မြန်မာစစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ပွဲများ ပြင်းထန်နေစဉ် လုံခြုံရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရန်အတွက် ကြည်းတပ်များနှင့် ပူးတွဲ လေကြောင်းကင်းလှည့်တပ်များ မြန်မာနယ်စပ်တွင် ကင်းလှည့်မည်ဖြစ်ကြောင်း တရုတ် စစ်တပ်က တနင်္လာနေ့တွင် ကြေညာသည်။
ထိုသို့ ကင်းလှည့်ခြင်းကို ရွှေလီ၊ ကျန်ကန်းနှင့် အခြားနယ်စပ်များတွင် ပြုလုပ်မည်ဟု စစ်တပ်က ကြေညာချက် တစောင်တွင် ဖေါ်ပြသည်။
မြန်မာ မြောက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် အဓိကကျသည့် တိုက်ပွဲများဖြစ်ပွားပြီး အမြောက်ဆံများကြောင့် တရုတ်ဘက်တွင် ပြည်သူများ ဒဏ်ရာရပြီး အိုးအိမ်များ ထိခိုက်ပျက်ဆီးနေကာ တရုတ်ရှိ အခြေခံအဆောက်အအုံစီမံကိန်းများကိုလည်း ခြိမ်းခြောက်နေသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တောင်ပိုင်းတိုင်း စစ်မျက်နှာသည် တပ်များ၏ အလျင်အမြန် လှုပ်ရှား၊ ပိတ်ဆို့၊ ထိန်းချုပ်၊ အတူအကွ တိုက်ခိုက်နိုင်စွမ်းနှင့် နယ်စပ်ဒေသများ လုံခြုံရေးနှင် တည်ငြိမ်မှု ထိန်းချုပ်နိုင်စွမ်းကို စစ်ဆေးရန် လုပ်ဆောင်နေသည်ဟု တရုတ်စစ်တပ် ပြောသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့တခုသည်လည်း တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်တွင် ကျည်ဆံအစစ်ဖြင့် စစ်ရေးလေ့ကျင်မှုတခုကို သြဂုတ်လ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်းကိုလည်း တရုတ်စစ်တပ်၏ သီးခြားကြေညာချက်တစောင်အရ သိရသည်။
စစ်ရေးလေ့ကျင့်မှုများကို ယူနန်ပြည်နယ် အနောက်ပိုင်း ရွှေလီတောင်ဘက် ကျန်ကန်းခရိုင်၊ ကန်းမ တိုင်နှင့် ဗ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ပြုလုပ်မည်ဖြစ်ကြောင်း စစ်တပ်ကပြောသည်။
တရုတ်စစ်တပ်သည် နိုဝင်ဘာလကလည်း မြန်မာနယ်စပ်အနီးတွင် ကျည်ဆံအစစ်ဖြင့် စစ်ရေး လေ့ကျင့်သည်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်အနီးတွင် တိုင်းရင်းသားလက်နက်ကိုင်များသည် မြန်မာစစ်တပ်ကို အောင်ပွဲအများအပြားရနေသည်။ ဇန်နဝါရီလတွင် အမြောက်ဆံ လွဲချောက်ကျသောကြောင့် တရုတ်ဘက်မှ ပြည်သူ ၅ ဦး ဒဏ်ရာရသည်။
မြန်မာမှ မတည်ငြိမ်မှုနှင့် စစ်ပွဲကို ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ယခုလ အစောပိုင်းကပြောသည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဖေါ်ပြသည်။
ဇန်နဝါရီလတွင် တရုတ်က အပစ်အခတ်ရပ်စဲရေး ကူညီလုပ်ဆောင်ပေးသော်လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်ခိုက်မှုသစ် ဇွန်လတွင် စတင်သောအခါ အပစ်အခတ်ရပ်စဲရေး ပျက်စီးသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပြည်ပနိုင်ငများက ထောက်ပံ့နေကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် မကြာသေးမီက စွပ်စွဲသည်။ ထိုအဖွဲ့အစည်းများနှင့် ရှည်ကြာသော ဆက်ဆံရေးရှိသည့် တရုတ်နိုင်ငံကို ရည်ညွန်းခြင်း ဖြစ်နိုင်သည်။
မကြာသေးမီကလည်း တရုတ်နယ်စပ်အနီး ကိုးကန့်မြို့ လောက်ကိုင်နှင့် ကချင်မြို့ လိုင်ဇာကို မြန်မာစစ်တပ်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်သည်။
သည် မြန်မာ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို လေးစားပြီး ပြည်တွင်းရေးကို ဝင်မစွက်ဖက်ကြောင်း၊ တရုတ်ကို မဟုတ်တန်းတရား ပြောဆိုနေမှုအား လက်သင့်မခံကြောင်းတို့ကို မြန်မာသို့လာရောက်စဉ် ဝမ်ယိက မင်းအောင်လှိုင်ကို ပြောသည်။
မြန်မာသည် တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများ၏ လုံခြုံရေးကို ထိရောက်စွာ ကာကွယ်မည်ဟု မျှော်လင့်ကြောင်းလည်း ဝမ် ပြောသည်။
ရှမ်းပြည်နယ်မှ တရုတ်နိုင်ငံသားများ လုံခြုံရေး သတိထားရန်၊ ပဋိပက္ခဇုန်များကို ရှောင်ရန် သို့မဟုတ် တရုတ်နိုင်ငံသို့ပြန်လာရန် မြန်မာရှိ တရုတ်သံရုံးကလည်း သတိပေးချက် ယခုလအတွင်း ထုတ်ပြန်ထားသည်။
You may also like these stories:
“ဆင်ဖြူရှင်”ကို စစ်ကောင်စီ အကူအညီတောင်း
ဗန်းမော်ကို မြေပြင်စစ်ကူလမ်းကြောင်း ဖြတ်တောက်ထားဟု KIA ပြော
စစ်ကိုင်းတွင် လူမဆန်ခဲ့သည့် ဘီလူးစစ်ကြောင်းမှူး သပိတ်ကျင်းနယ်၌ အရှင်ဖမ်းမိ
စစ်မြေပြင်က တိုင်းမှူး တပ်မမှူးများ ဘယ်ဘက်က ရပ်မလဲ
လားရှိုး ရမခ ကျဆုံးပြီးနောက် ဘာဆက်ဖြစ်မလဲ