• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

ရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီထိန်းချုပ်မှု ထိုင်း အဆုံးသတ်သင့်ကြောင်း NUG ပြော

by ဧရာဝတီ
6 August 2024
in Human Rights, Labor Rights, သတင်း
A A
ရွှေ့ပြောင်းလုပ်သားများအပေါ် စစ်ကောင်စီထိန်းချုပ်မှု ထိုင်း အဆုံးသတ်သင့်ကြောင်း NUG ပြော

ထိုင်းနိုင်ငံသည် မြန်မာမှ အထောက်အထားရှိ အလုပ်သမား ၂ သန်းခန့်ကို စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားကဏ္ဍများတွင် လက်ခံထားသည်/AFP

2.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းလုပ်သားရေးရာများတွင် မြန်မာစစ်ကောင်စီ ပါဝင်ပတ်သက်ခြင်း မရှိအောင် ဖယ်ထုတ်ရန် မြန်မာစင်ပြိုင်အစိုးရ NUG က ထိုင်းနိုင်ငံကို တောင်းဆိုပြီး မြန်မာစစ်ကောင်စီသည် ၎င်းတို့အာဏာတည်မြဲရေးအတွက် ရွှေ့ပြောင်းလုပ်သားများကို မတရား အခွန်ကောက်နေကြောင်း ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံသည် မြန်မာမှ အထောက်အထားရှိ အလုပ်သမား ၂ သန်းခန့်ကို စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားကဏ္ဍများတွင် လက်ခံထားပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ့စီးပွားရေး သေလုမျောပါးဖြစ်နေချိန်တွင် အများအပြားသည် ပြည်တွင်းရှိ မိသားစုများကို ထောက်ပံ့ရန် ငွေကြေးပေးပို့နေကြသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
3
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
766
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
218

မြန်မာအလုပ်သမား အများအပြားသည် အပြန်အလှန်ဖလှယ်ရေးစနစ်အရ လာရောက်ခြင်းဖြစ်သော်လည်း အခြားသူများသည် စာရွက်စာတမ်းမရှိဘဲ ၎င်းတို့ကို နေထိုင်လုပ်ကိုင်ခွင့်ပေးမည့် ထိုင်းအစိုးရရုံး သို့မဟုတ် ဘန်ကောက်ရှိ မြန်မာသံရုံးက ထုတ်ပေးသည့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ရမည့် မျှော်လင့်ချက်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည်။

ထိုသက်သေခံလက်မှတ်များ ထုတ်ပေးရန် မြန်မာသံရုံး၏ လုပ်ပိုင်ခွင့်ကြောင့် ဖိနှိပ်ခံမြန်မာရွှေ့ပြောင်းလုပ်သားများကို အမြတ်ထုတ်သွေးစုပ်ရန်နှင် နည်းလမ်းပေါင်းစုံဖြင့် မြန်မာသို့ ပြန်ပို့ရန် အခွင်အလမ်းပေးကြောင်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီလိုလားသည့် နိုင်ငံရေးသမားများ ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

“လွတ်လပ်မျှတသည့် ထိုင်းနိုင်ငံတွင် မြန်မာစစ်ကောင်စီက ဥပဒေချိုးဖေါက်ခြင်းကို ခွင့်မပြုရန် အခြေခံ လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးများ ဦးစားပေးသည့် ထိုင်းအစိုးရ၊ အောက်လွှတ်တော်၊ ပါလီမန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ထိုင်းပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းသည်” ဟု NUG ၏ ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။

ထိုင်းနိုင်ငံတွင် တရားဝင်မှုရရှိရေး ရွှေ့ပြောင်းလုပ်သားများ လုပ်ရမည့် ပထမဆုံး ခြေလှမ်းများအနက် တခုဖြစ်သော ထိုအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသည့် ရုံး ၈ ခုအနက် ၇ ခုကို ထိုင်းအစိုးရက လွန်ခဲ့သောလတွင် ပိတ်လိုက်ပြီးနောက် အလုပ်သမားများသည် စမွတ်စခွန်နှင့် ဘန်ကောက်ရှိ သံရုံးတွင်သာ ထိုလက်မှတ်များ ထုတ်ယူနိုင်တော့သောကြောင့် သံရုံး၏ အခန်းကဏ္ဍသည် ပိုမိုအရေးပါလာသည်။

အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများကို စိစစ်ရန် CI စနစ်ကို စတင်သောအခါ ထိုသံရုံးသည် အလွန်များပြားသည့် စာရွက်စာတမ်းများကို မတရားတောင်းယူသည်ဟု NUG ပြောသည်။

“မည်သည့် စာရွက်စာတမ်းမျှ မပြနိုင်သူများအတွက် CI ကဒ်များထုတ်ပေးသည့် မူလရည်ရွယ်ချက်နှင့် လုံးဝဆန့်ကျင်သည်” ဟု NUG ကဖေါ်ပြပြီး ရွှေ့ပြောင်းလုပ်သားများက လိုအပ်သည့် စာရွက်စာတမ်းရှိပါက သံရုံးအနေဖြင့် ၎င်းတို့ကို နိုင်ငံကူးလက်မှတ်ထုတ်ပေးသင့်သည်ဟုပြောသည်။

အာဏာ သက်ဆိုးရှည်ရေး

လွန်ခဲ့သောနှစ် စက်တင်ဘာလတွင် မြန်မာ့စီးပွားရေးအကျပ်အတည်း ဆိုးရွားလာသောအခါ ပြည်ပရောက် အလုပ်သမားများသည် ၎င်းတို့လစာ၏ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မြန်မာမှ မိသားစုများထံ စစ်ကောင်စီခွင့်ပြုသည့် ဘဏ်များမှတဆင့် အလွန်နိမ့်ကျသည့် ငွေလဲနှုန်းဖြင့် ပြန်လည်ပေးပို့ရမည်ဟု စစ်ကောင်စီက အမိန့်ထုတ်သည်။

ဘန်ကောက်ရှိသံရုံးတွင် CI အပါအဝင် စာရွက်စာတမ်းလျှောက်ထားသည့် မည်သည့်အလုပ်သမားမဆို ထိုင်းအစိုးရသို့ ပေးသည့်အခွန်များအပြင် စစ်ကောင်စီကို အခွန်ပေးရမည်ဟု လွန်ခဲ့သော နှစ်နှောင်းပိုင်းတွင် စစ်ကောင်စီ ကြေညာသည်။

၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုအတွက် သုံးရန် ဝင်ငွေစီးကြောင်း ဖန်တီးရန် ရည်ရွယ်ချက်ဖြင့် ထိုသံရုံးသည် ရွှေ့ပြောင်းလုပ်သားများ ခက်ခက်ခဲခဲရထားသည့် လုပ်အားခများကို အမြတ်ထုတ်သွေးစုပ်နေသည်ဟု NUG ပြောသည်။

“အဝေးရောက် နိုင်ငံသားများထံမှ ဝင်ငွေခွန် အတင်းအကျပ်ကောက်ခြင်းနှင့် ၎င်းတို့သတ်မှတ်ထားသည့် ဘဏ်များနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု ကုမ္ပဏီများမှတဆင့် မိသားစုထံငွေလွှဲရန် ဖိအားပေးခြင်းသည် ၎င်းတို့ အကျိုးစီးပွားနှင့် အာဏာသက်ဆိုးရှည်စေရန် ရည်ရွယ်သည်” ဟု ထိုကြေညာချက်တွင် ဖေါ်ပြထားသည်။

မှတ်ချက်ပေးရန် ဆက်သွယ်သည်ကို ဘန်ကောက်ရှိမြန်မာသံရုံးက လတ်တလော တုံ့ပြန်ခြင်းမရှိပေ။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများကို စစ်ကောင်စီကအခွန်ကောက်ခြင်း ရပ်တန့်စေရန် NUG က ထိုင်းအစိုးရကို တောင်းဆိုပြီး မြန်မာ အလုပ်သမားကို အခွန် ၂ ထပ် မကျခံစေရေးအတွက် သဘောတူစာချုပ်ရှိထားပြီး ဖြစ်ကြောင်း ပြောသည်။

ထိုင်းနိုင်ငံသည် စစ်ကောင်စီနှင့် ဆက်လက်ထိတွေ့ဆက်ဆံနေသော်လည်း NUG သည် ထိုကိစ္စကို ဆွေးနွေးရန် ကြားခံအဖွဲ့အစည်းများမှတဆင့် ထိုင်းအလုပ်သမား ဝန်ကြီးဌာနနှင့် ပြောဆိုနေကြောင်း NUG ၏ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီ ဦးကျော်နီက လွတ်လပ်သော အာရှအသံ RFA သို့ပြောသည်။

“ထိုင်းအလုပ်သမား ဝန်ကြီးဌာနနဲ့ တိုက်ရိုက်ဆွေးနွေးမှုမရှိသေးပေမယ့် ထိုင်းပါလီမန် အလုပ်သမားရေးရာကော်မတီနဲ့ အွန်လိုင်း အစည်းအဝေး ၂ ကြိမ်လုပ်ထားတယ်’ ဟု ဦးကျော်နီပြောကြားပြီး NUG သည် ရွှေ့ပြောင်းအလုပ်သမားများအရေးအတွက် ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆွေးနွေးခဲ့ကြောင်းပြောသည်။

ကိုးကား။ ။ RFA သတင်း Thailand should end Myanmar junta’s control over migrants: NUG

MoU လုပ်သားများ အခွန်မဆောင်က သက်တမ်းတိုးမပေးဟု စစ်ကောင်စီ အကျပ်ကိုင်

မြန်မာရွှေ့ပြောင်းများ ပန်းရောင်ကတ်ဖြင့် နေခွင့်ပြုရန် ထိုင်းလွှတ်တော်သို့ တောင်းဆို

မြန်မာလုပ်သားတို့ ဘဏ်အကောင့်သုံး၍ အွန်လိုင်းလိမ်လည်မှုများ ထိုင်းရဲဖော်ထုတ်

သံတမန်ရေးနှင့် သူလျှိုလုပ်ငန်း အချက်အခြာဖြစ်လာသည့် မဲဆောက်မြို့

Your Thoughts …
Tags: CINUGစစ်ကောင်စီထိန်းချုပ်မှုတရားဝင်မှုရရှိရေးထိုင်းပေါ်လစီရွှေ့ပြောင်းလုပ်သားများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

Next Post
ဆည်တော်ကြီး ရေမလွှတ်၍ မိုးစပါးစိုက်ရေး အခက်တွေ့

ဆည်တော်ကြီး ရေမလွှတ်၍ မိုးစပါးစိုက်ရေး အခက်တွေ့

စစ်ခေါင်းဆောင် မိန့်ခွန်းပြောနေချိန် ကျောက်မဲမြို့ကို TNLA သိမ်းပိုက် (ရုပ်/သံ)

စစ်ခေါင်းဆောင် မိန့်ခွန်းပြောနေချိန် ကျောက်မဲမြို့ကို TNLA သိမ်းပိုက် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate