• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးကုတ်၊ မိုးမိတ်၌ စစ်သားများ အရပ်ဝတ်ဖြင့် အိမ်များတွင် ခိုအောင်းနေဟုဆို

by စောလွင်
14 July 2024
in သတင်း
A A
မိုးကုတ်၊ မိုးမိတ်၌ စစ်သားများ အရပ်ဝတ်ဖြင့် အိမ်များတွင် ခိုအောင်းနေဟုဆို

၁၀၂၇ ဒုတိယပိုင်း စစ်ဆင်ရေးအတွင်း ဖမ်းမိသည့် စစ်ကောင်စီတပ်များ(TNLA)

3.6k
VIEWS
Share on FacebookShare on Twitter

တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နှင့်ပူးပေါင်းတပ်များ၏ မိုးကုတ်၊ မိုးမိတ်ဒေသတိုက်ပွဲများတွင် စခန်းများ ဆုံးရှုံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့များသည့် အရပ်ဝတ်အသွင်ပြောင်းကာ မြို့ပေါ်ရှိ အရပ်သားနေအိမ်များ၌ ခိုအောင်းနေထိုင်ကြ ကြောင်း ဒေသခံများနှင့် ပူးပေါင်းတပ်များထံက သိရသည်။

ထို့အတွက် TNLA ပူးပေါင်းတပ်တို့သည် စစ်ကောင်စီတပ်များ ထွက်ပေါက်မရှိနိုင်အောင်ပိတ်ဆို့၍ နယ်မြေ ရှင်းလင်း ထိန်းချုပ်မှုများပြုလုပ်နေသည်ဟု TNLA ပြောခွင့်ရ လွေးယေဦးက ပြောသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
102
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
98

“မိုးကုတ်နဲ့ မိုးမိတ်အခြေအနေက တခြားနဲ့မတူတာ စစ်ကောင်စီက သူတို့စခန်းကိုစွန့်ခွာပြီးတော့မှ အရပ်သားနေအိမ်မှာ ဝင်ရောက်ပြီးတော့ ခိုလှုံနေတာမျိုး ခိုအောင်းနေတာမျိုး အရပ်သားဝတ်တွေနဲ့ နေတာမျိုးဆိုတော့ ကျမတို့အတွက်က နေရာတိုင်းမှာ လိုက်ရှင်းနေပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မိုးကုတ်မြို့နယ် ကမ္ဘာလုံးစေတီအနီးတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို TNLA တို့က တိုက်ခိုက်နေသလို မိုးမိတ်မြို့နယ်တွင်လည်း အမှတ် ၂၁ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်နှင့် ခလရ ၂၂၃ တို့ကို ပူးပေါင်းတပ်များက တိုက် ခိုက်နေသည်။

မိုးမိတ်နှင့် မိုးကုတ်တို့တွင် ယခုရက်ပိုင်း တပ်စခန်း ၈ ခုခန့်ကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး ထိုစခန်းများသည် ဗျူဟာနှင့်တပ်ရင်းဌာနချုပ် စခန်းများ၏ အရှေ့ကာကင်းများဖြစ်သလို ဆက်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါ သည့်စခန်းများလည်း ပါဝင်သည်။

ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ ရွှေသာယာတပ်စခန်း၊ လက်ခုပ်ပင်တပ်စခန်း၊ လက်ခုပ်သံတပ်စခန်းနှင့် လယ်ကြီးတပ်စခန်း၊ သရက်တောစခန်းနှင့် မိုင်တိုင် (၆)တပ်စခန်းတို့ကို TNLA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်ပြီး ဖြစ်သည်။

မိုးမိတ်မြို့တွင်း တိုက်ပွဲများသည် ယခုလ ပထမအပတ်ကတည်း စတင်ခဲ့ပြီး တောက်လျောက် ပြင်းထန်နေသည်ဟု ဒေသခံအမျိုးသားတဦးက ပြောသည်။

၎င်းက “စစ်ကောင်စီဘက်က လက်နက်ကြီးတွေပစ်ကူပေးတာအပြင် လေကြောင်းကနေ Y12 တွေ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ တောက်လျောက် ရှိနေတယ်” ဟု ပြောသည်။

ဇူလိုင် ၁၀ ရက်တွင်လည်း ရွှေတောင်ဦးဘုရားအနီးတဝိုက် စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်း တပ်မတော် TNLA၊ PLA၊ MDY- PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ထောက်ပို့လေယာဉ်ဖြင့် လက်နက်ခဲယမ်းများ ၆ ကြိမ် ပစ်ချခဲ့ပြီး၊ Y-12 ဖြင့် ဗုံး ၁၆ လုံးဖြင့် မိုးမိတ်မြို့အတွင်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်သည်။

ဈေးဟောင်းရပ် မြန်မာ့ရှေ့ဆောင်ဘဏ်အနီး လက်နက်ကြီးကျ၍ အိမ်များမီးလောင်နေသည်ကို ပစ်ခတ်နေသည့် ကြားမှ မြို့သူမြို့သားများ ငြိမ်းသတ်ခဲ့သည် (CJ)

မိုးမိတ်မြို့တွင် စစ်ကောင်စီ၏ ကချင်ပြည်နယ်၊ မြစ်ကြီးနား အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အခြေချဗျူဟာ၊ ခြေမြန်တပ်ရင်း ခမရ ၃၄၈ ၊ ခမရ ၂၇၆ နှင့် ခြေလျင်တပ်ရင်း ခလရ ၂၂၃ တပ်ရင်းများရှိနေပြီး မြေပြင်စစ်ကူများပေး၍ မရသည့်အခြေအနေကြောင့် လေကြောင်းဖြင့် ပစ်ကူ၊ စစ်ကူများပေးနေရခြင်းဖြစ်သည်ဟု စစ်ရေးသုတေသီတဦးက သုံးသပ်သည်။

မိုးမိတ်နှင့် နယ်နမိတ်ထိစပ်နေသည့် မန္တလေးတိုင်း မိုးကုတ်မြို့ကို TNLA နှင့် ပူးပေါင်းတပ်များက ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်ကစတင်ထိုးစစ်ဆင်ခဲ့ရာ ဇွန်လ ၃၀ ရက်တွင် မိုးကုတ်မြို့ အနောက်ပိုင်းကို ပူးပေါင်းတပ်များက သိမ်းပိုက် ထိန်းချုပ် နိုင်ခဲ့ပြီး အရှေ့ပိုင်းကို ဆက်လက်စစ်ဆင်နေရာ ဇူလိုင် ၉ ရက်တွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ ၅ မိုင် တပ်စခန်းနှင့် ယောမူးတပ်စခန်းတို့ကို TNLA နှင့်ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။

မိုးကုတ်မြို့အား အလုံးစုံ သိမ်းပိုက်နိုင်ရန် မိုးကုတ် အရှေ့ပိုင်း၌ အဓိက ကျန်ရှိနေသေးသည့်နေရာများမှာ ဗျူဟာကုန်း၊ ရဲစခန်းနှင့် မြို့နယ်ထွေအုပ်ရုံးတို့ဖြစ်ပြီး မင်းတံတားရပ်ကွက်၌ ဇူလိုင် ၁၂ ရက်က စ၍ ယနေ့တိုင် တိုက်ပွဲများ ဆက်တိုက် ဖြစ်နေပြီး ယမန်နေ့က ဈေးဟောင်းရပ် မြန်မာ့ရှေ့ဆောင်ဘဏ်အနီး လက်နက်ကြီးကျ၍ အိမ်များမီးလောင်ခဲ့သလို ဂေါ်ရခါး အမျိုးသမီးကြီးတဦး လက်နက်ကြီးမှန်၍ သေဆုံးခဲ့ရသည်။

TNLA နှင့် ပူးပေါင်းတပ်များက မိုးကုတ်မြို့အရှေ့ပိုင်းရှိ စစ်ကောင်စီကာကင်း စခန်းတချို့ကို ပြီးခဲ့သည့်ရက်ပိုင်း၌ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တွင်းသို့ ဆက်လက်ထိုးစစ်ဆင်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု မိုးကုတ်PDF ဗျူဟာနှင့် ပကဖ တို့နှင့်နီးစပ်သည့်ဒေသခံကပြောသည်။

၎င်းက “မိုးကုတ် အရှေ့ပိုင်းမြို့ထဲကို ဝင်ဖို့ကခက်တယ်။ ဗျူဟာကလည်းအရမ်းမြင့်တယ်၊၊ စစ်တပ်က ခံစစ်သေချာ လုပ်ထားတယ်။ ကင်းပုန်းတွေကလည်းနေရာတိုင်းပဲ”ဟု ပြောသည်။

မိုးကုတ်မြို့ထိုးစစ်နှင့်အတူ မန္တလေးPDFနှင့် ပူးပေါင်းတပ်များက လက်ရှိ မန္တလေး-မိုးကုတ်လမ်းပေါ်တလျောက် မတ္တရာ၊ စဉ့်ကူးနယ်များတွင် စခန်းသိမ်း တိုက်ပွဲများ ဖော်ဆောင်နေခြင်းသည် မိုးကုတ်ကို မြေပြင် စစ်ကူ မလာနိုင်စေရန် ဖြတ်တောက်ထားနိုင်သည့် အခြေအနေဖြစ်သည်

You may also like these stories:

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မန္တလေးကို အမြန်ရောက်ချင်တယ်

မိုးကုတ် လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ပျက်စီး

မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်

မတ္တရာတောင်ခြမ်း မြောက်ခြမ်း မန္တလေး PDF တို့ တပြိုက်နက် စစ်ဆင်

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: TNLA ပူးပေါင်းတပ်စစ်ကောင်စီမိုးကုတ်မိုးမိတ်
စောလွင်

စောလွင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တရုတ် EV ကား ၁ နှစ်ကို အစီးရေ ၅၀၀၀၀ ထုတ်မယ့် စက်ရုံသစ် ထိုင်းမှာ ဖွင့်တော့မယ်

တရုတ် EV ကား ၁ နှစ်ကို အစီးရေ ၅၀၀၀၀ ထုတ်မယ့် စက်ရုံသစ် ထိုင်းမှာ ဖွင့်တော့မယ်

လေဆိပ်သိမ်းခံထားရတဲ့ သံတွဲမြို့ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

လေဆိပ်သိမ်းခံထားရတဲ့ သံတွဲမြို့ ဘာတွေဖြစ်နေလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate