• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

by ဧရာဝတီ
21 February 2024
in သတင်း
A A
အမေရိကန်ဒေါ်လာနှင့် ရွှေဈေးမြင့် ဖမ်းဆီးမှုများရှိ

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ပြည်ပထွက်ခွာမည့်သူ များပြားသဖြင့် နိုင်ငံခြားငွေ ဝယ်လိုအား မြင့်လာနေသည်

3.9k
VIEWS
Share on FacebookShare on Twitter

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ပြည်ပထွက်ခွာမည့်သူ များပြားသဖြင့် နိုင်ငံခြားငွေ ဝယ်လိုအား မြင့်လာသလို ရွှေဈေးပါ တက်လာသဖြင့် ဖေဖေါ်ဝါရီ ၁၉ ရက်မှစ၍ လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးနေကြောင်း သတင်းရသည်။

ဖေဖေါ်ဝါရီ ၉ ရက် အမေရိကန် ၁ ဒေါ်လာဈေးမှာ ၃၅၀၀ကျပ် ပေါက်သော်လည်း ယနေ့ ကျပ် ၃၆၀၀ ကျော်ဖြစ်လာပြီး အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားမှာ ၃,၈၅၀,၀၀၀ ကျပ် မှ ၃,၉၀၀,၀၀၀ ကျပ် ဝန်းကျင်အထိ မြင့်လာခြင်း ဖြစ်သည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
324
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.2k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.7k

ထို့အတွက် ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်းရှင် ၅ ဦးနှင့် ရန်ကုန်နှင့် မန္တလေးမှ နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်များ အပါအဝင် လုပ်ငန်းရှင် ၃၀ခန့်ကို အာဏာပိုင်များက စစ်ဆေးမေးမြန်းမှုများ ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်မြို့မှ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း လုပ်နေသူတဦးက “ဈေးတက်တာတော့ စစ်သားခေါ်ယူမှု ကိစ္စတွေကြောင့် လို့ ပြောတယ်။ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိပေမယ့် ရွှေသမား၊ အစိမ်းသမားတွေ အဖမ်းအဆီး ရှိတယ်။ တနင်္လာ နေ့ ထဲက ဖမ်းတာဆိုတော့ အစိမ်းသမား ၅ ယောက်လောက်တော့ ရှိပြီ”ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအခြေအနေများကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးသွားပြီး ပြည်ပထွက်ခွာသည့်သူများသာ ဝယ်ယူနေ ကြောင်း ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက “ဝယ်တဲ့သူကလည်း သူ့အတိုင်းအတာနဲ့ သူ ဝယ်နေတယ်။ ရောင်းတဲ့သူကလည်း ဈေးကိုတက် တက်ပြီး ရောင်းသွားတယ်။ ဒါပေမယ့် ဟွန်ဒီဈေးကွက်အနေနဲ့ အရောင်းအဝယ် သိပ်မဖြစ်ဘူးပေါ့။ အဖမ်းအဆီးရှိနေတော့ လုပ်လို့ မရဘူး။ ဈေးတက်တာက ပြည်ပထွက်တဲ့သူတွေ ဝယ်တာကြောင့်လည်းပါတယ်”ဟု လက်ရှိအခြေအနေကို ပြော သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေသလို စစ်ကောင်စီဘက်မှ မူဝါဒ အပြောင်းအလဲ တခုခု ထုတ်ပြန်သည့်အချိန်အတိုင်း ဈေးတက်လေ့ရှိကြောင်း ငွေလဲလုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။

အလားတူ ထိုင်းဘတ်ငွေဈေးကွက်တွင် မြန်မာငွေကျပ်တန်ဖိုး ကျဆင်းနေပြီး ထိုင်းဘတ်ငွေ မြင့်တက်လာကြောင်း သိရ သည်။

ထိုင်းဘတ်လဲလှယ်ရေး လုပ်ဆောင်နေသူတဦးက “အခုရက်ပိုင်းမှာ ကျပ်ငွေက ကျတယ်၊ ကျပ်ကနေ ဘတ်လဲရင် မြန်မာ ငွေ ၁ သိန်းကို ထိုင်းဘတ် ၁၀၀၅ ဘတ် လောက်ပဲ ရှိတယ်။ စစ်မှုထမ်းဥပဒေ ကြေညာချက် မထွက်ခင်က ကျပ် ၁ သိန်းကို ဘတ် ၁၀၂၀ လောက်ရှိတယ်။ အရောင်းအဝယ်ကတော့ နည်းနည်းပိုသွက်နေတယ်၊ ဒီဘက်လာမယ့်သူတွေ များတာ လည်း ပါတာပေါ့”ဟု ပြောသည်။

စစ်မှုမထမ်းလိုသည့် မြန်မာလူငယ်များမှာ ထိုင်းနိုင်ငံသို့ နီးစပ်ရာ နယ်စပ်ထွက်ပေါက်များမှ တရားမဝင် ဖြတ်ကျော်နေကြ သလို တရားဝင်လမ်းကြောင်းမှလာရန် ရန်ကုန်ရှိ ထိုင်းသံရုံး၌ ဗီဇာတန်းစီသူ နေ့စဉ်ထောင်နှင့်ချီ၍ ရှိနေကြောင်း ဒေသခံ များထံမှ သိရသည်။

စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ရန် စီစဉ်နေသူများက ရွှေရောင်းချမှုများရှိလာ၍ ပြည်တွင်းရွှေဈေးကွက်၌ ၁ ကျပ်သား လျှင် ကျပ် ၃၉ သိန်း ဝန်းကျင်အထိ မြင့်တက်လာကြောင်း ရွှေလုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်မှ ရွှေဆိုင်ပိုင်ရှင်တဦးက “ရွှေဈေးကတော့မာတယ်၊ သိပ်မကျဘူး။ ဈေးကွက်အခြေအနေက မကောင်းဘူး။ ရန်ကုန် ရော၊ မန္တလေးမှာပါ ဖမ်းဆီးခေါ်ယူစစ်ဆေးနေတာ ရှိတယ်။ ရွှေကုန်သည်ကြီးတွေနဲ့ နာမည်ကြီး ရွှေဆိုင်တွေပါတယ်။ အတုံး လုပ်တဲ့ကုန်သည်တွေအဓိကပေါ့။ အားလုံးဂယက်ရိုက်တဲ့ စစ်မှုထမ်းဥပဒေကလည်း အကုန်လုံးကို ထိတာကိုး။ အရောင်း အဝယ်ကိုပါ ထိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်းပြီး နောက်ပိုင်း ဈေးကွက်အတွင်း ဖမ်းဆီးစစ်ဆေးမှုများကြောင့် အကယ်ဒမီ အခေါက်ရွှေ အရောင်းအဝယ်မှာ မှောင်ခိုဈေးကွက်ဖြစ်နေပြီး စစ်ကောင်စီကလည်း ရန်ကုန်၊ မန္တလေးရှိ ရွှေကုန်သည် လုပ်ငန်းရှင်ကြီးများကို မကြာခဏ နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံလေ့ရှိကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းမှ သိရသည်။

စစ်ကောင်စီ လက်အောက်ရှိ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရုံးတွင် အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား မှာ ၃၆ သိန်း ၅ သောင်းကျော်သာ ရှိသော်လည်း ပြင်ပအကယ်ဒမီအခေါက်ရွှေဈေးမှာ ၁ ကျပ် သားလျှင် ကျပ် ၃၉ သိန်း အထိ မြင့်တက်နေသဖြင့် သတ်မှတ်ဈေးနှင့် ကျပ် ၂ သိန်းကျော် ကွာဟနေသည်။

တရားမဝင် ငွေလွှဲလုပ်ငန်းများ ပပျောက်စေရန် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေး ဌာန (စသုံးလုံး) နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စုံစမ်းဖော်ထုတ်ပြီး သံသယရှိသူ ၄၀ ဦးကို အရေးယူထားကြောင်း ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက် ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်ထား သော်လည်း ယခုလတ်တလော ဖမ်းဆီးမှုများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်မှ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

You may also like these stories:

မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

“လက်ပ်တော့ကိုင်နေတဲ့ လူတွေကို သေနတ်ကိုင်စေချင်နေတယ်”

အပြင်းအထန် ဆန့်ကျင်ခံနေရသည့် အတင်းအကျပ် စစ်သားစုဆောင်းမှု

ဒေါ်လာနှင့်ရွှေ ဈေးပြန်တက်

စစ်ကောင်စီ ငွေလဲနှုန်းထုတ်ပြန်ချက်ကြောင့် ပြည်တွင်း ဒေါ်လာဈေး ခုန်တက်

Your Thoughts …
Tags: ထိုင်းပြည်သူ့စစ်မှုထမ်းဥပဒေအကယ်ဒမီအခေါက်ရွှေအမေရိကန်ဒေါ်လာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
23.8k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.6k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
15.3k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
14.9k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.1k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
12.8k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
မြန်မာမြောက်ဖျားမှ ပျောက်ကွယ်လုနီး လူမျိုးစု

မြန်မာမြောက်ဖျားမှ ပျောက်ကွယ်လုနီး လူမျိုးစု

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

7 days ago
3.9k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.6k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate