စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သက္ကယ်ကျင်းရွာဟာ အိမ်ထောင်စု (၇၀၀)ကျော်နဲ့ လူဦးရေ (၃၅၀၀)ခန့် နေထိုင်တဲ့ရွာကြီး တရွာဖြစ်ပြီး အခုတော့ စစ်တပ်က မီးရှို့လို့ အိမ်ခြေ ၅၀၀နီးပါးဟာ မီးလောင် ပြာကျခဲ့ရပါပြီ။
ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ရုတ်တရက် ဝင်ရောက် စီးနင်းခဲ့တာဖြစ်ပြီး လူလေးဦးကို မီးရှို့သတ်ဖြတ်သွားခဲ့သလို ဒေသခံ ပြည်သူ ၈၀ ကျော်ကိုလည်း ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးသွားတဲ့ သူတွေထဲမှာ ကလေးသူငယ်တွေ၊အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်တွေလည်း ပါ၀င်နေပြီး လက်ရှိ အချိန်ထိပြန်မလွတ်ပေးသေးဘူးလို့ မိသားစုဝင်တွေက ဧရာ၀တီကို ပြောပါတယ်။