ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နဲ့ ပူးပေါင်း မဟာမိတ်တပ်တွေက ဘက်ပေါင်းစုံ ကနေ ဝင်ရောက်တိုက်ခိုက်နေတယ်လို့ မြို့ခံသတင်းရင်းမြစ်က ဧရာဝတီကို အတည်ပြုပါတယ်။
MNDAA ဘက်ကတော့ လားရှိုးမြို့နဲ့ ရမခတိုင်းတပ်ကို ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၄ နာရီအချိန် လောက်မှာ သိမ်းပိုက်လိုက်ပြီလို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိအနေအထားအရ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဟာ တော်လှန်ရေး သုံးနှစ်တာ အတွင်း စစ်ကောင်စီစွန့်လွှတ်ရတဲ့ ပထမဆုံး တိုင်းစစ်ဌာနချုပ် ဖြစ်လာမှာ ဖြစ်ပြီး မကြာခင်မှာ လားရှိုးမြို့ ကို စစ်ကောင်စီစွန့်လွှတ်ရတော့မယ်လို့လည်း သုံးသပ်မှုတွေ ရှိလာပါတယ်။
#ဧရာဝတီ #လားရှိုး #ရမခ #MNDAA #မဟာမိတ်တပ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR