• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လိုင်ဇာကို ခြိမ်းခြောက်နေသည့် လက်ကျန် စစ်တပ်စခန်း KIA သိမ်း

by ဧရာဝတီ
15 March 2024
in သတင်း
A A
လိုင်ဇာကို ခြိမ်းခြောက်နေသည့် လက်ကျန် စစ်တပ်စခန်း KIA သိမ်း

KIA စစ်သားများ (Jinghpaw Movement)

2.2k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ ဘွမ်ရယ်တောင်မှ နောက်ဆုံးလက်ကျန် စစ်စခန်းကို ယနေ့ မွန်းလွဲပိုင်းတွင် သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ဘွမ်ရယ်တောင်စခန်းသည် လိုင်ဇာမြို့အနောက်ဘက် ၃ မိုင်ခွဲခန့်အကွာ မြစ်ကြီးနား-ဗန်မော်လမ်းမကြီး အရှေ့ဘက်တောင် ကုန်းပေါ်တည်ရှိပြီး လိုင်ဇာမြို့အား မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ခြိမ်းခြောက်နေသည့် တပ်စခန်းကြီးတခု ဖြစ်သည်။
၎င်းက “ဒီနေ့ ၁ နာရီကျော်အချိန်လောက်မှာ ဘွမ်ရယ်တောင်စခန်းကို ဝင်ရှင်းနေပါပြီ။ ဝင်သိမ်းထားပြီလို့ ပြောလို့ရပါ တယ်။ အသေးစိတ် အချက်အလက်တွေတော့ ပြည့်ပြည့်စုံစုံမရသေးဘူး” ဟု အတည်ပြုသည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
93
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
878
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
19

ဘွမ်ရယ်တောင်ရှိ ပင်မတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ရှေ့တန်းကာကင်းစခန်းငယ်အချို့ ကျန်ရှိနေ သေး ကြောင်း၊ KIA ပူးပေါင်းတပ်များက နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေသည့်အပြင် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ယနေ့ တိုက်ပွဲများအတွင်း စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် လိုင်ဇာမြို့ပေါ်သို့ တိုက်ခိုက်ခြင်း မရှိသော်လည်း မြို့ပတ်ဝန်းကျင်တွင်မူ လေကြောင်းပစ်ခတ်မှုများ ရှိနေသေးကြောင်းလည်း သိရသည်။

ဘွမ်ရယ်တောင်စခန်းအား သိမ်းပိုက်နိုင်မှုကြောင့် လိုင်ဇာမြို့အား အနီးကပ်ခြိမ်းခြောက်နေသည့် စစ်ကောင်စီ ပင်မစခန်းအားလုံးကို သိမ်းပိုက်ထားနိုင်သော အခြေအနေဖြစ်ပြီး ကာကင်းစခန်းငယ်အချို့သာ လိုင်ဇာမြို့အနီး ကျန်ရှိသည်။

KIA သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်းနေရာပြ မြေပုံ

ဗိုလ်မှူးကြီး နော်ဘူက “လိုင်ဇာကို ခြိမ်းခြောက်နေတဲ့ ဘွမ်ရယ်တောင်စခန်း၊ ခါရာတောင်စခန်း၊ ဖွန်ပရန်တောင်စခန်း၊ အင်တပ်တောင်စခန်းတွေ အကုန်လုံးကတော့ သိမ်းပိုက်လို့ရပါပြီ။ ဒါပေမယ့် ပတ်ဝန်းကျင်မှာရှိနေတဲ့ စခန်းငယ်လေးတွေကိုတော့ ဆက်ပြီးမှ ရှင်းလင်းရေးလုပ်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

KIA ပူးပေါင်းတပ်ဖွဲ့သည် မတ် ၇ ရက်မှစတင်ပြီး လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီ တပ်စခန်းဌာနချုပ်များနှင့် မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်ရှိ တပ်စခန်းများအား တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ရာ ယနေ့အထိ တပ်စခန်းအကြီးအသေး ၂၀ ကျော် သိမ်းပိုက်ထားနိုင်ပြီး ဖြစ်သည်။

သိမ်းပိုက်ထားသည့် တပ်စခန်းများအနက် ဘွမ်ရယ်တောင်စခန်း၊ ခါရာတောင်စခန်း၊ ဖွန်ပရန်တောင်စခန်း၊ အင်တပ်တောင်စခန်း၊ ဒေါ့ဖုန်းယန်တပ်စခန်း၊ မလိယန်တပ်စခန်း၊ ဒါဆိုင်းတပ်စခန်းတို့ အပါအဝင် တပ်စခန်းကြီး ၁၀ ခုကျော် ပါဝင်ကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

မိုးမောက်မြို့နယ်အတွင်းရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၃၇ အခြေစိုက်တပ်စွဲထားသည့် ဒါဆိုင်း (တာဆိုင်း) ကျေးရွာ အနောက်ဘက်ရှိ တပ်စခန်းကိုလည်း မတ် ၁၄ ရက် နံနက်ပိုင်းတွင် KIA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိခဲ့သည်။

KIA ပူးပေါင်းတပ်များအနေဖြင့် မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက် တပ်စခန်းအကြီးအသေး ၂၀ ကျော် သိမ်းပိုက်ရရှိထားပြီး ဖြစ်သော်လည်း လမ်းပိုင်းအား အပြည့်အဝ ထိန်းချုပ်နိုင်ပြီဟုပြောရန် စောသေးကြောင်းနှင့် ကျန်ရှိနေသေးသည့် တပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်သွားမည်ဖြစ်ကြောင်း KIA ဘက်က ပြောထားသည်။

မတ် ၇ ရက်မှစတင်သော KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း သိမ်းပိုက်ရရှိသည့် တပ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်အချို့ အရှင်ဖမ်းဆီးရမိမှုများရှိကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြထားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ KIA ဘက်က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။

မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက် ထိုးစစ်ဆင်တိုက်ခိုက်မှုများတွင် KIA နှင့်အတူ ရက္ခိုင့်တပ်တော် (AA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များပါ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

You may also like these stories:

မိုးမောက်မြို့နယ် ဒါဆိုင်းတပ်စခန်းကို KIA ပူးပေါင်းတပ် သိမ်း

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

ဖားကန့် တန်သုံးထောင်စစ်စခန်းကို KIA ပူးပေါင်းတပ် သိမ်း

စစ်တပ်စခန်းတချို့ KIA ထပ်မံသိမ်းပိုက်

Your Thoughts …
Tags: KIAစစ်ကောင်စီဘွမ်ရယ်တောင်တပ်စခန်းလိုင်ဇာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကြာပိုင်ရွာ မီးရှို့သတ်ဖြတ်ခံရမှု သက်သေတွေ ထွက်ပေါ်လာ  (ရုပ်/သံ)

ကြာပိုင်ရွာ မီးရှို့သတ်ဖြတ်ခံရမှု သက်သေတွေ ထွက်ပေါ်လာ (ရုပ်/သံ)

ဒေသခံတွေလက်မခံကြတဲ့ ဟက်ကြီးရေကာတာစီမံကိန်း (ရုပ်/သံ)

ဒေသခံတွေလက်မခံကြတဲ့ ဟက်ကြီးရေကာတာစီမံကိန်း (ရုပ်/သံ)

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate