• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း

by စောရယ်
25 January 2024
in သတင်း
A A
တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း

နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းပြီးနောက် သိမ်းဆည်းရရှိသည့် လက်နက်များ/Maru Na Li Shawng

2.8k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည် မြောက်ပိုင်း လားရှိုး -မူဆယ် အဝေးပြေးလမ်း စိုးမိုးရေးအတွက် အရေးပါသော ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်လပ်ရေးတပ် (KIA)က တလနီးပါး တိုက်ခိုက်ပြီးနောက် ယမန်နေ့က သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကပြောသည်။

နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ တပ်ရင်းကို ဒီဇင်ဘာ ၂၉ ရက်ကတည်းက KIA က ရှမ်းမြောက် အခြေ စိုက် တပ်မဟာ ၄၊ တပ်မဟာ ၆ နှင့် တပ်မဟာ ၁၀ တို့အပါအဝင် ကချင် ပြည်သူ့ကာကွယ်ရေးတပ် (KPDF)တို့ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီကျော်တွင် အပြီး သိမ်းပိုက်လိုက်ခြင်း ဖြစ် သည်။

RelatedPosts

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
172
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
48
စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

စစ်တပ်နှစ်ပေါင်း ၄၀ ကျော် အခြေစိုက် မော်ဖိုးကေ စခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

20 May 2025
57

KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “ဒီစခန်းကို သိမ်းဖို့ ဘာလို့ ကြာသလဲတော့ အတိအကျ မသိဘူး။ ကျနော်တို့ စတိုက်တာကတော့ ဒီဇင်ဘာ ၂၉ ကနေ စတိုက်တာ ဖြစ်ပါတယ်။ သူတို့တပ် တည်ထားတာကတော့ ၆ ခု လောက် တည်ထားတယ် ကြားပါတယ်။ ကာကင်းတွေလည်း ပါတာပေါ့။ မနေ့ကတော့ ခလရ ၁၂၃ ရဲ့ တပ်ရင်း ဌာနချုပ် ပင်မနေရာတွေကို သိမ်းလိုက်တာ ဖြစ်ပါတယ်။ တခြားကုန်းတွေကတော့ သိမ်းထားတာကြာပါပြီ” ဟု ဆိုသည်။

နမ့်ဖတ်ကာသည် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) သိမ်းထားသည့် ကွတ်ခိုင်မြို့နှင့် ရက္ခိုင့်တပ်တော် (AA) က သိမ်းထားသည့် မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အကြား၌ တည်ရှိသည့် ရွာ ဖြစ်သည်။

နမ့်ဖတ်ကာ တိုက်ပွဲတွင် KIA က စစ်ကောင်စီတပ်၏ လေယာဉ်ပစ်စက် အမြောက် ၁ လက်နှင့် ဟောင်ဝစ်ဇာ အမြောက် တလက်ကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်အချို့ထံမှ သိရသည်။

နမ့်ဖတ်ကာစခန်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၂၀၀ အထက်ဖြင့် တပ်စွဲ ခုခံနေသည့် အခိုင်အမာ တည်ဆောက် ထားသော စခန်းတခုဖြစ်ကြောင်း KIA ဘက်က ဧရာဝတီကို ပြောဖူးသည်။

နမ့်ဖတ်ကာရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းပြီးနောက် သိမ်းဆည်းရရှိသည့် လက်နက်များ/Maru Na Li Shawng

စစ်ရေးလေ့လာသည့် မြန်မာသုတေသီတဦးကမူ နမ့်ဖတ်ကာသည် စခန်းလည်း ကြီးသလို အင်အားများသည့် စစ်စခန်း တခုဖြစ်သဖြင့် KIA အနေနှင့် အချိန်ပေး တိုက်ခိုက်ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

စစ်ရေး လေ့လာသည့် မြန်မာသုတေသီတဦးက “ခဏလေးနဲ့တော့ ဘယ်ရမလဲ။ စစ်တပ်မှာကတော့ ခံချမယ့်လူ ရှိသေး တယ်။ နေရာကလည်း ဝိုင်းထားတဲ့နေရာနဲ့ ဆိုင်တယ်။ လောက်ကိုင်က အကြာကြီး ဝိုင်းထားတဲ့ အကျိုးဆက်ကို ခံရ တာ။ နမ့်ဖတ်ကာက အဝိုင်းခံရတာ သိပ်မကြာသေးဘူး။ နောက်ဆုံးမှတိုက်တဲ့အခါကျတော့ ဒဏ်သိပ်မခံရသေးဘူး ပေါ့။ စစ်ရေးအရကတော့ စစချင်း သေနတ် ၄ ၊ ၅ ချက်လောက် ပစ်ရုံနဲ့တော့ ဘယ်သူမှ လက်နက်ချလေ့ မရှိဘူး။ ဆက် တိုက် အတိုက်ခံရတယ်၊ စိတ်ဖိစီးလာတယ်၊ ထွက်ပေါက်မရှိတော့ဘူးလို့ မြင်လာတဲ့အခါမှသာ အရှုံးပေးလေ့ ရှိတယ်” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက KIA သည် နမ့်ဖတ်ကာရွာကို ရလိုက်သဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိန်းချုပ်နယ်မြေ တခု ရသွားသည့်အခြေအနေရှိပြီး မူဆယ်မြို့ရှိ စစ်ကောင်စီတပ်အတွက် ပိုမိုအထီးကျန်ဖြစ်စေမည်ဖြစ်ကြောင်း မှတ်ချက် ပေးသည်။

“KIA အတွက်ကတော့ နမ့်ဖတ်ကာနဲ့ နမ့်ဖတ်ကာ အရှေ့တကြော မူဆယ်မြို့နယ်ထဲမှာရှိတဲ့ မုံးပေါ်ဒေသပေါ့။ ရှမ်း မြောက်မှာ KIA က သူ့အတွက် ထိန်းချုပ်နယ်မြေ တခုယူလိုက်တာပေါ့။ မုန်းပေါ်အရှေ့ဘက်မှာ KIA က ဗျူဟာကုန်း တကုန်း တိုက်ထားတာ ရှိတယ်။ ၁၀၂၇ စစ်ဆင်ရေးမစခင်ကတည်းက သိမ်းထားတဲ့ဗျူဟာကုန်း တကုန်း ရှိတယ်။ အဲဒါနဲ့ နမ့်ဖတ်ကာ တကြောဆက်သွားတာပေါ့။ ကချင်တွေရှိတဲ့နယ်မြေကို သူ ထိန်းချုပ်လိုက်တဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။

KIA သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှစတင်ကာ နမ့်ဖတ်ကာတောင်ဘက် ၈ မိုင်ကျော်အကွာရှိ နမ့်ခိုင်တံတား အပါ အဝင် ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီ၏ တပ်စခန်း ၈ ခုထက်မနည်းကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

မကြာသေးသည့် ဇန်နဝါရီ ၂၁ ရက်တွင်လည်း KIA သည် ကချင်ပြည်နယ် မံစီမြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အစပ်ရှိ မန့်ဝိန်းကြီးရွာက စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်ကာ မန့်ဝိန်းကြီးရွာဝန်းကျင်ကို ထိန်း ချုပ်ထားသည်။

You may also like these stories:

ရှမ်းတောင် စစ်မျက်နှာသစ်၊ ကရင် စစ်မျက်နှာအရွေ့နှင့် စစ်ကောင်စီ၏ ကံဆိုးမိုးမှောင်

စစ်ကောင်စီတပ် လေကြောင်း အားသာမှု ဆုတ်ယုတ်လာ

KIA ထိုးစစ်ကြောင့် မံစီမှ စစ်ကောင်စီတပ်သားတချို့ တရုတ်နိုင်ငံဘက် ထွက်ပြေး

Your Thoughts …
Tags: KIAစစ်ကောင်စီတပ်စခန်းနမ့်ဖတ်ကာလားရှိုး- မူဆယ်လမ်း
စောရယ်

စောရယ်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.1k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post
ဆီဆိုင်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ

ဆီဆိုင်မြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံဗုံးကြဲ

ရုရှား၏ “ကမ္ဘာ့တရားမျှတမှု” စကားဝိုင်းတွင် ဦးခင်ရီလည်း ဝင်ဆွေးနွေး

ရုရှား၏ "ကမ္ဘာ့တရားမျှတမှု" စကားဝိုင်းတွင် ဦးခင်ရီလည်း ဝင်ဆွေးနွေး

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate