• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

by ဧရာဝတီ
1 April 2024
in သတင်း
A A
စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ

ပြီးခဲ့သည့် ဇန်နဝါရီလက ရှမ်းပြည်မြောက်ပိုင်း နမ့်ဖတ်ကာစစ်တပ်စခန်းကို KIA သိမ်းပိုက်အပြီး တွေ့ရစဉ်(Maru Nali Shawng)

7.2k
VIEWS
Share on FacebookShare on Twitter

နှစ်ပေါင်း ၆၀ ကျော် တပ်စွဲထားခဲ့သည့် စစ်တပ်၏ အခိုင်အမာစခန်းတခုဖြစ်သော မိုးမောက်မြို့ အရှေ့ဘက်တောင်ကြော ပေါ် ရှိ စိန်လုံဗျူဟာစခန်းကြီးကို ကချင်လွတ်လပ် ရေးတပ်မတော်(KIA) ပူးပေါင်းတပ်များက ယနေ့သိမ်းပိုက်သည်။

ထိုသို့ သိမ်းပိုက်လိုက်နိုင်ခြင်းကြောင့် စစ်တပ်က မိုင်ဂျာယန်ကဲ့သို့သော ကချင်မြို့ကြီးများကို လက်နက်ကြီးဖြင့် ခြိမ်း ခြောက်နိုင်စွမ်း မရှိတော့သလို KIA အနေဖြင့် တရုတ်နယ်စပ် လွယ်ဂျယ်လမ်းတလျှောက် ထိန်းချုပ်လိုက်ပြီး ဗန်းမော်၊ မံစီစသည့် မြို့ကြီးများကို ခြိမ်းခြောက် လာနိုင်သည့် အခြေအနေရှိနေသည်။

RelatedPosts

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

စာသင်ကျောင်းကို ဗုံးကြဲတာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး (ရုပ်/သံ)

16 May 2025
14
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

16 May 2025
612
မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
83

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ၏ အဆိုအရ “စိန်လုံစခန်းကို ဒီမနက် ၇ နာရီခွဲအချိန်မှာ အပြီးအပိုင် သိမ်းပိုက်လို့ရပါပြီ။ ဗန်းမော်ရဲ့ အရှေ့ဘက်ခြမ်းမှာတော့ အကြီးဆုံး၊ ဗျူဟာအကျဆုံး စခန်းလို့ ပြောရမှာပေါ့၊ တိုက်ပွဲ အသေးစိတ်တော့ မသိရသေးပါဘူး။ ဒီတောင်ကုန်းမှာတော့ စစ်တပ်အားလုံး ကင်းစင်သွားပြီ မိုးမောက်မြို့တွင်းပိုင်းနဲ့ လွယ်ဂျယ်မြို့တွင်းပိုင်းလောက်ပဲ ကျန်တယ်” ဟု သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပူးပေါင်းတပ်များအနေဖြင့် မိုးမောက်- လွယ်ဂျယ်လမ်းပိုင်းကို ထိန်းလိုက်သော် လည်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့် လွယ်ဂျယ်မြို့ကို ဝင်တိုက်ခြင်း မရှိသေးပေ။သို့သော် မြို့တွင်းရှိ စစ်သား၊ ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများမှာ တရုတ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံရန် ညှိနှိုင်းမှုများရှိသော်လည်း တရုတ်ဘက်က လက်မခံကြောင်းလည်း ဒေသသတင်းများက ဖော်ပြကြ သည်။

မတ် ၂၇ ရက် ၇၉ နှစ်မြောက် တပ်မတော်နေ့တွင် စခဲ့သည့် KIA ထိုးစစ်သည် ၆ရက်သာ ဆင်နွဲခဲ့ရပြီး မိုးမောက်-လွယ်ဂျယ်ကား လမ်းပေါ် ရှိ စိန်လုံ၊ ယောယုံ အပါအဝင် စခန်းအားလုံး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုးစစ်စသည့် နေမှာပင် စိန်လုံစခန်းမှ မိုင်ဂျာယန်မြို့သို့ လက်နက်ကြီးဖြင့် ပစ်ရာ ၈ကြိမ် ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိဟု လိုင်ဇာတီဗွီ သတင်း ချန်နယ်က ဖော်ပြခဲ့သည်။

KIA ဌာနချုပ်လိုင်ဇာနှင့် မိုင်ဂျာယန်မြို့တို့အား ခြိမ်းခြောက်နေသည့် လက်နက်ကြီးစခန်း အားလုံး သိမ်းပိုက်နိုင်ပြီဖြစ် သော်လည်း လေကြောင်းတိုက်ခိုက်မှုကိုမူ စိုးရိမ်နေရဆဲဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA ပူးပေါင်းအဖွဲ့ သိမ်းပိုက်ရရှိသော စိန်လုံ ဗျူဟာတပ်စခန်းကို Google Map မှတွေ့ရပုံ

ဗန်းမော်ခရိုင်အတွင်းပါဝင်သည့် စိန်လုံကဘာသည် ကချင်လူမျိုးများအတွက် သမိုင်းဝင်နေရာတခုဖြစ်ပြီး လွတ်လပ်ရေး မရမီ အင်္ဂလိပ် အစိုးရခေတ်တွင် တောင်တန်းဒေသအား အုပ်ချုပ်ရသည့် တောင်တန်း ဝန်ထောက် ရုံးစိုက်ရာမြို့ ဖြစ်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်း ကချင်တောင်တန်းဒေသရှိ ဂျပန်တပ်များအား အမေရိကန်နှင့် ကချင်ရိန်းဂျာတပ်များက တိုက်ထုတ် အောင်နိုင်ခဲ့သည့် အထိမ်းအမှတ်အနေဖြင့် ပဒန်မနောပွဲကြီးအား ၁၉၄၅ ခုနှစ် မတ်လ ၂၄ ရက်မှ ၂၆ ရက်အထိ စိန်လုံကဘာတွင် ကျင်းပခဲ့ကြသည်။

စိန်လုံကဘာသည် စစ်တက္ကသိုလ်(DSA)သမိုင်းတွင် ၁၉၅၇ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ ကျောင်းအုပ်ကြီးအဖြစ် သက်တမ်းအရှည်ကြာဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ကချင်တိုင်းရင်းသား ဗိုလ်မှူးကြီးအယ်လ်ခွန်နောင်နှင့် ၁၉၈၅ ခုနှစ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှုးအဖြစ် မြစ်ကြီးနားတွင် တာဝန်ကျစဉ် မိမိတို့ မျိုးနွယ်အချင်းချင်းက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် ဗိုလ်မှူးချုပ် အယ်လ်ခွန်ဖန်တို့၏ မွေးရပ်ဇာတိလည်းဖြစ်သည်။

KIA ပူးပေါင်းတပ်သည် မတ်လနောက်ဆုံးပတ်အတွင်း မိုးမောက်မြို့ မြောက်ဘက်ရှိ မြို့သစ်၊ ကုန်းလော၊ လွယ်ခမ်းတို့ရှိ တပ်ရင်းဌာနချုပ် များအား တိုက်ခိုက်သိမ်းပိုက်ထားသည့်အပြင် မံစီမြို့နယ်အတွင်းရှိ တပ်စခန်းများကိုလည်း သိမ်းပိုက် ထားသည့်အတွက် မိုးမောက်နှင့် မံစီမြို့တို့အား ဝိုင်းပိတ်ပိတ်ဆို့ထားသည့် သဘောသက်ရောက်နေသည့်အပြင် ဗန်းမော်မြို့ရှိ တပ်ရင်းဌာနချုပ်များကို အနီးကပ်ခြိမ်းခြောက်နေပြီဖြစ်သည်။

လွယ်ဂျယ်မြို့ဆိုင်းဘုတ်နှင့် အတူတွေ့ရသော KIA တပ်ဖွဲ့ဝင်များ/CJ

စစ်ရေးလေ့လာသူတဦးက “KIA ကတော့ မတ် ၂၇ ရက်နေ့ကစပြီး စိန်လုံ၊ ယောယုံစခန်းနဲ့ စခန်း ၁၀ ခုကျော်တိုက် တာကိုး၊ ဒီနေ့ ၆ ရက်မြောက်မှ ရတယ်ဆိုတော့ ခဏ နားမလား၊ ဆက်တိုက်မလားဆိုတာတော့ မသိဘူး၊ ဆက်တိုက် မယ်ဆိုရင်တော့ သေချာတယ် ဗန်းမော်၊ မံစီ နှစ်မြို့ပဲကျန်တော့တယ်” ဟု သုံးသပ်သည်။

ဗန်းမော်မြို့တွင် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ တပ်မ ၈၈ ရှေ့တန်းဌာနချုပ်၊ အမြောက်တပ်ရင်း တရင်းနှင့် လက်ရုံးတပ်များ အခြေစိုက်ထားသလို မိုးမောက်မြို့အခြေစိုက် ခမရ-၄၃၇ တပ်ရင်း၊ မံစီမြို့အခြေစိုက် ဌာနချုပ် တပ်ရင်းနှစ်ရင်းတို့ ကျန်ရှိသည်။

KIA ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများမှာ အထိုင်တပ်စခန်းများသို့ သွားရောက်ပူးပေါင်းသဖြင် ဗန်းမော်နှင့် မံစီမြို့တို့တွင် စစ်ကောင်စီ ခံစစ်ပြင်နေသည့် အခြေအနေရှိကြောင်းလည်း စစ်ရေးလေ့လာသူတဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့က မိုးမောက်မြို့နယ်၊ မန်နောင်ကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီ ဘက်က Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာသို့ ကျရောက်ပေါက်ကွဲပြီး တပ်မ ၈၈ တပ်မှူး ဗိုလ်မှူးချုပ်မင်းထွဋ်ဦး သေဆုံးခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ပြင် မံစီမြို့နယ်၊ ဂျန်မိုင်ရွာကို ယနေ့( ဧပြီ ၁ ) နံနက်အစောပိုင်းတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲသဖြင့် လူ ၅ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်းလည်း သိရသည်။

Your Thoughts …
Tags: KIAစစ်ကောင်စီတပ်စိန်လုံဗျူဟာစခန်းလိုင်ဇာလွယ်ဂျယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
33.9k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

ခမရ ၃၀၁ မှ ယာယီတပ်ရင်းမှူး အဖမ်းခံရ

by ဧရာဝတီ
24 August 2023
25.1k

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ထဲတွင် စစ်ဆင်ရေးဝင်နေသော တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မှ ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ဇေယျာထွန်းအား အမိန့်မနာခံမှုဖြင့် ဖမ်းဆီး ချုပ်နှောင်ထား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.3k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

AA ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို လေ့လာခြင်း

by နွေနေ
18 September 2024
18.2k

သတင်းမီဒီယာတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတွေမှာ သူ့ရဲ့ ရခိုင်လူမျိုးတွေအတွက် ရခိုင်အမျိုးသားနိုင်ငံ ထူထောင်ရေး စိတ်ကူးအိပ်မက်တွေကို ကြားရတတ်တယ်။

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

စစ်ကောင်စီ ကျောထောက်နောက်ခံပြု ဆန္ဒပြပွဲက တရုတ်ကို ရှုတ်ချ

by ဧရာဝတီ
21 November 2023
17.6k

မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရသောကြောင့် တရုတ်သည် လုံးဝ စိတ်ချမ်းသာခြင်း မရှိပေ။

Next Post
ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

ရခိုင်စစ်မျက်နှာ တတိယအဆင့် ထိုးစစ် အလားအလာ

မြန်မာနယ်စပ်အနီး တရုတ် စစ်ရေးလေ့ကျင့်

မြန်မာနယ်စပ်အနီး တရုတ် စစ်ရေးလေ့ကျင့်

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.3k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate