စစ်ခေါင်းဆောင်တွေ ရုံးစိုက်ရာ နေပြည်တော်နဲ့ အနီးဆုံးနေရာမှာ ရှိနေတဲ့ ကရင်နီပြည်ကို ၉၀ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဥက္ကဋ္ဌလည်းဖြစ် ကရင်နီကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ခွန်းဘီထူး က ပြောပါတယ်။
ဒါ့အပြင် ကရင်နီပြည်ထဲမှာကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်တွေကို ၂၀၂၄ ခုနှစ် အတွင်းမှာပဲ အပြီးအပြတ် ချေမှုန်းသွားဖို့ရှိတယ်လို့လည်း ဧရာဝတီနဲ့ သီးသန့် မေးမြန်းမှုမှာ ပြောဆိုသွားပါတယ်။
ဒီအခြေအနေတွေအပါအဝင် IEC က ထုတ်ပြန်ထားတဲ့ သတင်းမီဒီယာတွေနဲ့ ပတ်သတ်တဲ့ ကြေညာချက်အပေါ် ခွန်းဘီထူး ကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ က မေးမြန်းထားပါတယ်။