အသစ် ထွက်လာမယ့် iPhone 16 Series အားလုံးမှာ Apple Intelligence လို့ ခေါ်တဲ့ Apple ရဲ့ AI Software ကို ထည့်သွင်း ပေးထားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၀ ရက်နေ့ကျရင် ဖြန့်ချိ ရောင်းချမှု စတော့မယ်လို့ ဆိုတဲ့ iPhone 16 မှာ Apple Intelligence အတွက် ဒီဇိုင်း ရေးဆွဲ ထားတဲ့ A18 Chip အသစ် ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။
Apple Intelligence က Messages တွေ Summarise လုပ်ပေးခြင်း၊ အီးမေးလ် ရေးသားခြင်း၊ ဓာတ်ပုံတွေ ရှင်းလင်းခြင်း၊ စာအသွားအလာ ရေးဟန်ကို ပုံစံ ပြုပြင်ရေးသားပေးခြင်း တို့အပြင် အပြင်မှာရှိတဲ့ အရာဝတ္ထုတွေကို Camera သုံးပြီး Recognise လုပ်နိုင်ခြင်းလိုမျိုး အရာတွေကိုလည်း လုပ်ဆောင် ပေးနိုင်မယ်လို့ ဆိုပါတယ်။
အဲဒီ iPhone 16 အသစ်တွေထဲက အနိမ့်ဆုံး မော်ဒယ်က မျက်နှာပြင်အကျယ် ၆ ဒသမ ၁ လက်မ ရှိမှာဖြစ်ပြီး ဈေးနှုန်း ကတော့ အမေရိကန် ဒေါ်လာ ၇၉၉ ဒေါ်လာကနေ စပါတယ်။
မျက်နှာပြင်အကျယ် ၆ ဒသမ ၇ လက်မရှိမယ့် iPhone 16 Plus ကတော့ အနိမ့်ဆုံးဈေးနှုန်း ၈၉၉ ဒေါ်လာ ကနေ စတင် ဝယ်ယူနိုင်မှာပါ။
အဲဒီ ရိုးရိုးရော Plus ရော 128 Gb Memory နဲ့ လာမှာဖြစ်ပြီး Black, White, Pink, Teal, Ultramarine ဆိုပြီး အရောင် ၅ ရောင် ရွေးချယ်လို့ ရမှာပါ။
iPhone 16 Pro ကတော့ မျက်နှာပြင်အကျယ် ၆ ဒသမ ၃ လက်မရှိပြီး ၉၉၉ ဒေါ်လာ ကနေ စတင်ဝယ်ယူနိုင်ကာ ၆ ဒသမ ၉ လက်မ ရှိတဲ့ iPhone 16 Pro Max ကိုတော့ ၁၁၉၉ ဒေါ်လာ ကနေ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
Pro မော်ဒယ်တွေမှာ Storage အနေနဲ့ 128 Gb ကနေစတင်ပြီး 1 TB ထိရရှိနိုင်မှာ ဖြစ်ကာ အရောင်တွေ အနေနဲ့ Black Titanium, Natural Titanium, White Titanium နဲ့ Desert Titanium ဆိုပြီး ရွေးချယ်နိုင်မှာပါ။
အသစ် ထုတ်လုပ်တဲ့ အထဲမှာ A18 Chip အပြင် 48 Megapixel mail camera, Ultrawide camera နဲ့ AI features တွေ ထည့်သွင်း ပေးထားတဲ့ Photo app တခုတို့ပါဝင်တဲ့၊ အဆင့်မြှင့်ထားတဲ့ ကင်မရာပိုင်း နည်းပညာလည်း ပါဝင်လာခဲ့ ပါတယ်။
Feature အသစ်အနေနဲ့ Camera Control လို့ခေါ်တဲ့ Physical button တခု ပါဝင်လာပါတယ်။ ဒီခလုတ်က ကင်မရာကို ဖွင့်လို့ရမယ်၊ ဓာတ်ပုံတွေ ဗီဒီယိုတွေ ရိုက်လို့ ရပါမယ်။
Apple ရဲ့ဖော်ပြချက်အရ Camera Control ခလုတ်ကို ဘယ်ညာ ပွတ်ဆွဲပြီး Camera setting တွေကို ရွေးချယ်နိုင်ခြင်း အပါအဝင် အခြားသော လုပ်ဆောင်ချက်တွေ စွမ်းဆောင် ပေးနိုင်မယ် လို့လည်း သိရပါတယ်။
ကယ်လီဖိုးနီးယား၊ ကူပါတီနိုမှာ ရှိတဲ့ Apple ရုံးချုပ်မှာ ကျင်းပတဲ့ပွဲမှာ Hardware အသစ်တွေကို ကြော်ငြာ သွားခဲ့ပြီး ၎င်းပစ္စည်းတွေနဲ့ AI ဘယ်လို ပေါင်းစပ်ထားသလဲ ဆိုတာကိုလည်း အဓိက ဦးစားပေး ပြသသွားပါတယ်။
iPhone 16 အသစ်အပြင် AirPods 4 အသစ်၊ Apple Watch Series 10 နဲ့ အခြားပစ္စည်းများကို ကြော်ငြာ ပြသ သွားခဲ့ တာပါ။
iPhone 16 မော်ဒယ် အားလုံးကို စက်တင်ဘာ ၂၀ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပြီး ကြိုတင်မှာယူမှု Preorder ကိုလည်း မှာယူနိုင်တယ်လို့ ဆိုပါတယ်။
Ref : Bangkok Post