• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ် တပ်စွဲထားသော ကျိုက်မရော ကော့သပ်ရွာ၌ အိမ်များ ဖောက်ထွင်းခံနေရ

by မိအိသဉ္ဇာမြင့်
20 April 2024
in Crime, Ethnic Issues, သတင်း
A A
စစ်တပ် တပ်စွဲထားသော ကျိုက်မရော ကော့သပ်ရွာ၌ အိမ်များ ဖောက်ထွင်းခံနေရ

ဧပြီ ၁၁ရက်က လေကြောင်းမှ ဗုံးကြဲခံရသဖြင့် ပျက်စီးသွားသည့် ကော့သပ်ရွာ(လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

576
VIEWS
Share on FacebookShare on Twitter

စစ်တပ် အင်အားတရာနီးပါး တပ်စွဲထားသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့သပ်ရွာတွင် ဒေသခံများမှာ လုံခြုံမှု မရှိဘဲ နေအိမ်များ ဖောက်ထွင်း ခိုးယူခံနေရကြောင်း သိရသည်။

အဆိုပါ ရွာနှင့် ၈မိုင်ခန့်ဝေးသည့် စစ်ရေးအချက်အချာကျသော ကော့ဘိန်းရဲစခန်းကို ကရင်နှင့် မွန်ပူးပေါင်းတပ်များက သိမ်းလိုက်ပြီးနောက် ကော့သပ်ရွာကို စစ်ကောင်စီက ဗုံးကြဲပြီး ဧပြီ ၁၂ရက်က တပ်မ ၂၂ လက်အောက်ခံ အမှတ် ၂၁၀ ခြေမြန်တပ်ရင်းနှင့် ကျိုက်မရောအခြေစိုက် အမှတ် ၂၀၈ ခြေမြန်တပ်ရင်းတို့က ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။

RelatedPosts

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

မြန်မာဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆို (ရုပ်သံ)

18 July 2025
1
KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

KIA ထိန်းချုပ် နယ်မြေတချို့ကို စစ်တပ်က နေရာဝင်ယူ (ရုပ်/သံ)

18 July 2025
20
အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
1.8k

ထိုသို့ စစ်တပ် တပ်စွဲထားသဖြင့် လူဦးရေ ၃၀၀၀ကျော်ရှိသည့် ကော့သပ်ရွာသားအများစုမှာ ဘားအံ၊ မော်လမြိုင်မြို့ ကြီး များအပြင် ကျိုက်မရောမြို့နှင့် ကျုံစိန်၊ ခရုံရွာများသို့ တိမ်းရှောင်ကြရပြီး တချို့အိမ်စောင့်အနည်းငယ်သာချန်ထားခဲ့သည်။

ယခင်အခြေအနေ၌ ရွာတွင် ဖောက်ထွင်းမှုများ ဖြစ်နေပြီး ထိုလုပ်ရပ်များကို တပ်စွဲထားသည့် စစ်တပ်က လုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ယုံကြည်နေသည်။

ကော့သပ်ဒေသခံတဦးက “ရွာမှာက ယိုးဒယားဘီးတွေပဲစီးကြတာ။ ကာလပေါက်ဈေးဆို သိန်းငါးဆယ် လောက်ရှိတယ်။ အဲဒါတွေကို ဝင်ခိုးပြီး ဘာဘူကုန်းရွာမှာ သွားရောင်းကြတယ်။ကျမတို့ လက်ရှိ သိရသလောက်ဆို ၆ စီး လောက်ရှိပြီ။ လိုင်စင်မပါတော့ သူခိုးဈေးပဲ ပေးတာပေါ့။ အရပ်ဝတ်တွေနဲ့ပဲ သွားရောင်းကြတာ” ဟု ပြောသည်။

ကော့သပ် ကျေးရွာနှင့် ၆မိုင်ခွဲကျော်ကွာဝေးသော ဘာဘူကုန်းကျေးရွာ၌ ကျပ်ငွေ ၈သိန်းခန့်ဖြင့် သွားရောက်ရောင်း ချခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယခုအခါ ဆိုင်ကယ်များသာမက ဆိုလာပြားများ၊ မီးစက်များ၊ စတီးသံပန်းများပါမကျန် ခိုးယူသွားကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက”သူတို့က ရောင်းလို့ရတာ အကုန်ယူတာ၊ ကျမတို့အိမ်ကဆို စတီးပန်းကန်တွေပါ ပါသွားတာ။ စတီးတွေက အစစ်တွေဆိုတော့ နင့်နေတာပဲလေ ပြန်ရောင်းရင် မနည်းရတယ်။ ဟိုးအဘိုးအဘွားတွေလက်ထက်တုန်းကတည်းက ပန်းကန်တွေလေ။ ပိဿာနဲ့ ပြန်ရောင်းစားမလို့နဲ့ တူတယ်”ဟု ပြောသည်။

စစ်ရှောင်အချို့ကို တွေ့ရစဉ်/BoboWin Emergency Rescue Service

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကော့သပ်ရွာဘုန်းကြီးကျောင်းတွင် နေရာယူထားကြောင်း ဒေသခံများထံမှ သိရသည်။

ကော့သပ်ရွာသည် ပြီးခဲ့သည့် မတ်လ ၂၅ ရက်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မွန်ပူးပေါင်း တပ်ဖွဲ့များ သိမ်းပိုက်ထားသော ကော့ဘိန်းကျေးရွာနှင့် ရှစ်မိုင်ခန့် ဝေးပြီး စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့သော ဓမ္မသရွာနှင့် ၄မိုင်အကွာတွင် တည်ရှိသည်။

ကော့ဘိန်းရဲစခန်း အသိမ်းခံရပြီးနောက် စစ်ကောင်စီက ကော့ဘိန်းကျေးရွာအနီးရှိ ခရုံဂူ၊ တရနာ၊ သံကလောင်၊ ကျွန်းကုန်း၊ အလှပ်ကုန်း၊ ကော့ပနော့၊ ဓမ္မသ၊ ကော့မိတ်နှင့် ကော့သပ်ကျေးရွာများတွင် လှည့်လည်စစ်ကြောင်းထိုးပြီး အချို့ရွာများတွင်မူ အထိုင်ချ တပ်စွဲထားကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက”တရနာမှာကတော့ အထိုင်ချထားတာ။ ကော့သပ်မှာကတော့ အရင်က ဝင်လိုက်ထွက်လိုက်ပဲ။ ၁၀ရက်နေ့ တုန်းက လေယာဉ်နဲ့လာကြဲပြီးတော့မှ ဝင်ထိုင်နေတာ။အရင်ကတော့ ရှောင်လိုက် ငြိမ်ရင် ရွာထဲ ပြန်ဝင်လိုက်ပဲ။ အခုတော့ သင်္ကြန်ကာလကြီး တခြားရွာတွေကို ပစ္စည်းတွေနဲ့ ရွှေ့ကုန်ကြပြီ။ မပြောင်းတဲ့သူတွေတောင် သူတို့ပစ္စည်းတွေကို တခြားရွာတွေကို ရွှေ့ထားနေကြပြီ”ဟု ပြောသည်။

ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲကြောင့် ကော့ဘိန်းရွာ အပါအဝင် ခရုံဂူ၊ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်၊ ဓမ္မသ၊ အလှပ်ကုန်း၊ ကော့မိတ်၊ အံကစင်စသည့် ရွာများမှ ဒေသခံတသောင်းကျော်မှာ လက်ရှိအချိန်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီထံမှ သိရသည်။

You may also like these stories:

အရှေ့တောင်တိုင်း စစ်ဌာနချုပ် အတိုက်ခံရပြီးနောက် မော်လမြိုင်၌ ပိုမိုစစ်ဆေးလာ

စစ်သင်္ဘောမှ ပစ်ခတ်၍ ကျိုက်မရောမြို့နယ် ဓမ္မသရွာမှ အိမ် ၃၀၀ ကျော် မီးလောင်

ကော့ဘိန်းရဲစခန်း သိမ်းနိုင်ခြင်းက စစ်ရေးအချက်အချာကျဟု ဆို

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: ကော့သပ်ရွာစစ်ကောင်စီဆိုင်ကယ်တပ်စွဲနေအိမ်ဖောက်ထွင်း
မိအိသဉ္ဇာမြင့်

မိအိသဉ္ဇာမြင့်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြဝတီ အမှတ် ၂ တံတားမှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ အမှတ် ၂ တံတားမှာ တိုက်ပွဲပြင်းထန်နေ

သူခိုးက လူပြန်ဟစ်တာ

သူခိုးက လူပြန်ဟစ်တာ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate