• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြိတ်- ထားဝယ်လမ်းပေါ်ရှိ ပဲဒက်စခန်း စစ်တပ် ပြန်သိမ်း

by မိအိသဉ္ဇာမြင့်
31 May 2024
in သတင်း
A A
မြိတ်- ထားဝယ်လမ်းပေါ်ရှိ ပဲဒက်စခန်း စစ်တပ် ပြန်သိမ်း

တနင်္သာရီတိုင်းအတွင်း လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ/ တိုင်းစစ်ဌာန၊တနင်္သာရီ-PRF

4k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်းမှ တော်လှန်ရေးတပ်များ သိမ်းထားသည့် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်ရှိ ပဲဒက် စခန်းကို မေလ တတိယအပတ်က စစ်ကောင်စီမှ ပြန်လည်သိမ်းပိုက်ပြီး စခန်းချ နယ်မြေရှင်းလင်းရေး လုပ်နေကြောင်း သိရသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်မှ အင်အား ၃၀၀ခန့်ရှိ စစ်ကောင်စီစခန်းကို မေ ၈ရက်က တော်လှန်ရေးတပ်များ သိမ်း ပိုက်ခဲ့ကြောင်း၊ ထိုနောက် စစ်ကောင်စီက နေ့စဉ်လိုလို ရေကြောင်း၊ လေကြောင်းမှ တိုက်ခိုက်သည့်အပြင် မေ ၁၃ရက်၌ မြေပြင်ထိုးစစ်ပါ ဝင်လာသဖြင့် မေလ တတိယပတ်က တော်လှန်ရေးတပ်များ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်။

RelatedPosts

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

23 May 2025
918
ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

ထိုင်း-မြန်မာ နယ်စပ်က စစ်တပ်စခန်းတွေကို တပြိုင်တည်းဝင်တိုက်နေ (ရုပ်/သံ)

23 May 2025
85
ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

ဓမ္မတာလာရက် ခွင့်ပေးဖို့ ထိုင်းအစိုးရထုတ်ပြန်ချက် အလုပ်ရှင်တွေက လိုက်နာမှာလား (ရုပ်/သံ)

23 May 2025
21

ပဲဒက်စခန်းသိမ်းစဉ် ပါဝင်ခဲ့သော တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ဘက်က ကြည်း၊ ရေ၊ လေ သုံးမျိုးလုံးပါတယ်။ ကုန်းကြောင်းထက် ရေကြောင်းကို သုံးပြီး ထိုးစစ်ဆင်တယ်။ ကမ်းတက်တိုက်ပွဲပေါ့။ ကျနော်တို့လည်း ဝင်ပေါက်တွေ အကုန်စုံအောင်ကာတယ်။ ၃ရက်၊ ၄ရက်လောက်ကို သူတို့ကမ်းမှာ ခြေချခွင့်မရသေးဘူး။ ကြာလာတဲ့အခါ ကျနော်တို့မှာ လက်နက်ခဲယမ်း အားနည်းတဲ့အပိုင်းတွေ ဖြစ်လာတယ်ပေါ့”ဟု ပြောသည်။

ယင်းစခန်းသည် ကော့သောင်း- မြိတ်- ပုလော- သရက်ချောင်း- ထားဝယ်မြို့များအတွက် ကုန်သွယ်ရေးသာမက လက်နက် ခဲယမ်းနှင့် စစ်ကူပေးပို့နိုင်သည့် ကုန်းလမ်းအပြင် ပင်လယ်ထွက်ပေါက်လည်း ရှိ၍ စစ်ရေး အချက်အချာကျသော စခန်းဖြစ် ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “စခန်းက အချက်အချာကျတဲ့ နေရာမှာရှိတယ်၊ အမှတ် ၈လမ်းမကြီး ဆိုတာက တနင်္သာရီ တိုင်းရဲ့ တခုတည်းသော အဓိကလမ်းမကြီးပါ။ ကော့သောင်း၊ တနင်္သာရီထဲက မြိတ်၊ ပုလော၊ ထားဝယ် မြို့ တော်တော် များ များကနေ မွန်တို့၊ ရန်ကုန်တို့ သွားမယ်ဆိုရင် ဒီစခန်းကို ဖြတ်ရတယ်။ ဒီစခန်းမရှိရင် စစ်တပ်က စစ်ကူလမ်းကြောင်း ခက် သွားတဲ့ အနေအထား ဖြစ်သွားမှာ” ဟု ပြောသည်။

ပဲဒက်စခန်း အသိမ်းခံရပြီးနောက် စစ်ကောင်စီက ထားဝယ်မှ စစ်သင်္ဘော ၂စင်း စစ်ကူလွှတ်သလို၊ သရက်ချောင်းမြို့နယ်ရှိ ခြေမြန်တပ်ရင်း ခမရ ၄၀၃၊ ၄၀၄ တပ်ရင်းများနှင့် ပဲဒက်တပ်စခန်းမှ ၁၅မိုင်ကျော် ဝေးသော ပုလောမြို့နယ် ပလောက်မြို့ရှိ ခြေလျင်တပ်ရင်း ခလရ ၂၈၀ တို့မှလည်း စစ်ကူများ စေလွှတ်ခဲ့ကြောင်း၊ အင်အားအတိအကျ ကိုမူ ခန့်မှန်း၍ မရကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ပဲဒက်စခန်းနှင့် ၂၆မိုင် အကွာ ပုလောမြို့နယ် ထမင်းမစားရွာမှ အင်အား၇၀ ကျော်ရှိ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များက မေလ ၂ရက်မှ မေလ ၁၂ရက်အထိ ထိုးစစ်ဆင်ခဲ့ကြောင်း သိရသည်။

ပဲဒက်တပ်စခန်းပြန်ရရန် စစ်တပ်မှ စစ်ကြောင်းထိုးဝင်လာသောနေရာများနှင့် ပဲဒပ်စခန်းနေရာပြမြေပုံ

အဆိုပါ ထမင်းမစားရွာနှင့် ပဲဒက်စခန်းကြား ပလောက်မြို့နယ်တည်ရှိပြီး ပဲဒက်စခန်းအပြင် ထမင်းမစားရွာ တပ်စခန်းကိုပါ သိမ်းပိုက်ခံရပါက ပလောက်မြို့မှာ တော်လှန်ရေးတပ်များ၏ ဝိုင်းရံပိတ်ဆို့ခံရနိုင်သဖြင့် စစ်ကောင်စီက ပဲဒက်စခန်းပြန်ရရန် အင်အားသုံး စစ်ဆင်လာခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း သတင်းနှင့် ပြန်ကြားရေးဌာနရဲ့ တာဝန်ခံ ရဲဘော် အာနိုးက ပြောသည်။

၎င်းက “သူတို့က ပဲဒက်ကိုရော ထမင်းမစားကိုပါ လက်လွှတ်ရမယ်ဆိုရင် ပလောက်မြို့ကို နှစ်ဖက် ညှပ်သလိုဖြစ်သွားမှာ။ ဒါကြောင့် ညှပ်မခံရအောင် အသည်းအသန် ပဲဒက်ကိုရအောင်ပြန်ယူတာ”ဟု ပြောသည်။

ပဲဒက်စခန်းသိမ်းရန် မြေပြင်စစ်ကြောင်းမဝင်မီ သရက်ချောင်းမြို့နယ် ရွာများကို ထားဝယ်မြစ်မှ စစ်သင်္ဘော ၂စင်းက နေ့စဉ် နီးပါး ပစ်ခတ်နေသလို လေကြောင်းမှလည်း ပစ်ခတ်ကြောင်း၊ ထို့အတွက် သရက်ချောင်းကျေးရွာမှ အိမ်များ မီးလောင် ပျက်စီးကာ ကနက်သီရိကျေးရွာမှ ပြည်သူ ၆ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကနက်သီရိဒေသခံတဦးက “သူတို့က ရွာတွေမှာ PDFတွေရှိတယ်အထင်နဲ့ ပစ်ကြတာ။ စခန်းသိမ်းခံရပြီးတော့ ကျနော် တို့ရွာတွေ စစ်ကြောင်းထိုးခံရတယ်။ လေယာဉ်နဲ့ ပစ်ခံရလို့ မီးတွေလည်းလောင်ကုန်တော့ အခု စစ်ရှောင်နေရတာပေါ့။ မိုးတွင်းကြီးဆိုတော့ ဒုက္ခရောက်ပေမယ့်လည်း စစ်ကောင်စီစစ်ကြောင်းတွေရှိနေတော့ မပြန်ရဲကြသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီက ပဲဒက်စခန်း ပြန်သိမ်းပြီးနောက် အောက်ဘက်ခြမ်းရှိ ကျောက်ဆည်၊ ပအော့၊ အင်းမ၊ ဆင်ထိုးငယ်၊ ညောင် ရှင်ကုန်း၊ ကျောက်တောင် စသည့်ရွာများသို့ ဆက်လက်စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း သိရ သည်။

၂၀၂၃ ခုနှစ်အတွင်းက အမှတ် ၈ လမ်းမကြီးပေါ် လုံခြုံရေးယူနေသော KNLA/PDF ပူးပေါင်းစစ်ကြောင်း/MOD

တိုက်ပွဲများကြောင့် ပဲဒက်၊ ကျောက်ဆည်၊ ပိတောက်ကြီး၊ အောက်သရက်ချောင်း၊ တံခွန်တိုင်၊ ကနက်သီရိ၊ ရငဲနှင့် ကမြိုင် စသည့်ကျေးရွာက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးတွင်းဖြစ်၍ အမိုးအကာနှင့် ငှက်ဖျားအတွက် ဆေးဝါး များ လိုအပ်သလို စစ်ကောင်စီက အခြေခံစားသောက်ကုန်များ သယ်ယူခွင့် ကန့်သတ်ထား၍ စားနပ်ရိက္ခာပါ အခက်အခဲ နေကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက ထားဝယ် အရှေ့တောဒေသရှိ ကျောက်ထုတပ်စခန်း၊ ထိုင်း- မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေးအနီးရှိ မောထစခန်း၊ သရက်ချောင်းမြို့နယ် ပဲဒက်စခန်း၊ တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်အစပ်ရှိ ၁၀၂၀ စစ်ကောင်စီစခန်းတို့ကို သိမ်းပိုက်ထားပြီး ပျူစောထီးစခန်းများနှင့် စစ်ကောင်စီ စခန်းငယ်များကိုလည်း သိမ်းပိုက် ထားသည်

ဆက်စပ်ဖတ်ရှုရန်

ထားဝယ်- ထီးခီး လမ်းပိုင်း ပကာရီရွာအနီး စစ်ရေး တင်းမာနေ

တနင်္သာရီ၌ စစ်ကောင်စီက ရေတပ်အသုံးပြု တိုက်ခိုက်လာ

တနင်္သာရီတွင် စစ်တပ်က ရိက္ခာ၊ ဆေးဝါးသယ်ခွင့် ကန့်သတ်

Your Thoughts …
Tags: PDFစစ်ကောင်စီပဲဒက်စခန်း
မိအိသဉ္ဇာမြင့်

မိအိသဉ္ဇာမြင့်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂ (ရုပ်/သံ)

ဘိန်းဘုရင်မှသည် စစ်တပ်ခရိုနီဆီသို့ အပိုင်း-၂ (ရုပ်/သံ)

ရခိုင်ပြည်နယ် မြောက်ပိုင်းက ထောင်ချောက် (ရုပ်/သံ)

ရခိုင်ပြည်နယ် မြောက်ပိုင်းက ထောင်ချောက် (ရုပ်/သံ)

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.4k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate