• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ရတနာပုံ ဆိုက်ဘာစီးတီး၌ တပ်ချ၍ ပြင်ဦးလွင် လုံခြုံရေး ပိုမိုတင်းကျပ်ထား

by ဧရာဝတီ
8 August 2024
in Military, သတင်း
A A
ရတနာပုံ ဆိုက်ဘာစီးတီး၌ တပ်ချ၍ ပြင်ဦးလွင် လုံခြုံရေး ပိုမိုတင်းကျပ်ထား

စစ်တက္ကသိုလ်အပါအဝင် စစ်သင်တန်းကျောင်းများရှိသည့် ပြင်ဦးလွင်မြို့ (ဧရာဝတီ)

2.6k
VIEWS
Share on FacebookShare on Twitter

စစ်တပ်မြို့ဟု ပြောဆိုကြသည့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားပြီး အဆင့်မြင့်နည်း ပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး)တွင် အင်အား ၁၀၀ခန့်ဖြင့် ဝင်ရောက်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြင်ဦးလွင်မြို့ခံတဦးက “မြို့ထဲပိုင်းက လုံခြုံရေးတွေလည်း ထပ်တိုးထားတာ တွေ့ရတယ်၊ အရင်ရက်တွေက တယောက် လောက်ပဲ စောင့်တဲ့နေရာမှ အခုဆိုရင် ၇ ယောက်ထိ စောင့်နေကြတာမျိုးပေါ့၊ ဆိုက်ဘာစီးတီးမှာလည်း ရှိတယ်၊ တပ်စွဲ တာ သိပ်မကြာသေးဘူး၊ ရပ်ကွက်ကြီး ၈ ၊ ၁၀ ဘက်မှာလည်း စစ်တာဆေးတာတွေ ည ဧည့်စာရင်းစစ်တာတွေ ဒါမျိုးတွေ တော့ ခပ်စိပ်စိပ်လုပ်နေကြတာပေါ့”ဟု ဧရာဝတီကို ပြောသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
157
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
232
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4k

ရတနာပုံ ဆိုက်ဘာစီးတီး University of Technology (Yatanarpon Cyber City)သည် ပြင်ဦးလွင်မြို့နယ် ပြင်စာနှင့် သုံးတောင်ရွာကြားတွင် ရှိသည်။

ထိုသို့ စစ်တပ် ဝင်ရောက်တပ်စွဲသဖြင့် တက္ကသိုလ်၌ လက်ရှိတက်ရောက်နေသည့် ကျောင်းသား ကျောင်းသူများ နှင့် ဆရာ၊ ဆရာမအချို့လည်း ကြောက်လန့်ကာ နေရပ်ပြန်ခြင်းများ ပြုလုပ်လာကြကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်က စခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၌ ပြင်ဦးလွင်မြို့နှင့် ၃၆ မိုင်သာဝေးသည့် နောင်ချို၊ ကျောက်မဲ၊ မိုင် ၈၀ ကျော်ကွာဝေးသည့် မိုးကုတ်မြို့တို့ကို တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်သော ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်သလို သြဂုတ် ၃ရက်က လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်သည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)နှင့် မဟာမိတ်များ လက်သို့ ကျရောက်ခဲ့သည်။

စစ်ကောင်စီတပ်စွဲထားသော အဆင့်မြင့်နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုက်ဘာ စီးတီး)

ထို့အတွက် စစ်ကောင်စီက ပြင်ဦးလွင်မြို့ကို လုံခြုံရေးတင်းကျပ်ကာ အခိုင်အမာပြင်ဆင်လာသလို မြို့နေသူတချို့လည်း စစ်ပွဲနှင့် ဝေးရာသို့ တိမ်းရှောင်မှုများ လုပ်လာရာ ယနေ့ဆိုလျှင် မန္တလေးမြို့သို့ ကားတန်းကြီးများ ဆင်းသက်နေသည်ကို တွေ့ရသည်။

ဒေသခံတဦးက “ပြီးခဲ့တဲ့ရက်တွေကစပြီး ဘဏ်က ပိုက်ဆံထုတ်တာတွေ ရှိတယ်၊ ပူပင်ကြတဲ့သူတွေလည်း တွေ့နေရတယ်၊ လက်ရှိကတော့ အရောင်းအဝယ်တွေတော့ ပါးကုန်ကြတယ်၊ ဆိုင်တွေလည်း မရောင်းကြရတော့ဘူး၊ အချို့ဆိုင်တွေလည်း ပိတ်ထားကြတယ်၊ မြို့ခံ အကုန်လုံးနီးပါး ကတော့ မြို့မှာ ရှိနေကြသေးတယ်၊ ကောလာဟလသတင်းတွေကတော့ စုံနေ အောင်ကို ကြားနေရတာပဲ၊ မြို့ခံအများစု ကတော့ ကျီးလန့်စာစားနေ နေကြရတာပေါ့”ဟု ပြောသည်။

စစ်ကောင်စီသည် ပြင်ဦးလွင်နှင့် ဆက်ထားသည့် နောင်ချိုလမ်း၊ မိုးကုတ်လမ်းပေါ်တွင် စခန်းငယ်များ ဖွင့်လှစ်ထားသလို မြို့ပတ်လည် လုံခြုံရေးများ ယူထားကြောင်း၊ ဝက်ဝံ စစ်ဆေးရေးဂိတ်၌ လုံခြုံရေးကို ယခင်ထက်ပိုမို တင်းကျပ် လိုက်ပြီး အိမ်စီးကား၊ ခရီးသည်တင်ကား ၊ ဆိုင်ကယ်များအားလုံးကို ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်နေ ကြောင်း၊ ဇွန်လ ၂၇ ရက်မှ စ၍ အနီးစခန်းလေဆိပ်ကို ပြန်လည် အသုံးပြုနေကြောင်း သိရသည်။

ပြင်ဦးလွင်ဒေသခံတဦးက “အခုကြည့်ရတဲ့အနေအထားအရ လောလောဆယ်တိုက်ပွဲတွေ ဖြစ်လာနိုင်တာမျိုး မရှိနိုင် သေးဘူး၊ တခါမှ တိုက်ပွဲဆိုတာမျိုး မေမြို့မှာ မရှိခဲ့ဘူး၊ မေမြို့ကတော့ ဘာပဲဖြစ်ဖြစ် အမြဲတမ်း အေးချမ်းနေတဲ့မြို့လေးပဲ၊ အခုလိုမျိုး ရှောင်တာတို့ တိမ်းတာတို့ အတွေ့အကြုံကတော့ မရှိဖူးဘူး၊ အသက် ၇၄ ရောက်နေပြီ အခုလိုမျိုး တခါမှ မရှိခဲ့ဖူးဘူး၊ ဒါမျိုးက နှစ်ပေါင်း ၇၀ လောက်မှာမှ ပထမဦးဆုံးအတွေ့အကြုံလို့တောင် ပြောလို့ရတယ်”ဟု ပြောသည်။

ယနေ့တွင်လည်း တော်လှန်ရေးအင်အားစုများက ရှစ်လေးလုံး နှစ်ပတ်လည် ပြင်ဦးလွင်ကို တော်လှန်ရေးအင်အားစုများက ဝင်တိုက်မည်ဆိုသော သတင်းများကြောင့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများနှင့် မြို့ခံအချို့ စွန့်ခွာ ပြောင်းရွှေ့ခြင်း များလည်း ရှိလာကြောင်း ဒေသခံများက ဆိုသည်။

“ဒီမှာက မြို့သူမြို့သားတွေက မထွက်သေးဘဲ စစ်တပ်နဲ့ ရဲအသိုင်းအဝိုင်း အကြီးပိုင်းတွေရဲ့ မိသားစုဝင်တွေ အရင်ပြေးကြ တာ မိသားစုဝင်တွေကို ရှောင်ခိုင်းကြတာမျိုးပေါ့၊ စစ်သားတွေ ရဲတွေတော့ မြို့ထဲမှာ ကျန်နေသေးတယ်၊ အရာရှိငယ်တွေနဲ့ အောက်ခြေစစ်သည်တွေရဲ့ မိသားစုဝင်တွေတော့ ရွှေ့တယ် ပြောင်းတယ်ဆိုတာမျိုး မကြားရဘူး၊ အဓိက ရာထူး အကြီးပိုင်း မိသားစုဝင်တွေ ရွှေ့ကြတာ၊ မြို့ခံ အနည်းအကျင်းလောက်ပဲ ပါတယ်”ဟု ပြင်ဦးလွင်မြို့ခံတဦးက ပြောသည်။

ပြောင်းရွှေ့သူများတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုအများဆုံးဖြစ်ပြီး မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော်၊ ရန်ကုန်မြို့ များသို့ တိမ်းရှောင်ကြသလို လက်ရှိ ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်း နောင်ချို၊ ဘန့်ဘွေးရဲစခန်းများမှ ဆုတ်ခွာ လာကြသည့် မိသားစုဝင်များ ရှိနေဆဲဖြစ်ကာ တပ်ရင်း၊ တပ်ဖွဲ့များမှ မိသားစုဝင်များ ကျန်ရှိနေသေးကြောင်း သိရသည်။

ယခင်ရက်များက လားရှိုး၊ ကျောက်မဲ၊ နောင်ချိုမြို့နယ်များမှ ရောက်လာသည့် စစ်ရှောင်များလည်း ထပ်မံတိမ်းရှောင်ရန် ပြင်ဆင်ကြသလို ပြင်ဦးလွင် စစ်ဆေးရုံမှ ဒဏ်ရာရစစ်သည်များနှင့် လူနာများ ရွှေ့ပြောင်းနေခြင်းများလည်း ရှိနေကြောင်း သိရသည်။

ထိုသို့ ရွှေ့ပြောင်းမှုများ ဖြစ်လာစေရန် အတွက် စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် People Media မှ စစ်တပ် လော်ဘီ ကျော်စိုးဦးက “သတိ ပြင်ဦးလွင်”ဆိုသော ခေါင်းစဉ်ဖြင့် ထုတ်လွှင့်ခဲ့၍ ဖြစ်ကြောင်း မြို့ခံများက ဆိုသည်။

MDY Revolution မှ တာဝန်ရှိသူတဦးက “မြို့လူထုကတော့ ပုံမှန်အနေအထားမှာပဲ ရှိတယ်၊ တပ်မိသားစုအချင်းချင်း လက်တို့ပြေးခိုင်းရာကနေ သတင်းပွပြီး အခုလိုမျိုးတွေ ဖြစ်ကုန်တာ၊ အဆင်းလမ်း ၁၆ မိုင်ဂိတ်က တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်နေလို့ ကားကြပ်တာမျိုးပါ၊ ကျနော်တို့ ကြားသိရတဲ့ အတွင်းသတင်းတွေအရ နောက်နှစ်ရက်အတွင်း ပြင်ဦးလွင် အတက်အဆင်း ကားလမ်းပိတ်ပြီး အစစ်အဆေး ပိုကြမ်းလာနိုင်တယ်လို့ သိရတယ်”ဟု ဆိုသည်။

အဆိုပါအခြေအနေများအပေါ် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရပေ။

ပြင်ဦးလွင်မြို့မှ မန္တလေးမြို့ဘက်သို့ ဆင်းလာကြသည့် ကား၊ ဆိုင်ကယ်များကို မန္တလေး မြို့အဝင် ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်စစ်ဆေးရေးဂိတ်တွင် စစ်တပ်၊ ရဲများအပါအဝင် ဌာနဆိုင်ရာပေါင်းစုံဖြင့် အထိုင်ချထားပြီး အစစ်အဆေး တင်းကျပ်နေခြင်း ကြောင့် ယနေ့ နံနက်ပိုင်းတွင် ၃ မိုင် ကျော်ခန့်ထိ ရှည်လျားသော ထောင်နှင့်ချီသည့် ယာဉ်တန်း ပိတ်ဆို့လျက် ရှိသည်။

You may also like these stories:

ရမခ တိုင်းမှူး အလင်းဝင်ရန် ညီနောင်သုံးဖွဲ့ ကမ်းလှမ်း

ရမခ တိုင်းမှူး ဘယ်ပျောက်နေလဲ

တော်လှန်ရေးတပ်များ၏ မြောက်ပိုင်းထိုးစစ်နှင့် မြန်မာနိုင်ငံသစ် အလားအလာ

စစ်ခေါင်းဆောင် လက်ထက် ပထမဆုံး ကျရှုံးခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်

Your Thoughts …
Tags: MNDAAPDFTNLAပြင်ဦးလွင်ရတနာပုံဆိုက်ဘာစီးတီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

Next Post
လားရှိုး ရမခ ကျဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲ

လားရှိုး ရမခ ကျဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲ

ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

ပြင်ဦးလွင်က စစ်ကျောင်းကြီးတွေ ရွှေ့ရတော့မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

6 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

6 days ago
3.4k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate