• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်သားနှင့်ကူမဲရှိ ရေဘေးသင့်ဒေသခံတို့ အကူအညီများလိုအပ်နေ

by ဧရာဝတီ
18 September 2024
in သတင်း
A A
မြစ်သားနှင့်ကူမဲရှိ ရေဘေးသင့်ဒေသခံတို့ အကူအညီများလိုအပ်နေ

မြစ်သားမြို့နယ်၊ နွားကူးလေးရွာသို့ သွားရောက်ကူညီနေသည့် အဖွဲ့တချို့/CJ

907
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ မြစ်သားမြို့နယ် အနောက်ခြမ်းနှင့် ကူမဲမြို့တောင်ဘက်ခြမ်းရှိ ကျေးရွာများမှာ စက်တင်ဘာ ၁၃ ရက်ကစ၍ ရေကြီးနစ်မြုပ်ခဲ့ရာမှ လက်ရှိတွင် ရေပြန်လည်ကျဆင်းလာပြီဖြစ်သော်လည်း ဒေသခံပြည်သူများအတွက် အရေးပေါ် အကူအညီများလိုအပ်နေကြောင်း သိရသည်။

မြစ်သားမြို့နယ် အနောက်ခြမ်းနှင့် ကူမဲမြို့တောင်ဘက်ခြမ်း ကျေးရွာများဖြစ်သည့် ကင်းစိန်ဈေး အရှေ့/အနောက်၊ ပေါက် မြိုင်၊ အင်းယင်း၊ တမာပင်၊ နွားဖြူငယ်၊ အေးစိန်၊ စမုံပေါက်၊ သစ်တက်ကုန်း၊ လောင်းတော်ဦး၊ နွားကူးလေး၊ တကိုတည်း၊ ယွေး၊ ဒါးရဲကောင်း၊ မှိုင်းဟင်၊ ပုဏ္ဏား၊ ရန်အေး၊ ရွာမုန်းကြီး၊ ပခမ်း၊ ပျော်ဘွယ်လေး၊ ကျောက်ဆောက်၊ ဆင်သည်၊ မြသိန်း တန်၊ ခြင်္သေ့လက်၊ ညောင်ပင်၊ မင်းစု၊ စံပယ်တော၊ သာလွန်၊ မရှက်၊ ရွာခိုင်ကြီး၊ အုန်းကုန်း၊ ညောင်ဝန်း၊ သပြေတောင်း၊ ရွာရှည်၊ ရှမ်းသူငယ်၊ ကျွဲဆွဲ၊ တောင်ရိုး၊ လင်းဆွဲ၊ သားများဘ၊ စစ်ကဲ၊ ကြံတော၊ ရှမ်းပွဲစု၊ သပြေသာ စသည့်ကျေးရွာများရှိ နေရာတချို့တွင် ရေပြန်မကျသေးသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
660
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
45
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
811

ကူမဲမြို့တောင်ဘက် ပန်းလောင်မြစ်ဘေး နေထိုင်သူတဦးက “လက်ရှိအခြေအနေက ရေကျတယ်ဆိုပေမယ့် လုံးဝကျသွား တာမျိုး မဟုတ်ဘူး။ ရေစတက်ကတည်းက မြင့်တဲ့အိမ်တွေမှာ စုပြီး နေခဲ့ကြတာ။ တချို့အိမ်တွေဆိုရင် ခေါင်မိုးဖောက်ပြီး နေကြတာ။ ရေစီးတအားသန်တော့ ကူညီကယ်ဆယ်ရေးနဲ့ အလှူရှင်တွေ ရောက်တာနည်းပါတယ်” ဟု ပြော သည်။

မြစ်သားမြို့နယ် အနောက်ခြမ်းရှိ ကင်းစိန်ဈေး အရှေ့/အနောက်၊ ပေါက်မြိုင်၊ အင်းယင်း၊ တမာပင်၊ နွားဖြူငယ်၊ စမုံပေါက်၊ သစ်တတ်ကုန်း၊ လောင်းတော်ဦး၊ နွားကူးလေး၊ တကိုတည်း၊ ယွေး၊ ဒါးရဲကောင်းစသည့် ရေဘေးသင့်ကျေးရွာများမှာ ရေဘေးအပြင် အငတ်ဘေးပါ ရင်ဆိုင်နေကြရသည်ဟု လူမှုကွန်ရက်စာမျက်နှာ၌ အကူအညီတောင်းခံမှုများအရ သိရသည်။

မြစ်သားမြို့နယ်ရှိ ရေဝင်ရောက်နေဆဲ ကျေးရွာတချို့/ CJ

မြစ်သားမြို့နယ်အနောက်ခြမ်းရှိ မြင်းချေနိုင်၊ မင်းဝန်၊ ရှင်ငယ်ကျ၊ ထုံးကြီးရွှေဂူများတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ လည်း ဖွင့်လှစ်ထားသလို ကျေးရွာများသို့ သွားရောက်ကူညီလိုသူများအနေဖြင့် အမြန်လမ်း ၃၂၅ မိုင်မှ စမုံပေါက်ရွာထိ ကားများဝင်ရောက်နိုင်ကြောင်း အသိပေးထားသည်။

မြစ်သားမြို့ အနောက်ခြမ်းကျေးရွာတခုမှ ဒေသခံတဦးက “ရေဘေးနဲ့ အငတ်ဘေး မြစ်သားမြို့အနောက်ဘက်က ရွာတွေ ခံစားနေကြရတယ်၊ ရေက ဘေးကျပ်နံကျပ်မို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း မရောက်သေးပါဘူး၊ စက်လှေတွေ လည်း အကုန်လှည့်ပြန်သွားကြတာချည်းပါပဲ၊ ရေ ထပ်မဝင်တော့ဘူးဆိုပေမယ့် ပြန်မကျသေးတော့ ပိတ်မိနေကြတဲ့သူတွေ ကလေးငယ်တွေနဲ့ သက်ကြီးအရွယ်တွေ ရေဘေးအပြင်အငတ်ဘေးပါ ထပ်ဆိုက်နေပြီ” ဟု ပြော သည်။

ထိုသို့သော အခြေအနေများကြောင့် ဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့အစည်းများက ရေဘေးသင့်ပြည်သူများ လိုအပ်နေသည့် အရေးပေါ်အကူအညီများ ရရှိနိုင်ရေးအတွက် ယနေ့အချိန်ထိ ကူညီတောင်းခံနေကြသည်ကို တွေ့ရသည်။

“မြစ်သားမြို့နယ် ကျွဲဆွဲအုပ်စုဘက်က တောင်ရိုးရွာ၊ လင်းဆွဲရွာတွေဘက်ကို သွားပြီးလှူခဲ့တာပါ၊ တကယ်လိုအပ်ပြီး လှူတဲ့သူအရောက်အပေါက် မရှိသလောက်ပါပဲ။ အခုတော့ ရေကျနေပါပြီ၊ ကားတိုက်ရိုက် သွားမရသေးပါဘူး။ လမ်းတဖက်မှာ ကား တွေထားခဲ့ လှူစရာပစ္စည်းတွေကို ရင်စို့လောက်ထိရှိတဲ့ ရေထဲမှာ အခေါက်ခေါက်အခါခါသယ်ပြီး ကဲ့ယူရတာပါ၊ ဟိုတဖက် ရောက်တော့လည်း ထော်လာဂျီနဲ့ တဆင့် ၄ မိုင်လောက်ထပ်သွားပြီးမှ ရွာရောက်ပါတယ်” ဟု သွားရောက် လှူဒါန်းခဲ့သူတဦးက ပြောသည်။

သာစည်မြို့နယ် ယင်းမာပင်အနောက်မြောက်ဘက် ဘုရားငါးဆူရွာအရှေ့ဘက် ၄ မိုင်ခန့်အကွာတွင် မြစ်ဖျားခံသည့် ပန်း လောင်မြစ်ပေါ် တည်ဆောက်ထားသော ကင်းတားဆည် ရေပိုလွှဲရေတံခါး ၄ ပေါက်မှ စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ ရေဖောက်ချခဲ့မှုများကြောင့် မြို့နယ်တခုလုံးနီးပါ ရေကြီးနစ်မြုပ်ခဲ့ရခြင်းဟု သိရသည်။

မှိုင်းဟင်ကျေးရွာသားတဦးက “အဓိကတော့ ကင်းတားဆည်‌က ကြိုတင်အသိပေးတာမျိုးမရှိဘဲ ရေလွှတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၁၃ ရက်က စပြီး မြစ်သားတမြို့နယ်လုံးနီးပါး ရေကြီးနစ်မြုပ်ခဲ့တာ၊ အခုလိုမျိုး တခါမှ မကြုံဖူးတော့ ဘာမှ ကြိုတင် ပြင်ဆင်ချိန် မရလိုက်ကြဘူး။ တော်တော်များများကတော့ ရေထဲမှာ အနည်း ၂ ရက်လောက်ထိ ပိတ်မိခဲ့ပြီးမှ ရေလွတ်ရာကို ရောက်ကြတာ၊ ရေစီးသန်တော့ ကယ်ဆယ်ရေးတွေလည်း တော်တော်နဲ့ မရောက်နိုင်ခဲ့ကြဘူးလေ” ဟု ပြောသည်။

ကူမဲမြို့နယ်ရှိ ရေကြီးနေဆဲ ရွာတချို့/ CJ

ထို့အတူ ဝမ်းတွင်းနှင့်သာစည်မြို့နယ် အစပ်ရှိ စမုံဆည်မှာ စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီခွဲဝန်းကျင်က ကျိုးပေါက်ပြီးနောက် ဆည်အောက်ဘက်နှင့် စမုံမြစ်ရိုးတလျှောက်ရှိ မြစ်သားမြို့နယ်မှ ကျေးရွာများနှင့် စိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားရွာသားတဦးက “ပခမ်းရွာဘက်ဆိုရင်လည်း လူတွေရော နွားတွေရောဖြစ်သလို နေနေကြရတယ်၊ အချို့ဆိုရင် သံလမ်းပေါ်မှာ နေနေကြရတယ်၊ အချို့လည်း ငါးကန်ဘောင်တွေမှာပေါ့၊ အခုတော့ ရေကျစပြုလာလို့ ပြန်ပေါ်လာတဲ့ အိမ်တွေကို ကြည့်ပြီး အတော် ရင်မောနေကြရတယ်။ အိမ်ခြေ ၂၅၀ ကျော်နဲ့ လူဦးရေ တထောင်ကျော်နေထိုင်တဲ့ ကျနော်တို့ ပုဏ္ဏားရွာလေးလည်း အတော့်ကို ပျက်စီးသွားတယ်၊ ရွာကို ပြန်ပြီး နလန်ထဖို့ အတော့်ကို ထူထောင်ကြရဦးမှာ” ဟု ပြော သည်။

မြစ်သားမြို့နယ်တွင်၂၀၀၆ ခုနှစ်အတွင်းကလည်း ကင်းတားဆည်ရေလွှတ်ခဲ့မှုကြောင့် တမြို့လုံးရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်သားမြို့အလယ်လမ်းမပေါ်၌ ရေအမြင့် ၆ ပေကျော်ထိ ဝင်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ် ရေကြီးနစ်မြုပ် မှုသည် ၂၀၀၆ ခုနှစ်ထက်ပိုများခဲ့ကာ မြစ်သားမြို့လယ်လမ်းမပေါ် ရေအမြင့် ၁၁ ပေခန့်ထိ ရှိခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် မြို့ ၂ မြို့၊ ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၈၁ အုပ်စု၊ ကျေးရွာပေါင်း ၂၂၇ ရွာ လူဦးရေ ၂ သိန်းခန့် ရှိကာ မြောက်ဘက်၌ ကျောက်ဆည်မြို့နယ်၊ အနောက်ဘက်တွင် နွားထိုးကြီးမြို့နယ်၊ အနောက်မြောက်ဘက် တံတားဦးမြို့နယ်၊ အနောက်တောင်ဘက်၌ ဝမ်းတွင်းမြို့နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်နေသည်။

You may also like these stories:

လွိုင်ကော်ရေဘေး ကူညီကယ်ဆယ်ရေး စစ်ကောင်စီ ပိတ်ထား

နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်

Your Thoughts …
Tags: ကူမဲမြစ်သားရေကြီးနစ်မြုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

by ဧရာဝတီ
12 September 2024
4.4k

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များ မြစ်ရေမြင့်တက်နေမှုနှင့်အတူ ယင်းမြစ်များပေါ်တွင်တည်ဆောက်ထားသော ဆည်ကြီးများမှ ရေလွှတ်ခြင်း၊ ရေဖောက်ချခြင်းနှင့် ဆည်ကျိုးခြင်းများကြောင့် ကျေးရွာများရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေ

လွိုင်ကော်ရေဘေး ကူညီကယ်ဆယ်ရေး စစ်ကောင်စီ ပိတ်ထား

လွိုင်ကော်ရေဘေး ကူညီကယ်ဆယ်ရေး စစ်ကောင်စီ ပိတ်ထား

by စောလွင်
17 September 2024
1.1k

လွိုင်ကော်မြို့ပေါ်၌ လူထောင်ချီအရေးပေါ် ရွှေ့ပြောင်းရန်အကူအညီများ လိုအပ်နေသော်လည်း စစ်ကောင်စီ၏ ကူညီ ကယ်ဆယ်ရေးအစီအစဉ်များကို မတွေ့ရဘဲ မီးသတ်တပ်ဖွဲ့ဝင်အနည်းငယ်ကိုသာ

ကင်းတားဆည်ရေလွှတ်၍ ကျေးရွာများပြောင်းရွှေ့ရန် သတိပေး

ကင်းတားဆည်ရေလွှတ်၍ ကျေးရွာများပြောင်းရွှေ့ရန် သတိပေး

by ဧရာဝတီ
2 October 2024
1.1k

ပန်းလောင်မြစ်ကမ်းဘေး ကျေးရွာအုပ်စုများအနေဖြင့် ရေထပ်မံ မြင့်တက်လာမည်ဖြစ်၍ ကုန်းမြင့်ရာဒေသ သို့ ပြောင်းရွှေ့နေထိုင်ရန်လည်း သတိပေးထားသည်။

ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအတွက် ထောက်ပံ့မှု မရ

ပဲခူးတိုင်းအတွင်း ရေနစ်မြုပ်ပျက်စီးခဲ့သည့် စပါးခင်းများအတွက် ထောက်ပံ့မှု မရ

by ဧရာဝတီ
20 October 2023
946

ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားသော လယ်သမားများအား မျိုးစပါးများကို စပါးပေါ် အကြွေးစနစ်နှင့် ချပေးခြင်းများ ရှိသော်လည်း တခြား အကူအညီများကို လယ်သမားများ မရရှိ

ရေကြီးမှုကြောင့် ခန္တီးတွင် စားသောက်ကုန်ဈေးများ မြင့်

ရေကြီးမှုကြောင့် ခန္တီးတွင် စားသောက်ကုန်ဈေးများ မြင့်

by မိအိသဉ္ဇာမြင့်
16 July 2024
638

ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့တို့တွင် ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် တမြို့လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွား ပြီးနောက် အခြေခံစားသောက်ကုန်များ မြင့်တက်နေပြီး၊ ပြတ်လပ်မှုများပါ ရှိလာ

ယာဂီအလွန် စိုက်ပျိုးရေးကဏ္ဍ နာလန်ထူနိုင်မလား

ယာဂီအလွန် စိုက်ပျိုးရေးကဏ္ဍ နာလန်ထူနိုင်မလား

by ဧရာဝတီ
2 October 2024
502

ယာဂီမုန်တိုင်းအရှိန်ကြောင့် စိုက်ပျိုးမြေဧက ခုနစ်သိန်းခွဲကျော် ရေနစ်မြှုပ်ပျက်စီးပြီး စိုက်ပျိုးထုတ်လုပ်မှု လျော့ကျမည့်အခြေအနေသို့ ရောက်ရှိနေပြန်သည်။

Next Post
မြန်မာစစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု အရှိန်မြှင့်ဟု ကုလ အစီရင်ခံ

မြန်မာစစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု အရှိန်မြှင့်ဟု ကုလ အစီရင်ခံ

မြန်မာလူထုရဲ့ ဆန္ဒကို တရုတ်က လျစ်လျူရှုနေ (ရုပ်/သံ)

မြန်မာလူထုရဲ့ ဆန္ဒကို တရုတ်က လျစ်လျူရှုနေ (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.8k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.6k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံများ ဘာကြောင့် ဒီမိုကရေစီရရန် ခက်နေသနည်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate