• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

by ဧရာဝတီ
22 January 2024
in သတင်း
A A
မတ္တရာနယ်ကို စစ်တပ် ဘာကြောင့် စစ်ကြောင်းထိုးနေလဲ

မတ္တရာမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော မတ္တရာမျိုးမှန်တပ်ဖွဲ့/ မတ္တရာမျိုးမှန်တပ်ဖွဲ့

9.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ်ဘေးရွာများကို စစ်ကောင်စီတပ်များမှ နိုဝင်ဘာလကတည်းက ဆက်တိုက် စစ်ကြောင်းထိုးနေရာ ဇန်နဝါရီ ၁၆ရက်က သဖန်းဒေါင့်ရွာကို အင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်ပြီး အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

သဖန်းဒေါင့်ရွာနှင့် ၄ မိုင်ခန့်အကွာရှိ သုံးဆယ်ပေးရွာ၌ တပ်စွဲထားသော စစ်တပ်က နေ့လယ် ၁၂ နာရီခန့်တွင် ကား ၄ စီး အင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အိမ် ၅ လုံး၊ ကြက်မွေးမြူရေးခြံတခြံ မီးလောင်ပျက်စီးခဲ့ရသလို ရွာမှ တန်ဖိုးကြီးပစ္စည်းများကိုလည်း ယူဆောင်ခြင်းခံရကြောင်း၊ ထို့နောက် ယင်းတပ်ဖွဲ့ ရွှေဘောင်ရွာသို့ ဆက်လက် ဝင်သွားကြောင်း သိရသည်။

RelatedPosts

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

12 June 2025
126
KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

KNU ဌာနချုပ်ကို စစ်ကောင်စီ အသေခံဒရုန်း ၈ စင်းနဲ့ ထပ်တိုက် (ရုပ်/သံ)

12 June 2025
130
စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

12 June 2025
2.8k

ဒေသခံတဦးက “စစ်ကြောင်းက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်လာကြတာ၊ လက်ရှိအချိန်ထိ ရွာသားတွေလည်း ပြန် မကပ်နိုင်ကြသေးဘူး၊ ဒီနေ့တော့ စစ်ကြောင်းထိုးတာမျိုး မရှိပေမယ့် ရွာကို မီးတင်သွားတဲ့စစ်ကြောင်းက ကျနော်တို့နဲ့ ကပ်လျက်ရွာဖြစ်တဲ့ ရွှေဘောင်မှာ တပ်စွဲထားတယ်၊ အဲဒါကြောင့် ရွာကို မပြန်ရဲကြသေးဘဲ ဘေးလွတ်ရာမှာ အဆင်ပြေသလို နေ နေကြရတယ်”ဟု ပြောသည်။

စတုရန်းမိုင် ၄၄၅မိုင် ကျယ်ဝန်းသော မတ္တရာမြို့နယ်သည် မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၈၃ အုပ်စု၊ ကျေးရွာပေါင်း ၂၈၆ ရွာရှိပြီး မန္တလေးတိုင်း အောင်မြေသာစံခရိုင်တွင် ပါဝင်သည်။ အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြောက်ဘက်တွင် စဉ့်ကူးမြို့နယ်၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ် တို့နှင့် နယ်နမိတ် ထိစပ်နေကာ မန္တလေးမြို့မှ ကား၊ ဆိုင်ကယ် တနာရီခန့်သာ မောင်းနှင်ရသည့် အကွာအဝေးတွင် ရှိသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ရက်က “တောင်သမန်”အမည်ပေးထားသည့် စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)၊ တအာင်းတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့များက ထိုဒေသတွင် ဆင်နွှဲလာသည်။

မကြာမီက ပြင်ဦးလွင်မြို့အနီး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်စခန်းများ သိမ်းပိုက်ခံခဲ့ရသလို မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်နှင့် ထိစပ်နေသည့် ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့ ၌ တိုက်ပွဲများပြင်းထန်နေရာ ယင်းတိုက်ပွဲများက သက်ရောက်မှု ရှိလာနိုင်သဖြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ မန္တလေးမြို့ထိ တိုက်ပွဲများ ရောက်မလာစေရေး မတ္တရာမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေး တပ်များအား စစ်ကြောင်းထိုးနေခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

ဒေသကာကွယ်ရေးတပ်မှ တာဝန်ရှိသူတဦးက “မိုးမိတ်တို့၊ နောင်ချိုတို့ဘက်မှာ စစ်ဆင်ရေး ဖော်ဆောင်နေတာက တော်လှန်ရေးအတွက် အားတခုဖြစ်စေတယ်၊ နောင်ချိုဖြစ်ဖြစ် မိုးမိတ်ဖြစ်ဖြစ် သိမ်းနိုင်ခဲ့ပြီဆိုရင် မန္တလေးမြို့ကို ကာကွယ်နိုင်ဖို့ မတ္တရာကနေ အလုံးအရင်းနဲ့ ခံစစ်တွေ ပြင်လာနိုင်တယ်၊ ဒါကြောင့် စစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့နေရာမှာ သူတို့ ခံစစ်အခိုင်အမာ ရှိမလာနိုင်အောင်လို့ စစ်ကြောင်းကို ဖြတ်တောက်တာမျိုးတွေ လုပ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်း သဖန်းဒေါင့်ကျေးရွာကို ဇန်နဝါရီ ၁၆ ရက်က စစ်ကောင်စီမီးရှို့ပြီးနောက် တွေ့ရပုံ / Weltet Information Network

လက်ရှိ မြေပြင်အနေအထားအရ တော်လှန်ရေးတပ်ဖွဲ့များ စုပေါင်းကာ စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း၊ မတ္တရာမြို့နယ်ထဲမှ တော်လှန်ရေးအင်အားစုများအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ဗျုဟာအလိုက် စစ်ကြောင်းထွက်ပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတွက် မတ္တရာမြို့နယ်အတွင်း အုပ်ချုပ်ရေးအပါအဝင် စစ်ကောင်စီ၏ ယန္တရာများ ကောင်းမွန်စွာ လည်ပတ်နိုင်မှု မရှိစေ ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက နေ့စဉ် တိုက်ခိုက်မှုများ ပြုလုပ်နေသလို စစ်ကောင်စီကလည်း ကျေးရွာများသို့ လှည့်လည် စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး၏ အဆိုအရမူ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာဝတီမြစ် ဘေးရွာများ ကို PDF များ ခိုအောင်းနေသည်ဆိုသော အထင်ဖြင့် စစ်တပ်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး စစ်ကြောင်းတွင် ပျူစောထီးများ က အများဆုံးဖြစ်သည်ဟု ဆိုသည်။

စစ်ရေးလေ့လာသူတဦးက မိုးမိတ်၊ နောင်ချိုဘက်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများက မန္တလေးကို မခြိမ်းခြောက်နိုင်သေး သော်လည်း မတ္တရာနှင့် ပြင်ဦးလွင်ဒေသကိုမူ ခြိမ်းခြောက်လာနိုင်ကြောင်း၊ လက်ရှိ မိုးမိတ်၊ မဘိမ်းတိုက်ပွဲများက မတ္တရာ အထိ ကူးစက်လာနိုင်သဖြင့် ယင်းနယ်ထဲတွင် စစ်ကြောင်းထိုးကာ မန္တလေးမြို့ လုံခြုံရေးအတွက် ကြိုတင်ကာကွယ် ခြင်းဖြစ် ကြောင်းသုံးသပ်သည်။

မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုးနှင့် မြောက်ပိုင်းရှိ ဒေသခံများမှာ စစ်တပ်က အင်အား အလုံးအရင်း ဖြင့် စစ်ကြောင်းထိုး၊ မီးရှို့ ဖျက်ဆီးခြင်းများ မကြာခဏဆိုသလို ကြုံတွေ့နေကြရပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို ကျူးလွန်ခံနေရကြောင်း၊ စစ်ကြောင်းထိုး ဝင်ရောက်နေသဖြင့် ကျွဲခြံကုန်း၊ သုံးဆယ်ပေး၊ သဖန်းဒေါင့်၊ သနပ်ကုန်း၊ ရွှေဘောင်၊ ဆူးလေကုန်း၊ ကုန်းတန်း၊ ငယ်တိုး၊ မာရဘင်၊ မြစ်တိမ်၊ ဆောက်ချုံပေါက်၊ တောပု၊ အလည်၊ ဥဒိန်ကျေးရွာများမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းကလည်း တောပု၊ မာရဘင်၊ မြစ်တိမ် စသည့်ကျေးရွာများသို့ စစ်ကြောင်းထိုး ပစ်ခတ်ဝင် ရောက်ပြီး ဆိုင်ကယ် ၅ စီးအပါအဝင် ရွှေ၊ ငွေနှင့် တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများကို ယူဆောင်သွားကြောင်း၊ ဆောက်ချုံပေါက်ကျေးရွာကိုလည်း စစ်ကြောင်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးသဖြင့် နေအိမ် ၁၂ လုံး မီးလောင်ပျက်စီး ခဲ့ကြောင်း သိရသည်။

ယခုလအတွင်းမှာပင် စစ်ကြောင်းထိုးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသူ ၂ဦးမှာ အုန်းကုန်းကျေးရွာနေ အသက် ၆၆ နှစ်အရွယ် ဒေါ်ရင်မြနှင့် မတ္တရာမြို့နယ် အနောက်ခြမ်း အလည်ကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဒေါ်မူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

You may also like these stories:

မတ္တရာ NLD လွှတ်တော်အမတ်၏ ဖခင် စစ်ကြောရေး ပို့ခံရ

စစ်ကြောင်းထိုးမှုကြောင့် မတ္တရာနယ်က ဒေသခံများ ထွက်ပြေး၊ တချို့ ပိတ်မိနေ

မတ္တရာနှင့် ပုသိမ်ကြီးမှ ဒေသခံ ၆ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

Your Thoughts …
Tags: NUGစစ်ကောင်စီနောင်ချိုပြင်ဦးလွင်မတ္တရာမိုးမိတ်ဧရာဝတီမြစ်ကမ်းဘေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.8k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရွေးကောက်ပွဲ ဆိုပါလားဟေ့

ရွေးကောက်ပွဲ ဆိုပါလားဟေ့

ဒီတော်လှန်ရေး မပြီးသေးဘဲ အနာဂတ်ကို မျှော်လင့်လို့ မရဘူး

ဒီတော်လှန်ရေး မပြီးသေးဘဲ အနာဂတ်ကို မျှော်လင့်လို့ မရဘူး

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.2k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအတွက် နယ်မြေရှင်းမည့် ကရင်နီထိုးစစ် ပိုပြင်းထန်လာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate