စစ်ကောင်စီတပ်မှာ ဒုတိယဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဦးလှဆွေ (ခေါ် ) ဘူးလက်လှဆွေက လားရှိုးတိုက်ခိုက်ခံရရင် လောက်ကိုင်ကို ဗုံးကြဲဖို့၊ ဒလန်အဖြစ်တယောက် ရှင်းခံရရင် မိထားတဲ့အကျဥ်းသား ၂ယောက်ကို သတ်ဖို့ တစ်တော့စာမျက်နှာမှာ ပြောဆိုခဲ့ပါတယ်။
ဘူးလက်လှဆွေဟာ စစ်တပ်ကနေထွက်ပြီးတဲ့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သလို အာဏာသိမ်းပြီးနောက်မှာတော့ ဂန့်ဂေါ ပျူစောထီးအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။
ပြည်သူကို ပြည်သူလို့မမြင်တဲ့ စစ်တပ်အရာရှိတွေရဲ့ သဘောထားကို ဦးလှဆွေက ပြသနေပြီး စစ်ကောင်စီတပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ အရာရှိတွေဟာလည်း သူ့လို တူညီတဲ့ သဘောထားတွေရှိနေတယ်လို့ စစ် CDM အသိုင်းအဝိုင်းက ဆိုကြပါတယ်။
#ဧရာဝတီ #ဘူးလက်လှဆွေ #စစ်အရာရှိ #ပြည်သူ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR