• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

by ဧရာဝတီ
27 March 2024
in သတင်း
A A
မန္တလေးတိုင်း၌ စစ်မှုထမ်းစာရင်းကောက်သူများအနက် ၅ ဦး အသတ်ခံရ

၂၀၂၄ မတ် ၂၁ ရက် မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်သည့် ပြည်သူ့စစ် လက်နက်တပ်ဆင်ပွဲ(MRTV)

8k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက်ပြည့်မီသူများအား နာမည်စာရင်း ကောက်ခြင်း၊ မဲနှိုက်ရွေးချယ် ခြင်း လုပ်နေသည့် အုပ်ချုပ်ရေးမှူးများနှင့် လိုက်ပါဆောင်ရွက်သူ ၅ ဦးထိ သတ်ဖြတ်ခံထားရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုး အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေအရ တနိုင်ငံလုံးရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများ၌ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူစစ်တို့ ပါသော ပူးပေါင်းအဖွဲ့များက အကောင်အထည်ဖော် စတင်ဆောင်ရွက်နေခြင်းဖြစ်သည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
29
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
57
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
295

ယခု မတ်လအတွင်း အသတ်ခံရသူများမှာ ဝမ်းတွင်း၊ မဟာအောင်မြေ၊ အမရပူရ၊ မတ္တရာ၊ ကျောက်ပန်းတောင်းမြို့နယ် များမှ အုပ်ချုပ်ရေးမှူး ၃ ဦး၊ ရာအိမ်မှူး တဦးနှင့် ကျောင်းဆရာမတဦးတို့ ဖြစ်သည်။

မန္တလေးမြို့ခံတဦးက “စစ်ကောင်စီကလည်း အောင်မြင်ဖို့ အပူတပြင်းနဲ့ကို လုပ်နေတယ်၊ အောက်ခြေမှာလည်း ဆန့်ကျင် တာတွေ ဝေဖန်တာတွေအပြင် အုပ်ချုပ်ရေးမှူးတွေကလည်း တလွဲတွေ လုပ်နေကြတယ်၊ အခုဆို အသက်အရွယ် အကျုံးဝင်သူတွေကို စာရင်းကောက်ပြီး မှတ်ပုံတင် စာရင်းသွင်းတာတွေ လုပ်နေတယ်၊ ပြီးခဲ့တဲ့ ၂၀ ရက်နေ့တရက် တည်း မှာပဲ မန္တလေးမြို့မှာ ကျောင်းဆရာမတယောက်နဲ့ ရာအိမ်မှူးတယောက် အသတ်ခံလိုက်ရတယ်”ဟု ပြောသည်။

တခြားနယ် ဖြစ်စဉ်များတွင် ဝမ်းတွင်းမြို့နယ် သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး လက်တိုမောင်ပုဆိုသူသည် မတ်လ ၁၉ ရက် က ကျေးရွာအတွင်းမှ စစ်မှုထမ်းရမည့်အမည်စာရင်းကို အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ပို့ ဆောင်ပြီး ပြန်လာ စဉ် ညနေ ၆ နာရီခန့်၌ ဝမ်းတွင်းမြို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် (WTRF)က ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း စစ်သားစုဆောင်းမည့်စာရင်းနှင့် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် စစ်မှုထမ်းစာရင်းသွင်းပြီးကြောင်းလက်မှတ်/CJ

WTRF မှ တာဝန်ရှိသူတဦးက “လက်တိုမောင်ပု ရှင်းလင်းခံရပြီးကတည်းက တချို့အုပ်ကြီးတွေကတော့ ပြေးကုန်ကြပြီလို့ သတင်းရတယ်၊ ဆက်ပြီးလုပ်နေတဲ့ အုပ်ကြီးတွေကိုလည်း အပြစ်ပေးသွားမှာပါ၊ ကျနော်တို့အဖွဲ့တွေနဲ့ ပြည်သူအားလုံးက မြို့နယ်ထဲက အုပ်ကြီးတွေရဲ့ လုပ်ရပ်တွေကို အကုန်လုံး သိနေပါတယ်၊ ပြည်သူတွေက တဖန်ပြန်ပြီး အပြစ်ပေးတာကို ခံရမယ်ဆိုတာ သိစေချင်ပါတယ်”ဟု ပြောသည်။

ယခုအခါ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ လူငယ် ၃ ဦးမှ ၅ ဦးထိ စစ်မှုထမ်းရန် စာရင်းတောင်းခံထား သလို အချို့နေရာများတွင် နာမည်စာရင်းပါသော လူများကို တပါတည်း ခေါ်ဆောင်ခြင်းများကိုပါ ပြုလုပ်နေကြောင်း သိရ သည်။

“ဝမ်းတွင်းနယ်ဘက်မှာ လူကို တပါတည်း ခေါ်သွားတာတွေလည်း ရှိနေတယ်၊ တချို့ရွာတွေဘက်မှာ အုပ်ချုပ်ရေးမှူးနဲ့ မတည့်တဲ့သူ လာခေါ်တာခံရတယ်တဲ့၊ တချို့ရွာတွေကျတော့ အုပ်ချုပ်ရေးမှူးက သူမျက်နှာပျက်စရာ မရှိတဲ့ မိသားစုတွေ ဆီကနေ လူယူတယ်လို့ သိရတယ်၊ မြို့ပေါ် တချို့ရပ်ကွက်တွေက ရဲစခန်းမှာ မင်နီရှိဖူးသူတွေကို မဲမနှိုက်ဘဲ တိုက်ရိုက် ခေါ်တာမျိုးတွေလည်း ရှိတယ်၊ မြို့နယ်က ကျယ်ပြီး ရွာများတော့ မျိုးစုံပါပဲ”ဟု ဝမ်းတွင်းသတင်းများကို ဖော်ပြပေးနေသည့် Voice of Wundwin မှ တာဝန်ရှိသူတဦးက ပြောသည်။

မတ်လ ၂၀ ရက်က မန္တလေး မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက် အလယ်တန်းကျောင်းတွင် တာဝန်ထမ်းဆောင် နေသည့် မဟာမြိုင်ရပ်ကွက်နေ အသက် ၄၀ အရွယ် ကျောင်းဆရာမ ဒေါ်ခင်ဖြိုးရီဆိုသူသည် စစ်မှုထမ်းစာရင်း ကောက်ယူ ရာတွင် ပါသည်ဆိုကာ အိမ်၌ ပစ်သတ်ခံခဲ့ရကြောင်း၊ ထိုနေ့ညဦးပိုင်း အမရပူရမြို့နယ် မိကျောင်းတက် ရွာမှ အသက် ၄၆ နှစ်အရွယ် ရာအိမ်မှူး ဦးသောင်းထွန်း အိမ်၌ ရှိနေစဉ် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံ မှ သိရသည်။

အမရပူရမြို့နယ်နေသူတဦးက “မိချောင်းတက်ရွာက ရာအိမ်မှူးက လူငယ်တွေကို စစ်တပ်ထဲဝင်ဖို့ စည်းရုံးနေတာ သူ့အိမ်မှာ ရှိနေတုန်း ဆိုင်ကယ်တွေနဲ့ လာပြီတော့ ပစ်သတ်သွားကြတာ၊ ဘယ်အဖွဲ့က လုပ်တယ်ဆိုတာတော့ အခုထိ မသိရသေး ဘူး၊ သူ အသတ်ခံရပြီးတော့ ရွာကို စစ်သားတွေ ရောက်လာပြီးတော့ ခြိမ်းခြောက်ဆဲဆိုတာတွေ လုပ် သွားကြတယ်လို့ သိရတယ်”ဟု ပြောသည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်အတွင်း စစ်သားစုဆောင်းမည့်စာရင်းနှင့် မန္တလေး၊ ချမ်းမြသာစည်မြို့နယ်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးလက်မှတ်ဖြင့် စစ်မှုထမ်းစာရင်းသွင်းပြီးကြောင်းလက်မှတ်/CJ

မတ်လ ၂၃ ရက်က မတ္တရာမြို့နယ် ဟလင်းရွာ အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် အောင်ကိုကိုသည် စစ်မှုထမ်းရန် စာရင်းကောက်ခြင်း၊ ပြည်သူအား ရိုက်နှက်ညှဉ်းပန်းခြင်း၊ လက်နက်ပြ ငွေတောင်းခြင်း လုပ်နေသဖြင့် ပြင်ဦးလွင်၊ မတ္တရာ ပကဖတို့နှင့် ပူးပေါင်းကာ ရှင်းလင်းခဲ့ကြောင်း ကောင်းကင်တော်လှန်ရေး အင်အားစု- The Sky Force က ထုတ်ပြန်သည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး အောင်ကိုကိုထံမှ သေနတ် တလက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ မတ္တရာမြို့ နယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်မှုထမ်းရန် စာရင်းကောက်ခံခြင်း၊ ပြည်သူအပေါ် ညှင်းပန်းနှိပ် စက်ခြင်းများ ပြုလုပ်ပါက ဆက်လက် တိုက်ခိုက်သွားမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။

ထို့အတူ မတ္တရာမြို့နယ် ပြည်သူများအနေဖြင့် စစ်မှုထမ်းရန် ဆင့်ခေါ်စာ ရောက်လာပါက တော်လှန်ရေး အဖွဲ့အစည်းများထံ ချိတ်ဆက်ကာ အကူအညီ တောင်းနိုင်သလို စစ်မှုထမ်းရန် အတင်းအကြပ် လုပ်ဆောင်နေသူများ၏ အမည်၊ နေရပ်များ အား သတင်းပေးပို့ကြရန် မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က မတ်လ ၂၀ ရက်က အသိပေးထုတ်ပြန် ထားသည်။

မတ်လ ၂၃ ရက်မှာပင် ကျောက်ပန်းတောင်းမြို့နယ် သပြေကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်စိန်သည် စစ်မှုထမ်း ဥပဒေ အား အကောင်အထည်ဖော် ဆောင်ရွက်နေသည်ဟုဆိုကာ အမည်မသိ သေနတ်သမားများက ပစ်ခတ်သဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုအခါ ပထမဆုံးဖွင့်လှစ်မည့် သင်တန်းအတွက် ပုသိမ်ကြီးမြို့နယ် ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၇ ခုမှ လူ ၁၅၇ အား ခေါ်ယူမည့် စာရင်းများ ပေါက်ကြားသဖြင့် အုပ်ချုပ်ရေးမှူးများက အမည်စာရင်း ပေးပြီး ပထမဆုံး ဝင်ရောက်လိုသူရှိပါက ရပ်ရွာမှ ကောက်ခံ ရရှိလာသောငွေများကို ထောက်ပံ့ကြေးငွေအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ နာမည်စာရင်း မပေးပါက မဲနှိုက်ရွေးချယ်မည်ဟု ပြောဆိုကြောင်း ဒေသခံများထံမှ သိရသည်။

စစ်မှုထမ်းရန် စာရင်းကောက်ယူနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သတ်ဖြတ်ခံရမှုများမှာ မန္တလေးတိုင်းသာမက ကျန် ပြည်နယ်နှင့် တိုင်းများတွင်လည်း ဖြစ်ပွားလျက်ရှိရာ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်မှ အုပ်ချုပ်ရေးမှူး အချို့ လည်း သတ်ဖြတ်ခံခဲ့ရသည်။

၂၀၂၄ မတ် ၂၁ ရက် မန္တလေးမြို့ အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် ပြုလုပ်သည့် လက်နက် တပ်ဆင်ပွဲတွင် တွေ့ရသည့် ပြည်သူ့စစ်များ (MRTV)

မန္တလေးမြို့ခံ CDM တက္ကသိုလ်ကျောင်းဆရာတဦးက “ပြည်သူတွေ မပါဝင်လိုတဲ့ အတင်းအဓမ္မ လုပ်ရပ်မျိုးတွေမို့ အောက် ခြေက တကယ်လုပ်နေရတဲ့သူတွေ သေပေးနေကြရတာ၊ နောက်ပိုင်း အခုထက်ပိုပြီး သတ်ဖြတ်ခံရ တာမျိုးတွေ အများကြီး ဖြစ်လာနိုင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် တနှစ်လျှင် အင်အား ၅ သောင်းနှုန်း ခေါ်ယူပြီး သင်တန်းတပတ်စဉ်တွင် လူဦးရေ ၅ ထောင်နှုန်းသာ ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ပထမဦးဆုံး အပတ်စဉ်ကို ဧပြီလနောက်ပိုင်းတွင် ခေါ်ယူသွားမည် ဖြစ်ကာ အဆင့်အလိုက်၊ အရည်အချင်းအလိုက် လစာ၊ ရိက္ခာ ခံစားခွင့်ပြုပေးသွားမည်ဟု ဖေဖော်ဝါရီ ၁၅ ရက်နေ့ထုတ် စစ်ကောင်စီအာဘော် သတင်းမီဒီယာများတွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထား သည်။

ပထမဆုံး သင်တန်းအပတ်စဉ်ကို မေလဆန်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး၊ မှတ်ပုံတင်စာရင်းသွင်းသူများအနက် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ (ဗဟို)က ရွေးချယ် အတည်ပြုခံရသူများမှာ စတင် သင်တန်းတက်ရောက်ရမည်ဖြစ်ကြောင်း၊ မတ်လ ၂၇ ရက်နေ့မှ စတင်ကာ သက်ဆိုင်ရာ တိုင်းစစ်ဌာန အသီးသီးရှိ စစ်ဆေးရုံများတွင် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဖြစ်ကာ အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ် မပြည့်မီအထိ သတ်မှတ်ထားပြီး အမျိုးသမီးများအနေဖြင့် အသက် ၁၈ နှစ်မှ အသက် ၂၇ နှစ်အထိ သတ်မှတ်ထား ရာ အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးရှိကြောင်း သိရသည်။

You may also like these stories:

စစ်မှုထမ်း စာရင်းကောက်သည့် အုပ်ချုပ်ရေးမှူးများ အသတ်ခံရ

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ပြည်သူများ စိုးရိမ်

မန္တလေးရောက် စစ်ရှောင်များ ဧည်စာရင်းစစ် ငွေတောင်းခံနေရ

Your Thoughts …
Tags: စစ်မှုထမ်းဥပဒေမန္တလေးတိုင်းအုပ်ချုပ်ရေးမှူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

ရန်ကုန်နှင့်မြို့ ကြီးများ၌ စစ်မှုထမ်းရန် စာရင်းကောက် မဲနှိုက်မှု စတင်

ရန်ကုန်နှင့်မြို့ ကြီးများ၌ စစ်မှုထမ်းရန် စာရင်းကောက် မဲနှိုက်မှု စတင်

by ဧရာဝတီ
15 March 2024
14.9k

စစ်မှုထမ်းဥပဒေအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် အသက်ပြည့်မီသူများအား ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ ခေါ်ယူကာ နာမည်စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများ ပြုလုပ်နေ

လားရှိုး ပြန်တိုက်ရန် စစ်တပ် ပြင်နေ

လားရှိုး ပြန်တိုက်ရန် စစ်တပ် ပြင်နေ

by မိုင်းခြိူဝ်းဇာရ်
12 October 2024
14.4k

မြန်မာပြည် အရှေ့မြောက် သေနင်္ဂဗျူဟာကျသည့် လားရှိုးမြို့ကို ပြန်လည်ရယူရန် စစ်ကောင်စီတပ်က မိုင်းရယ်၊ နမ့်လန်နှင့် တန့်ယန်းမြို့တို့မှ စစ်ကြောင်း ၃ ကြောင်းဖြင့် တန်ပြန် ထိုးစစ်ဆင်နွှဲရန် အပြင်းအထန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ကိုယ့်သင်္ချိုင်းကိုယ်တူးတဲ့ ဗိုလ်ချုပ်များ

ကိုယ့်သင်္ချိုင်းကိုယ်တူးတဲ့ ဗိုလ်ချုပ်များ

by ဧရာဝတီ
14 February 2024
14k

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် မဟုတ်ဟု ပြောနိုင်သည်။

တိုင်းရင်းသားတပ်တွေ နေပြည်တော်မသိမ်းနိုင်ဘူးတဲ့လား

တိုင်းရင်းသားတပ်တွေ နေပြည်တော်မသိမ်းနိုင်ဘူးတဲ့လား

by ဝေမင်းထွန်း
2 July 2024
13.6k

စစ်ရေးအရလည်း တချိန်တည်း တပြိုင်တည်း မဟုတ်သော်လည်း တနေရာပြီးတနေရာ၊ တလှိုင်းတလှိုင်း ထိုးနှက်တိုက်ခိုက်နေရာ စစ်ကောင်စီ အရူးမီးဝိုင်းဖြစ်နေသည်ကို တွေ့မြင်နိုင်၏။

Next Post
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံ မအောင်မြင်သည့် နောက်ကွယ်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံ မအောင်မြင်သည့် နောက်ကွယ်

ထိုင်းသို့ MoU ဖြင့်လာသူ ၉၈ ဦး အလုပ်မရ၍ အခက်ကြုံနေ

ထိုင်းသို့ MoU ဖြင့်လာသူ ၉၈ ဦး အလုပ်မရ၍ အခက်ကြုံနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate