• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

by ဧရာဝတီ
3 January 2024
in သတင်း
A A
တင်းမဗျူဟာကုန်း၏ ၇၀ရာနှုန်း AA သိမ်းထားဟုဆို

ဒီဇင်ဘာ ၂၉ ရက်က ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ ခဝဲဗျူဟာကုန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်/ AA

6.5k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမရွာအနီးရှိ တောင်ရှည်တောင်(တင်းမဗျူဟာကုန်း)အား ဒီဇင်ဘာ ၂၅ ရက်ကစ၍ ရက္ခိုင့်တပ်တော် (AA) မှ ထိုးစစ်ဆင်နေရာ လက်ရှိတွင် ဗျူဟာကုန်းရှိ ကာကင်းများ အပါအဝင် ၇၀ ရာနှုန်း အထိ သိမ်းပိုက်ထားပြီး အဓိက ပင်မနေရာတခုသာ ကျန်ရှိတော့ကြောင်း AA နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ တောင်ရှည်တောင်ဗျူဟာကုန်းသည် ကုလားတန်အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ကုလားတန်မြစ်ကြောင်းကို စိုးမိုးထားသော အရေးပါသည့်ဗျူဟာကုန်းတခုဖြစ်သလို ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များကို အဓိက စစ်လက်နက်ပစ္စည်းများ ထောက်ပို့နေသည့် နေရာတခုလည်း ဖြစ်သည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
70
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
196
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
301

AA သည် ပလက်ဝမြို့နယ်အတွင်း၊ ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီ၏ ထရွန်အိုင်နှင့် နှုံးဘူးဗျူဟာကုန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျောက်တော်မြို့နယ်အတွင်းရှိ တောင်ရှည်တောင်ဗျူဟာကုန်းကို ဆက်လက် ထိုးစစ် ဆင်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ကုလားတန်မြစ်ကြောင်းတလျောက်၌ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက နေ့ရောညပါ လေကြောင်းဖြင့် စစ်ကူပေးနေကြောင်း ကျောက်တော်မြို့နယ် ဒေသခံတဦးက ပြောသည်။

၎င်းက “တိုက်ပွဲက ဒီဇင်ဘာ ၃၁ ရက်က စပြီးတော့ အပြင်းအထန် ဖြစ်နေတာ။ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီး လာပြီးတော့ နေ့ဘက်ရော၊ ညဘက်ပါ ဗုံးကြဲနေတယ်။ AA တပ်ဖွဲ့ကလည်း စက်သေနတ်တွေနဲ့ နေရာစုံကနေ လေ ယာဉ်တွေကို ပြန်ပစ်တယ်။ တော်တော် ပြင်းပြင်းထန်ထန် ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ရှည်တောင်ဗျူဟာကုန်းတွင် စစ်ကောင်စီ၏ ကျောက်တော်အခြေစိုက် စကခ ၉ လက်အောက်ခံ တပ်ရင်းများ နှင့် တပ်မ ၅၅ လက်အောက်ခံတပ်ရင်းတို့ဖြင့် ပြီးခဲ့သော ရခိုင်စစ်ပွဲကတည်းက တပ်စွဲနေခြင်းဖြစ်ပြီး၊ ် ၂၀၂၀ မတ်လ ၁၃ ရက်တွင် တင်းမရွာသား ၁၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို အိမ်ခြေ ၇၀၀ ကျော်ရှိသည့် တင်းမရွာကိုလည်း မီးရှို့ဖျက်စီးခဲ့သည်။

AA တပ်များက ယင်းဗျူဟာကုန်းအား စနစ်တကျ ပြင်ဆင်ပြီး အပြင်းအထန် တိုက်ခိုက်နေကြောင်း AA နှင့်နီးစပ်သူ တဦးက ပြောသည်။

၎င်းက “တောင်ရှည်တောင်ဗျူဟာကုန်းက ခဘော်ရွာနေ တင်းမရွာထိ တောင်တန်းတခုလုံးကို အခိုင်အမာခံတပ် လုပ် ထားတာ။ စခန်းတခုလုံးကို သွပ်ဆူးကြိုးတွေနဲ့ ခြံစည်းရိုး သုံးထပ်အထိ ကာထားတယ်။ စခန်းပတ်ဝန်းကျင်မှာလည်း သတ်ကွင်းပုံစံမျိုး တည်ဆောက်ပြီးတော့ ဗျူဟာမြောက် လုပ်ထားတာ။ အဲဒါကို AA တပ်ဖွဲ့ဝင်တွေက ပထမနေရာစုံက တိုက်ခိုက်သယောင် အာရုံပြောင်းပြီး စခန်းကို ဝင်စီးတိုက်ခိုက်ပြီးတော့ နေရာတော်တော်များများကို ရထားပြီးလို့ သိရ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

တောင်ရှည်တောင်ဗျူဟာကုန်း၏ မြောက်ဘက်တွင် မီးဝဗျူဟာကုန်းနှင့် တောင်ဘက်တွင် အမှတ် ၉ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ ၉ တပ်မဌာနချုပ်တို့ တည်ရှိပြီး ယင်းဗျူဟာကုန်းကျပါက မီးဝဗျူဟာကုန်းနှင့် စကခ ၉ တပ်မဌာနချုပ်တို့မှာလည်း အကာအကွယ်မဲ့ဖြစ်ကာ စစ်ကောင်စီအတွက် ကုလားတန်မြစ်ကြောင်းတခုလုံး လက် လွှတ်ရမည့်သဘောရှိသလို တပ်မဌာနချုပ်ကိုလည်း ကာကွယ်ရမည့်သဘော ဖြစ်နေကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ပြောဆိုသည်။

ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်သူတဦးက “ပြီးခဲ့တဲ့ ရခိုင်စစ်ပွဲကာလတုန်းက မီးဝဗျူဟာကုန်းတိုက်ပွဲက ရက်ပေါင်း ၄၀ ကျော်အထိ ကြာခဲ့တာရှိတယ်။ စစ်ကောင်စီက မီးဝဗျူဟာကုန်းကို AA က နောက်တကြိမ် လာတိုက်မယ်ဆိုရင် ဗျူဟာအရ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ တောင်ရှည်တောင်မှာ အခိုင်အမာ ဗျူဟာချထားတာ။ သူ့ နောက်မှာ စကခ ၉ ကလည်း ရှိနေတော့ အချိန်မရွေး စစ်ကူပစ်ကူ ပေးနိုင်ဖို့ ပြင်ဆင်ထားတဲ့ သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယခုတကြိမ်တွင် AA တပ်ဖွဲ့က မီးဝဗျုဟာကုန်အား ဝင်ရောက်တိုက်ခိုင်ခြင်းမပြုဘဲ တောင်ရှည်တောင်ဗျူဟာကုန်းကို ဝင်ရောက် တိုက်ခိုက်လိုက်သည့်အတွက် စစ်ကောင်စီ၏ မဟာဗျူဟာမြောက် ပြင်ဆင်ထားမှုမှာ ထင်သလာက် ခရီး မပေါက်ဘဲ တပ်မဌာနချုပ်ကိုပါ ခြိမ်းခြောက်ခံလိုက်ရကြောင်း စစ်ရေး အကဲခတ်တဦးက သုံးသပ်သည်။

AA ပြန်ကြားရေးဌာနမှ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီး တောင်ရှည်တောင်ဗျူဟာကုန်းအား အပြီးတိုင် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း ဇန်နဝါရီလ ၁ ရက်က ထုတ်ပြန်ထားသည်။

ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အတွင်းသို့ ဆက်သွယ်ထားသည့် ကုလားတန်မြစ်ကြောင်း တလျောက်ရှိ စစ်ကောင်စီ၏ အမာခံတပ်စခန်းများဖြစ်သည့် မြစ်ဝဗျူဟာကုန်း၊ ထရွန်အိုင်၊ နှုံးဘူး၊ ကုလားတန် အနောက်ဘက် ကမ်းရှိ ခဝဲ ဗျူဟာကုန်းတို့ကို AA တပ်ဖွဲ့ဝင်များက ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ထားပြီး ဖြစ်သည်။

ယင်းပြင် ကုလားတန်မြစ်ကြောင်းတလျောက်ရှိ စစ်ကောင်စီ၏ လက်ကျန် ဗျူဟာကုန်းများဖြစ်သော ရှင်းလက်ဝ၊ မီးဝ ၊ ဆမီးဗျူဟာကုန်းအပါအဝင် ပလက်ဝအခြေစိုက် ခလရ ၂၈၉ တပ်ရင်းတို့ကိုလည်း လတ်တလော အခြေအနေတွင် AA တပ်ဖွဲ့ဝင်များနှင့် မဟာမိတ် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းပြီး ဝိုင်းဝန်းပိတ်ဆို့ကာ စခန်းသိမ်းများ တိုက်ပွဲဆင်နွှဲရန် ပြင်ဆင်နေကြောင်း သိရသည်။

You may also like these stories:

စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဆွေးနွေးပွဲ ဘာကြောင့် သဘောတူညီချက် မရသလဲ

ကျောက်တော်နှင့် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်းများ AA ဆက်လက်တိုက်ခိုက်နေ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

Your Thoughts …
Tags: AAကျောက်တော်စစ်ကောင်စီတင်းမရွာတောင်ရှည်တောင်ဗျူဟာကုန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

13 hours ago
3.1k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate