• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘူးသီးတောင်တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထွက်ပြေးရ

by ဧရာဝတီ
21 May 2024
in သတင်း
A A
ဘူးသီးတောင်တိုက်ပွဲကြောင့် ရိုဟင်ဂျာများ ထွက်ပြေးရ

၂၀၂၄ ခုနှစ် မတ်လ ၁၉ ရက် ဘူးသီးတောင်တွင် ဆန့်ကျင်ရေး မွတ်ဆလင်များ ဆန္ဒပြခဲ့စဉ်

1.2k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် အာရက္ခတပ်တော် (AA) က ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဘူးသီးတောင်မြို့ကို သိမ်းပိုက်လိုက်သည်ဟု စနေနေ့က ကြေညာပြီး စစ်ကောင်စီအပေါ် အောင်ပွဲ အများအပြားအနက် နောက်ဆုံးအောင်ပွဲ ဖြစ်လာသည်။

၂၀၁၇ ခုနှစ်တွင် စစ်အုပ်စုက ညွှန်ကြားသည့် ကြမ်းဖက်မှုများ၏ ပစ်မှတ်ဖြစ်သော ထိုပြည်နယ်မှ မွတ်စလင် ရိုဟင်ဂျာများသည် ဘူးသီးတောင်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် အဓိက သားကောင် ဖြစ်ခဲ့ပုံရသည်။ ဘူးသီးတောင်တွင် AA သည် စစ်ကောင်စီတပ်များကို မောင်းထုတ်လိုက်ကြောင်း ကြေညာသည်။

RelatedPosts

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

13 June 2025
1.2k
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
82
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
2.2k

ထိုမြို့ကို မီးရှို့ခြင်းနှင့် ပတ်သက်ပြီး ဆန့်ကျင်ဘက်ဖြစ်နေသော ပြောဆိုချက်များရှိနေပြီး ရိုဟင်ဂျာ ဒေသခံများ ထွက်ပြေးရသည်။

ထိုဒေသမှ မိုဘိုင်းဖုန်းနှင့် အင်တာနက်များ ဖြတ်တောက်ထားသောကြောင့် ဆန့်ကျင်ဘက် ဖြစ်နေသော ပြောဆိုချက်များကို သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။

သူ၏အဖွဲ့သည် ထိုမြို့မှ စစ်စခန်းများကို သိမ်းပိုက်ပြီးနောက် ဘူးသီးတောင်ကို သိမ်းပိုက်လိုက်ကြောင်း AA ပြောခွင့်ရသူ ခိုင်သုခက အတိအကျ မသိရသော နေရာမှ ဖုန်းစာတိုဖြင့် AP သတင်းဌာနသို့ ပြောသည်။

AA သည် စစ်အုပ်စုထံမှ ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် လှုပ်ရှားနေသည့် ရခိုင်လူမျိုးစု လှုပ်ရှားမှု၏ ကောင်းစွာလေ့ကျင့် လက်နက်တပ်ဆင်ထားသည် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ ထိုအဖွဲ့သည် တရုတ်နယ်စပ်အနီး နိုင်ငံအရှေ့မြောက်ပိုင်းတွင် သေနင်္ဂဗျူဟာကျသည့် နယ်မြေကို မကြာသေးမီက သိမ်းပိုက်လိုက်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့ဝင်လည်း ဖြစ်သည်။

စစ်တပ်က လူသစ်စုပြီး စစ်သင်တန်းပေးရာတွင် ပါဝင်သော ရိုဟင်ဂျာ မွတ်စလင်များ

ထွက်ပြေးနေသော စစ်ကောင်စီ စစ်သားများနှင့် ၎င်းတို့နှင့်အတူ တိုက်နေသည့် ရိုဟင်ဂျာ မွတ်စလင်များကို လိုက်လံတိုက်ခိုက်နေသောကြောင့် ဘူးသီးတောင်မြို့စွန်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း ထိုအဖွဲ့က စနေနေ့တွင် တယ်လီဂရမ်မှ ကြေညာချက်တွင် ပြောသည်။

AA သည် တိုက်ပွဲမှ ထွက်ပြေးနေသည့် မွတ်စလင် ကျေးရွာသားများကို စောင့်ရှောက်ထားကြောင်း ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။

AA က ရိုဟင်ဂျာ အများစုနေသည့် ထိုမြို့ကို မီးရှို့သည်ဆိုသည့် ရိုဟင်ဂျာ အရေးတက်ကြွ လှုပ်ရှားသူများ၏ လူမှုကွန်ရက် စွပ်စွဲချက်များကို ငြင်းဆန်သည်။

ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံတွင် နေထိုင်နေသည်မှာ မျိုးဆက်ပေါင်းများစွာ ကြာပြီဖြစ်ပြီး ၎င်းတို့သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းလာသူများ ဖြစ်သည်ဟု လူများစုက သတ်မှတ်သည်။ ရိုဟင်ဂျာတို့သည် အာဃာတ အများအပြားကို ရင်ဆိုင်ရပြီး နိုင်ငံသားဖြစ်ခွင့်နှင့် အခြားအခြေခံ အခွင့်အရေးများ ငြင်းပယ်ခံရသည်။

ရိုဟင်ဂျာတို့သည် အဓမ္မပြုကျင့်မှုနှင့် သတ်ဖြတ်မှုများ ပါဝင်သည့် ၂၀၁၇ ခုနှစ်က စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးတွင် ပစ်မှတ်ဖြစ်ပြီး စစ်အုပ်စုက ၎င်းတို့ရွာများကို မီးရှို့သောကြောင့် လူပေါင်း ၇၄၀,၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးကြသည်။

AA ၏ ရခိုင်အမျိုးသားရေး ထောက်ခံသူများသည်လည်း ရိုဟင်ဂျာများကို ဖိနှိပ်သူများတွင် ပါဝင်ကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမဟာမိတ် ပြောင်းလဲသွားပြီး AA အပါအဝင် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သည့် လှုပ်ရှားမှုက ရိုဟင်ဂျာများကို မဟာမိတ်အဖြစ် သတ်မှတ်သည်။

ဘူးသီးတောင် အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ အသင်း (MSF) ရုံးနှင့် ဆေးခန်း မီးရှို့ခံရသည့် မြင်ကွင်း / MSF

စစ်ကောင်စီက နေရပ်စွန့်ခွာ စခန်းများတွင် နေထိုင်သည့် ရိုဟင်ဂျာများကို ဖေဖော်ဝါရီလတွင် စစ်သားစုဆောင်းသောအခါ ရခိုင်ပြည်နယ်တွင် နေထိုင်ဆဲဖြစ်သော ရိုဟင်ဂျာ ၆ သိန်းကျော်နှင့် ဗုဒ္ဓဘာသာ ရခိုင်လူမျိုးစုအကြား တင်းမာမှု မြင့်မားလာသည်။ အတင်းအကျပ်စေခိုင်းမှုနှင့် နိုင်ငံသား ဖြစ်ခွင့်ပေးမည်ဆိုသည့် ကတိကြောင့် ရိုဟင်ဂျာများ စစ်တပ်နှင့် ပူးပေါင်းသည်ဟု ဆိုသည်။

AA က ဘူးသီးတောင်မှ ရိုဟင်ဂျာများ ဘေးလွတ်ရာပြေးရန် စနေနေ့နံနက် ၁၀ နာရီတွင် သတိပေးခဲ့ကြောင်းနှင့် အိမ်များ၊ အစိုးရအဆောက်အအုံများ၊ ဆေးရုံတရုံနှင့် ကျောင်းများတွင် ခိုလှုံနေသည့် ရိုဟင်ဂျာ ၂ သိန်းကျော်သည် အလွန်အန္တရာယ်များသည့် အခြေအနေကို ရင်ဆိုင်နေရကြောင်း ပြည်ပအခြေစိုက် လွတ်လပ်သော ရိုဟင်ဂျာ မဟာမိတ်အဖွဲ့ကို ပူးတွဲတည်ထောင်သူ နေဆန်းလွင်က သောကြာနေ့တွင် AP သတင်းဌာနသို့ အီးမေးလ်ဖြင့် အကြောင်းပြန်သည်။

AA သည် စစ်ဘေးရှောင် ရိုဟင်ဂျာများ ခိုလှုံနေသည့် ကျောင်းတကျောင်းနှင့် ဆေးရုံတရုံကို ပစ်ခတ်ခဲ့ပြီး သေဆုံး ဒဏ်ရာရမှုများရှိကြောင်း ၎င်းက စွပ်စွဲသည်။

စစ်ရှောင် ရိုဟင်ဂျာမွတ်စလင်များအား ကူညီပေးနေသည်ဟု AA က ထုတ်ပြန်သည်

ဘူးသီးတောင်ကို ပြာပုံဖြစ်အောင် မီးရှို့လိုက်ကြောင်း၊ ဒေသခံများ မြို့ပြင်ရှိ စပါးခင်းများသို့ ထွက်ပြေးရကြောင်း တော်လှန်ရေးလှုပ်ရှားမှု၏ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေး ဒုဝန်ကြီး ရိုဟင်ဂျာလူမျိုး ဦးအောင်ကျော်မိုးက သူ၏ Facebook တွင်စနေနေ့က ရေးသားသည်။

ထိုမီးရှို့မှုနှင့် ပတ်သက်၍ သူက ရှင်းလင်းစွာ အပြစ်တင်ခြင်း မရှိသော်လည်း ထွက်ပြေးနေရသူများ အခြေအနေ လွန်စွာဆိုးရွားကြောင်း ပြောသည်။

“ကျယ်ပြန့်ပြီး ဘက်မလိုက်သော စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ရန်လိုပြီး တာဝန်ရှိသူများကို အရေးယူရမည်” ဟု ၎င်းက ရေးသားသည်။ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးသည် လုပ်ချင်ရာ လုပ်ပိုင်ခွင့် မဟုတ်ဘဲ စစ်တွင်လည်း စည်းကမ်းများရှိကြောင်း ရေးသည်။

AA မှ ခိုင်သုခက ၎င်း၏ အဖွဲ့အပေါ် စွပ်စွဲချက်များသည် အခြေအမြစ် မရှိကြောင်း ပြောပြီး အိမ်များ မီးလောင်ခြင်းသည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ကြောင်း ပြောသည်။ ဆုတ်ခွာနေသည့် စစ်တပ်များနှင့် ၎င်းတို့၏ မဟာမိတ် ရိုဟင်ဂျာ အကြမ်းဖက်သမားများနှင့် စစ်တပ်အတွင်း စုဆောင်းခံရသည့် ဒေသခံ ရိုဟင်ဂျာများ ဆုတ်ခွာစဉ် အိမ်များကို မီးရှို့ကြောင်း သူကရေးသည်။

စစ်ကောင်စီသည် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သည့် ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား လက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် ရွာများကို မီးရှို့သည့် ခိုင်မာသော သမိုင်းအထောက်အထားများ ရှိသည်။

ကိုးကား ။ ။ AP သတင်းဌာနမှ Grant Pack ရေးသားသော As ethnic armed group claims to have captured a town in western Myanmar, Muslim Rohingyas flee again

You may also like these stories:

တိုက်ပွဲမဖြစ်ဘဲ ဘူးသီးတောင် မြို့လုံးကျွတ်နီးပါး မီးရှို့ခံရ

စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ

ဘူးသီးတောင်က စခန်းအားလုံး တိုက်ပြီး မြို့ကို AA သိမ်းပိုက် (ရုပ်/သံ)

ရခိုင် “ပုံမှန်အခြေအနေသစ်”

လူမျိုးတုံးသတ်သည့် စစ်တပ်က ရိုဟင်ဂျာများထံမှ အကူအညီလိုချင်

စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ရိုဟင်ဂျာများကို စစ်ကောင်စီ စစ်သားစုဆောင်းနေ

Your Thoughts …
Tags: AAစစ်ကောင်စီစစ်သားစုဆောင်းရေးစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်သုံးဖွဲ့တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဘင်္ဂလားဒေ့ရှ်ဘူးသီးတောင်မီးရှို့ဖျက်ဆီးမှုရခိုင်ပြည်နယ်ရိုဟင်ဂျာလေကြောင်းတိုက်ခိုက်မှုအာရက္ခတပ်တော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.7k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.8k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.9k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.8k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

ဘူးသီးတောင်တိုက်ပွဲနှင့် ရခိုင် လူမျိုးရေးပဋိပက္ခ စစ်တမ်း

အာကာသဆီသို့

အာကာသဆီသို့

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.7k
အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

23 hours ago
4k

Most Read

  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အခွန်ကောက်များလို့ ဝက်လက် ပအဖဂိတ် ဆန္ဒပြခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate