• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Environment

ရေဘေးသင့် ဒုက္ခသည်များ စစ်တပ်အကူအညီ မဖြစ်စလောက်သာ ရ

by ဧရာဝတီ
5 August 2024
in Environment, သတင်း
A A
ရေဘေးသင့် ဒုက္ခသည်များ စစ်တပ်အကူအညီ မဖြစ်စလောက်သာ ရ

၂၀၂၄ ခုနှစ် သည်းထန်သောမိုးကြောင့် ဖြစ်လာသည့် ပဲခူးမြို့ ရေလွှမ်းမိုးမှုက လူပေါင်း ၂၀၀၀၀ ခန့် နေအိမ်များကို စွန့်ခွာရသည်/Xinhua

448
VIEWS
Share on FacebookShare on Twitter

လမ်းဘေးဈေးသည် ကိုအောင်ကျော်စိုးသည် ယခုနှစ် မိုးရာသီတွင် အခက်အခဲရင်ဆိုင်နေရသည့် မြန်မာအရပ်သားများစွာတွင် ပါဝင်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသည့် စီးပွားရေးအကျပ်အတည်းအပြင် ပြင်းထန်သော ရေလွှမ်းမိုးမှုအတွက်ပါ နိုင်ငံရုန်းကန်နေရချိန်တွင် ကလေးများအတွက် သူရောင်းသည့် မုန့်ကို လွယ်ကူစွာ ဝယ်စားနိုင်ရန် ဈေးနှုန်းများ မတင်ပေ။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
1
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
22
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
218

ထိုသို့သေးငယ်သည့် လုပ်ရပ်သည် အလွန်ခရီးရောက်နိုင်သည်။ အထူးသဖြင့် စစ်ကောင်စီထံမှ အကူအညီလျှော့နည်းချိန်တွင် ပိုမိုခရီးရောက်နိုင်သည်။

ကိုအောင်ကျော်စိုးသည် မြန်မာမှ အကြီးဆုံးမြို့နှင့် မြို့တော်ဟောင်း ရန်ကုန်မှ ကီလိုမီတာ ၈၀ ခန့် ကွာဝေးသည့် နိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ ပဲခူးတွင် နေထိုင်သည်။ သည်းထန်သောမိုးကြောင့် ဖြစ်လာသည့် ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၂၀၀၀၀ ခန့် နေအိမ်များကို စွန့်ခွာရသည်။

“ဒီနှစ် လှူဒါန်းမှုက အရမ်းနည်းတယ်။ ကျနော်နေတဲ့နေရာမှာ ရေကြီးတာ ဇူလိုင်လကုန်နေ အခုထိ ထမင်းဘူးတဘူးပဲ ရသေးတယ်” ဟု CNA သတင်းဌာနသို့ သူပြောသည်။

လွန်ခဲ့သော ၃ နှစ်ကျော်တွင် စစ်တပ်က အာဏာသိမ်းပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့သည့် စစ်ကောင်စီ၏ စစ်သားအများစုသည် တိုက်ပွဲများဖြင့် အလုပ်ရှုပ်နေသည်။

ဖြစ်လေ့ဖြစ်ထရှိသည့် ရေကြောင့်ဖြစ်သော ရောဂါများအတွက် စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်လာသည်/Xinhua

အာဏာမသိမ်းမီက မိုးရာသီတွင် ရွာသားများကို ကူညီရန် စစ်သားများကို အုပ်စုလိုက်ဖြန့်ကျက်ချထားသည်။ သို့သော် မကြာသေးမီက နှစ်များတွင် စစ်သားများကို သဘာဝဘေးအန္တရာယ်ဇုန်များသို့ မပို့တော့ဘဲ စစ်မြေပြင်များသို့သာ စေလွှတ်နေသည်။

စစ်ကောင်စီသည် စစ်တပ်က အကူအညီများပေးသည်ကို ပြရန် အားထုတ်မှုများရှိသော်လည်း မြေပြင်တွင် စစ်သား လွန်စွာနည်းကြောင်း CNA က တွေ့ရသည်။

ရေကြောင့်ဖြစ်သော ရောဂါများအတွက် စိုးရိမ်ပူပန်မှုများ

ယခုနှစ်အစောပိုင်းတွင် စစ်တပ်သည် အစားအသောက် အကူအညီများ စုဆောင်းခြင်းနှင့် ရေလွှမ်းမိုးမှုကြောင့် ထိခိုက်သူများကို ကူညီရန် အဖွဲ့များ ပြင်ဆင်ခြင်းအပါအဝင် မိုးရာသီအတွက် ပြင်ဆင်သည့် အားထုတ်မှုများကို ပြသသည်။

သို့သော် မြေပြင်ပကတိအခြေအနေသည် လုံးဝကွဲပြားခြားနားနေသည်။

မကြာသေးမီ နှစ်များအတွင်း လှုဒါန်းမှု နည်းလာသောကြောင့် ယာယီစခန်းများတွင် ခိုလှုံနေကြသူများ ရုန်းကန်နေရသည်။

နိုင်ငတဝန်းတွင် ရေသန့်မလုံလောက်သောကြောင့် ဒေသခံများသည် မိုးရေကို အားကိုးရန်မှတပါး အခြားရွေးစရာမရှိပေ။ နေရပ်စွန့်ခွာ အရပ်သားစခန်းများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ရေကြောင့်ဖြစ်သော ရောဂါများအတွက် စိုးရိမ်ပူပန်မှုများလည်း ဖြစ်ပေါ်လာသည်။

မသန့်ရှင်းသော ရေနှင့် အစားအစာမှ ပြန့်ပွားသော အပြင်းအထန် ဝမ်းလျှောပြီး အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်သော ဘက်တီးရီးယား ကာလဝမ်းရောဂါ ရန်ကုန်တွင် ဖြစ်ပွားနေစဉ် ထိုသို့သောစိုးရိမ်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဇွန်လမှစတင်ပြီး ပြင်းထန်သော ဝမ်းလျှောခြင်းကြောင့် နေ့စဉ်ပျမ်းမျှ လူ ၈၀ ခန့်ကို ဆေးရုံတင်နေရသည်။

ငွေကြေးတန်ဖိုးကျဆင်းခြင်း၊ အစားအစာ ဆေးဝါးနှင့် ဓာတ်ဆီဈေးနှုန်းများ တက်ခြင်းတို့က နေ့စဉ်ဘဝရုန်းကန်မှုများပေါ်သို့ ထပ်မံဝန်ပိစေသည်။

အခြေအနေကို အကောင်ဆုံးဖြစ်အောင် ဖန်တီး

ခြောက်နာရီခန့် ငါးမျှားပြီး မိသည့်ငါးကို ရောင်းလျှင် ၈၀၀၀ မှ ၉၀၀၀ ကျပ်ခန့် ရသည်/RFA

သို့သော် ထိုသို့သော အခက်အခဲများရှိသော်လည်း အချို့ဒေသခံများသည် အခြေအနေကို အကောင်းဆုံး ဖြစ်အောင် လုပ်ရန် ရွေးချယ်ကြသည်။

ရုတ်တရက်ရေလွှမ်းမိုးမှုများသည် အခွင့်အလမ်းသစ်များကိုလည်း ယူဆောင်လာပြီး ထိုအခွင့်အလမ်းများကို ဒေသခံအချို့ ရယူနေကြသည်။

ပဲခူးတွင်ပင် နေထိုင်သည် ကိုမြကိုသည် လက်သမားဖြစ်သော်လည်း ရေလွှမ်းမိုးချိန်မှ စတင်ပြီး ငါးမျှားသည့် အလုပ် ပြောင်းလဲလုပ်ကိုင်နေသည်။

“ရေကြီးကတည်းက ဆောက်လုပ်ရေးအလုပ်တွေ ရပ်ကုန်လို့ ကျနော် အလုပ်မလုပ်နိုင်တော့ဘူး။ အခုရေကြီးလို့ ငါးမျှားရတာ လွယ်လာတယ်။ ဒါကြောင့် အခု အဲဒါပဲ လုပ်နေတယ်” ဟု သူပြောသည်။

ခြောက်နာရီခန့် ငါးမျှားပြီး မိသည့်ငါးကို ရောင်းလျှင် ၈၀၀၀ မှ ၉၀၀၀ ကျပ်ခန့် ရသည်။

သူကဲ့သို့သော လူအများအပြားအတွက် နှစ်စဉ်ရေကြီးခြင်းသည် သာမန်ဖြစ်လာသည်။

ရေကျသွားသောအခါ ၎င်းတို့သည် ၎င်းတို့၏ နေ့စဉ်ဘဝသို့ ပြန်ကြမည်ဖြစ်သော်လည်း မြန်မာ၏ ကံကြမ္မာ မည်သည့်အချိန်တွင် ပြောင်းလဲလာမည်ဆိုသည့် မေးခွန်းကို မေးစရာတော့ ရှိနေသည်။

(CNA သတင်း Double whammy for Myanmar residents facing floods, as help from military dwindles ကို ဘာသာပြန်သည်။)

You may also like these stories:

၁၃ မြို့ နယ် စိုးရိမ်အမှတ်ထက်ကျော်လွန် ရေမြုပ်

ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်လမ်း မိုးကြီးသဖြင့် ဆက်တိုက်ပြိုကျနေ

ဒေါနအရှေ့ခြမ်း စစ်ရှောင်များ ရေဘေးဒုက္ခ ထပ်ကြုံရ

ကချင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ၁၈ ခု ရေဘေးသင့်

မြစ်ရေကြီးမှု ကြိုတင်သတိပေးချက် ဒေသခံများ မရဟု ဆို

Your Thoughts …
Tags: စစ်တပ်အကူအညီပဲခူးရေကြီးမှုမဖြစ်စလောက်မိုးရာသီရေဘေးသင့် ဒုက္ခသည်များ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ပွင့်လင်းရာသီကုန်လျှင် စစ်ကောင်စီတပ် အကျပ်အတည်း ဆိုက်မည်

ပွင့်လင်းရာသီကုန်လျှင် စစ်ကောင်စီတပ် အကျပ်အတည်း ဆိုက်မည်

by Zachary Abuza
13 May 2024
7.6k

မုတ်သုန်မိုးသည် ဇွန်လ ဒုတိယပတ်တွင် စတင်မည်ဟု တရားဝင် ခန့်မှန်းချက်များနှင့်အတူ စစ်ကောင်စီသည် မိုးမကျမီ ဦးစားပေး ခြောက်ခုကို အာရုံစိုက်နိုင်သည်။

မြန်မာနိုင်ငံ အထက်ပိုင်း မိုးကြီးနိုင်၊ စစ်ရှောင်များ အရေးပေါ် အကူအညီ လိုအပ်

မြန်မာနိုင်ငံ အထက်ပိုင်း မိုးကြီးနိုင်၊ စစ်ရှောင်များ အရေးပေါ် အကူအညီ လိုအပ်

by ဧရာဝတီ
29 May 2024
363

တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်မှုများနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက် ဖြစ်ပေါ်နေပြီး စစ်ကိုင်းတိုင်းရှိ ကလေးမြို့နှင့် ကနီမြို့နယ်တို့၌ တိုက်ပွဲများပြင်းထန်လာမှုကြောင့် လူပေါင်း ၂၄,၀၀၀ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း

ကျောင်းသားနဲ့ အလုပ်လုပ်သူတွေက မကြာခဏ အပြင် သွားရတာကြောင့် ဖျားနာခြင်း ဖြစ်နိုင်ခြေ ပိုများပါတယ် / ထက်ဝေ / ဧရာဝတီ

မိုးရာသီမှာ ဖျားနာခြင်း မဖြစ်ရအောင် လိုက်နာရမယ့် အချက် ၉ ချက်

by Crayon
29 May 2018
19.4k

အများစုက မိုးမိလာတဲ့အခါ ရေမချိုးကြတော့ပါဘူး။ မိုးရေစိုတဲ့အခါ သင့်ကိုယ်ခန္ဓာက အပူချိန် မညီမျှတော့တဲ့အတွက် နေမကောင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေပြန်ချိုးပေးခြင်းအားဖြင့် အပူချိန် ပြန်လည် ညီမျှစေပါတယ်။

မိုးရာသီမှာ စားပေးသင့်တဲ့ အစားအစာများ

မိုးရာသီမှာ များများစားပေးသင့်တဲ့ အစားအစာများ

by ဟယ်လ်သင်
6 June 2019
7.2k

ဟင်းလျာတွေ ချက်ပြုတ်ရာမှာ ထည့်သွင်းလေ့ ရှိတဲ့ နနွင်းဟာ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို သေစေနိုင်တာကြောင့် မိုးရာသီမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

မိုးရာသီမှာ ခရီးသွားမယ်ဆိုရင် ဘယ်နေရာကို မဆို စိတ်အေးအေးနဲ့ လည်ပတ်နိုင်ပါတယ်

မိုးရာသီမှာ ခရီးသွားခြင်းရဲ့ ကောင်းကျိုးများ 

by ညီညီသူ
12 June 2019
5.5k

“ခရီးသွားမယ်ဆိုရင် မိုးရာသီမှာ သွားတာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုရင် တခြား အချိန်တွေမှာ မတွေ့နိုင်တဲ့ သဘာဝရှုခင်း အလှတွေဟာ မိုးရာသီရောက်မှသာ အပြိုင်အဆိုင် ပေါ်ပေါက်လာတတ်လို့ပါ။

အဝတ်ကို သေချာ ရေညှစ်ပြီး လှန်းခြင်းက အဝတ်တွေကို အလွယ်တကူ ခြောက်သွေ့စေပါတယ်

မိုးရာသီမှာ အဝတ်တွေ အမြန်ခြောက်စေမယ့် နည်းလမ်းကောင်းများ

by ဟယ်လ်သင်
20 June 2019
13.3k

ခပ်မြန်မြန်ခြောက်ဖို့ လိုအပ်တဲ့ ရုံးယူနီဖောင်းတွေနဲ့ အတွင်းခံ အဝတ်အစားတွေဆိုရင်တော့ Hair Dryer နဲ့ မှုတ်ကာ အခြောက်ခံပြီးမှ လှန်းလိုက်ခြင်းက အဝတ်တွေကို အချိန်တိုအတွင်း ခြောက်သွေ့စေပါတယ်။

Next Post
တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ

တောင်ကုတ်နှင့် ဂွကို AA တိုက်မည်ဆို၍ စစ်တပ် ပစ်ခတ်မှုများ လုပ်နေ

ကွတ်ခိုင် မြို့မဈေး ဗုံးကြဲခံရ ၄ ဦး သေ၊ ဆိုင်ခန်း ၁၀၀ ကျော် မီးလောင်

ကွတ်ခိုင် မြို့မဈေး ဗုံးကြဲခံရ ၄ ဦး သေ၊ ဆိုင်ခန်း ၁၀၀ ကျော် မီးလောင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.5k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate