• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အိန္ဒိယထောင်၌ အစာငတ်ခံဆန္ဒပြ မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရ

by ဧရာဝတီ
22 December 2023
in သတင်း
A A
အိန္ဒိယထောင်၌ အစာငတ်ခံဆန္ဒပြ မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရ

မဏိပူရ်အကျဉ်းထောင် / IFP

1k
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာထောင်တွင် ပြစ်ဒဏ်စေ့သော်လည်း လွှတ်မပေးသဖြင့် အစာငတ်ခံဆန္ဒပြတောင်း ဆိုသော မြန်မာအမျိုးသမီးများ ရိုက်နှက်ခံရပြီး ယနေ့အချိန်ထိ အာဏာပိုင်များက ပြန်မလွှတ်ပေးသေးကြောင်း ၎င်းတို့၏ မိသားစုဝင်တဦးထံမှ သိရသည်။

၎င်းတို့သည် ၂၀၂၂ ဇွန် ၂၈ ရက်တွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရကာ ထောင်ဒဏ် ၅ လနှင့် ဒဏ်ငွေ အိန္ဒိယရူပီး ၁,၀၀၀ ပြစ်ဒဏ် ချခံခဲ့ရသူများဖြစ်ပြီး လွတ်ရက်စေ့နေသည်မှာ တနှစ်ကျော်နေပြီ ဖြစ်ကြောင်း သိရသည်။

RelatedPosts

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
0
မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
189
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
68

ယခု ဒီဇင်ဘာ ၁၅ ရက်တွင် ၎င်းတို့အား လွှတ်ပေးမည်ဟု အင်ဖာထောင်အာဏာပိုင်များက ပြောဆိုထားသော်လည်း လွှတ်ပေးခြင်းမရှိသည့်အတွက် ဒီဇင်ဘာ ၁၆ ရက်မှစတင်၍ အမျိုးသမီး ၃၆ ဦးက အစာငတ်ခံဆန္ဒပြခဲ့ကာ ဒီဇင်ဘာ ၁၈ ရက်၌ အမျိုးသားထောင်ဝန်ထမ်းများက တုတ်များဖြင့် ရိုက်နှက်ဖြိုခွဲခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူတဦး၏ ညီမဖြစ်သူ မစုစုက “မျက်နှာတွေရော၊ လက်တွေရော တုတ်တွေနဲ့ ရိုက်တယ်ပြောတယ်။ မျက်နှာ တွေလည်း ရောင်တာပေါ့။ ကျမရဲ့ ယောင်းမ (အစ်ကိုဖြစ်သူ၏ဇနီး) ဆိုရင် တော်တော်လေးနာတယ်လို့ ပြောတယ်။ သူက ဆန္ဒပြတဲ့အထဲ ခေါင်းဆောင်ပုံစံမျိုး ဖြစ်သွားတော့ ပိုပြီးအရိုက်ခံတယ်လို့ ကျမဆီကို ငိုပြီးတော့ ဖုန်းဆက်ပြောတာပါ” ဟု ပြောသည်။

ဆန္ဒပြတောင်းဆိုသည့် အမျိုးသမီးများ ရိုက်နှက်ခံရပြီးနောက် ၎င်းတို့နှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အမျိုးသား ၃၀ ဦး ခန့်ကလည်း ဒီဇင်ဘာ ၁၉ ရက်တွင် ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြောင်း မစုစုက ဆိုသည်။

တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးထောင်ချခံရသူများထဲ စစ်ကိုင်းတိုင်း၊ တမူးမြို့ဇာတိဖြစ်သူ မစုစု၏ အစ်ကိုဖြစ်သူနှင့်ဇနီး၊ အစ်ကိုဖြစ်သူ၏ ၈ နှစ်ခန့်အရွယ် သမီးငယ် ၁ ဦး၊ ညီမတော်စပ်သူ ၂ ဦး၊ စုစုပေါင်း ၅ ဦး ပါဝင်ကြောင်း သိရသည်။

၎င်းတို့သည် စားဝတ်နေရေးအရ အိန္ဒိယနိုင်ငံဘက်ရှိ ရက်ကန်းလုပ်ငန်းတွင် သွားရောက်လုပ်ကိုင်ရင်း ဖမ်းဆီးခံရခြင်းဖြစ် ကြောင်း၊ ယခင်ကလည်း ၎င်း၏မိသားစုဝင်များ အိန္ဒိယနိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်ဖူးသော်လည်း ဖမ်းဆီးခံရခြင်း မရှိခဲ့ဘဲ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှသာ ဖမ်းဆီးမှုများ ပြုလုပ်လာခြင်း ဖြစ်ကြောင်းလည်း မစုစုက ပြောသည်။

မတရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရစဉ်က ၎င်း၏တူမ အပါအဝင် ကလေးငယ် ၃၅ ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၃ ဦးလည်းပါဝင်ပြီး မိဘများနှင့်အတူ ထောင်အတွင်းထိန်းသိမ်းခံရကြောင်း ၎င်းက ဆိုသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီး ၃ ဦးသည် ထောင်အတွင်း၌ပင် မီးဖွားခဲ့ရပြီး လက်ရှိတွင် အင်ဖာထောင်တွင် ထိန်းသိမ်းခံရ ထားသည့် ကလေးငယ်စုစုပေါင်း ၃၈ ဦးထိ ရှိနေကြောင်း သိရသည်။

၎င်းတို့လွတ်မြောက်ရေးနှင့်ပတ်သက်ပြီး ကာယကံရှင်မိသားစုများနှင့် အိန္ဒိယရောက် မြန်မာနိုင်ငံသားများအရေး ကူညီ ပေးနေသည့် India For Myanmar အဖွဲ့က အမြန်ဆုံးလွှတ်ပေးရန်အတွက် အိန္ဒိယဗဟိုအစိုးရနှင့် မဏိပူရ်ပြည်နယ် တာဝန်ရှိသူများထံ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

India For Myanmar အဖွဲ့တည်ထောင်သူ ဆလိုင်းဒိုခါရ်က “မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်ကို အိတ်ဖွင့်ပေးစာလုပ်ဖို့ လုပ်နေတယ်။ သူတို့ကို မဏိပူရ်မှာ ခိုလှုံခွင့်မပေးရင်တောင် မီဇိုရမ်ပြည်နယ်ဘက်မှာ ခိုလှုံခွင့်ပေးဖို့၊ ဒါမှမဟုတ် အိန္ဒိယနိုင်ငံ UNHCR ရုံး စောင့်ရှောက်မှုအောက်မှာ ခံယူခွင့်ပေးနိုင်ဖို့ တောင်းဆိုနေပါတယ်” ဟု ပြောသည်။

ထို့ပြင် အိန္ဒိယအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကလည်း ၎င်းတို့အနေဖြင့် အင်ဖာထောင်အာဏာပိုင်များ ထံ အကြောင်းအရင်း ဆက်သွယ်မေးမြန်းလျက်ရှိပြီး အကောင်းဆုံးဖြေရှင်းနိုင်ရန် လုပ်ဆောင်နေသည်ဟု ဆက်သွယ် အကြောင်းပြန်ကြားမှုရှိကြောင်း ဆလိုင်းဒိုခါရ်က ဆိုသည်။

ထောင်အတွင်း ဆန္ဒပြတောင်းဆိုမှုကြောင့် ရိုက်နှက်ခံရသည့် အခြေအနေနှင့်ပတ်သက်ပြီး ဒီဇင်ဘာ ၁၉ ရက်၌ နောက်ဆုံး အဆက်အသွယ်ရခဲ့ကာ လတ်တလော ထောင်အတွင်း အခြေအနေများအား အသေးစိတ်မသိရသေးကြောင်းလည်း ၎င်းက ပြောသည်။

ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များက အမြန်ဆုံးလွတ်မြောက်ရန် အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံရုံးထံ ဆက်သွယ် အကူအညီတောင်းခံခဲ့မှုအပေါ် ၎င်းတို့အနေဖြင့် လုပ်ဆောင်နေသော်လည်း အင်ဖာမြို့အာဏာပိုင်များက မလုပ်ပေးခြင်းဟု သာ အကြောင်းပြန်ခဲ့ကြောင်း မစုစုက ဆိုသည်။

လက်ရှိ အင်ဖာထောင်တွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသူ ၁၅၀ ဦးအထက်ရှိနေပြီး အစားအသောက် လုံလောက်မှုမရှိကြောင်း၊ မိဘများနှင့်အတူ ထိန်းသိမ်းခံထားရသည့် ကလေးငယ်များအတွက်လည်း အစားအသောက်နှင့် ရေသန့်ရှင်းမှု အားနည်းသဖြင့် ကျန်းမာရေးစိုးရိမ်ရပြီး ပညာသင်ကြားခွင့်လည်း ဆုံးရှုံးနေကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “မနေ့နံနက်ပိုင်းက ညီမတယောက်က ဖုန်းဆက်တာ။ စားစရိတ် ရူပီး ၃,၀၀၀‌ (ကျပ် ၇၅,၀၀၀ ခန့်) လောက် လွှဲပေးဖို့ပြောတယ်။ ထမင်းတောင်မှ လောက်လောက်ငင ဝအောင်မပေးဘူး၊ ကလေးတွေလည်း ပါတယ်ဆိုတော့ မစားလောက်ဘူးပြောတယ်။ လွတ်ချိန်တန်ပြီး လွှတ်မပေးတာ မိသားစုဝင်တယောက်အနေနဲ့ စိတ်ထိခိုက်ရတယ်။ အိန္ဒိယ အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားပြီး မြန်မာပြည်မှာရှိတဲ့ မိခင်တွေဆီ အမြန်ဆုံးပြန်လွှတ်ပေးစေချင်ပါတယ်” ဟု တောင်းဆိုသည်။

You may also like these stories:

ရရာလက်နက်ဖြင့် ပြန်ခံတိုက်ခဲ့သည့် မဏိပူရ်မြစ်ပေါ်က ကမ်းပါးနီ တိုက်ပွဲ

မဏိပူရ်ပြည်နယ်ဘက်သို့ ခိုလှုံသူ မြန်မာများ ပြန်မောင်းထုတ်ခံရ

မြန်မာတချို့မောင်းထုတ်ခံရပြီးနောက် မကူညီဖို့ ညွှန်ကြားချက် မဏိပူရ်အစိုးရ ပြန်ရုတ်သိမ်း

အိန္ဒိယနယ်စပ်ရောက် ရုန်းကန်နေရသည့် အမေ့ခံ CDM ဝန်ထမ်းများ

Your Thoughts …
Tags: စစ်ကိုင်းတရားမဝင်နေထိုင်မှုမြန်မာအမျိုးသမီးအင်ဖာထောင်အစာငတ်ခံဆန္ဒပြအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

Next Post
စက်သုံးဆီရှိသော်လည်း ရောင်းမပေးသည့် ၁၆ ဆိုင် စစ်ကောင်စီ အရေးယူ

စက်သုံးဆီရှိသော်လည်း ရောင်းမပေးသည့် ၁၆ ဆိုင် စစ်ကောင်စီ အရေးယူ

မြန်မာနိုင်ငံ မတည်ငြိမ်မှုအတွင်း တရုတ်သြဇာ တိုးလာ

မြန်မာနိုင်ငံ မတည်ငြိမ်မှုအတွင်း တရုတ်သြဇာ တိုးလာ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate