• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

by စောလွင်
22 April 2024
in သတင်း
A A
ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

၂၀၂၃ ခု ဒီဇင်ဘာ ၁ရက်ကစ၍ ကော့ကရိတ်ရှိ စစ်တပ်နေရာများကို တော်လှန်ရေးတပ်များက တိုက်ခိုက်ကာ တိုက်ပွဲ စတင်ခဲ့သည်။

6.6k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင်းမှ တော်လှန်ရေးတပ်များ ယမန်နေ့က ဆုတ်ခွာသွားပြီးနောက် စစ်တပ်က ပြန်လည် ဝင်ရောက် နေရာယူကာ ဒေသခံများ ပြန်လာရန် ခေါ်နေသည်။

စစ်တပ်က သူတို့၏ တပ်ရင်းများတွင် ပြန်လည်နေရာယူထားသလို မြို့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်း၊ ရပ်ကွက် ၇ တံတားဦး၊ အမှတ် ၄ ရပ်ကွက်၊ သတိပဌာန်ကျောင်းသစ်နှင့် အထက်ရွာ ဝါးတောဘက်၊ ကြာအင်းကုန်းကွက်သစ်ဘက်၊ အမှတ် ၂ ရပ်ကွက်၊ ဝင်းကြီးမြို့တော်ဦး ၊ အမှတ် ၁ ရပ်ကွက်၊ ချောင်းတောင်ဘက်များတွင် နယ်မြေရှင်းလင်းနိုင်ပြီဖြစ်၍ ပြည်သူများ ပြန်ဝင်နေကြရန် စစ်တပ်က ဝါဒဖြန့်မှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

RelatedPosts

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
61
တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
1.1k
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
108

ကော့ကရိတ်မြို့ အမှတ် ၁ ရပ်ကွက်မှ စစ်ရှောင်အမျိုးသားတဦးက “သူတို့ကို မယုံဘူး ဘယ်သူမှလည်း ပြန်ဝင်ရဲကြမှာ မဟုတ်ဘူး ကျွန်တော်တို့က ပြန်ဝင်လည်း နေစရာအိမ် မရှိတော့ဘူး” ဟု ပြောသည်။

တော်လှန်ရေးတပ်များ ကော့ကရိတ်မြို့တွင်းမှ ဆုတ်ခွာလာရသည့် အကြောင်းမှာ မြဝတီသို့ ထိုးစစ်ဆင်ရန် စစ်ကူလာသည့် စစ်တပ်နှင့် ထိတွေ့တိုက်ပွဲများအတွင်း ကျဆုံးမှု၊ ဒဏ်ရာရမှုများနှင့် မူးဝေကာ အဆိပ်ငွေ့မိသည့် လက္ခဏာများ ဖြစ်ပေါ်နေသောကြောင့် နေရာယူ စိုးမိုးထားသော မြို့တွင်းနေရာများမှ ယမန်နေ့တွင် ခေတ္တဆုတ်ခွာပေးခဲ့ ရသည်ဟု ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတဦးကပြောသည်။

၎င်းက “အဆိပ်ငွေ့ဟုတ်လား မဟုတ်လားတော့ မသိဘူး။ လက်ရှိကြုံတွေ့ရတာကတော့ ရန်သူလက်နက်ကြီးနဲ့ လေယာဉ် ဗုံးတွေကျတဲ့ အနီးဝန်းကျင်မှာရှိတဲ့ ရဲဘော်တွေက မူးမေ့ပြီး သတိလစ်တာတွေ ဖြစ်တယ်။ သူတို့ကို သတိ လည်အောင် မနည်း လုပ်ယူရတယ်” ဟု ပြောသည်။

ထိုအငွေ့များကြောင့် မူးမေ့သွားသည့်ရဲဘော်များ သတိပြန်ရချိန်၌ ပုံမှန်ပကတိ ပြန်မဖြစ်ကြသည့်အပြင် အင်အား ယုတ်လျော့မှုများ ဖြစ်နေကြသည်ဟုလည်း ၎င်းက ဆိုသည်။

ဒေါနတောင်ခြေတိုက်ပွဲ၌ သိမ်းပိုက်ရရှိသော သံချပ်ကာယာဉ်အပါအဝင် စစ်သုံးယာဉ်နှင့် လက်နက်၊ခဲယမ်း ပစ္စည်းများ/Cobra Column တပ်ခွဲ-၄

ယမန်နေ့ ဒေါနတောင်ခြေ တိုက်ပွဲတွင်မူ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများပြီး သံချပ်ကာကား တစီး၊ စစ်သုံးယာဉ် ၂ စီးနှင့် လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်များက သိမ်းဆည်းရမိခဲ့သည်။

မြဝတီတွင် ပိတ်မိနေသည့် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ကူမည့် တပ်များသည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှ အဓိကသွားနေခြင်းဖြစ်ပြီး လမ်းဟောင်းအပါအဝင် အခြားတောလမ်းများ ၄ ခုခန့်တွင်စစ်ကြောင်းများခွဲ၍ တက်နေ သည်ဟုလည်း ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

ပူးပေါင်းစစ်ကြောင်းမှ တာဝန်ရှိသူတဦးက “ဒီအာရှလမ်းရော၊ လမ်းဟောင်းရော ၊ ဘက်ပေါင်းစုံကနေ ဝင်တိုးနေတာပေါ့ နော်။ အင်အားအကုန်လုံးဆို ထောင်ဂဏန်းထိရှိမယ်။ တော်တော်များများ ရှိနိုင်တယ်” ဟု ပြောသည်။

မြဝတီမြို့နယ်ရှိ သင်္ဃန်းညီနောင်ဗျူဟာနှင့် တပ်ရင်းများကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီး မြဝတီမှ ခလရ ၂၇၅ တပ်ကို ဧပြီ ၁၁ရက် ၌ ထပ်မံဆုံးရှုံးလိုက်ရသော စစ်ကောင်စီသည် မြဝတီသို့ စစ်ကူပို့ရန် အင်အားအလုံးအရင်း အသုံးပြု၍ ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU )တပ်မဟာ၆ ဗျူဟာမှူး ဗိုလ်မှူးကြီးစောနယ်ဒါးထူးက “အခြေအနေကတော့ အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မနီးမဝေးမှာဘဲ နှစ်ဖက်ဆိုင်ထားတဲ့ အနေအထားပေါ့” ဟုပြောသည်။

ဒေါနတောင်ခြေတိုက်ပွဲ၌ သိမ်းပိုက်ရရှိသော သံချပ်ကာယာဉ်အပါအဝင် စစ်သုံးယာဉ်နှင့် လက်နက်၊ခဲယမ်း ပစ္စည်းများ/Cobra Column တပ်ခွဲ-၄

ကျုံဒိုးနှင့် ကော့ကရိတ်တို့၌ ထိတွေ့တိုက်ပွဲများ ဧပြီ ဒုတိယအပတ်မှစ၍ မကြာခဏ ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက်ကျဆုံးမှု များ လည်းရှိနေသည်။ယခုရက်ပိုင်း ဧပြီ ၁၉ ရက်မှ ၂၁ ရက်ထိ ကော့ကရိတ်မြို့၌ ဖြစ်ပွားခဲ့သော ၃ရက်တာ တိုက်ပွဲအတွင်း ရဲဘော် ၄ ဦးကျဆုံးခဲ့ရသည်ဟု ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁) က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် “အောင်ဇေယျ” အမည်ဖြင့် စစ်ဆင်ရေးကြီး ဖော်ဆောင်၍ မြဝတီသို့ ထိုးစစ်ဆင်နေရာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နှင့် ပြည်သူကာကွယ်ရေး (PDF) ပူးပေါင်းတပ်များ က ရှေ့ဆက်မတိုးနိုင်အောင် ဖြတ်တောက်ထားနိုင်ပြီး ဧပြီလ ၂၁ ရက်တွင် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦး နှင့် ဗိုလ်လေး ၁ ဦး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး သံချပ်ကာယာဉ် ၁ စီး၊ စက်သေနပ်တပ်ဆင်ထားသော စစ်သုံးယာဉ် ၂ စီး၊ ပွိုင့်ဖွိုက် ၁ လက်အပါအဝင် လက်နက်ငယ် ၁၁ လက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်း ရမိခဲ့ကြောင်း KNU က ယနေ့ ထုတ်ပြန်သည်။

ဒေါနတောင်ခြေတိုက်ပွဲ၌ သိမ်းပိုက်ရရှိသော သံချပ်ကာယာဉ်အပါအဝင် စစ်သုံးယာဉ်နှင့် လက်နက်၊ခဲယမ်း ပစ္စည်းများ/Cobra Column တပ်ခွဲ-၄

စစ်တပ်အသိုင်းအဝန်းမှ သိရသည့် သတင်းများအရ ဒုတပ်ရင်းမှူး အဆင့်ရှိသည့် ဗိုလ်မှူးတဦးလည်း သေဆုံးကြောင်း သိရသည်။

ထို့ပြင် KNLA နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးထားသလို သံချပ်ကာ ယာဉ် အပါအဝင် စစ်သုံးကားတချို့ကို ဖျက်ဆီးထားနိုင်ပြီး ဧပြီလ ၂၀ ရက်နေ့တွင်လည်း မြဝတီ ထိုင်း−မြန်မာချစ်ကြည်ရေး တံတား အမှတ် ၂ အောက်သို့ ထွက်ပြေးတိမ်းရှောင် ခိုအောင်းနေသော ခလရ-၂၇၅ မှစစ်ကောင်စီတပ်များအား KNLA ဦးဆောင်ပြီးPDFနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃၀ ဦးအထက် သေဆုံးခဲ့ပြီး တပ်မ ၄၄ မှူး ဗိုလ်မှူးကြီး စိုးမင်းထက်အပါအဝင် ၃၀ ဦး နှင့်အထက် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

You may also like these stories:

ကော့ကရိတ်ထိုးစစ်နှင့် နေရပ်မပြန်နိုင်သေးသော စစ်ရှောင်များ

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း

မြဝတီ တက်လာသည့် စစ်ကူယာဉ်တန်း KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: KNLAKNUPDFကော့ကရိတ်မြို့တွင်းသံချပ်ကာသေဆုံး
စောလွင်

စောလွင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
မြဝတီက လဝက ရုံးလုပ်ငန်းတွေရပ်ဆိုင်း (ရုပ်/သံ)

မြဝတီက လဝက ရုံးလုပ်ငန်းတွေရပ်ဆိုင်း (ရုပ်/သံ)

ပြေးလျှင်ပြေး၊ မပြေးလျှင် အိမ်ထောင်ပြု

ပြေးလျှင်ပြေး၊ မပြေးလျှင် အိမ်ထောင်ပြု

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate