင်းဆီကို ပျံ့နှံ့နေပြီ” ဟုလည်း သူပြောသည်။

“သူတို့ကို ပင်လယ်ထဲကို ပြန်ပို့ဖို့ လူမှုအသိုက်အဝန်းကို တွန်းအားပေးမယ့် အလားအလာအများကြီး ရှိတယ်။ ဒါပေမယ့် အဲဒီလို မဖြစ်ဘူးလို့ မျှော်လင့်ပါတယ်” ဟု သူဆက်လက်ပြောသည်။

ဒုက္ခသည် ၁၁၀၀ ကျော် အာချေးသို့ လွန်ခဲ့သော အပတ်အတွင်း ရောက်လာခဲ့သည်/AFP

၁၉၉၀ ခုနှစ်များမှ စတင်ပြီး မြန်မာမှ ရိုဟင်ဂျာ တသန်းကျော် ထွက်ပြေးပြီး အများစုမှ ၂၀၁၇ ခုနှစ် စစ်တပ်က ဖြိုခွဲမှု အတွင်း ပြေးခြင်းဖြစ်သည်။ ထိုဖြိုခွဲမှုကို ယခုအခါ ကုလသမဂ္ဂက လူမျိုးတုံးသတ်ဖြတ်မှု စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။

၎င်းတို့အနက် အများအပြားသည် ဘင်္ဂလားဒေ့ရှ်မှ စခန်းများတွင် နေထိုင်ကြသည်။

ဒေသခံများက ၎င်းတို့ကို ပင်လယ်ပြင်သို့ ပြန်မောင်းထုတ်ရန် ယခုလအတွင်း တတိယအကြိမ် ခြိမ်းခြောက်ပြီးနောက် ရိုဟင်ဂျာ ဒုက္ခသည် ၂၅၆ ဦးကို အင်ဒိုနီးရှားက ၃ လတာ ယာယီနေထိုင်ခွင့် ဗုဒ္ဓဟူးနေ့တွင် ပေးလိုက်သောကြောင့် သက်သာခွင့်ရသည်။

“ယာယီနေထိုင်ခွင့်အတွင်း ဒုက္ခသည်များ၏ လုံခြုံရေးအတွက် ဒေသခံရဲများနှင့် ညှိနှိုင်းရန်မှာ အစိုးရ၏ တာဝန်ဖြစ်သည်” ဟု အမျိုးသား လူဝင်မှုကြီးကြပ်ရေးရုံးက ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

ထို ဒုက္ခသည်များကို အင်္ဂါနေ့ နှောင်းပိုင်းတွင် ရွှေ့ပြောင်းနေပြီး အမိုးအကာသစ်သို့ ထွက်ခွာသွားသည့် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများသယ်ဆောင်ထားသည့် ထရပ်ကားများကို AFP သတင်းသမားတဦး တွေ့ခဲ့သည်။

ထိုဆုံးဖြတ်ချက်သည် ဒုက္ခသည်များကို လုံခြုံမှုမရှိသည့် ကမ်းခြေတွင် နေခိုင်းခြင်းထက် ပိုမိုကောင်းမွန်သည့် ဆုံးဖြတ်ချက် ဖြစ်ကြောင်း အင်ဒိုနီးရှားမှ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီ ကိုယ်စားလှယ် အန်း မေမန်း ပြောသည်။

သွေးချောင်းစီး ပဋိပက္ခ ဆယ်စုနှစ်ပေါင်းများစွာ ကိုယ်တိုင်ကြုံတွေ့ခဲ့သော အာချေးပြည်နယ်သား အများအပြားသည် ၎င်းတို့နှင့် ဘဝတူ မွတ်ဆလင် ရိုဟင်ဂျာများ၏ ကြမ္မာဆိုးကို နှစ်ပေါင်းများစွာ စာနာခဲ့သည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

သို့သော် အချို့သူများကလည်း ရိုဟင်ဂျာများသည် ရှားပါးသော ဒေသရင်းမြစ်များကို သုံးပြီး တခါတရံ ဒေသခံများနှင့် ပဋိပက္ခဖြစ်သည်ဟုဆိုကာ စိတ်ရှည်သည်းခံမှု ကုန်ခန်းစပြုလာသည်။

အင်ဒိုနီးရှားသည် ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ထိုးထားခြင်း မရှိဘဲ ၎င်းတို့သည် မြန်မာမှ ဒုက္ခသည်များကို လက်ခံရန် တာဝန်မရှိကြောင်း၊ အခြားအိမ်နီးချင်းနိုင်ငံများသည် ၎င်းတို့ တံခါးများကို ပိတ်ထားကြောင်း မကျေမနပ် ပြောသည်။

ကိုးကား။ ။ AFP သတင်း 200 Rohingya Refugees Land in Indonesia as Weekly Arrivals Pass 1,000

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ် ဖြုတ်ချခံရ

ရိုဟင်ဂျာ ပြန်လက်ခံရေး ကြိုးပမ်းချက် နိုင်ငံရေးအသုံးချမှုဟု ဒုက္ခသည်များ ဝေဖန်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

ဂါဇာတွင် ၁၀ မိနစ်တိုင်း ကလေးတဦးနှုန်း သတ်ဖြတ်ခံနေရဟု WHO ပြော

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းက ရာဇဝတ်မှုများ၏ နောက်ကွယ်

အာဂျင်တီးနား တရားရုံးတွင် ရိုဟင်ဂျာ နှိမ်နင်းမှုအပေါ် သက်သေ စ ထွက်

Your Thoughts …
Tags: ကုလသမဂ္ဂ ဒုက္ခသည်ပင်လယ်ခရီးရိုဟင်ဂျာလှေစီးဒုက္ခသည်အင်ဒိုနီးရှားအာချေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.4k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

by Peter Popham
21 December 2024
13.7k

Independent သတင်းဌာန၏ မှတ်တမ်းရုပ်သံတွင် သံအမတ်ဟောင်း ဆာ ဂျွန်ဂျန်ကင်က အနောက်နိုင်ငံများသည် မိမိတို့ကိုယ် မိမိတို့ အပြစ်တင်ရမည်ဟု ပြောသည်။

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

ARSA လို အကြမ်းဖက်အဖွဲ့ကိုတောင် မဟာမိတ်ပြုဖို့ မရှက်တော့ဘူး

by ဧရာဝတီ
20 September 2024
13.5k

ဒီမြစ်ကမ်းကိုကူးပြေးတဲ့လူတွေကျတော့ RSO အဖွဲ့က အဓိကလုပ်တယ်။ RSO အဖွဲ့က ဒီမာမောက်ဆိုတဲ့ တယောက်ရှိ တယ် ဒီလူက ခရီးသည်တယောက်ကို ၅ သိန်းယူတယ်။ ၅ သိန်းကနေပြီး လူတွေကြောက်ပြီးမှ ပိုပြေးလာတဲ့အချိန်မှာ သူက ၈ သိန်းယူတယ်။...

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

Next Post
လမ်းပန်းဆက်သွယ်ရေး ပြတ်၍ မြစ်ကြီးနား၌ ကုန်ဈေးနှုန်း အဆမတန်တက်လာ

လမ်းပန်းဆက်သွယ်ရေး ပြတ်၍ မြစ်ကြီးနား၌ ကုန်ဈေးနှုန်း အဆမတန်တက်လာ

ဥပဒေပြင်ပြီး မီဒီယာကို စစ်ကောင်စီ ပိုကျပ်

ဥပဒေပြင်ပြီး မီဒီယာကို စစ်ကောင်စီ ပိုကျပ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved