• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အရပ်သားများအား တိုက်ခိုက်မှု ရပ်ရန် လုံခြုံရေးကောင်စီ ၉ နိုင်ငံ စစ်ကောင်စီကို တောင်းဆို

by ဧရာဝတီ
6 February 2024
in သတင်း
A A
အရပ်သားများအား တိုက်ခိုက်မှု ရပ်ရန် လုံခြုံရေးကောင်စီ ၉ နိုင်ငံ စစ်ကောင်စီကို တောင်းဆို

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက စစ်ကောင်စီထံ လက်နက်များ၊ လေယာဉ်ဆီနှင့်ငွေကြေးစီးဆင်းမှု အဆုံးသတ်ရေး တောင်းဆိုသည်

2.5k
VIEWS
Share on FacebookShare on Twitter

အရပ်သားများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို တိုက်ခိုက်မှု ရပ်ရန်၊ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန် အမြဲတမ်းအဖွဲ့ဝင် ၃ နိုင်ငံအပါအဝင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) ဝင် ၉ နိုင်ငံက မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်သည်။

UNSC အဖွဲ့ဝင်များဖြစ်သော အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ အီကွေဒေါနှင့် မော်လ်တာ နိုင်ငံများသည် တနင်္လာနေ့က UNSC ၏ မြန်မာ့အရေး အစည်းအဝေး မကျင်းပမီ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်သည်။ ထို ၉ နိုင်ငံတွင် UNSC အမြဲတမ်းနှင့် အလှည့်ကျ အဖွဲ့ဝင် ၁၅ နိုင်ငံတွင် ပါဝင်သည်။

RelatedPosts

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
36
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
880

ဖေဖေါ်ဝါရီလ ၁ ရက်နေ့သည် မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို မြန်မာစစ်တပ်က ဖြုတ်ချခဲ့သည်မှာ ၃ နှစ်ရှိပြီဖြစ်ကြောင်း မှတ်ချက်ချပြီး မြန်မာနိုင်ငံအခြေအနေသည် ဆက်လက်ဆိုးရွားနေကြောင်း ၎င်းတို့ပြောသည်။

UNSC အစည်းအဝေးကျင်းပသည့်နေ့တွင်ပင် စစ်ကောင်စီသည် ကရင်နီ (ကယား) ပြည်နယ် ဒီမောဆိုမြို့နယ်မှ ကျောင်းတခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သောကြောင့် အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အကြား ကလေး ၄ ဦး သေဆုံးပြီး အခြားကလေး ၁၅ ဦး ဒဏ်ရာရသည်။ စစ်ကောင်စီက ထိုတိုက်ခိုက်မှုကို ငြင်းဆိုသည်။

“မခွဲမခြား လေကြောင်းတိုက်ခိုက်မှုများကို စစ်တပ်က ဆက်လက်ပြုလုပ်နေခြင်းအပါအဝင် မြန်မာမှ အရပ်သားများ အပေါ် ဆက်လက်ကျူးလွန်နေသော အကြမ်းဖက်မှုများကို မိမိတို့ ပြင်းထန်စွာ ရှုတ်ချသည်” ဟု အထက်ပါ အဖွဲ့ဝင် နိုင်ငံများက ပူးတွဲကြေညာချက်တွင် ဖေါ်ပြထားသည်။

အထက်ပါကြေညာချက်တွင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်များဖြစ်သော တရုတ်နှင့် ရုရှားပါဝင်ခြင်း မရှိပေ။

“ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် ၂၆၆၉ တွင် ဖေါ်ပြထားသည့်အတိုင်း အကြမ်းဖက်မှု ပုံစံအားလုံးကို ရပ်ဆိုင်းရန် မိမိတို့တောင်းဆိုပြီး ချုပ်တည်းရန်နှင့် တင်းမာမှုလျှော့ချရန် တိုက်တွန်းသည်။ သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အငြင်းပွားဖွယ် ဖမ်းဆီးထားသည့် အကျဉ်းသားများကို ချက်ခြင်းလွှတ်ပေးရန် မြန်မာစစ်တပ်ကို ဆက်လက်တိုက်တွန်းသည်” ဟု အထက်ပါနိုင်ငံများက ကြေညာချက်တွင် တိုက်တွန်းထားသည်။

ထိုသို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်းအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက ထိုနိုင်ငံများကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖေါ်ရန် ပိုမိုလုပ်ဆောင်ရေး တိုက်တွန်းသည်။

မီဒီယာသို့ ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ဦးကျော်မိုးထွန်းက “၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ထုတ်ပြန်ပြီးနောက်တွင်ပင် စစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်နေသည်။ ထိုဆုံးဖြတ်ချက်ကို စစ်ကောင်စီ လိုက်နာစေရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက လက်ရှိအချိန်အထိ မည်သည်မျှ မလုပ်ဆောင်သေးပေ။ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အခြေခံတည်ဆောက်ထားသည့် အကောင်အထည်ဖေါ်နိုင်သော ဆုံးဖြတ်တခု မိမိတို့လိုအပ်ကြောင်း ထင်ရှားသည်” ဟု ဖေါ်ပြထားသည်။

ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ အပါဝင် အရပ်ဘက်နေရာများကို တိုက်ခိုက်ရန် ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို စစ်ကောင်စီက ဆက်လက်အသုံးပြုနေသောကြောင့် စစ်ကောင်စီထံ လက်နက်များ၊ လေယာဉ်ဆီနှင့်ငွေကြေးစီးဆင်းမှု အဆုံးသတ်ရေးကိုလည်း သူတောင်းဆိုသည်။

“ကျနော် ခဏခဏမေးနေတဲ့ မေးခွန်းက မြန်မာပြည်သူတွေရဲ့ အသက်တွေကို ကယ်ဆယ်ဖို့ သူတို့ ဘာကို စောင့်နေတာလဲဆိုတဲ့မေးခွန်းပဲ” ဟု ဦးကျော်မိုးထွန်းပြောသည်။

အွန်လိုင်းငွေကြေးလိမ်လည်မှုများ၊ မူးယစ်ဆေးနှင့် လူကုန်ကူးခြင်းတို့အပါအဝင် မြင့်မားနေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်လည်း လုံခြုံရေးကောင်စီကို သူ တောင်းဆိုသည်။ ထိုအမှုများကို စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံနယ်ခြားစောင့်တပ်များက အကာအကွယ်ပေးထားကြောင်း သူပြောသည်။ ထိုသို့သော ရာဇဝတ်မှုများသည် ဒေသတွင်းနှင့် ဒေသပြင်ပတွင် ကြီးမားသော သက်ရောက်မှုဖြစ်စေကြောင်း သူပြောကြားပြီး ထိထိရောက်ရောက် အရေးယူရန် တိုက်တွန်းသည်။

စစ်အာဏာသိမ်းပြီး ၃ နှစ်အတွင်း ပြည်သူများကို စစ်ကောင်စီက တနိုင်ငံလုံးတွင် အကြမ်းဖက် စစ်ဆင်ရေး လုပ်သောကြောင့် အရပ်သား ၄၄၀၀ ကျော် သတ်ဖြတ်ခံရပြီး လူပေါင်း ၂၅၀၀၀ ကျော် အဖမ်းခံရကာ အရပ်သားနေအိမ်ပေါင်း ၇၈၀၀၀ ကျော်မီးရှို့ခံရကြောင်း သူပြောသည်။

လူပေါင်း ၁၈ သန်းကျော်သည် လူသားချင်းစာနာမှု အကူအညီလိုအပ်နေပြီး လူပေါင်း ၂.၆ သန်းသည် နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်။ ဘာသာရေးအဆောက်အအုံများအပါဝင် အရပ်သားအဆောက်အအုံ ၈၆၀၀၀ ကျော်ကို စစ်ကောင်စီတပ်များ မီးရှို့ခဲ့သည်။

“မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ၎င်းတို့ ဆုံးဖြတ်ချက်အား ပြသမှု မည်သည့် အခါမှ ရပ်မည် မဟုတ်ပေ။ .. မိမိတို့သည် စစ်အာဏာရှင်စနစ်နှင့် ၎င်း၏အုပ်ချုပ်ရေးကို ဆန့်ကျင်ရာတွင် ညီညွတ်သည်။ မိမိတို့သည် လွတ်လပ် ငြိမ်းချမ်း အားလုံးအကျုံးဝင် တရားမျှတ ဒီမိုကရေစီရှိသည့် လူ့အဖွဲ့အစည်တွင် နေထိုင်လိုကြသည်” ဟုလည်း ဦးကျော်မိုးထွန်းပြောသည်။

တော်လှန်ရေးသည် ပြည်တွင်းဖြစ်ဖြစ်ပြီး ပြည်သူကို ဗဟိုပြုကာ ပြည်သူကို မျက်နှာမူကြောင်း၊ သို့သော် လုံခြုံရေး ကောင်စီနှင့် အဖွဲ့ဝင် တနိုင်ငံချင်းထံမှ ညှိနှိုင်းခိုင်မာသော အရေးယူမှုများအပါအဝင် နိုင်ငံတကာ အသိုက်အဝန်းထံမှ အကူအညီများ ချက်ခြင်းလိုအပ်နေသည်ဟု သူပြောသည်။

“မြန်မာပြည်သူများ၏ အသက်များကို ကယ်ဆယ်ရန် အချိန်မီပြီး အကောင်အထည်ဖေါ်နိုင်သည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက် ချမှတ်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များကို မိမိ ထပ်မံမေတ္တာရပ်ခံသည်” ဟု ဦးကျော်မိုးထွန်းပြောသည်။

You may also like these stories:

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ဆေးဝန်ထမ်း ၉၀၀ အဖမ်းခံရ

အာဏာသိမ်း ၃ နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ထောင်သားဘဝ

အသံတိတ်သပိတ်ပါဝင်မှုဖြင့် မန္တလေးကျောက်ဝိုင်းမှ ဆိုင်ခန်း ၁၀၀ ကျော် ပိတ်ခံရ

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

၂၀၂၃ တွင် ပင်လယ်ပြင်၌ ရိုဟင်ဂျာ ၅၆၉ ဦး သေဆုံး

Your Thoughts …
Tags: UNSCစစ်ကောင်စီမြန်မာသံအမတ် ဦးကျော်မိုးထွန်းလေကြောင်းတိုက်ခိုက်မှုအရပ်သားများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

22 hours ago
8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate