• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်နယ် ထရမ့် ထောင်ကျနိုင်ခြေရှိသလား

by ဧရာဝတီ
1 June 2024
in သတင်း
A A
ဒေါ်နယ် ထရမ့် ထောင်ကျနိုင်ခြေရှိသလား

မေလ ၂ ရက် တရားခွင်တွင် တွေ့ရသော ဒေါ်နယ်ထရမ့်/AFP

1.1k
VIEWS
Share on FacebookShare on Twitter

ရာဇဝတ်မှုစွဲချက်များအတွက် အပြစ်ရှိကြောင်း မစ္စတာ ဒေါ်နယ် ထရမ့်ကို နယူးယောက်ဂျူရီအဖွဲ့က သမိုင်းဝင် စီရင်လိုက်သောကြောင့် သူ၏ကံကြမ္မာသည် “အကျင့်ပျက်ခြစား” ပြီး “ကျွမ်းကျင်မှု မရှိ” ဟု သူအကြိမ်ကြိမ် ဝေဖန်ခဲ့သည့် တရားသူကြီး၏ လက်ထဲသို့ ရောက်သွားသည်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ လိင်ဇာတ်လမ်းရှုပ်ခဲ့ဖူးသူ လူကြီးရုပ်ရှင်မင်းသမီး စတော်မီ ဒန်နီရယ်ကို နှုတ်ပိတ်ခပေးသည်ဆိုသည့် စွပ်စွဲချက်မှ ပေါ်ပေါက်လာသည့် ရာဇဝတ်မှု စွဲချက်အတွက် အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရမ့်ကို နယူးယောက် တရားရုံး ဂျူရီလူကြီးများက အပြစ်ရှိကြောင်း ချမှတ်ခဲ့သည်။

RelatedPosts

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

မန္တလေးတိုင်းထဲက သားကျင်ရွာကို စစ်ကောင်စီဗုံးကြဲ (ရုပ်/သံ)

15 May 2025
24
ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

ဂန့်ဂေါမှာ ဖမ်းဆီးခံရတဲ့ပြည်သူတွေ အသက်အန္တရာယ်စိုးရိမ်ရ (ရုပ်/သံ)

15 May 2025
24
မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

15 May 2025
410

စွဲချက်တခုလျှင် ဒဏ်ငွေဖြစ်စေ၊ ခံဝန်ဖြစ်စေ၊ ထောင် ၄ နှစ်အထိဖြစ်စေ ချမှတ်နိုင်သည့် E အဆင့် ရာဇဝတ်မှုဖြစ်သော စီးပွားရေးမှတ်တမ်းများကို လိမ်လည်မှုစွဲချက် ၃၄ ခုအတွက် ထရမ့်တွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်သည်။

ထရမ့်သည် သူ၏ အသက်အရွယ်၊ ရာဇဝတ်မှတ်တမ်း မရှိခြင်းနှင့် အခြားအချက်များကြောင့် ထောင်ချခံရဖွယ် မရှိကြောင်း ကျွမ်းကျင်သူ နှစ်ဦးက NBC သတင်းဌာနသို့ပြောပြီး ထိုအမှုဖြင့် စွပ်စွဲခံရသူ အနည်းငယ်သာ ထောင်ဒဏ်ချမှတ်ခံရကြောင်း အမှုထောင်ပေါင်းများစွာကို လေ့လာမှုအရ သိရသည်။ သို့သော် တတိယမြောက် ကျွမ်းကျင်သူတဦးကမူ ထရမ့် သံတိုင်များနောက် ရောက်သွားရန် ဖြစ်နိုင်ခြေ အလွန်များသည်ဟု ယူဆကြောင်း NBC သို့ ပြောသည်။

ပြင်ပတွင် ဆွေးနွေးရန် တားမြစ်မိန့်ကို ချိုးဖောက်မှုဖြင့် ထောင်ချမည်ဟု တရားသူကြီး ဂျူယန် မာချန်က ထရမ့်ကို တရားခွင်အတွင်း ခြိမ်းခြောက်ခဲ့ဖူးသော်လည်း သမ္မတဟောင်းသည် ယခုအခါ အလားတူ အကျိုးဆက်မျိုး ရင်ဆိုင်ရမည်၊ မရင်ဆိုင်ရမည်ကို ရှင်းလင်းစွာ မသိရသေးပေ။ မည်သည့် ပြစ်ဒဏ်ဖြစ်စေ သီးခြားစီမကျခံရဘဲ တပေါင်းတည်း ကျခံရမည်ဟု မျှော်လင့်ရသည်။

NBC သတင်းလေ့လာသုံးသပ်သူ ဖက်ဒရယ်ရှေ့နေဟောင်း ချပ်ခ် ရော့ဆန်ဘတ်က တရားသူကြီး မာချန်သည် အသက် ၇၇ နှစ်ရှိပြီဖြစ်သော ထရမ့်ကို သူ၏အသက်အရွယ်နှင့် အကြမ်းမဖက်သည့် ဥပဒေချိုးဖောက်သူ ပထမဆုံးဖြစ်သည့် အခြေအနေအရ ထောင်ချဖွယ် မရှိကြောင်း ပြောသည်။

“ထောင်ချမယ်ဆိုရင် ကျနော်တော့ အံ့သြသွားမှာပဲ” ဟု ရော့ဆန်ဘတ်က ပြောသည်။ “သူ့ကို ထောင်ချပိုင်ခွင့်ရှိတဲ့ တရားသူကြီးက သူ တော်တော်ကြာကြာ စော်ကားခဲ့တာတော့ ဟုတ်ပါတယ်” ဟု ၎င်းကပြောသည်။

ယခုအခါ ထရမ့်အတွက် နောက်တဆင့်မှာ ပြစ်ဒဏ်ချမှတ်ခံရန်သာဖြစ်ပြီး ဇူလိုင်လ ၁၁ ရက်နေ့တွင် ဆုံးဖြတ်ရန် သတ်မှတ်ထားသည်။ မန်ဟက်တန် ခရိုင်ရှေ့နေ အယ်လ်ဗင် ဘရက်က မည်သို့သော ပြစ်ဒဏ် တောင်းဆိုမည်ကို မေလ ၃၀ ရက်နေ့တွင် ပြောကြားခြင်း မပြုဘဲ သူ၏ ရုံးသည် လာမည့်အပတ်အတွင်း တရားရုံး စာရွက်စာတမ်းများမှ ပြောမည်ဟုသာ ပြောသည်။

ဘရွတ်ကလင်းခရိုင် ရှေ့နေရုံးမှ ရှေ့နေဟောင်းနှင့် ယခုအခါ ခုခံချေပဘက်က ရှေ့နေဖြစ်သော အာသာ အိတ်ဒလာက တရားသူကြီးသည် အလယ်အလတ် ပြစ်ဒဏ်ကို ဆုံးဖြတ်ရန် အလားတူအမှုများကို အချိန်ယူ လေ့လာဖွယ်ရှိကြောင်း ပြောသည်။

“ထုံးစံအားဖြင့် ချမှတ်တဲ့ပြစ်ဒဏ်ကို တစုံတဦးအပေါ် မချမှတ်ခင် သူ ဒါကို သိချင်မှာပဲ” ဟု အိတ်ဒလာက ပြောပြီး ထရမ့်၏ အသက်၊ ရာဇဝတ်မှတ်တမ်း မရှိခြင်းနှင့် ထိုရာဇဝတ်မှုကြောင့် ဒဏ်ရာရသူ မရှိခြင်း စသည့် အချက်များကိုလည်း စဉ်းစားမည်ဖြစ်ကြောင်း ပြောသည်။ တရားသူကြီး မာချန် ချမှတ်မည့် မည်သည့် ပြစ်ဒဏ်မဆိုသည် ထောင်ဒဏ်မဟုတ်သော သဘောသဘာဝ ဖြစ်မည်ဟု ယုံကြည်ကြောင်း အိတ်ဒလာက ပြောသည်။

ထရမ့်ကို ပထမအကြိမ် စွဲချက်တင်စဉ်က အောက်လွှတ်တော် ဒီမိုကရက်များအတွက် လုပ်ကိုင်ပေးခဲ့သူ နွမ်း အိုက်ဆန် ပြုလုပ်သည့် သုတေသနအရ စီးပွားရေးမှတ်တမ်း လိမ်လည်သည့် စွဲချက်အတွက် အပြစ်ရှိသည်ဟု စီရင်ခံရသူ ၁၀ ဦးလျှင် တဦးသာ ထောင်ကျပြီး ထိုထောင်ကျသည့် အမှုများတွင် ထုံးစံအားဖြင့် အခြားအမှုများ ပါဝင်ပတ်သက်ကြောင်း ပြောသည်။

နယူးယောက်မှ ဝါရင့် ရာဇဝတ်မှု ခုခံချေပရှေ့နေ ရွန်ကူဘီ၏ အမြင်မှာ ဆန့်ကျင်ဘက် ဖြစ်သည်။

“တရားသူကြီး မာချန်က ချမ်းသာကြွယ်ဝပြီး အခွင့်ထူးခံ အာဏာရှိတဲ့သူတွေ ကျူးလွန်တဲ့ ရုံးလုပ်ငန်း ရာဇဝတ်မှုတွေကို ပြစ်ဒဏ်ချမှတ်ရာမှာ ကြမ်းတယ်လို့ ကျော်ကြားတယ်” ၎င်းက ပြောသည်။

တရားသူကြီး မာချန်သည် လျှို့ဝှက်ထောက်လှမ်းရေး အကာအကွယ်ရသူ တယောက်ကို ထောင်ချရန် သယ်ယူပို့ဆောင်ရေးနှင့် လက်တွေ့ပြဿနာများ ရှိသော်လည်း ထရမ့်ကို ထောင်ချရန် အလားအလာ အကြီးအကျယ်ရှိသည်ဟု သူယုံကြည်ကြောင်း ရှေ့နေ ကူဘီက ဆက်လက် ပြောကြားသည်။

ရာဇဝတ်ကြံစည်မှုသည် တနှစ်ကျော်ကြာပြီး ထရမ့်ဘက်မှ ဆိုးရွားသော လုပ်ရပ်များလည်း ပါဝင်သောကြောင့် ထိုသို့ယူဆကြောင်း ကူဘီက ပြောသည်။

“ဒါဟာ သူ ပါဝင်ပတ်သက်ခဲ့တဲ့ လုပ်ရပ်တခုလုံးဖြစ်ပြီး ဆုံးဖြတ်ချက်တခုတည်း မှားခဲ့တာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

သို့သော် သူ့ကို ပါတီက အမည်စာရင်းတင်သွင်း လက်ခံမည့် ရီပတ်ဗလစ်ကန် အမျိုးသားညီလာခံမှာ ထရမ့်အပေါ် ပြစ်ဒဏ်ချပြီး ရက်အနည်းငယ်တွင် ကျင်းပမည်ဖြစ်သော်လည်း ထရမ့်သည် ထိုညီလာခံနှင့် လွဲချော်မည်ကို စိုးရိမ်စရာ မလိုပေ။ ထိုအချိန်တွင် သူသည် သူ့အပေါ် စီရင်ချက်ကို အယူခံဝင်ရင်း လွတ်လပ်နေဆဲ ဖြစ်နိုင်သည်ဟု ကူဘီက ပြောသည်။

ထုတ်ဖော်ပြောဆိုခြင်း မပြုရန် တားမြစ်သည့် တရားသူကြီး မာချန်၏ အမိန့်ကို ချိုးဖောက်ခြင်း အပါအဝင် တရားခွင်အတွင်း ထရမ့်၏ အပြုအမူများသည် ပြစ်ဒဏ်ကို ဆုံးဖြတ်ချက်ချရာတွင် အရေးပါမည်ဟု မယူဆကြောင်း ရှေ့နေ ကူဘီက ပြောသည်။

“တရားသူကြီးက ပါးနပ်ရင် အဲဒီကိစ္စကို သူရှောင်ရှားမယ်။ ပြစ်ဒဏ်ချမှတ်ရာမှာ ဆုံးဖြတ်ချက်ကို ပြန်လည်ပယ်ချမခံရဖို့ တရားသူကြီးတွေအတွက် အကောင်းဆုံးနည်းလမ်းက ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်စီရင်မှုရဲ့ အချက်အလက်တွေနဲ့ အခြေအနေတွေကို လိုက်နာဖို့ဖြစ်တယ်” ဟု ကူဘီက ပြောသည်။

ထရမ့်က မာချန်ကို မကြာခဏ ဝေဖန်မှုများ ရှိသော်လည်း မာချန်သည် သန့်ရှင်းမျှတသည့် တရားခွင်ကိုသာ စီမံခဲ့ပုံရကြောင်း၊ ထိုစဉ်က ထရမ့်၏ ဝေဖန်မှုများသည် ပထမဆုံး ဘောလုံးကို မရိုက်မီ ဒိုင်ကိုပြန်အော်သည့် ဘေ့စ်ဘောရိုက်သမားနှင့်သာ တူကြောင်း ၎င်းက ပြောသည်။

စီရင်ချက်ကို ထရမ့်က အယူခံဝင်မည်ဆိုသည့်အချက်ကို ရော့ဆန်ဘတ်နှင့် ကူဘီ သဘောတူသည်။ လုံးဝ မအောင်မြင်လျှင်ပင် ထိုသို့အယူခံဝင်ခြင်းသည် မာချန်ပေးသည့် မည်သည့်ပြစ်ဒဏ်ကိုမဆို နှစ်ပေါင်းများစွာ နှောင့်နှေးစေလိမ့်မည်ဟု ကူဘီက ပြောသည်။

သူ၏ ပထမဆုံး အယူခံသည် အလယ်အလတ်အဆင့် အယူခံတရားရုံးဖြစ်သော ပြည်နယ် အယူခံဌာနခွဲသို့ အယူခံခြင်းဖြစ်ပြီး ထိုရုံးသည် နိုဝင်ဘာလ ရွေးကောက်ပွဲ ပြီးသည့်တိုင် ဆုံးဖြတ်ချက်ချမည် မဟုတ်ကြောင်း ကူဘီက ပြောသည်။ ထိုရုံးတွင် ရှုံးနိမ့်ပါက ထရမ့်သည် ပြည်နယ်ရှိ အမြင့်ဆုံးတရားရုံးတွင် ဆက်လက် အယူခံဝင်မည် ဖြစ်သည်။ ထိုရုံးတွင် ထပ်မံရှုံးနိမ့်ပါ အယူခံကို ကြားနာရန် ဖက်ဒရယ်တရားရုံးတွင် ထပ်မံကြိုးစားပြီး အမှုကို တရားရုံးချုပ်သို့ ရောက်အောင် ထပ်မံလုပ်ဆောင်နိုင်သည်။

ထိုအယူခံ လုပ်ငန်းအဆင့်ဆင့်သည် အလွန်အချိန်ကြာပြီး သူ့အမှုသည်တဦးသည် ထောင်ဒဏ်ကို ထိုနည်းဖြင့် ခြောက်နှစ် နှောင့်နှေးအောင် လုပ်နိုင်ခဲ့ကြောင်း ကူဘီက ပြောသော်လည်း ယခုအမှုကို ရှုပ်ထွေးသွားစေမည့် အခြားအချက်တခုလည်း ရှိနေသည်။

“သူ အမေရိကန်သမ္မတ ဖြစ်လာရင် တာဝန်ထမ်းဆောင်နေတုန်း သူ့ကို နိုင်ငံတော်ထောင်မှာ ထောင်ချလို့မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်တွေကို ထမ်းဆောင်ခြင်းက တားဆီးရာရောက်တော့ သူ့ကိုထောင်ချလို့ မရဘူး။ သူ့ရာထူး သက်တမ်းကုန်တဲ့အခါတော့ သူ့အယူခံတွေ ရှုံးသွားရင် ထောင်ချလို့ရတယ်” ဟု ကူဘီက ပြောသည်။

ကိုးကား ။ ။ NBC သတင်း Donald Trump was convicted on felony charges. Will he go to prison?

You may also like these stories:

ရွေးကောက်ပွဲရလဒ် ပြောင်းရန် ကြိုးစားမှု အပြစ်မရှိကြောင်း ထရမ့် လျှောက်လှဲ

နှုတ်ပိတ်ခပေးသောအမှုများဖြင့် ထရမ့် တရားရုံးတက် ရင်ဆိုင်

သမ္မတဟောင်း ထရမ့် အဖမ်းခံရတော့မလား

ထရမ့် သွားရှုပ်တဲ့ စတော်မီ ဒန်နီရယ် ဘယ်သူလဲ

Your Thoughts …
Tags: စီးပွားရေးမှတ်တမ်း လိမ်လည်မှုတရားစီရင်ရေးဒေါ်နယ် ထရမ့်ဖက်ဒရယ်တရားရုံးဖွဲ့စည်းပုံအခြေခံဥပဒေရာဇဝတ်မှုရွေးကောက်ပွဲအမေရိကန် ပြည်ထောင်စု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.4k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
ထိုင်ဝမ်သိမ်းပိုက်ရေး တရုတ် အကြို စစ်ရေးလေ့ကျင့်ဟု အမေရိကန် ဗိုလ်ချုပ်ကြီး ပြော

ထိုင်ဝမ်သိမ်းပိုက်ရေး တရုတ် အကြို စစ်ရေးလေ့ကျင့်ဟု အမေရိကန် ဗိုလ်ချုပ်ကြီး ပြော

တရုတ်နှင့် အမေရိကန် တင်းမာမှု မြင့်မားနေစဉ် ရှန်ဂရီလာ ဆွေးနွေးပွဲ ကျင်းပ

တရုတ်နှင့် အမေရိကန် တင်းမာမှု မြင့်မားနေစဉ် ရှန်ဂရီလာ ဆွေးနွေးပွဲ ကျင်းပ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate