• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ ဒေါ်လာရောင်းသော်လည်း ဈေးကွက်လိုအပ်ချက် မဖြည့်နိုင်

by ဧရာဝတီ
13 February 2024
in သတင်း
A A
စစ်ကောင်စီ ဒေါ်လာရောင်းသော်လည်း ဈေးကွက်လိုအပ်ချက် မဖြည့်နိုင်

ဗဟိုဘဏ်၏ ယနေ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားမှာ ၁ ဒေါ်လာလျှင် ကျပ်ငွေ ၁၄၉၈ ဖြစ်ကာ ပုဂ္ဂလိက ဘဏ်များကမူ ၁၅၂၀ ကျပ် အထက်ဖြင့် ရောင်းချလျက် ရှိသည် / Reuters

1.6k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီရဲ့ ဗဟိုဘဏ်က Online Trading Platform ကနေ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ် စတဲ့ နိုင်ငံခြားငွေကြေးတွေ ရောင်းပေးနေတာ ၂လနီးပါး ရှိလာပြီဖြစ်ပေမယ့် အမေရိကန် တဒေါ်လာ ပေါက်ဈေးကတော့ ၃၅၃၀ကျပ် တဝိုက်မှာပဲ ရှိနေတာကြောင့် ပြင်ပဈေးကွက်အပေါ် တစုံတရာ သက်ရောက်မှု မရှိဘူးလို့ ပြောဆိုမှုတွေ ရှိနေပါတယ်။

ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ရက် ကနေ ဒီနှစ် ဖေဖော်ဝါရီ ၅ ရက်အထိ အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ၄၈ သန်း၊ ဖေဖေါ်ဝါရီ ၈ရက်နေ့ကလည်း အမေရိကန်ဒေါ်လာ ၈သန်း ထုတ်ရောင်းခဲ့သလို ထိုင်းဘတ်ငွေ အချို့လည်း ထုတ်ရောင်းခဲ့ပေးခဲ့တာကြောင့် ငွေလဲလှယ်နှုန်းဟာ ၀ ဒသမ ၅ ရာခိုင်နှုန်းအောက်သာရှိတဲ့အတွက် အထိုက်အလျောက် တည်ငြိမ်မှု ရှိခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။

RelatedPosts

လေယာဉ်ပစ်ချခံရအပြီး ပုလဲနယ်ကို စစ်တပ်အငြှိုးထားနိုင်ဟု ပအဖ သတိပေး

လေယာဉ်ပစ်ချခံရအပြီး ပုလဲနယ်ကို စစ်တပ်အငြှိုးထားနိုင်ဟု ပအဖ သတိပေး

13 June 2025
3
မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

မြန်မာတွေရဲ့ “အမေရိကန်အိပ်မက်” ရပ်သွားပြီလား (ရုပ်/သံ)

13 June 2025
9
တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

တိုက်လေယာဉ် ပစ်ချခဲ့တဲ့ ပုလဲမှာ ဘာတွေဆက်ဖြစ်နေလဲ (ရုပ်/သံ)

12 June 2025
142

ဒီလို ဗဟိုဘဏ်က ရောင်းချပေးနေပေမယ့် လက်ရှိငွေကြေးဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေ ဈေးနှုန်းတွေဟာ မြင့်တက်နေပြီး ဒီကနေ့ ပြင်ပပေါက်ဈေးမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၃,၅၃၀ကျပ် ဝန်းကျင် ရှိ နေပါတယ်။

နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူ တဦးက “သူတို့(ဗဟိုဘဏ်) ရောင်းတာ၊ ဝယ်တာတွေက လေလံသဘော လုပ်တယ်ဆိုရင်လည်း ပွင့်ပွင့်လင်းလင်းပြောရမှာ။ အဲဒီလိုမဟုတ်ဘူး။ ဆက်တိုက် ရောင်းချပေးပေမယ့် ဈေးကတော့ ကျ မသွားဘဲ တင်းခံနေတယ်။ ပစ္စည်းက လိုအပ်တဲ့သူ လက်ထဲကို တိုက်ရိုက်ထည့်လိုက်တာလား၊ မရောက်တာလား ရောင်း တယ်ဆိုရင် သွန်ထွက်လာတဲ့ ငွေကြေးကြောင့် ဈေးက အတက်အကျတော့ ရှိကောင်းရှိမှာ။ အခုက ဈေးတန်းကတော့ ဆက်မာ နေတုန်းပဲ”ဟု ဧရာဝတီသို့ ပြောပါတယ်။

ဗဟိုဘဏ်က ဒေါ်လာရောင်းချပေးဖို့ သတ်မှတ်ထားတဲ့ လုပ်ငန်းတွေထဲမှာ စက်သုံးဆီ၊ ဆေးဝါး၊ သွင်းအားစု (ဓာတ် မြေဩဇာ၊ ပိုးသတ်ဆေး)၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းသူများနဲ့ ပုဂ္ဂလိကဘဏ်တွေဖြစ်တယ်လို့ သိရပါတယ်။

စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းရှင်တဦးကတော့ ဗဟိုဘဏ်က ရောင်းပေးနေတဲ့ ဒေါ်လာဟာ လုံလောက် မှုမရှိသလို စစ်ကောင်စီနှင့် နီးစပ်သူများသာ ခွဲတမ်းပိုရနေတဲ့ အခြေအနေများကြောင့် လုပ်ငန်းရှင်အများစုဟာ အပြင် ဈေးကွက်ကိုသာ အားထားနေရတာကြောင့် ဗဟိုဘဏ်အနေနဲ့ ငွေကြေးဈေးကွက်အတွက် ထိ‌‌ရောက်တဲ့ လုပ်ဆောင် ချက် မရှိသေးဘူးလို့ ဆိုပါတယ်။

၎င်းက “ဗဟိုဘဏ်က ဒေါ်လာရောင်းပေးတယ်ဆိုတာ စက်သုံးဆီသမားချည်းပဲ ရောင်းပေးတာတော့ မဟုတ်ဘူး၊ တခြား ဆေးဝါးတို့၊ ဘာတို့လည်း ပါတယ်။ ဒီရောင်းချတာနဲ့တော့ မလုံလောက်ဘူး။ အပြင်ဈေးကတော့ ရှိနေတာပဲ။ ခွဲတမ်းနဲ့ ကတော့ အခု သူတို့ နီးစပ်ရာသူတွေပဲ ပိုရတာ။ ကျန်တဲ့သူကတော့ ထုံးစံအတိုင်း အချိုးကျပဲ ရတာ။ အပြင်ဈေးကတော့ ၃,၅၀၀ ကျော် ဒီနေ့ညနေဆို ၃၅၃၀မှာ ရှိတယ်၊ လိုတာ ၁၀၀ ဖိုးလောက် ချပေးတာ ၂၀ ဖိုး၊ ကျန်တဲ့ ၈၀ ဖိုးကလည်း မဖြစ်မနေ သွင်းရမှာဆိုတော့ အပြင်မှာ ရှာရတော့ နောက်ဆုံးတော့ စားသုံးသူက ခံရတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

ဒီလို ရောင်းချရာမှာ ပုဂ္ဂလိကဘဏ်တွေက ကြားခံဆောင်ရွက်နေတယ်ဆိုပေမယ့် လိုသလောက် ရောင်းမပေးနိုင်သလို ဈေးနှုန်းမှာလည်း ပြင်ပပေါက်ဈေးနှင့် အများကြီး မကွာခြားဘူးလို့ သိရပါတယ်။

နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ကိုင်သူတဦးကတော့ “ဘဏ်တွေက ကြားခံ လုပ်ပေးတယ်ဆိုလည်း ဆင်ပါးစပ် နှမ်းပက် ဖြစ်နေတာ။ ဥပမာ- ကုမ္ပဏီတခုက ကျနော်တို့ဆီက ဒေါ်လာ ၃ သိန်း ဝယ်တယ်။ ကျနော်တို့ ပြောတဲ့ ဈေးကို သူက မကြိုက်ဘူး။ ဘဏ်မှာ ဝယ်ချင်တယ်ဆိုရင် ဘဏ်က အပြည့် မရောင်းပေးနိုင်ဘူး။ ဘဏ်နဲ့ အပြင်ဈေးက ကျပ် ၃၀ နဲ့ ၄၀ လောက် ဟ တယ်။ ဘဏ်က ဒီလ ၅ ရက်နေ့က ၁ ဒေါ်လာ ၃၄၆၀-၃၄၇၀ ကျပ်နဲ့ တသိန်းခွဲလောက်ရောင်းပေးတယ်။ လိုချင်တဲ့ပမာဏ မပြည့်တော့ အပြင်မှာ လုပ်ငန်းရှင်က၃၅၀၀ ကျပ်လောက်နဲ့ ဝယ်ရတယ်”လို့ ဆိုပါတယ်။

ဒါကြောင့်လည်း အမေရိကန်ဒေါ်လာ လိုအပ်နေတဲ့ လုပ်ငန်းရှင်တွေဟာ ပြင်ပပေါက်ဈေးနဲ့ အဆင်ပြေသလို ဝယ်နေရတဲ့ အတွက် အခုဆိုရင် ၁ဒေါ်လာဟာ ၃၅၃၀ကျပ် ခန့် ဖြစ်လာပြီး ဈေးကတော့ ဆက်လက်မြင့်နေဆဲဖြစ်ပါတယ်။

ပြည်တွင်းရှိ စီးပွားရေးပညာရှင်တဦးက “သူတို့ရောင်းပေးနေတာက အဓိကကုန်စည်တွေဖြစ်တဲ့ စက်သုံးဆီ၊ စားဆီနဲ့ ပတ် သက်ရာတွေအတွက်ပေါ့၊ ဈေးကွက်ပေါက်ဈေးဆိုပေမယ့် တကယ်တန်း ဗဟိုဘဏ်က ထိန်းချုပ်ခွင့်ပြုတဲ့ဈေးနဲ့ ဘဏ်တွေ က လက်တွေ့ရောင်းဝယ်တဲ့ဈေးအပေါ်မှာ မှီနေရတဲ့အတွက် ပို့ကုန် သမားအပါအဝင် ဒေါ်လာရတဲ့သူတွေက ပေါက်ဈေးမရ သလို သွင်းကုန်သမား အပါအဝင် ဒေါ်လာလိုသူတွေကလည်း လိုသလောက်မရဘူး။ ဒီတော့ သူတို့ ရောင်းနေပေမယ့် ဈေး ကွက်ကို သက်ရောက်မှုနည်းတယ်။ ဈေးကွက်ရဲ့လိုအပ်ချက်ကို မဖြည့်နိုင်ဘူး။ ဒေါ်လာရောင်းသူက ပေါက်ဈေးမရကြသလို ဝယ်သူကလည်း လိုသလောက်မရဘူး” လို့ သုံးသပ်ပြောကြားပါတယ်။

ဒါ့အပြင် ပုဂ္ဂလိကဘဏ်တွေက တဆင့် ရောင်းခြင်းဝယ်ခြင်း လုပ်ပါကလည်း ဈေးအပေါ်မှာ ဘဏ်တွေက အမြတ်ယူတဲ့ အပြင် သူတို့ ပြောတဲ့ဈေးနဲ့သာ ရောင်းဝယ်နေရအတွက် သွင်းကုန်လိုင်စင်ကျထားသူများ အပါအဝင် ဒေါ်လာလိုနေသူ များအနေနဲ့ တရားဝင်ငွေကြေးဈေးကွက်မှာ လိုသလောက် ဝယ်မရတဲ့ အခြေအနေရှိနေကြောင်း သူကရှင်းပြပါတယ်။

ဆက်လက်ပြီး “သူတို့ကြိုးစားပေမယ့် ပုံမှန်ဈေးကွက်အခြေအနေကိုပြန်ရောက်ဖို့က ဘယ်လိုမှမဖြစ်နိုင်သလောက်ပဲ။ အကောင်းဆုံး ပြေလည်အောင်ဖြေရှင်းနည်းကတော့ နိုင်ငံရေးမှာပဲရှိတယ် အခြားနည်းမရှိဘူး” လို့ ပြည်တွင်းနေ စီးပွားရေး ပညာရှင်က သုံးသပ်ပြောကြားပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာရောင်းချမှု အစီအစဉ်ဟာ သတ်မှတ်ဈေးဘယ်လောက်နဲ့ ဘယ်လို အဖွဲ့အစည်းတွေ လုပ်ငန်းရှင် တွေကို ရောင်းပေးပါတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်ပြန်မထားသလို ဗဟိုဘဏ် သတ်မှတ်ဈေးက တဒေါ်လာကို ၂၁၀၀ကျပ်နှုန်း ဖြစ်ပေမယ့် Online Trading စနစ်နဲ့ ရောင်းရာမှာတော့ တဒေါ်လာလျှင် ၃၄၆၀ ဝန်းကျင်ဖြစ်ပါတယ်။

ပြင်ပဈေးကွက်မှာ ငွေလဲလှယ်နှုန်း မြင့်တက်နေခြင်းကို ထိန်းချုပ်ဖို့နဲ့ ပို့ကုန်သွင်းကုန်သမားတွေ တောင်းဆိုနေတဲ့ တရားဝင် ငွေလဲလှယ်ခွင့် နေရာအဖြစ် Online Trading Platform ကို ဗဟိုဘဏ်ရဲ့ ဦးဆောင်မှုနဲ့ စတင်ပြီး အမေရိကန် ဒေါ်လာ၊ ထိုင်းဘတ်၊ တရုတ်ယွမ်တို့ကို ရောင်းချပေးနေခြင်း ဖြစ်ပါတယ်။

နိုင်ငံခြားငွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေတဲ့ စစ်ကောင်စီဟာ ဒေါ်လာရဖို့ နည်းမျိုးစုံသုံးကာ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးလုပ်ငန်းတွေအပါအဝင် ကဏ္ဍအသီးသီးကို ထိန်းချုပ်ဖို့ ကြိုးစားပေမယ့် ပိုဆိုးလာတဲ့အတွက် တဆင့်ချင်း ပြန်လည် ဖြေလျော့ပေးနေပါတယ်။

နိုင်ငံခြားငွေကြေး ဈေးကွက်မှာ Online Trading စနစ်အရ ဗဟိုဘဏ် သတ်မှတ်ဈေးနဲ့ ရောင်းဝယ်ခွင့်ပြုရာမှာ ဈေးကွက် ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုမယ်လို့ ၂၀၂၃၊ ဒီဇင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အာဏာသိမ်းပြီး ၂၀၂၁ ဖေဖော်ဝါရီက စတင်ပြီး ဗဟိုဘဏ်ဟာ နိုင်ငံခြားငွေနဲ့ ရောင်းချခြင်းကို ဆက်တိုက် လုပ်ဆောင် ခဲ့ပြီး ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်းမှာ ပုံမှန်ရောင်းချခြင်း မရှိခဲ့ဘဲ ၂၀၂၃ခုနှစ် ဒီဇင်ဘာမှသာ ပြန်လည် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

ဆန်နှင့် စားသောက်ကုန်၊ ဆေးဝါးဈေးနှုန်းများ ထပ်တက်လာ

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

ဒေါ်လာရောင်းဝယ်သူများကို အသွင်ယူ ဖမ်းဆီးနေမှုကြောင့် ပြင်ပဈေးကွက်ရပ်ဆိုင်း

Your Thoughts …
Tags: Online Tradingငွေလဲလှယ်နှုန်းစစ်ကောင်စီဒေါ်လာပြင်ပဈေးကွက်ဗဟိုဘဏ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.8k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်းက မြန်မာသို့ ကူညီရန် လူသားချင်းစာနာမှုဌာန တလအတွင်းဖွင့်မည်

ထိုင်းက မြန်မာသို့ ကူညီရန် လူသားချင်းစာနာမှုဌာန တလအတွင်းဖွင့်မည်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.2k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.2k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0
  • စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီ ရွေးကောက်ပွဲ၏ ခါးသီးသော အမှန်တရားများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate