• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

အိန္ဒိယ-မြန်မာ နယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၅ဦး ရှိလာ

by မေရီခိုင်
10 August 2024
in Military, သတင်း
A A
အိန္ဒိယ-မြန်မာ နယ်စပ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၅ဦး ရှိလာ

အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့နှင့် မဏိပူရ်ပြည်နယ် မိုရေးမြို့တလျှောက် ခြံစည်းရိုးခတ်ထားပုံကို ၂၀၁၁ က တွေ့ရစဉ် / EPA

428
VIEWS
Share on FacebookShare on Twitter

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုရေးမြို့ နှင့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် နယ်စပ်တလျှောက်တွင် မြေမြှုပ်မိုင်း နင်းမိ‌သောကြောင့် ဒေသခံများ သေဆုံး ထိခိုက်ခဲ့ရပြီး မိုင်းအန္တရာယ် ပိုကြီးထွားလာကြောင်း ဒေသခံများက ပြောသည်။

အိန္ဒိယ-မြန်မာ နယ်စပ်အနီးတွင် ဇွန်လနှင့် ဇူလိုင် ၂လအတွင်း မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးသူ ၅ဦး နှင့် ဒဏ်ရာရသူ ၁၀ဦး ရှိခဲ့ကြောင်း သိရသည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
183
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
67
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
1.2k

မိုရေးတွင်နေထိုင်သည့် စစ်ဘေးဒုက္ခသည်တဦးက ” ကျွန်တော်တို့ နေတာက အိန္ဒိယဘက်ခြမ်းမှာ၊ မြန်မာနဲ့ စည်းရိုးပဲ ခြားနေတာဆိုတော့ မြန်မာဘက်က နေအိမ်တွေကို ပြန်ကြည့်တာ၊ ပစ္စည်းပြန်ယူတာတွေ လုပ်ကြတယ်။ တချို့ကတော့ နယ်စပ်က သပြေပန်းလေးတွေချိုးပြီး ရောင်းချတာတွေရှိတယ်။ နယ်စပ်နွားကျောင်းတာတွေ ရှိတယ်။ အဲဒီလို သွားလာရာကနေ ထိတာကြတာပဲ၊ မိုင်းထိတဲ့သူ အတော်ကို များနေပြီ ” ဟု ပြောသည်။

ဇူလိုင် ၂၈ ရက်နေ့၌ အိန္ဒိယ- မြန်မာနယ်စပ် မိုင်တိုင်အမှတ် ၉၁ နှင့် ၉၂ ကြား တွင် မြေမြှုပ်မိုင်းနင်းမိ၍ အသက် ၁၆ နှစ်အရွယ် စစ်ဘေးဒုက္ခသည် မိန်းကလေးငယ်တဦးနှင့် ယောက်ျားလေး တဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်၂၅ ရက်က မြန်မာဘက်ခြမ်း နယ်စပ်အနီးတွင် မြေမြှုပ်မိုင်းနင်းမိ၍ အိန္ဒိယနိုင်ငံသားဖြစ်သည့် တန်ကူ နာဂလက်နက်ကိုင်အဖွဲ့၏ အရာရှိတဦး သေဆုံးခဲ့ပြီး နောက်ထပ်တဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်တလျှောက်တွင် မကြာခဏ မိုင်းပေါက်ကွဲမှု ဖြစ်ရပ်များကို စုံစမ်းစစ်ဆေးသွားမည်ဟု မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ် ဘီရန်ဆင်း (N.Biren Singh) က ဩဂုတ် ၃ရက်က ပြောကြားခဲ့ကြောင်း အိန္ဒိယအခြေစိုက် Hindustan Times သတင်းတွင်ဖော်ပြသည်။

အိန္ဒိယ-မြန်မာနယ်စပ် မိုရေးဘက်တွင် တွေ့ရသော မြန်မာစစ်ဘေးရှောင်များ / CJ

လိုအပ်သည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများကို အစီရင်ခံစာ ပေးပို့သွားမည် ဖြစ်ကြောင်း ပြည်နယ်၀န်ကြီးချုပ်က ဆိုသည်။

အိန္ဒိယ-မြန်မာနယ်စပ် မိုင်တိုင် ၉၁ နှင့် ၉၄ ကြားတွင် မိုင်းပေါက်ကွဲမှု အများဆုံး ဖြစ်ပွားနေပြီး မြေမြှုပ်မိုင်းများသည် မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့အစည်းများက နှစ်နိုင်ငံနယ်စပ် ဒေသခံများကို အကြမ်းဖက်ရန် ထောင်ထားခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ” မြေမြှုပ်မိုင်း‌ကြောင့် အိန္ဒိယနိုင်ငံသား‌တွေ သေဆုံးခဲ့တာကြောင့် ပြည်နယ်အစိုးရက စစ်ဆေးမှုတွေ စလုပ်ဖို့ ပြင်လာတာလို့ မြင်ပါတယ်။ဒီကိစ္စကို အကြောင်းပြပြီး နယ်စပ်ကိစ္စကို လုံခြုံရေးလုပ်မယ့်သဘောပါပဲ။ အိန္ဒိယ ဗဟိုအစိုးရနဲ့ စကစ က နယ်စပ်လုံခြုံရေးကိစ္စနဲ့ မကြာခဏ တွေ့ဆုံနေတာတွေလည်း ရှိပါတယ် ” ဟု ပြောသည်။

နယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ပျူစောထီးများ နေရာယူထားပြီး နယ်စပ် တလျှောက် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း ဒေသခံများက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ဖြတ်ကျော် တံတားတခု / CJ

တမူးဒေသခံတဦးက ” တမူးအထက်ပိုင်း မင်းသာတို့၊ ဗန္ဓုလရွာတို့ဘက်နားကစပြီး နယ်စပ်တွေမှာ နေရာယူထားတယ်။ စကစ ရေ၊ ပျူစောထီးရော၊ ရှမ်းနီတပ်တွေရော ပါတယ်လေ။ ပစ္စည်းလုယက်တာတွေ၊ လူသတ်မှုတွေက တမူးမှာ ပိုဖြစ်လာတယ်။ မိုင်းတွေကလည်း သူတို့ပဲ ထောင်ထားတာ ” ဟုပြောသည်။

ဇွန်လ ၁၆ ရက်တွင်လည်း အိန္ဒိယဘက်ခြမ်း မိုရေးစစ်ဘေးရှောင်စခန်းမှ တမူးမြို့နယ်သို့ နွားကျောင်းသွားသည့် အမျိုးသား ၄ဦး မြေမြှုပ်မိုင်းနင်းမိ၍ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့သည်။

အိန္ဒိယ- မြန်မာ နယ်စပ်စည်းရိုးအနီး မဏိပူရ်ပြည်နယ်ဘက်ခြမ်းတွင် မြန်မာဘက်က တိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည် ၆,၀၀၀ နီးပါး နေထိုင်နေကြကြောင်း အကူအညီပေးသူများက ပြောသည်။

မဏိပူရ်ပြည်နယ်နှင့် မြန်မာနိုင်ငံသည် နယ်နမိတ်ချင်း မိုင် ၂၅၀ ခန့် ထိစပ်နေပြီး အိန္ဒိယနှင့်မြန်မာ နှစ်နိုင်ငံနယ်စပ်အနေဖြင့် မိုင် ၁၀၂၀ နီးပါး ထိစပ်နေသည်။

You may also like these stories:

မဏိပူရ်၌ ခိုလှုံနေသည့် စစ်ရှောင်များ နေရပ်ပြန်ပို့ခံမည်ကို စိုးရိမ်

မြန်မာနယ်စပ် စည်းရိုးခတ်မည့် အစီအစဉ် မဏိပူရ လူမှုအခြေပြုအဖွဲ့များ ဆန့်ကျင်

မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အိန္ဒိယ မည်သည့်အကျိုးကျေးဇူးမျှ မထွက်

Your Thoughts …
Tags: ဒေသခံနယ်စပ်လုံခြုံရေးမဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်မြေမြှုပ်မိုင်းအိန္ဒိယ
မေရီခိုင်

မေရီခိုင်

Similar Picks:

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

၂ လကြာ ပလက်ဝတိုက်ပွဲကြီးနှင့် ရခိုင်စစ်မျက်နှာ အလှည့်အပြောင်း

by မိုးစက်ငြိမ်းချမ်း
19 January 2024
14.1k

ပလက်ဝ စစ်မျက်နှာအတွင်း AA ၏ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ပလက်ဝမြို့နယ်တခုလုံး ရရှိသွားသည်ကို တွေ့ရ၏။

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

စစ်မှုထမ်းဥပဒေနှင့် ပြည်ပြေးစစ်တပ်၏ နောက်ဆုံးနေ့ရက်များ

by ခင်မမ
13 February 2024
10.5k

သို့သော်လည်း လူငယ်များသည် စစ်မှုထမ်းဥပဒေကို အလွယ်တကူ လိုက်နာကြလိမ့်မည် မဟုတ်ပေ။ နည်းမျိုးစုံသုံး၍ ဆန့်ကျင်ကြမည်သာ ဖြစ်၏။

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.3k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

Next Post
စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

စစ်ကောင်စီ အင်တာနက် ထိန်းချုပ်မှုက မြန်မာလူထု လုံခြုံရေးကို ခြိမ်းခြောက်နေ

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate