• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

နယ်စပ်ဖြတ်ကျော်ခွင့် UID ကတ် အမြန်ကြေး ငွေ ၁သိန်းပေး၍ လုပ်နေရ

by မိအိသဉ္ဇာမြင့်
3 May 2024
in သတင်း
A A
နယ်စပ်ဖြတ်ကျော်ခွင့် UID ကတ် အမြန်ကြေး ငွေ ၁သိန်းပေး၍ လုပ်နေရ

မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေးရုံးတွင် UID ကတ်လုပ်ရန် တန်းစီစောင့်ဆိုင်းနေသူများ ဓာတ်ပုံ- KIC

505
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက မေလ ၁ရက်မှစ၍ စမတ်ကတ်ဟုခေါ်သည့် UID ကတ်ရှိမှ နယ်စပ်ဖြတ်ခွင့် ပြုသဖြင့် မြဝတီ၊ တာချီလိတ်၊ ကော့သောင်း စသည့် နယ်စပ်မြို့များတွင် ပြုလုပ်သူများပြားနေသဖြင့် ပွဲစားများအား ကျပ် ၁သိန်း အမြန်ကြေး ပေးကာ လုပ်နေရကြောင်း သိရသည်။

ဒေသခံတဦးက “ဈေးကတော့ အစားစားပဲ။ ကိုယ်ရွေးတဲ့ ပွဲစားအပေါ် မူတည်တာပေါ့။ စမတ်ကတ် လုပ်တဲ့သူတွေက တအားများတော့ ဖောင်စာရွက်ရဖို့ စောင့်ရတာက တော်တော်ကြာတယ်။ ကျနော်တို့ကတော့ အမြန်လိုချင်လို့ ပွဲစားနဲ့ လုပ်လိုက်တာ။ ဖောင်စာရွက်လည်း သူပဲယူထားပေးတယ်။ကျနော်တို့က တန်းစီစောင့်စရာ မလိုဘူး။ သူဖုန်းဆက်တဲ့အချိန် ကျနော်တို့က သွားပြီး ရုံးဝင်ပြီးတော့ အချက်အလက် ဖြည့်ရတယ်။ အထဲမှာတော့ ပိုက်ဆံထပ် မပေးရဘူး” ဟု ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
352
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
272

ယမန်နေ့က မြဝတီမြို့ လူဝင်မှု ကြီးကြပ်ရေးရုံးတွင် မဲဆောက်မြို့သို့ သွားရန် UID ကတ် လျှောက်ထားသူ ၅၀၀ခန့် ရှိပြီး ယနေ့တွင်လည်း လျှောက်ထားသူ ရာနှင့်ချီရှိကြောင်း ဒေသခံများက ပြောသည်။

“မြဝတီမှာက ဘယ်ဒေသက လာ လာ မှတ်ပုံတင်အစစ်ဆိုရင် စမတ်ကတ် လုပ်ပေးတာဆိုတော့ လူက တအားများတယ်။ မဲဆောက်ထဲ တံတားကတ်နဲ့ နေ နေကြတဲ့ စစ်ရှောင်တွေရော၊ ရွှေ့ပြောင်းအလုပ်သမားတွေရော၊ မြဝတီဒေသခံတွေရော လုပ်ကြတာဆိုတော့ လူက တိုးလို့တောင် မပေါက်ဘူး”ဟု ပြောသည်။

Unique Identification Number-UID ခေါ် စမတ်ကတ်မှာ အသက် ၁၀ နှစ် အထက်ရှိသူများအား အီလက်ထရောနစ် စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များနှင့် မျက်လုံး၊ လက်ဗွေ အစရှိသည့် ဇီဝဆိုင်ရာ အချက်အလက်များကို တဦးချင်း အလိုက် ကောက်ယူ မှတ်တမ်းတင်ထားသော ဂဏန်း ၁၀လုံးပါ လက်မှတ်ဖြစ်ပြီး နယ်စပ်ဖြတ်သန်းသွားလာခြင်းအပြင်၊ ပြည်တွင်း ခရီးသွားခြင်း၊ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) လုပ်ဆောင်ခြင်းတို့တွင်လည်း UID လက်မှတ်ပါ ရ မည်ဖြစ်ကြောင်း စစ်ကောင်စီက မတ်လအတွင်း ထုတ်ပြန်ခဲ့သည်။

အလားတူ တာချီလိတ်မြို့တွင်လည်း စစ်ကောင်စီက ကန့်သတ်မှုများ ပြုလုပ်ပြီးနောက်ပိုင်း စမတ်ကတ် လျှောက်ထားသူ များပြားနေပြီး အမြန်ရလိုသူများအနေဖြင့် ထိုင်းဘတ်ငွေ-၅၀၀မှ ၇၀၀ပေးပြီး ပွဲစားများနှင့် ချိတ်ဆက် လုပ်ဆောင်ကြ ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီကောက်ယူနေသည့် UID ကတ် နမူနာပုံစံ/MIP

တာချီလိတ်ဒေသခံတဦးက “ပွဲစားနဲ့လုပ်ရင်အလှည့်ကျော်ပြီး လုပ်ပေးကြတယ်။ တနေကုန် လာစောင့်ပြီး လုပ်တဲ့သူတွေက အလှည့်ကျော်ခံရပြီး အနောက်မှာ ကျန်ခဲ့တယ်။ ပွဲစားနဲ့ လုပ်မယ်ဆိုရင် ဘတ် ၅၀၀ တန် ရှိတယ်၊ ၇၀၀ တန် ရှိတယ်။ ဘယ်ဟာလုပ်မလဲလို့ မေးတယ်။ ဘတ် ၇၀၀ တန်ကတော့ တနာရီ အတွင်းရမယ်၊ ပိုမြန်တယ်လို့ ပြောတယ်” ဟု ပြော သည်။

ယင်းသို့ စစ်ကောင်စီက UID ကတ်ဖြင့်သာ နယ်စပ်ဖြတ်ကျော်ခွင့်ပေးမည်ဟု အမိန့် ထုတ်လိုက်ခြင်းက လူဝင်မှုကြီးကြပ် ရေး ဌာန ဝန်ထမ်းများအား လာဘ်စားခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ပြည်သူများက ဝေဖန်နေကြသည်။

ကော့သောင်းမြို့နယ် လဝကရုံးတွင် UID ကတ် လျှောက်ထားသူ၏ မှတ်ပုံတင်မှ အချက်အလက်များကို ၎င်းတို့ ကွန်ပြူတာ ထဲရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး အမည်၊ မိဘအမည်နှင့် မွေးသက္ကရာဇ်များ လွဲမှားမှုရှိပါက ပွဲစားခအပြင် မှားယွင်းသောအချက်အလက်များ ပြင်ဆင်ရန်အတွက် လဝက ဝန်ထမ်းများကိုပါ ပိုက်ဆံပေးရကြောင်း ဒေသခံများက ပြောသည်။

ကော့သောင်း ဒေသခံတဦးက “နယ်ကျော်ပြီး လုပ်တဲ့သူတွေဆို တသိန်းလောက် တောင်းတယ်။ ကော့သောင်းမြို့ခံဆို ငါးသောင်းပေးရတယ်၊ မနေ့က ကျမလိုပဲ ပေးလိုက်ရတဲ့သူ သုံးယောက်လောက်ရှိတယ်။ ပွဲစားက တောင်းပေးပြီးတော့ စာအိတ်နဲ့ လဝကမှူးဆီကို လက်မှတ်သွားထိုးရင်း ပေးရတာ။ ပေါ်ပေါ်ထင်ထင်တော့ မဟုတ်ဘူး။ အောက်ခြေဝန်ထမ်းကို လည်း နှစ်သောင်းလောက် လက်ဖက်ရည်ဖိုး ပေးရသေးတယ်” ဟု ပြောသည်။

မေလ ၁ရက်နေ့ထုတ် စစ်ကောင်စီ၏ သတင်းစာများတွင် ယခုလို UID ကတ်ရှိသူများကိုသာ နယ်စပ်ဖြတ်ကျော်ခွင့်ပြုခြင်း က နယ်စပ်ဖြတ်ကျော်သူအရေအတွက်နှင့် တိကျသည့် နယ်စပ်ဖြတ်ကျော်မှုကို စောင့်ကြည့်လေ့လာရန်၊ သက်တမ်း ကုန် ဆုံးသည့် မှတ်ပုံတင်ကိုင်ဆောင်သူနှင့် မှတ်ပုံတင်အတု ကိုင်ဆောင်သူများ၏ လှုပ်ရှားမှုများကို အရေးယူဆောင်ရွက် ရန် နှင့် ယခုအစီအစဉ်သည် ထိုင်းနယ်စပ် ဖြတ်ကျော်မှုအပြင် တရုတ်နှင့် အိန္ဒိယနယ်စပ် ဖြတ်ကျော်သွားလာသူများ အတွက် လည်း အကျုံးဝင်ကြောင်း ရေးသားထားသည်။

စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် နိုင်ငံအတွင်းရှိ လူငယ်များမှာ တရားဝင်နည်းလမ်းဖြင့်သာမက တရားမဝင်နည်းလမ်း(အောက်လမ်း)များဖြင့်ပါ ပြည်ပထွက်ခွာရန် ကြိုးစားနေကြခြင်းဖြစ်သည်။

You may also like these stories:

အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ယာယီရပ်ဆိုင်း

နိုင်ငံကူးလက်မှတ်လုပ်သူ များ၍ မှောင်ခိုဈေးတက်

ပြည်သူကို ပူပင်သောက ပေးနေသည့် စစ်မှုထမ်းဥပဒေ

သေရေးရှင်ရေး စစ်မှုထမ်းဥပဒေကြောင့် မြန်မာမှ ထွက်မပြေးချင်ဘဲ ပြေးရ

လူငယ်မျိုးဆက်ကို နိုင်ငံမှ နှင်ထုတ်နေသည့် စစ်မှုထမ်းဥပဒေ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: UIDနယ်စပ်ဖြတ်ခွင့်ပွဲစားမြဝတီလာဘ်စားလူဝင်မှုကြီးကြပ်ရေးအမြန်ကြေး
မိအိသဉ္ဇာမြင့်

မိအိသဉ္ဇာမြင့်

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.2k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
19.8k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
14.8k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

Next Post
အိန္ဒိယနိုင်ငံထဲကိုဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို လူသားဆန်ဆန်နေထိုင်ခွင့်ပေးဖို့ တိုက်တွန်း(ရုပ်/သံ)

အိန္ဒိယနိုင်ငံထဲကိုဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို လူသားဆန်ဆန်နေထိုင်ခွင့်ပေးဖို့ တိုက်တွန်း(ရုပ်/သံ)

အင်ဖာထောင်မှ မြန်မာ ၃၈ဦး အိန္ဒိယ ပြန်လွှဲ

အင်ဖာထောင်မှ မြန်မာ ၃၈ဦး အိန္ဒိယ ပြန်လွှဲ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.3k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate