ယနေ့သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်သည်။ ယခင်ကတည်းက သတင်းလွတ်လပ်ခွင့် အားနည်းခဲ့သည့် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာထပ်သိမ်းလိုက်သည့်နောက် ကမ္ဘာ့ သတင်းလွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံထဲကိုပါရောက်ရှိသွားခဲ့ရသည်။
အာဏာသိမ်းစစ်ကောင်စီသည် လွတ်လပ်သည့် သတင်းဌာနများအား စီးနင်းဖျက်ဆီးခဲ့သည်။ သတင်းထောက်များ ကိုလည်း ဖမ်းဆီး သတ်ဖြတ်ခြင်း မတရားပုဒ်မများတပ်၍ ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းသို့ ဖိနှိပ်မှုများ ပြုလုပ်ခဲ့သော်လည်း ဧရာဝတီအပါအဝင် လွတ်လပ်သည့် သတင်းဌာနများနှင့် သတင်းထောက်များသည် လွတ်မြောက်ဒေသများသို့ ရွှေ့ပြောင်း၍ မြန်မာနိုင်ငံထဲမှ အခြေအနေများကို ဖော်ထုတ်တင်ပြခဲ့ကြသည်။ တချို့သတင်းထောက်များသည် စစ်ကောင်စီ စောင့်ကြည့်နေသည့် အောက်တွင်ပင် စွန့်စွန့်စားစား သတင်း ယူနေကြဆဲဖြစ်သည်။
ထိုအခြေအနေများနှင့် ပတ်သက်၍ ဧရာဝတီ အင်္ဂလိပ်ပိုင်း အကြီးတန်း အယ်ဒီတာ ကျော်စွာမိုးနှင့် မြန်မာပိုင်း အယ်ဒီတာ ကျော်ခ တို့က ဆွေးနွေးထားသည်။