• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တော်လှန်ရေး ရန်ပုံငွေအတွက် “သူပုန် လက်ဖက်ခြောက်”

by Brian Wei
29 July 2024
in သတင်း
A A
တော်လှန်ရေး ရန်ပုံငွေအတွက် “သူပုန် လက်ဖက်ခြောက်”

သူပုန် လက်ဖက်ခြောက်ထုပ်နှင့် PDF စစ်သမီး

3.2k
VIEWS
Share on FacebookShare on Twitter

ခုခံတော်လှန်တိုက်ခိုက်ရေးသမားများသည် စစ်ကောင်စီကို “သူပုန် လက်ဖက်ခြောက်” အမည်ရှိ အမည်တူလက်နက်ဖြင့် တိုက်ခိုက်နေသည်။

ထိုတော်လှန်ရေး ထုတ်ကုန်ကို ယခုလ အစောပိုင်းတွင် အရှေ့တောင်ပိုင်း ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်မှ လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် လွိုင်ကော် ပြည်သူ့ကာကွယ်ရေးတပ် (PDF) က စတင် မိတ်ဆက်လိုက်ခြင်း ဖြစ်သည်။

RelatedPosts

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
7
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
17
စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
234

သူပုန် လက်ဖက်ခြောက်သည် လက်ဖက်စိုက်ပျိုးရေးဒေသ ရှမ်းပြည်တောင်ပိုင်းမှ ဖြစ်သည်။ ထို လက်ဖက်ခြောက်ကို မြန်မာပတ်ဝန်းကျင်နိုင်ငံများမှ အဝေးရောက်များထံသို့ ရောင်းချခြင်းဖြင့် လွိုင်ကော်နှင့် အနီးရှိ ရှမ်းပြည်တောင်ပိုင်းမြို့နယ်၊ ရွာငံမှ PDF များကို ဘဏ္ဍာရေး ထောက်ပံ့ရန် ထုတ်လုပ်ခြင်းဖြစ်သည်။

သူပုန် လက်ဖက်ခြောက်၏ ရည်မှန်းချက်မှာ တော်လှန်ရေးအတွက် ရေရှည် ဝင်ငွေစီးကြောင်း ထူထောင်ရန်ဖြစ်ကြောင်း ထိုကုန်အမှတ်တံဆိပ် ဖန်တီးသူတဦးဖြစ်သော ကိုမင်းသူကျော်က ပြောသည်။ သူပုန်လက်ဖက်ခြောက် ရောင်းချရသည့်ဝင်ငွေများကို တော်လှန်ရေးကို ထောက်ကူရာတွင် အသုံးပြုမည် ဖြစ်သည်။

လက်ရှိအချိန်အထိ PDF များသည် လှူဒါန်းငွေများကို မှီခိုနေရသည်။

“PDF တွေနဲ့ တော်လှန်ရေးကို ပုံမှန်လှူဒါန်းတဲ့အတွက် ပြည်သူလူထုကို ကျနော်တို့ ကျေးဇူးတင်တယ်။ ဒါပေမယ့် ပုံမှန်ဝင်ငွေ မရှိရင် လက်နက်ကိုင်တော်လှန်ရေး ရေရှည်ရှင်သန်ဖို့ မဖြစ်နိုင်ဘူး” ဟု သူပုန်လက်ဖက်ခြောက် ဈေးကွက်ရှာဖွေရေးတာဝန်ခံ လွိုင်ကော် PDF အဖွဲ့ဝင် ကိုမင်းသူကျော်က ရှင်းပြသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများ သွေးချောင်းစီး ချေမှုန်းခံရသောကြောင့် မြန်မာစစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်မှုများ ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် မှိုလိုပေါက်လာသည်။ ဖမ်းဆီးထောင်ချမှုကို ရှောင်ရှားရန် စစ်ကောင်စီကို ဆန့်ကျင်သည့် လူငယ်များသည် စစ်သင်တန်းတက်ရန်အတွက် လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် နယ်မြေများသို့ ထွက်ပြေးလာကြသည်။

သူပုန် လက်ဖက်ခြောက်

လက်နက်ကိုင် ထိုးစစ်ကို လေ့လာပြီးနောက် ၎င်းတို့သည် စစ်ကောင်စီတပ်များကို အမြစ်ဖြတ်ရန် ကတိပြုပြီး PDF များ အပါအဝင် သီးခြား ခုခံတော်လှန်ရေးတပ်များ စတင် ထူထောင်ကြသည်။

လူငယ် တိုက်ခိုက်ရေးသမားများ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် ဆုံးဖြတ်ချက် ပြတ်သားမှုကြောင့် စိတ်အားတက်ကြွပြီးနောက် မြန်မာပြည်တွင်းမှ ပြည်သူများနှင့် နိုင်ငံပြင်ပတွင် နေထိုင်ကြသော မြန်မာနိုင်ငံသားများသည် PDF များနှင့် ခုခံတော်လှန်ရေး အင်အားစုများကို စားနပ်ရိက္ခာနှင့် လက်နက် ဝယ်ယူနိုင်ရေးအတွက် လှူဒါန်းမှုများ အကြီးအကျယ် လုပ်ကြသည်။

သုံးနှစ်ကျော်ကြာလာသည့် ယနေ့တိုင် စစ်ကောင်စီတိုက်ဖျက်ရေး စစ်ပွဲကို ပြည်သူလူထု၏ ထောက်ပံ့မှုကသာ မောင်းနှင်နေသည်။ နိုင်ငံတကာ အကူအညီ မမြင်ရသော်လည်း အချိန်ကြာလာသောအခါ တော်လှန်ရေး စစ်ညောင်းမှုသည် ကြီးထွားနေသည့် စိုးရိမ်ပူပန်မှု ဖြစ်လာသည်။

“ရေရှည်မှာ ပြည်သူတွေအနေနဲ့ ကျနော်တို့ကို ထောက်ခံရတာ ပင်ပန်းလာမယ်” ဟု ကိုမင်းသူကျော်က ရှင်းပြသည်။

ပုံစံသစ်တခု လိုအပ်ကြောင်း သဘောပေါက်ချိန်တွင် သူသည် ရေတို ရန်ပုံငွေရှာသည့် လုပ်ငန်းများကို လုပ်ဆောင်နေသည်။ “စီးပွားရေးငန်းတခု ထူထောင်လို့ ဘာကြောင့် မရရမှာလဲ” ဟု နောက်ပိုင်းတွင် သူ စဉ်းစားမိသည်။

ထုတ်ကုန်တခုကို လက်လှမ်းမီသောဈေးဖြင့် ရောင်းချခြင်းသည် အလုပ်အကိုင် ဖန်တီးပေးနိုင်ပြီး တချိန်တည်းတွင် တော်လှန်ရေးကို ထောက်ကူနိုင်သည်။ ထို့ပြင် အများအားဖြင့် ၎င်းတို့ ပိုင်ဆိုင်သမျှ ပေးလှူပြီးသောသူများသို့ တစုံတခု ပြန်လည် ကျေးဇူးတုံ့ပြန်နိုင်မည် ဖြစ်သည်။

ရည်မှန်းချက်မှာ ပြည်သူများကို လှူဒါန်းငွေကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေမည့်အစား ၎င်းတို့ လိုအပ်မည့် တစုံတခု ပြန်လုပ်ဆောင်ပေးရန် ဖြစ်သည်။

သူနှင့် အခြား ခုခံတော်လှန်ရေးသမားများသည် ဖြစ်နိုင်ခြေရှိသော ထုတ်ကုန်များကို စဉ်းစားပြီးနောက် လက်ဖက်ခြောက်ကို ရွေးချယ်ခဲ့သည်။

“လက်ဖက်ခြောက်က ကျနော်တို့ ကရင်နီဒေသနဲ့ ရှမ်းပြည်မြောက်ပိုင်းရဲ့ ကျော်ကြားတဲ့ ထုတ်ကုန်ဖြစ်လို့ တခြားဟာတွေထဲကနေ အဲဒါကို ရွေးချယ်လိုက်တာ ဖြစ်တယ်” ဟု ကိုမင်းသူကျော် ပြောသည်။

သူပုန် လက်ဖက်ခြောက်

သို့သော် သူပုန်လက်ဖက်ခြောက်ကို အကောင်အထည်ဖော်ရန် နောက်ထပ် အချိန်တနှစ် ယူခဲ့ရသည်။ ကြိုတင် စီစဉ်မှုများစွာ ပြုလုပ်ရကြောင်း ကိုမင်းသူကျော်က ရှင်းပြသည်။ ထို့နောက် ငွေအရင်းအနှီးအတွက် ရန်ပုံငွေရှာရပြီး လုပ်သားအင်အားလည်း စုဆောင်းရသည်။ ထိုလုပ်သားအင်အားတွင် တော်လှန်ရေးနှင့် ပူးပေါင်းရန် နေအိမ်များမှ ထွက်ပြေးလာသည့် လူငယ်များ အဓိကအားဖြင့် ပါဝင်သည်။

သူပုန် လက်ဖက်ခြောက်ကို မြန်မာနိုင်ငံသားများ သန်းနှင့်ချီနေထိုင်သည့် ထိုင်းနိုင်ငံတွင် ဇူလိုင်လ ၆ ရက်နေ့က စတင် မိတ်ဆက်သည်။ ရောင်းချမှုများကို စင်ကာပူ၊ သြစတြေးလျ၊ ဒူဘိုင်း၊ ဗြိတိန်နှင့် တောင်ကိုရီးယား စသည့် ငါးနိုင်ငံသို့ တိုးချဲ့ထားပြီးဖြစ်သောကြောင့် သူပုန်လက်ဖက်ခြောက်ကို လက်ခံမှု အားကောင်းကြောင်း ကိုမင်းသူကျော်က ပြောသည်။

ထိုလက်ဖက်ခြောက်တွင် စိတ်အာရုံခံစားမှုဆိုင်ရာ အရည်အသွေးတရပ်လည်း ရှိသည်။

သူပုန်လက်ဖက်ရည်ကြမ်း သောက်ခြင်းသည် တော်လှန်ရေးတွင် အသက်ဆုံးရှုံးခဲ့သူများကို ပြန်လည် အာရုံစိုက်မိစေကြောင်း မြန်မာဓာတ်ပုံဆရာ အက်ဗ်စရိုပတ်က ပြောသည်။ “တနေ့တုန်းက ရေနွေးကြမ်းငွေ့တွေထဲကနေ သူတို့ကို ပြန်မြင်ယောင်အောင် ကြိုးစားခဲ့တယ်။ ပြည်သူတွေ သူပုန် ရေနွေးကြမ်းသောက်တိုင်း ကျဆုံးသွားတဲ့ သူပုန်တွေအကြောင်းကို ပိုစဉ်းစားမိမယ်” ဟု ၎င်းက ပြောသည်။

ထိုကုန်အမှတ်တံဆိပ်ကို မြန်မာတွင် ကြိုဆိုလက်ခံကြသော်လည်း စစ်ကောင်စီ သတင်းပေးသလို ဖြစ်မည်ကို ကိုမင်းသူကျော်က စိုးရိမ်သည်။ ထိုလက်ဖက်ခြောက်ကို မည်သူက ထုတ်လုပ်သည်နှင့် အကျိုးအမြတ်များ မည်သည့်နေရာသို့ သွားသည်ကို ဗိုလ်ချုပ်များ သိပါက သူပုန်လက်ဖက်ရည် သောက်ခြင်းသည် အကြမ်းဖက်လုပ်ရပ်ကို ထောက်ခံခြင်းဖြစ်သည်ဟု အမိန့်ထုတ်မည် ဖြစ်သည်။

သို့သော် ပြည်ပသို့ ရောင်းချမှု ‌‌‌‌ဈေးကွက် အခိုင်အမာရကြောင်း ကိုမင်းသူကျော်က ပြောပြီး သူပုန်လက်ဖက်ခြောက်သည် တော်လှန်ရေးအတွက် ဝင်ငွေစီးကြောင်းတခု နှစ်လအတွင်း ဖြစ်လာမည်ဟု ဆက်လက် ပြောသည်။

“အကျိုးအမြတ်တွေ အားလုံးက လွိုင်ကော် PDF နဲ့ ရွာငံ PDF ဆီကို စီးဆင်းမယ်” ဟု ၎င်းက ပြောသည်။ ရွာငံ PDF သည် ရှမ်းပြည်တောင်ပိုင်းမှ ခုခံတော်လှန်ရေးအုပ်စု ဖြစ်သည်။

သူပုန် လက်ဖက်ခြောက်

သူပုန်လက်ဖက်ခြောက်ကို တော်လှန်ရေး ရေရှည် အထောက်အကူပြုနိုင်သည့် စီးပွားရေးလုပ်ငန်းအဖြစ် ပြောင်းလဲပစ်ခြင်းသည် ကိုမင်းသူကျော်နှင့် သူ၏အဖွဲ့အတွက် မလွယ်ကူလှပေ။ ထိုကုန်အမှတ်တံဆိပ် နောက်ကွယ်မှ သူနှင့်သူ့အဖွဲ့ငယ်သည် စီးပွားရေးလုပ်သည့် ဘဝနောက်ခံ မရှိကြပေ။

“ကျနော်တို့ အခု ရေကို စမ်းသပ်နေတယ်” ဟု ပြောပြီး သူပုန်ကော်ဖီကိုလည်း မကြာမီ မိတ်ဆက်မည်ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် သူပုန် လက်ဖက်ခြောက်ကို ဘန်ကောက်၊ ချင်းမိုင်နှင့် မဲဆောက်မှ အဝေးရောက်များအကြား ကျော်ကြားသည့် စားသောက်ဆိုင်များနှင့် ဆိုင်များတွင် ရနိုင်သည်။

ပြည်ပခရီးသည်များကလည်း သူပုန် လက်ဖက်ခြောက်ကို စိတ်ဝင်စားကြောင်း ချင်းမိုင်မှ Outlaws Bar & Grill ပိုင်ရှင် အမျိုးသမီးက ပြောသည်။ “သူပုန် လက်ဖက်ခြောက်ကို သူတို့ မြည်းကြည့်ပြီးတော့ သုံးထုပ်ကနေ ငါးထုပ်အထိ ဝယ်ကြတယ်” ဟု ၎င်းက ပြောပြီး အရည်အသွေးမြင့်သော ထုတ်ကုန်ဖြစ်ကြောင်းလည်း ပြောသည်။

သို့သော် နိုင်ငံတကာဈေးကွက်တွင် ဖြစ်နိုင်ခြေရှိသည့် အတားအဆီး နှစ်ခုခန့်ကိုလည်း ၎င်းကပြောသည်။

“နိုင်ငံတကာဈေးကွက်အတွက် သူတို့ရည်ရွယ်ရင် ထုပ်ပိုးမှု အဆင့်မြှင့်တင်ဖို့နဲ့ အရသာ အမျိုးမျိုး ထုတ်လုပ်ဖို့ လိုမယ်” ဟု ပြောပြီး ပိုမိုအောင်မြင်ရန်အတွက် ထိုကုန်အမှတ်တံဆိပ်သည် စားသုံးသူ အခြေခံနေရာအလိုက် အမျိုးမျိုးထားရန် လိုကြောင်းလည်း ပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rebels With a Cause: Myanmar’s Resistance Adds an Unlikely Revenue Stream ကို ဘာသာပြန်သည်။)

This video is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.

You may also like these stories:

ထီ၊ ငွေတိုက်စာချုပ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် နွေဦးတော်လှန်ရေး ရန်ပုံငွေ

Crypto ငွေကြေး၊ ဆိုးရော့စ်နှင့် မြန်မာ့တော်လှန်ရေး ရန်ပုံငွေ

ဂျပန်ရောက်မြန်မာအဖွဲ့ တော်လှန်ရေးအတွက် အနုပညာရန်ပုံငွေပွဲ ပြုလုပ်မည်

ကွန်ဒိုရောင်းချပွဲ NUG ရန်ပုံငွေ ဒေါ်လာ ၁၀ သန်းကျော်ရ

ပြည်သူရဲ့ ပိုက်ဆံ တပြားတကျပ်ကိုမှ ပစ်စလက်ခတ် လုပ်တာ မရှိပါဘူး

Your Thoughts …
Tags: PDFကရင်နီပြည်နယ်စစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနွေဦးတော်လှန်ရေးဘဏ္ဍာရေးရန်ပုံငွေရှမ်းပြည်နယ်သူပုန် လက်ဖက်ခြောက်
Brian Wei

Brian Wei

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး (ရုပ်/သံ)

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate