နိုင်ငံတဝန်းတွင် ပြင်းထန်သော ရေလွှမ်းမိုးမှုများ ဖြစ်နေသော်လည်း မြန်မာစစ်ကောင်စီသည် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်နေသည်။
တော်ဝင်ထိုင်းလေတပ်သည် ရဟတ်ယာဉ်များ၊ လေယာဉ်များ၊ ဒရုန်းများဖြင့် လိုအပ်နေသော ထိုင်းလူမှုအသိုက်အဝန်းများနှင့် မြန်မာနယ်စပ်တွင် အစားအစာနှင့် ဆေးဝါးများချပေးနေသည်။
ဗီယက်နမ်တွင် ယာဂီတိုင်ဖုန်း မုန်တိုင်းဝင်ရောက်ပြီးနောက် မြန်မာမှ ပြည်နယ်နှင့်တိုင်း ထက်ဝက်နီးပါးတွင် ရေလွှမ်းမိုးနေသည်။
လူအနည်းဆုံး ၃၀ သေဆုံးပြီး မန္တလေးမြို့တောင်ဘက် ရမည်းသင်းနှင့် မြို့တော် နေပြည်တော်တွင် လူသောင်းချီ အိုးအိမ်မဲ့သွားကြောင်း စစ်ကောင်စီထိန်းချုပ် မြန်မာမီးသတ်ဦးစီးဌာနက ဖေါ်ပြသည်။
စစ်ကောင်စီက ကယ်ဆယ်ရေး အစီအစဉ်မရှိဘဲ ဒေသခံများသည် အိမ်ခေါင်မိုးများနှင့် သစ်ပင်များတွင် ပိတ်မိနေသည်မှာ ၂၄ နာရီကျော်နေပြီး ကယ်ဆယ်ရေးအဖွဲ့များ မနိုင်မနင်း ဖြစ်နေသည်။
စက်တင်ဘာလ အစောပိုင်းမှ စတင်ပြီး ထိုင်းလေတပ်သည် ပုဂ္ဂလိကနှင့် အစိုးရဌာနများနှင့် ပူးပေါင်းကာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်မှ ရေလွှမ်းမိုးခံရသူများအတွက် အစားအစာနှင့် ဆေးဝါးများ ပေးပို့ရန် လေယာဉ်များကို အသုံးပြုနေသည်။
ထိုင်းစစ်တပ် ရဟတ်ယာဉ်တစင်းက အိမ်ခေါင်မိုးတခုတွင် ပိတ်မိနေသည့် ပြည်သူများအတွက် အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်းများ ချပေးသည်ကို အွန်လိုင်းဗီဒီယိုတခုတွင်တွေ့ရသည်။ ထိုင်းစစ်သားများသည် ပိတ်မိနေသူများအတွက် အကူအညီနှင့် အစားအစာ ပေးပို့ရန် ဒရုန်းအသုံးပြုသည်ကို အခြား ဗီဒီယိုတခုတွင် ဖေါ်ပြသည်။
ထိုင်းရဟတ်ယာဉ်များသည် ရှမ်းပြည်အရှေ့ပိုင်းနယ်စပ်တဘက် တာချီလိတ်မှ အိမ်ခေါင်မိုးတွင် ပိတ်မိနေသူများအတွက်လည်း အကူအညီများချပေးသည်။
သို့သော် ဆုံးရှုံးသွားသော ဒေသများကို ပြန်လည်သိမ်းယူမည်ဟု ယခုလတွင် စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ပြောပြီးနောက် စစ်ကောင်စီက စစ်ကောင်စီဆန့်ကျင်ရေးပိုင်နက်များကို လေကြောင်းတိုက်ခိုက်မှု တိုးလာနေသည်။
ဖမ်းဆီးထားသည့် စစ်ကောင်စီတပ်သားများနှင့် ကလေးအများအပြားအပါဝင် လူ ၁၀၀ ကျော် သေဆုံးစသည့် လေကြောင်းတိုက်ခိုက်မှုများသည် ရှမ်းပြည်တောင်ပိုင်းသို့ မင်းအောင်လှိုင်သွားရောက်သည့် မိန့်ခွန်းအပြီး နာရီပိုင်းအတွင်း ဖြစ်ပွားသည်။
စစ်ကောင်စီသည် ပြည်သူများကို ဂရုမစိုက်ကြောင်း ဖေါ်ပြပြီး ထိုင်းနှင့် မြန်မာမှ လေတပ်များအကြား ကွာခြားပုံကို လူမှုကွန်ရက် အသုံးပြုသူများပြောသည်။
ထိုင်းစစ်တပ်သည် ပြည်သူများ၏ အသက်များကို လေးစားသော်လည်း မြန်မာစစ်ကောင်စီသည် အရပ်သားများကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့ကာ လိင်ပိုင်းအကြမ်းဖက်မှုလုပ်သည့် အကြမ်းဖက်အုပ်စုဖြစ်ကြောင်း လူမှုကွန်ရက်အသုံးပြုသူ ကိုထွေးက Facebook တွင်ရေးသည်။
မြန်မာလေတပ်သည် အရပ်သားများကို ဗုံးကြဲကာ အလုပ်များနေသည်ဟု သူရေးသားသည်။
မြန်မာလေတပ်သည် ထိုင်းလေတပ်ကဲ့သို့ပင်မိုးပေါ်မှ ပျံသန်းလာသော်လည်း အရပ်သားများအတွက် အစားအစာနှင့်အကူအညီအစား ဗုံးများကြဲသည်ဟု အခြား Facebook အသုံးပြုသူတဦးရေးသားသည်။
You may also like these stories:
ယာဂီ တိုင်ဖွန်းမုန်တိုင်းကြောင့် ထိုင်း၊ မြန်မာနှင့် လာအိုတွင် ရေကြီး
နေပြည်တော်နယ်မြေ ရေကြီးပြီး ၄ ရက်မြောက်နေ့ စစ်ခေါင်းဆောင် ထွက်ပေါ်လာ
ရမည်းသင်း ရေကြီးမြေပြိုမှု အလောင်း ၄၀ ကျော်တွေ့ ၁၀၀ ကျော် ပျောက်နေ
ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်
နေပြည်တော်ရေကြီးမှု ကယ်ဆယ်ရေး မလုံလောက် လူထောင်ချီပိတ်မိနေ