• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဇရပ်ကြီးဒေသခံ ၁၀၀ကျော် သေဆုံးမှု စစ်ကောင်စီကို PNFC ရှုတ်ချ

by ဧရာဝတီ
14 February 2024
in သတင်း
A A
ဇရပ်ကြီးဒေသခံ ၁၀၀ကျော် သေဆုံးမှု စစ်ကောင်စီကို PNFC ရှုတ်ချ

ဗုံးကြဲခံရပြီးနောက် ဇရပ်ကြီးမြို့ ပေါ် မြင်ကွင်း/CJ

2k
VIEWS
Share on FacebookShare on Twitter

ပအိုဝ်းတိုင်းရင်းသား အများစုနေထိုင်ရာ ပဲခူးတိုင်း ထန်းတပင်မြို့ ဇရပ်ကြီးရွာ တိုက်ပွဲတွင် အရပ်သား ၁၀၀ကျော် သေဆုံးခဲ့ရခြင်းအပေါ် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)မှ စစ်ကောင်စီအား ယမန်နေ့က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။

ဖေဖေါ်ဝါရီ ၇ ရက်က စစ်တပ်နှင့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ပူးပေါင်းတပ်များတို့ ဖြစ်သည့် တိုက်ပွဲ၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ရကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
15
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
46
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
265

“ပအိုဝ်းအမျိုးသားတွေ နေထိုင်ရာ ဇရပ်ကြီးဒေသကို တိုက်လေယာဉ်တွေ၊ အမြောက်တွေ တင့်ကားတွေနဲ့ ပစ်ခတ်ပြီး တော့မှ အပြစ်မဲ့ ပြည်သူ ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်၊ တချို့ရွာတွေမှာဆိုရင် အလောင်းတွေက ပုတ်ပွပြီး တော့မှ သွားမယူရဲ၊ သွားမကောက်ရဲတဲ့ အခြေအနေတွေလည်းဖြစ်နေတယ်” ဟု ဧရာဝတီသို့ပြောသည်။

PNFC ထုတ်ပြန်ချက်၌ အင်ကြင်းသာရွာ (အင်ကြင်းကုန်း)မှ လူ ၂၀ ကျော်၊ ကျုံပါရပ်ကွက်မှ ညီအမ ၃ ဦး၊ နောင်ကုလား ရပ်ကွက်မှ အမျိုးသမီး ၄ ဦး အပါအဝင် စုစုပေါင်း ၉ ဦး၊ ဇရပ်ကြီးဒေသတခုလုံးဆိုလျှင် ပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုအရေအတွက်မှာ လတ်တလောရသည့် သတင်းများအပေါ် အခြေခံထားခြင်းဖြစ်ပြီး အသေးစိတ်ထုတ်ပြန်ရန် ရှိကြောင်း၊ စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် စစ်ရာဇဝတ်များနှင့် ပတ်သက်၍ အရေးယူ အပြစ်ပေးနိုင်ရေး၊ နိုင်ငံတကာမှ ကျယ်ကျယ်ပြန့်ပြန့် သိရှိကာ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းသွားမည်ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။

ဇရပ်ကြီးတိုက်ပွဲ၌ အရပ်သား ၁၀၀ ကျော်သေဆုံးသည်ဆိုသော PNFC ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဧရာဝတီက သီးခြားအတည် မပြုနိုင်သေးသော်လည်း တိုက်ပွဲအစောပိုင်းကာလက အရပ်သား ထိခိုက်သေဆုံးမှု ၁၅ ဦးထက်မနည်း ရှိခဲ့သည်။

ယမန်နေ့ကလည်း ဇရပ်ကြီးမြို့ပေါ် နောင်ကုလားရပ်ကွက်တွင် အမျိုးသားတဦး၏ အလောင်း သင်္ဂြိုလ်ပေးခဲ့ရကြောင်း ဇရပ်ကြီးမြို့ခံ အမျိုးသားတဦးက ပြောသည်။

၎င်းက “ ဒီနေ့သွားသင်္ဂြိုလ်ပေးတာ နောင်ကုလားရွာထဲက အမျိုးသားတဦး၊ ဘေးနားကလူတွေ ပြောပြချက်အရ ဦးဌေးလှိုင် လို့ သိရတယ်၊ ကိုင်လို့ သယ်လို့မရတော့လို့ အဲဒီနေရာမှာတင်ပဲ စောင့်ပြီး သင်္ဂြိုလ်ပေးလိုက်ရတယ်” ဟု ပြောသည်။

ထို့ပြင် ဇရပ်ကြီးသင်္ချိုင်းအတွင်း၌ ကျုံပါရပ်ကွက်မှ အမျိုးသမီးအလောင်း ၃ လောင်း စွန့်ပစ်ထားသည်ကို တွေ့ရ၍ အခြား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တခုက သင်္ဂြိုလ်ပေးခဲ့ရကြောင်းလည်း ၎င်းကဆိုသည်။

ဇရပ်ကြီးရပ်ကွက်များဖြစ်သည့် နောင်ကုလားနှင့် ကျုံပါတို့တွင် ပအိုဝ်းတိုင်းရင်းသား အများစု နေထိုင်ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ကာ နှင်းကောင်းဘုရားကြီးကျောင်းတိုက်၊ အောက်ကျင်း သထုံစု ခရစ်ယာန်ဘုရာရှိခိုးကျောင်းနှင့် အင်ကြင်းသာရွာ စာသင်ကျောင်းတို့လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ် ဇရပ်ကြီးဒေသခံများအား ကူညီကယ်ဆယ်ပေးခဲ့သည့် ပရဟိတအသင်းတခုက ၎င်းတို့အနေဖြင့် တပတ်အတွင်း သေဆုံးခဲ့သည့် အလောင်း ၈ လောင်းခန့်အား သင်္ဂြိုလ်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာသူ ၆၀ ခန့်ကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း ဧရာဝတီသို့ ယမန်နေ့ ညနေပိုင်းတွင် ပြောသည်။

အခြားသောမြို့ခံလူငယ်တဦးကလည်း တိုက်ပွဲအတွင်း သေဆုံးမှုအနေဖြင့် အင်ကြင်းသာရွာတွင် ၆ ဦးရှိသည်ကို အတည်ပြုနိုင်ပြီး လယ်ခလေးရွာ ဘုန်းကြီးကျောင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်း၏သူငယ်ချင်း ၂ ဦး အပါအဝင် ၅ ဦးသေဆုံးခဲ့ရကြောင်း ဧရာဝတီသို့ ပြောထားသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဇရပ်ကြီးတွင် လူဦးရေ ၁၂,၀၀၀ ကျော်နေထိုင်ကြပြီး အများစုမှာ သထုံဒေသမှ ရောက်လာသည့် ပအိုဝ်းတိုင်းရင်းသားများဖြစ်သည် ကင်းပွန်းခြုံ၊ ဇရပ်ကြီး၊ နောင်ကုလား၊ သပြေကွင်း၊ ကျုံပါ၊ တံတားဦး၊ လယ်ကလေး(မိုးကောင်း)၊ နတ်ရွာ၊ ချောင်းခြား စသည့်ရွာများတွင် နေထိုင်ကြပြီး ယခုအခါ ရွာလုံးကျွတ်နီးပါး တောင်ငူမြို့နှင့် နီးစပ်ဒေသများသို့ တိမ်းရှောင် ထွက်ပြေးနေကြသည်

ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဇရပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၇၃ နှင့် ရဲစခန်း၊ မြို့စိုးတံတားဂိတ်၊ နှစ်တန့်ကူးတံတားဂိတ်နှင့် ရေကြည်ချောင်းတံတားဂိတ်တို့အား KNLA နှင့် PDF ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်အစောပိုင်းတွင် တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် ဇရပ်ကြီးမြို့အား အဓိကဆက်သွယ်ထားသည့် မြို့စိုးတံတားနှင့် နှစ်တန့်ကူးတံတားတို့အား KNLA ပူးပေါင်းတပ်က ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့သည့်အပြင် ခလရ-၇၃ တပ်ရင်းရှိ အဆောက်အဦနှင့် အရေးကြီးစာရွက်စာတမ်းများ၊ ခဲယမ်းများအား သိမ်းဆည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်က တပ်ဖွဲ့ ၇၀ ဦးခန့်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည့်အပြင် KNLA ပူးပေါင်းတပ်ဘက်ကလည်း သေဆုံးထိခိုက်ဒဏ်ရာရမှုများရှိခဲ့ကြောင်း၊ စစ်ဆင်ရေးအတွင်း စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနေအိမ်များ အပါအဝင် လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၈၀ ကျော် တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းနှင့် မိမိတို့၏ စစ်ဆင်ရေး ရည်မှန်းချက် အားလုံးကို ပြီးမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းတို့ကြောင့် မိမိတပ်ဖွဲ့များအနေဖြင့် ဘေးကင်းလုံခြုံစွာ ဆုတ်ခွာခဲ့ပြီဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားမှု တပတ်ကြာမြင့်ခဲ့ပြီဖြစ်ပြီး မြေပြင်တိုက်ပွဲများ မရှိတော့သည့်အတွက် ဒေသခံပြည်သူအချို့ ဇရပ်ကြီးမြို့သို့ ပြန်လည် ဝင်ရောက်နေထိုင်နေကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

You may also like these stories:

လေကြောင်းတိုက်ခိုက်မှုကြောင့် ဇရပ်ကြီးမြို့ခံ ၁၅ ဦးထက်မနည်း သေဆုံး

ဇရပ်ကြီး တိုက်ပွဲပြင်းထန်၊ မြို့ခံအများအပြား ပိတ်မိနေ

အရပ်သားများအား တိုက်ခိုက်မှု ရပ်ရန် လုံခြုံရေးကောင်စီ ၉ နိုင်ငံ စစ်ကောင်စီကို တောင်းဆို

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုက စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာဖြစ်တယ်

Your Thoughts …
Tags: KNLAPNFCခွန်မြင့်ထွန်းစစ်ကောင်စီဇရပ်ကြီးပအို့ဝ်ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်

စစ်ကောင်စီကို တိုက်ရန် မွန်ပြည်သစ်ပါတီမှ အတွင်းရေးမှူးနှင့်အဖွဲ့ ခွဲထွက်

စစ်ကောင်စီကို တိုက်ရန် မွန်ပြည်သစ်ပါတီမှ အတွင်းရေးမှူးနှင့်အဖွဲ့ ခွဲထွက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate