• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာလူသားချင်းစာနာမှု အကူအညီ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလေးပေး

by ဧရာဝတီ
6 March 2024
in သတင်း
A A
မြန်မာလူသားချင်းစာနာမှု အကူအညီ အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အလေးပေး

လာအိုနိုင်ငံတွင် မတ်လ ၅ ရက်နေ့က ကျင်းပသည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည့် မြန်မာ ကိုယ်စားလှယ် / Kenya Akama

1.2k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကာကွယ်ရေးဝန်ကြီးများက ဒေသတွင်း ပြဿနာများကို ဆွေးနွေးရန် မတ်လ ၅ ရက်နေ့တွင် တွေ့ဆုံသောအခါ အဖွဲ့ဝင်တနိုင်ငံဖြစ်သော မြန်မာတွင် လူသားချင်းစာနာမှု အကျပ်အတည်းသည် အာဆီယံအတွက် ပိုမိုအရေးပါသော ပြဿနာဖြစ်နေသည်။

“လက်ရှိအချိန်မှာ ကျနော်တို့ဟာ ကျနော်တို့ကို ထိခိုက်စေတဲ့ ပထဝီနိုင်ငံရေး ပဋိပက္ခတွေကို ရင်ဆိုင်နေရတယ်” ဟု လာအိုအမျိုးသား ကာကွယ်ရေးဝန်ကြီး ချန်ဆာမုန်း ချန်ယာလက်သ်က အဖွင့်မိန့်ခွန်းတွင် ပြောသည်။ “ဒီနေ့ဟာ အာဆီယံအနေနဲ့ ဒီမှာစုဝေးပြီး ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးဖို့ အခွင့်အလမ်းဖြစ်တယ်” ဟုလည်း ၎င်းက ပြောသည်။

RelatedPosts

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

အမေရိကန်ပါဝင်လာတဲ့ အစ္စရေး-အီရန် စစ်ပွဲ (ရုပ်/သံ)

22 June 2025
204
Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
457
မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
189

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးနှစ်ကြာပြီ ဖြစ်သော်လည်း မြန်မာတွင် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအတွက် တိုးတက်မှု မရှိသလောက်ပင် ဖြစ်နေသည်။

မြန်မာတွင် လူ ၁၈ ဒသမ ၆ သန်းသည် လူသားချင်းစာနာမှု အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်စာနာမှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၃ ရက်နေ့တွင် ပြောကြားပြီး ပြည်သူများသည် ပဋိပက္ခနှင့် မလုံခြုံမှု၊ အရပ်သားများလုံခြုံမှုနှင့် အကာအကွယ်ကို ခြိမ်းခြောက်မှု သာမက မြင့်မားသော ငွေကြေး ဖောင်းပွမှု အကြားတွင် ဆက်လက်ရှင်သန်ရန် ရုန်းကန်နေရကြောင်း ပြောသည်။

အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးဟု တရားဝင်ခေါ်သည့် မတ်လ ၅ ရက်နေ့က ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို လာအိုနိုင်ငံ ကမ္ဘာ့သမိုင်းအမွေအနှစ် လောင်ပရာဘန်တွင် ကျင်းပသည်။ လာအိုနိုင်ငံသည် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌဖြစ်ပြီး မြန်မာစစ်ကောင်စီနှင့် ရင်းနှီးသည်။ လာအိုသည် မြန်မာပြဿနာကို အဖြေရှာရန် အထူးသံတမန်ကို စေလွှတ်ပြီးဖြစ်သည်။

မြန်မာသည် အစိုးရအရာရှိများကို ထိုအစည်းအဝေးသို့ စေလွှတ်ပြီး ဒေသတွင်း ကာကွယ်ရေး မူဘောင်သို့ ပြန်လည်ဝင်ရောက်သည့် လက္ခဏာဖြစ်သောကြောင့် အကူအညီပေးရေး ဆွေးနွေးပွဲများသည် ခိုင်မာသော ရလဒ်များ ဖြစ်လာနိုင်ခြေရှိသည်။ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် အာဆီယံက စစ်ကောင်စီခေါင်းဆောင်များအဖွဲ့ အစည်းအဝေးများ တက်ရောက်ခြင်းကို ပိတ်ပင်သောကြောင့် အဆင့်မြင့် အစည်းအဝေး အများစုသို့ တက်ရောက်နိုင်ခြင်း မရှိပေ။

လာအိုနိုင်ငံတွင် မတ်လ ၅ ရက်နေ့က ကျင်းပသည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည့် ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများ / Kenya Akama

ပြီးခဲ့သော ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားသည် စီယမ်ရိ ခရိုင်တွင် ကျင်းပသော အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာစစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးကို တက်ရောက်ခွင့် မပေးခဲ့သလို ၂၀၂၃ ခုနှစ်၊ ဂျကာတာ၌ ပြုလုပ်သော ၁၇ ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာဘက်မှ ပါဝင်ခဲ့ခြင်း မရှိဘဲ ယခု ပြုလုပ်သော အစည်းအဝေးတွင်မူ ကာကွယ်ရေး ဝန်ကြီးဌာန၏ နိုင်ငံတကာရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ဝင်းက ဦးဆောင် တက်ရောက်သည်။

ဇန်နဝါရီလတွင် မြန်မာသည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အရာရှိများကို နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် စေလွှတ်ပြီး ထိုအစည်းအဝေးအတွင်း မြန်မာသို့ ထိုင်းနယ်စပ်မှ လူသားချင်းစာနာမှု အကူအညီများပေးရန် အဖွဲ့ဝင်များ သဘောတူခဲ့သည်။ ထိုင်းအာဏာပိုင်များသည် သင့်တော်သော အကူအညီပေးရေးစခန်းများ ထူထောင်ရန် မဲဆောက်နယ်စပ်ဒေသသို့ ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် သွားရောက်ခဲ့သည်။

ကာကွယ်ရေးအာဏာပိုင်များ၊ အထူးသဖြင့် ထိုင်းကာကွယ်ရေး အာဏာပိုင်များသည် နယ်စပ်ဖြတ်ကျော် ဆေးဝါးနှင့် အခြားလိုအပ်သည်များကို ပေးရာတွင် အဓိကအခန်းမှ ပါဝင်မည်ဟု မျှော်လင့်ရသည်။

“လူသားချင်းစာနာမှု အကူအညီနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနဲ့ တခြားကိစ္စတွေအတွက် လုပ်ငန်းအဖွဲ့ကို ကျနော်တို့ အရှိန်မြှင့်တင်နေတယ်” ဟု မတ်လ ၅ ရက်နေ့ အစည်းအဝေး မတိုင်မီ ကျင်းပသည့် အဆင့်မြင့်အရာရှိများအစည်းအဝေး တက်ရောက်သော ထိုင်းအစိုးရကိုယ်စားလှယ်များက သတင်းထောက်များကို ပြောသည်။

မြန်မာသည် ၂၀၂၁ ခုနှစ်၊ ဧပြီလက အာဆီယံ ခေါင်းဆောင်များနှင့် မြန်မာစစ်ခေါင်းဆောင်အကြား သဘောတူခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရမည်ဟု အာဆီယံ အဖွဲ့ဝင်နိုင်ငံများက ဆက်လက် တောင်းဆိုနေသည်။ ထိုဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှု ချက်ချင်း ရပ်စဲရေး၊ သက်ဆိုင်သူ အားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးပွဲများ ကျင်းပရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အဆင်ပြေ ချောမွေ့ရေးအတွက် အာဆီယံ အထူးသံတမန် စေလွှတ်ရေးနှင့် မြန်မာမှ သက်ဆိုင်သူအားလုံးနှင့်တွေ့ဆုံရန် အထူးသံတမန်တဦး စေလွှတ်ရေးတို့ ပါဝင်သည်။

မတ်လ ၅ ရက်နေ့ အစည်းအဝေးအတွင်း ကာကွယ်ရေးဝန်ကြီးများသည် တရုတ်က လွှမ်းမိုးလာသည့် ကမ္ဘာ့အရေးအပါဆုံး ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော တောင်တရုတ်ပင်လယ် တင်းမာမှုကို ဆွေးနွေးသည်။ အာဆီယံသည် ထိုပင်လယ်တွင် တည်ငြိမ်ရေးကို သံတမန်ရေးဖြင့် အားပေးနေသည်။

ကိုးကား ။ ။ Nikkei Asia သတင်း ASEAN considers including Europe in defense talks to enhance ties

You may also like these stories:

အာဆီယံ ကာကွယ်ရေးဝန်ကြီးအစည်းအဝေးတွင် စစ်ကောင်စီ အဆင့်မြင့် ကိုယ်စားလှယ် တက်ရောက်

အာဆီယံအစည်းအဝေးသို့ အကြီးတန်းအရာရှိတဦး စစ်ကောင်စီ ပထမဆုံး စေလွှတ်

အာဆီယံအသိုက်အဝန်းသို့ ပြန်ဝင်ရန် မြန်မာ မျှော်မှန်း

“မြန်မာပိုင် ဦးဆောင် ဖြေရှင်းမှု”ကို အာဆီယံ ထောက်ခံ

ကုလနှင့် အာဆီယံကိစ္စများ ပူးပေါင်းဆောင်ရွက်ရေး တရုတ်အထူးသံနှင့် စစ်ကောင်စီ ဆွေးနွေး

အာဆီယံ နိုင်ငံတိုင်းက စစ်ကောင်စီကို စိတ်ပျက်နေတာ သေချာတယ် (ရုပ်/သံ)

Your Thoughts …
Tags: ကုလသမဂ္ဂစစ်ကောင်စီတောင်တရုတ်ပင်လယ်ထိုင်းဘုံသဘောတူညီချက် ၅ ချက်လာအိုအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်အုပ်ချုပ်ရေးကို အသက်ကယ်ဆေး မထိုးပေးပါနဲ့

စစ်အုပ်ချုပ်ရေးကို အသက်ကယ်ဆေး မထိုးပေးပါနဲ့

မိုးမိတ်မြို့တွင်း ပြန်နေသူ အနည်းငယ်သာရှိ

မိုးမိတ်မြို့တွင်း ပြန်နေသူ အနည်းငယ်သာရှိ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

7 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate