• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

by ဧရာဝတီ
24 January 2024
in သတင်း
A A
ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

5.5k
VIEWS
Share on FacebookShare on Twitter

ဇန်နဝါရီလဆန်းက ၃၄၀၀ ကျပ်ကျော်သာ ရှိခဲ့သည့် အမေရိကန်ဒေါ်လာမှာ ယခုအခါ ၃,၅၅၀ ကျပ်ဖြစ်လာပြီး ၁ ဒေါ်လာ လျှင် ၁၀၀ ကျပ်ကျော် မြင့်လာသလို အကယ်ဒမီအခေါက်ရွှေဈေးသည်လည်း ၁ ကျပ်သား ကျပ် ၃၇ သိန်း ကျော်မှ ၃၈ သိန်း ကျော်ထိ လိုက်ပါ ဈေးတက်လာကြောင်း သိရသည်။

ထိုသို့ဖြစ်ရခြင်းမှာ စစ်ကောင်စီက သွင်းကုန်လိုင်စင်တချို့ ပြန်ချပေးလိုက်ရာ ပြည်ပမှ ဆေးဝါး၊ စားသောက်ကုန်၊ လူသုံး ကုန်၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ စသည့်တို့ တင်သွင်းမည့် သွင်းကုန်သမားများအတွက် ဒေါ်လာဝယ်လိုအားများလာ သဖြင့် ဈေးတက်လာခြင်း ဖြစ်ကြောင်း၊ ထို့အတွက် ရွှေဈေးလည်း တပါတည်း တက်လာကြောင်း ဈေးကွက် အတွင်းရှိ လုပ်ငန်းရှင်၊ ကုန်သည်များက ပြောသည်။

RelatedPosts

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

မူးယစ်ဆေးဝါးကိစ္စ စိစစ်အရေးယူမယ်လို့ NUG ပြော (ရုပ်/သံ)

12 July 2025
66
စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

စစ်ကောင်စီ လူစိတ်မရှိပါလားဆိုတာ ကိုယ်တွေ့ကြုံလိုက်ရတာ (ရုပ်/သံ)

12 July 2025
106
မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

မြန်မာနိုင်ငံကလူတွေကို သွယ်ဝိုက်သောနည်းနဲ့သတ်နေတာ (ရုပ်/သံ)

12 July 2025
95

ရန်ကုန်မြို့ရှိ ဒေါ်လာလဲလှယ်ရေး လုပ်ကိုင်သူတဦးက “ပြီးခဲ့တဲ့ တပတ်နှစ်ပတ် လိုင်စင်တွေ စထွက်ထဲက တက်တယ်။ စက်သုံးဆီသမားတွေ ဈေးကွက်မှာအဝယ်များတယ်။ ဒီဘက်က မွေးမြူရေးအစာတို့၊ ဆေးဝါးတို့ အရေးကြီးတဲ့ သွင်းကုန် သမားတွေကလည်း နိုင်ငံခြားငွေ လိုသွားတယ်။ သူ (စစ်ကောင်စီ) သွင်းကုန်လိုင်စင် ဘယ်လောက်ချပေးလိုက်လဲတော့ မသိဘူး။ အကုန် အဝယ်တွေချည်း ဖြစ်သွားတယ်။ အဲဒီတော့ ဈေးကွက်မှာ ဝယ်လိုအားများပြီး ဈေးတက်သွားတာ” ဟု ဧရာဝတီကို ပြောသည်။

နိုင်ငံခြားငွေ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသော စစ်ကောင်စီက ငွေလဲနှုန်းသတ်မှတ်ခြင်းကို ပယ်ဖျက်ခြင်း၊ ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကိုသာ ၂,၁၀၀ ကျပ်နှင့် ဖြတ်ယူ၍ ကျန် ၆၅ ရာခိုင်နှုန်းကို ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ခွင့်ပြုခြင်း၊ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုမှ ရရှိလာသော ပို့ကုန်ရငွေ ၇၀ ရာခိုင်နှုန်းကို ပြည်ပမှ စက်သုံးဆီဝယ်မည့် ကုမ္ပဏီ များသို့ ရောင်းချပေးစေခြင်း စသည်ဖြင့် တင်းကျပ်ထားမှုကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖြေလျှော့ပေးခဲ့သည်။

ထို့အတူ နိုင်ငံခြားငွေဈေးနှုန်း မြင့်တက်လာမည်ကို စိုးရိမ်၍ တင်းကျပ်ထားသည့် သွင်းကုန်လိုင်စင်ချထားပေးမှုကိုလည်း ပြီးခဲ့သည့် ဇွန်လမတိုင်ခင်က ထုတ်ပေးခဲ့ကြောင်း ဒေါ်လာလဲလှယ် ရောင်းဝယ်ရေးသမားများထံမှ သိရသည်။

ငွေကြေးဈေးကွက် လုပ်ကိုင်သူက “ဝယ်လိုအားရှိတော့ တက်လာတာပေါ့။ တောက်လျှောက် တက်လာတာ။ အခုတိုင်းဆို ၃,၅၀၀ ကျပ်အောက် မဆင်းဘူးလို့လည်း ပြောရတယ်။ ဒါပေမယ့် ကြားထဲမှာ စကစ ဘယ်လိုထိန်းမလဲဆိုတာ ကြည့်ရအုံး မယ်” ဟု ဆိုသည်။

ယခုအတိုင်း ဈေးကွက်လိုအပ်ချက် ရှိနေက ဒေါ်လာဈေးမှာ တရိပ်ရိပ်တက်လာနိုင်သည့် အခြေအနေ ရှိကြောင်းလည်း ဈေးကွက်အတွင်းရှိ ငွေလဲလုပ်ငန်း လုပ်ကိုင်သူများကလည်း သုံးသပ်ပြောဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာဈေး မြင့်လာလျှင် ဈေးကွက်အတွင်းရှိ လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးခြင်း၊ သတိပေးခြင်း၊ ဖမ်းဆီးခြင်းနှင့် ခံဝန်ထိုးခိုင်းခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့မှုကြောင့် ယခုလို ဒေါ်လာဈေး ၃,၅၀၀ ကျပ်ကျော် လာသဖြင့် ဖမ်းဆီးမှုများ ရှိလာမည်ကိုလည်း စိုးရိမ်နေရကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

တရားမဝင် ငွေလွှဲလုပ်ငန်းများ ပပျောက်စေရန် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဌာန (စသုံးလုံး) နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စုံစမ်းဖော်ထုတ်ပြီး သံသယရှိသူ ၄၀ ဦးကို အရေးယူထားကြောင်း ဇန်နဝါရီ ၈ ရက် ရက်စွဲဖြင့် စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်ထား သည်။

ထိုသို့ စုံစမ်းဖော်ထုတ်ရာတွင် သံသယဖြစ်ဖွယ် ငွေလဲလှယ်လွှဲပြောင်းသူ ၉၉ ဦးကို စိစစ်ခဲ့ပြီး အမှုဖွင့်ခံရသူ ၂၀ ဦး၊ သက်ဆိုင်ရာ မြို့နယ်တရားရုံးများ၌ တရားစွဲဆိုခံထားရသူ ၂၀ ဦးရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အလားတူ ပြည်တွင်းရွှေဈေးကွက်၌လည်း အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား ၃၈ သိန်း ၃ သောင်းကျပ်ခန့် မြင့်တက် နေပြီး ထပ်မံဈေးတက်မည့်အရိပ်အယောင်လည်း ရှိနေ၍ အရောင်းအဝယ်ကို သတိထားလုပ်နေရကြောင်း ရွှေလုပ်ငန်း ရှင်များထံမှ သိရသည်။

ရန်ကုန်မြို့ရှိ ရွှေလုပ်ငန်းရှင်တဦးက “ဈေးကတော့ ဒေါ်လာဈေးတွေ တက်သွားလို့ တက်တာပါ။ ကမ္ဘာ့ရွှေဈေးကတော့ သိပ် မတက်ပါဘူး။ အရောင်းအဝယ်က ပုံမှန်ဆိုပေမယ့် ရောင်းဝယ်ရခက်တယ်။ အတုံးအခဲ (အခေါက်ရွှေ) မှာတော့ အခုလို ဈေးတက်ရင် အဖမ်းအဆီးတွေကရှိတော့ ကြောက်နေရတယ်။ ရှောင်တိမ်းပြီး မှောင်ခိုပဲ လုပ်နေရတယ်။ အခု မနက် ပေါက်ဈေးက အခေါက်ရွှေ ၁ ကျပ်သား ၃၈ သိန်း ၂ သောင်း ပေါက်တယ်။ အလုပ်ဖြစ်တဲ့ဈေးပေါ့။ သူတို့ အသင်းရုံး (YGEA) သတ်မှတ်ဈေးက ၃၇ သိန်းကျပ် ဝန်းကျင်လောက်ပဲရှိတယ်။ အဲဒီတော့ နည်းနည်းမြင့်နေတယ်။ ဒါကြောင့် အန္တရာယ်တော့ရှိတယ်” ဟု ဈေးကွက်အခြေအနေနှင့် ပတ်သက်ပြီး ဧရာဝတီကို ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ၁ ဒေါ်လာလျှင် ၃,၅၂၀ ကျပ် ဝန်းကျင်နှင့် ဈေးတက်ရိပ်ပြနေသဖြင့် မြန်မာ့ရွှေဈေးမှာလည်း လိုက်ပါမြင့်တက်လာနိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ရွှေဆိုင်ပိုင်ရှင်များကို ခေါ်ယူသတိပေးခြင်းများ မရှိသေးသော်လည်း နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်များနှင့် ရန်ကုန်၊ မန္တလေးရှိ ရွှေကုန်သည်၊ လုပ်ငန်းရှင်ကြီးများကို မကြာခဏ နေပြည်တော်သို့ ခေါ်ယူ တွေ့ဆုံခြင်း၊ အစည်းဝေးခေါ်ခြင်းများကို လုပ်ဆောင်နေကြောင်း ရွှေလုပ်ငန်း ရှင်အသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသော ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရုံးတွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ၃၆ သိန်း ၄ သောင်း ၉ ထောင်ကျပ်သာ ရှိသော်လည်း ပြင်ပအကယ်ဒမီအခေါက်ရွှေဈေးမှာ ၁ ကျပ် သားလျှင် ကျပ် ၃၈ သိန်းကျော်ထိ မြင့်တက်နေသဖြင့် YGEA သတ်မှတ်ဈေးနှင့် နှိုင်းယှဉ်လျှင် ကျပ် ၁ သိန်းခန့် ကွာဟနေသည်။

ရွှေဈေးနှုန်းအား ထိန်းထိန်းသိမ်းသိမ်းနှင့် လက်ငင်း ရောင်း/ဝယ်ပေးကြရန်၊ ပို၍ ရောင်းခြင်း၊ ဝယ်ခြင်း (လုံးဝ) မပြုလုပ်ရန် YGEA က ယနေ့ မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။

You may also like these stories:

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

စစ်ကောင်စီတပ် လေကြောင်း အားသာမှု ဆုတ်ယုတ်လာ

Your Thoughts …
Tags: ဈေးတက်ဒေါ်လာရွှေသွင်းကုန်လိုင်စင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မှူးများကို အရေးယူ

by ဧရာဝတီ
31 October 2023
26.6k

ဒီအမှုမှာစစ်မယ်ဆိုရင် ကစထမှူး (ဒုဗိုလ်ချုပ်ကြီး တေဇကျော်) ထိ ပါဝင်ပတ်သက်မှုရှိမှာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်က ဘယ်လောက်မှာပဲ ဖြတ်လိုက်ဆိုတော့ တိုင်းမှူးနဲ့ အောက်ကအရာရှိတွေပဲ အရေးယူခံရတာ

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
23.8k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

by ဧရာဝတီ
16 August 2023
10k

စစ်ကောင်စီကမူ ရွှေနှင့် ငွေကြေး မြင့်တက်နေမှုနဲ့ပတ်သက်၍ ဖမ်းဆီးခြင်းများ ရှိနေပြီး သြဂုတ်လ ၁၄ ရက်က ရွှေနှင့် ဒေါ်လာငွေကြေး လုပ်ကိုင်သူ လုပ်ငန်းရှင် ၂ ဦးကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

by ဧရာဝတီ
1 September 2023
4.7k

လူမှုကွန်ရက်စာမျက်နှာတွင် ဂရုဖွဲ့ပြီး အမေရိကန်ဒေါ်လာ၊ ယူရိုငွေရောင်းဝယ်မှု ပြုလုပ်နေသူများကို စစ်ကောင်စီ လက်အောက်ခံဗဟိုဘဏ်က အသွင်ယူပြီး စစ်ဆေးဖမ်းဆီးနေကြောင်း ဩဂုတ် ၃၁ ရက်၌ ထုတ်ပြန်ချက်ထွက်လာ ပြီးနောက် ပြင်ပဒေါ်လာဈေးကွက်အတွင်း အရောင်းအဝယ်ရပ်ဆိုင်းနေကြောင်း သိရသည်။

Next Post
ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

“ဒရုန်းတွေက ကျနော်တို့ လေတပ်ပဲ”

"ဒရုန်းတွေက ကျနော်တို့ လေတပ်ပဲ"

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate