• English
Friday, June 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ

by ဧရာဝတီ
14 September 2024
in သတင်း
A A
ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ

ရမည်းသင်းမြို့နယ်အတွင်း ရေကြီး မြေပြိုမှုများကြောင့် တွေ့ရသော ပျက်စီးမှုများ/ CJ

918
VIEWS
Share on FacebookShare on Twitter

တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းမိုးကြောင့် ရေကြီးမြေပြိုမှု ဖြစ်ခဲ့သော မန္တလေးတိုင်း ရမည်း သင်းမြို့နယ်၌ ယခုအခါ ရေပြန်ကျပြီဖြစ်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ အလောင်း ၄၀ကျော် တွေ့ ထားပြီး လူ၁၀၀ကျော် ပျောက်နေကြောင်း ဒေသခံများနှင့် လူမှုကူညီ ရေးအသင်းများထံက သိရသည်။

စက်တင်ဘာ ၁၁ရက် ၁၂ရက်က အဆက်မပြတ်ရွာသည့် မိုးကြောင့် နာမည်ကျော် မိုးထိမိုးမိ ရွှေလုပ်ကွက်များရှိရာ ရမည်းသင်း အရှေ့ခြမ်း တောင်ပေါ်ရွာများဖြစ်သည့် ငါးတဲစု၊ ဝါးဖြူတောင် အထက်/အောက်၊ သပြေပင်၊ အရှေ့ပင်၊ ချောင်းဖျား၊ ရွှေတောမိုင်းအပါအဝင် ကျေးရွာ ၈ ရွာခန့်ရေကြီးနစ်မြုပ်ခဲ့ကာ တောင်ကျချောင်းရေ တိုက်စားမှုကြောင့် မြေပြိုမှုများလည်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

RelatedPosts

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပေါင်းပြီး လန်ဆယ်ကို စစ်ကြောင်းထိုး (ရုပ်/သံ)

13 June 2025
1
ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

13 June 2025
797
စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

စစ်ကောင်စီလက်ထက်မှာ အထိနာနေတဲ့ လေတပ် (ရုပ်/သံ)

13 June 2025
17

ရမည်းသင်းမြို့ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက “လက်ရှိ Dead Body က သယ်ထားတာက ၃၀ လောက်ပဲ ရသေးတယ်၊ အချို့ အလောင်းတွေက သယ်လို့မရတော့ အနီးနားက ရွာတွေမှာပဲ သဂြိုလ်လိုက်ကြတာမျိုး တွေလည်း ရှိ တယ်၊ မြင်းနားဘက်မှာဆိုရင် ရွာခံတွေ မြေမြုပ်ပေးလိုက်တာကို ၁၅ လောင်းကျော်ထိရှိတယ်၊ ရွာတွေက တောင်ပေါ်ဖြစ်တဲ့ အတွက်ကြောင့် မိုးအရမ်းများ ရေကြီးပြီး မြေပြိုတော့ လူတွေ အထိ အခိုက်သေဆုံးမှု တော်တော်များများ ရှိပါတယ်၊ ကျနော်တို့ဆီမှာ ရွာတွေကနေ ပေးထားတဲ့ ပျောက်ဆုံးစာရင်းက ၁၀၀ ကျော်လောက်ရှိတယ်”ဟု ပြောသည်။

လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးရွာမှာ သပြေပင်ကျေးရွာဖြစ်ပြီး နေအိမ်များ ရေစီးဖြင့် မျောပါသွားသလို မြေအောက်၌ နစ်မြုပ်သွားသောနေအိမ်များလည်း ရှိကြောင်း၊ အိမ်ခြေ ၃၅၀ ကျော်တွင် အမြင့်ပိုင်းမှ အိမ်ခြေ ၄၀ ကျော် သာ ကျန်ရှိတော့သလို ဒေသခံ ၈၀ ကျော် ပျောက်ဆုံးခဲ့သည့်အနက် ရုပ်အလောင်း ၃၀ ခန့် တွေ့ရှိထားပြီး ကျန်သူများမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ချောင်းဖျားကျေးရွာတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပျောက်ဆုံးနေသူများလည်း ရှိကာ ဆက်လက် ရှာဖွေနေကြဆဲဟု သိရသည်။

ရမည်းသင်းမြို့ခံ လူမှုကူညီရေး အသင်းတခုမှ တာဝန်ရှိသူတဦးက “သပြေပင်ကျေးရွာရယ် ချောင်းဖျားရယ်ကတော့ တော်တော်ဆိုးဆိုးရွားရွားပဲ၊ ထိခိုက်ပျက်စီးမှုအများဆုံးနဲ့ ရွာရဲ့ ၃ ပုံ ၂ ပုံလောက်ကို ပါသွားတာ၊ သူက မြေပြိုပြီးပါသွားတာ၊ ချောင်းဘေးနားမှာ ရွာလေးတွေ တည်ပြီးနေကြတာ၊ ရွှေတောကို သွားတဲ့ လမ်းပေါ်မှာပေါ့၊ ရမည်းသင်းအရှေ့ဘက် ရွှေလုပ် ကွက်တွေရှိတဲ့ မိုးထိမိုးမိဘက်ပေါ့၊ ပြီးတော့ ငါးတပ်စုတို့ ဝါးဖြူတောင်တို့ ဘက်မှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိတယ်၊ အခုလက်ရှိ လမ်းပန်းဆက်သွယ်ရေးကလည်း တော်တော်လေးခက်ခဲနေတယ်၊ အဲဒီဘက်ကို သွားဖို့က မြေပြိုထားတာဆိုတော့ သွားလို့လာလို့က မလွယ်သေးဘူး”ဟု ပြောသည်။

အဆိုပါရွာများမှာ ရမည်းသင်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းသွားသည့် ပေါင်းလောင်းမြစ်ဘေးကျေးရွာများ ဖြစ်ကာ စက်တင်ဘာ ၁၁ ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေဝင်ရောက်မှုဖြစ်ခဲ့ကာ ၁၂ ရက်တွင် ရေ ပြန်ကျသွား ကြောင်း၊ လက်ရှိအချိန်အထိ ယင်းကျေးရွာများသို့ စစ်ကောင်စီ၏ ကယ်ဆယ်ရေး ရောက်ရှိလာခြင်းမရှိဘဲ အသက်ရှင် ကျန်ရစ်သူများမှာလည်း စားဝတ်နေရေး ၊ အမိုးအကာနှင့် ကျန်းမာရေး ဒုက္ခများကြုံတွေ့နေရကြောင်း သိရသည်။

ဒေသခံတဦးက “တချို့နေရာတွေတော့ ရေပြန်ကျနေပါပြီ၊ ချောင်းဘေးနဲ့ တောင်ကျရေ နီးတဲ့ရွာတွေ ပိုပြီး ဒုက္ခများကြ တာပါ၊ ပြီးတော့ ကျီးနီကန်မကြီးကနေ ရေလွှတ်တာရယ် မိုးများပြီး တောင်ကျရေတွေကြောင့် မြေပြိုတာမျိုးတွေထိ ဖြစ်ခဲ့ တာမျိုးတွေပေါ့၊ လူတွေ ထိခိုက်သေဆုံးတာက မြေပြိုတာကြောင့်ပေါ့၊ အချို့ရွာတွေဆိုရင် အိမ်တွေ ပိုင်ဆိုင်မှုတွေ အားလုံး မြေအောက်ရောက်သွားကြတယ်၊ အတော်စိတ်မကောင်းစရာ ဖြစ်ရပ်တွေပါပဲ၊ ဒီနေ့အထိတော့ ပြည်သူအချင်းချင်း ကူညီ တာကလွဲပြီး တာဝန်ရှိသူတွေ တယောက်မှ ရောက်မလာသေးဘူး”ဟု ပြောသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်မူ ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးထိမိုးမိ ရွှေလုပ်ကွက်များတွင် မြေပြိုကျသဖြင့် အလုပ်သမား အများအပြား ပျောက်ဆုံးနေပြီး သပြေပင်ရွာ အပါအဝင်အများအပြား မြေအောက်သို့ ရောက်သွားကာ သေဆုံးသူ ရာချီနှင့်အတူ လူ ၇၀၀ ခန့် ပျောက်ဆုံးနေကြောင်း၊ ရွှေမြင်တင် တောင်ပေါ်မှ တန်ခိုးကြီးဘုရားတဆူဖြစ်သော ရွှေမြင်တင် ဘုရားလည်း ပြိုကျသွားပြီး ထိခိုက်သေဆုံးမှုများ သည်ဟု ရေးသားဖြန့်ဝေထားကြသည်။

“၇၀၀ ကျော်လောက် ပျောက်နေတယ်ဆိုတာမျိုးတော့ မဟုတ်ပါဘူး၊ ၁၀၀ ကျော်လောက် ပျောက်ဆုံးတယ်ဆိုတာက အမှန်ပါ၊ ပြည်သူတွေအနေနဲ့ အရမ်းကြီး မစိုးရိမ်ကြပါနဲ့ ကျနော်တို့လည်း ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်ဗျ၊ တချို့ရွာတွေမှာတော့ ၃၀ ကျော်ကနေ ၅၀ ကျော်လောက်ထိ ပျောက်ဆုံးနေတာမျိုးတွေ ရှိတယ်ဆိုတော့ အများဆုံး ၁၀၀ ကျော်တော့ ရှိနိုင်ပါတယ်”ဟု ရမည်းသင်းမြို့ခံ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။
သပြေပင်ကျေးရွာမှ ဒေသခံများမှာ ကုန်းအမြင့် ပိုင်း၌ တိမ်းရှောင်နိုင်ခဲ့ကြသလို ပျောက်ဆုံးနေသူ ၈၀ ခန့်သာရှိကြောင်း၊ ကျန်ရစ်သော ဒေသခံများအနေဖြင့် လမ်းပန်း ဆက်သွယ်ရေးလွယ်ကူစေရန်အတွက် ရှင်းလင်းရေးလုပ်ငန်းများ စတင် လုပ်ကိုင်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းတွင် ကျေးရွာအချို့သို့ ကယ်ဆယ်ရေးများ စတင်ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။

“ရွာက အိမ်တွေကတော့ ရေကြီးတည်းက အကုန်မျောပါသွားတာ မှန်ပါတယ်၊ လူတွေကတော့ ကုန်းအမြင့်တွေပေါ်မှာ ရှောင် နိုင်ခဲ့ကြပါတယ်၊ လက်ရှိရေကတော့ ကျသွားပါပြီ၊ ရေစီးနဲ့ ပါသွားတဲ့သူတွေကတော့ အခုထိ ရှင်လားသေလား မသိရသေးပါဘူး ရှာနေကြတုန်းပါ၊ မသိဘဲ ကောလဟာလတွေ မဖြန့်ပါနဲ့ဗျ”ဟု သပြေပင်ရွာသို့ အကူအညီများ သွားရောက်ပေးခဲ့သူတဦးက ပြောသည်။

ရမည်းသင်းမြို့နယ်တွင် ရေကြီးနစ်မြုပ် မြေပြိုမှုကြောင့် သေဆုံးသူ ၁၇ ဦး၏ ရုပ်အလောင်းများ တွေ့ရှိထားကြောင်း စက်တင်ဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ရမည်းသင်းမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများအနေဖြင့် ရေဘေးကယ်ဆယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ထားသော်လည်း ကယ်ဆယ်ရေးလုပ်ငန်း အတွေ့အကြုံနည်းပါးမှုကြောင့် အခက်အခဲများလည်း ဖြစ်ပေါ်ခဲ့ရကြောင်း၊ မြို့ခံများနှင့် လူမှုကူညီရေးအသင်းများ ပူးပေါင်းဆောင်ရွက်မှုများ ရှိသော်လည်း အသက်ကယ်အင်္ကျီ၊ဘောကွင်းစသည့် ကယ်ဆယ်ရေးသုံး အထောက်အကူ ပစ္စည်းများ လုံလောက်မှု မရှိသလို အသက်ကယ်လှေ ၂ စီးခန့်သာ ရှိကြောင်း၊ ယခုအခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့ခံပရဟိတအသင်းများက ပူး ပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၆၃ အုပ်စု၊ ကျေးရွာပေါင်း ၂၄၇ ရွာ၊ လူဦးရေ ၂၅၈၀၉၁ ဦး ထိရှိပြီး အရှေ့ဘက်တွင် ရှမ်းပြည်နယ်ရှိ ပင်လောင်းမြို့နယ်၊ ကလောမြို့နယ်၊ တောင်ဘက်တွင် တပ်ကုန်းမြို့နယ်၊ အနောက်ဘက်တွင် မကွေးတိုင်းရှိ နတ်မောက်၊ မြို့သစ်မြို့နယ်၊ မြောက်ဘက်တွင် ပျော်ဘွယ်မြို့နယ်များ တည်ရှိသည်။

မြန်မာနိုင်ငံတွင် မုန်တိုင်းဒဏ်ကြောင့် မြို့နယ် ၃၄ ခုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ ၂၃၆,၆၄၉ ဦးထိ ရေဘေးဒဏ်ခံစားခဲ့ရကာ ကူညီကယ်ဆယ်ရေးစခန်း ၁၈၇ ခုထိ ဖွင့်လှစ်ပေးထားကြောင်း၊ ရေကြီးနစ်မြုပ်မှုကြောင့် သေဆုံးသူ ၃၃ ဦးထိရှိသည် စစ်ကောင်စီ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

You may also like these stories:

ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်း၊ မြန်မာနှင့် လာအိုတွင် ရေကြီး

နေပြည်တော်ရေကြီးမှု ကယ်ဆယ်ရေး မလုံလောက် လူထောင်ချီပိတ်မိနေ

နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်

သဘာဝဘေးနဲ့ စစ်ဒဏ်ကြား ခါးစည်းခံရတဲ့ အညာတောင်သူတွေဘဝ

ရေဘေးသင့် ဒုက္ခသည်များ စစ်တပ်အကူအညီ မဖြစ်စလောက်သာ ရ

Your Thoughts …
Tags: ကယ်ဆယ်ရေးတောင်ပြိုပျောက်ဆုံးမိုးထိမိုးမိရမည်းသင်းရေမျောသေဆုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ

မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ

by ကံ့ကော်
16 September 2024
6.6k

မခင်ခင်တို့ မိသားစုမှာ ယနေ့အချိန်အထိ ပြန်လည်ထူထောင်ရေး အကူအညီမရရှိသေးဘဲ အလှူရှင်များ လာရောက်လှူဒါန်းသည့် ထမင်းထုပ်ဖြင့် တနေ့စာတနေ့ ဖြတ်သန်းနေရသည်။

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်

by စောလွင်
22 April 2024
6.6k

မြဝတီတွင် ပိတ်မိနေသည့် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကို ကူမည့် တပ်များသည် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှ အဓိကသွားနေခြင်းဖြစ်ပြီး လမ်းဟောင်းအပါအဝင် အခြားတောလမ်းများ ၄ ခုခန့်တွင် စစ်ကြောင်းများခွဲ၍ တက်နေ သည်ဟုလည်း ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။

နေပြည်တော်ငလျင် သေဘေးမှ လွတ်ခဲ့သူတဦး၏ ပြောပြချက်

နေပြည်တော်ငလျင် သေဘေးမှ လွတ်ခဲ့သူတဦး၏ ပြောပြချက်

by ပပ
29 March 2025
5.4k

တဒင်္ဂအတွင်းဖြစ်ပေါ်လာသည့် ငလျင်အတွင်း သေဘေးမှလွတ်မြောက်ခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့နေ ဒေသခံ အမျိုးသမီးတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ

နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ

by ဧရာဝတီ
14 September 2024
5.1k

ယနေ့အထိ ပုဗ္ဗသီရိမြို့နယ် ဝက်ကုန်း-ပေါက်တောလမ်းတလျှောက် လူနေအိမ်များ ရေဝင်ရောက်နေဆဲ ဖြစ်သလို ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ သိုက်ချောင်းကျေးရွာမှ စိုက်ဧကများ ထိခိုက်ပျက်စီးမှုများခဲ့ကာ ကျေးရွာများအတွင်း ရေဝင်ရောက်နေဆဲဖြစ်ကြောင်း

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

မိုးမိတ်တွင် ပိတ်မိနေသူများ အမြန်ဆုံးထွက်ခွာကြရန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သတိပေး

by ဧရာဝတီ
26 January 2024
5.1k

တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသော ၃ ရက်ခန့်အတွင်း ပရဟိတအသင်းများက ရုပ်အလောင်းကောက်ယူရာတွင် ရုပ်အလောင်း ၄၀ ကျော်ထိ ရရှိခဲ့ပြီး အဆိုပါ အလောင်းများကို ဘောလုံးကွင်းထဲ၌ စုပုံ မီးရှို့ သဂြိုဟ်ပေးခဲ့ကြောင်း

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

ထောင်တွင်းနှိပ်စက်သည့် ဒဏ်ရာများကြောင့် တေးရေး၊တေးဆို စံလင်းစံ သေဆုံးဟုဆို

by ဧရာဝတီ
3 January 2024
5k

ကိုစံလင်းစံ မသေဆုံးမီက ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များက အကျဉ်းထောင်သို့ တောင်းခံခဲ့သော်လည်း ထောင်ပြင်ပတွင် ဆေးကုသမှု မပေးခဲ့ဘဲ ဆေးမြီးတိုများဖြင့်သာ ကုသပေးခဲ့ကြောင်း

Next Post
ကျောင်းပြန်ဖွင့်ပေးပါလို့ တောင်းပန်ပါတယ် (ရုပ်/သံ)

ကျောင်းပြန်ဖွင့်ပေးပါလို့ တောင်းပန်ပါတယ် (ရုပ်/သံ)

တချို့က ထပ်သွားကယ်ရင်းနဲ့ ပျောက်သွားတာ (ရုပ်/သံ)

တချို့က ထပ်သွားကယ်ရင်းနဲ့ ပျောက်သွားတာ (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

4 days ago
5.3k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

2 days ago
4.5k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီက မော်ဒယ်ဂျွန်လွင်ကို ဘာတွေ စစ်မေးခဲ့လဲ

    shares
    Share 0 Tweet 0
  • ကျောက်ဖြူကို စစ်ကောင်စီ အင်အားဖြည့်

    shares
    Share 0 Tweet 0
  • တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate