အာဏာသိမ်းပြီးတဲ့နောက် တတိုင်းပြည်လုံးက စစ်မျက်နှာတွေမှာ အရှုံးတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတဲ့ စစ်ကောင်စီတပ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် ရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။
လက်နက်နဲ့ စစ်သည်အင်အား တောင့်တင်းတဲ့ စစ်တပ်ဟာ အာဏာသိမ်းပြီး ၃ နှစ်အကြာမှာတော့ ပြည်နယ်နဲ့ တိုင်းတွေမှာ မြို့တွေ၊ မဟာဗျူဟာကျတဲ့ လမ်းတွေ၊ စစ်ရေးအရ စိုးမိုးကုန်းတွေ၊ တပ်စခန်းတွေနဲ့ စစ်သည်အင်အား ဆုံးရှုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေရတာဖြစ်ပါတယ်။
ဧရာဝတီမှာ မေ ၇ ရက်နေ့က ဖော်ပြခဲ့တဲ့ ပါမောက္ခ ဒေါက်တာ မီမီဝင်းဘတ် ရဲ့ “စစ်တပ်က စစ်ပန်းနေပြီ” ရုပ်/သံ အင်တာဗျူးထဲက ကောက်နုတ်ချက်ကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။