• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်နီပြည် ရေကြီးမှု လချီကြာနိုင်

by စောလွင်
23 September 2024
in သတင်း
A A
ကရင်နီပြည် ရေကြီးမှု လချီကြာနိုင်

လွိုင်ကော်မြို့ ရပ်ကွက်တချို့၌ ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်/ဆြာချစ်

887
VIEWS
Share on FacebookShare on Twitter

အင်းလေးကန်မှ ဘီလူးချောင်းတလျှောက်ဆင်းလာသည့် ရေများကို မိုးဗြဲရေကာတာမှ တောက်လျှောက်လွှတ်ချနေ သလို မိုးလည်း အဆက်မပြတ်ရွာနေသဖြင့် ကရင်နီပြည်(ကယား) လွိုင်ကော်အပါအဝင် ဒီးမော့ဆိုမြို့နယ်များရှိ ရွာများ မှာ ရေကြီးရေလျှံမှုမှာ လချီကြာမည့် အခြေအနေရှိကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများက ဆိုသည်။

စက်တင်ဘာ ဒုတိယအပတ်ကတည်းက ရေကြီးနေသော ကရင်နီပြည်တွင် ယခုအခါ လွိုင်ကော်မြို့ ဒေါအူခူ အနောက် ခြမ်း၊ မုံပြာ၊ ပိုးစာခြံ၊ မိုင်းလုံးနောက်ဘက်ခြမ်း၊ ရွှေတောင်၊ မင်္ဂလာ၊ ဓမ္မာရုံ၊ ဈေးပိုင်း ၊ ရှမ်းပိုင်း၊ လောဓမ္မ၊ ဒေါနိုကူး၊ နမ့်ကွတ်၊ မင်းစု စသည့်နေရာများ၌ ရေကြီးမှုများ အဆိုးဆုံးကြုံနေရပြီး တချို့ ရပ်ကွက် များတွင် နေအိမ်ခေါင်းမိုးများ လုံးလုံး နစ်မြုပ်၍ ရေပြင်ကြီး ဖြစ်နေသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
487
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.6k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
330

လွိုင်ကော်မြို့လယ် ရှမ်းစုရပ်ကွက်နေသူတဦးက “ရေက နေ့တိုင်း ၅လက်မလောက် တိုးနေတာ။ ကျနော်တို့ ရှမ်းပိုင်း Main လမ်း၊ ပလက်ဖောင်းတွေမှာ ခါးလောက်ရှိလာပြီး အိမ်အောက်ပိုင်းတွေ မြုပ်ကုန်ပြီ။ နမ့်ကွတ်ဘက် ကတော့ အကုန်တရပ်ကွက်လုံး မြုပ်သွားပြီ။ ခေါင်မိုးတွေပါ ပျောက်ကုန်ပြီ” ဟု ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အင်လေးကန်တွင်းမှ ရေများသည် ဘီလူးချောင်းတလျှောက် ၄၅ မိုင်ခန့် စီးဆင်းပြီးနောက် လွိုင်ကော်မြို့သို့ ရောက်ပြီး ယင်းနောက် ၆ မိုင်ခန့် ဆက်လက် စီးဆင်းကာ လောပိတရွာ အောက် ဖက်၌ ရေတံခွန်ကြီးတခု ဖြစ်ပေါ်ပြီးနောက် သံလွင်မြစ်လက်တက် နမ့်ပန်မြစ်တွင်း စီးဝင်သည်။

ရာသီဥတုနှင့် သဘာ၀ဘေးဆိုင်ရာကိစ္စရပ်များကို လေ့လာနေသည့် ပညာရှင်များ အဆိုအရ ရေပြင်ဧရိယာ ၂၄မိုင်ရှိ သည့် အင်းလေးကန်သည် သာမန်မိုးရာသီတွင် ရေမှာ ၅ပေ ၆ပေခန့်သာ ပုံမှန်တက်လေ့ရှိသော်လည်း ယခုရေတက် နှုန်းအရဆိုလျှင် ကန်အတွင်း ပိုလျှံနေသည့်ရေ ဧက ၂ သန်းခန့်ရှိနိုင်ကြောင်း၊ အင်းလေးကန်မှ ရေများကို ထိန်းသိမ်း ထားသည့် မိုးဗြဲ ဆည်၏ လက်ရှိထုတ်နိုင်မှု ပမာဏမှာ တရက်လျှင် ဧက ၄၅၀၀၀ခန့်သာ ဖြစ်သဖြင့် အင်းလေးကန် ဒေသရေလွှမ်းမှုမှာ အနည်းဆုံး ၄၅ရက်မှ ၇၅ ရက်ခန့် ကြာမြင့်နိုင်ကြောင်း သိရသည်။

မိုးဗြဲရေကာတာသည် လွိုင်ကော်မြို့ အနောက်မြောက်ဘက် ၂၅ မိုင်ခန့်အကွာ ရှမ်း- ကယားနယ်စပ် ဖယ်ခုံအင်းအဆုံး ၌ တည်ဆောက်ထားပြီး အမြင့်ဆုံး သိုလောင်နိုင်မှု ပမာဏ ၆၈၇၀၀၀ ဧကပေသာရှိကာ ရေတံခါး၄ ပေါက်မှ အများ ဆုံး ရေထုတ်လွှတ်နိုင်မှုသည် ၁ စက္ကန့်လျှင် ၂၄၀၀၀ ကုဗပေ ဖြစ်သည်။

ဘီလူးချောင်း အစပြုရာ အင်းလေးကန်နှင့် ရေသိုလှောင်ရာ မိုးဗြဲ အပါအဝင် ချောင်းရိုးတလျှောက်ဒေသများပြ မြေပုံ (ဧရာဝတီ)

လက်ရှိတွင် တစက္ကန့်လျှင် ကုဗပေ ၂၀၀၀၀ နီးပါးနှုန်းအထိ တံခါး ၃ ပေါက်မှတောက်လျှောက် လွှတ်ချနေသည်ဟု မိုးဗြဲရေကာတာ ဆည်မြောင်း အင်ဂျင်နီယာများနှင့် နီးစပ်သည့် လွိုင်ကော်မြို့ ပရဟိအဖွဲ့ဝင်တဦးက ပြောသည်။

ထို့အတွက် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် အနိမ့်ပိုင်းရပ်ကွက်များမှာ အိမ်ခေါင်မိုးအထိ နစ်မြုပ်မှုဖြစ် ပေါ်နေပြီး လက်ရှိချိန်ထိလည်း ရေများတရိပ်ရိပ် တက်နေဆဲ ဖြစ်သည်ဟု ဒေသခံများနှင့် ကူညီရေးလုပ်ဆောင်ပေး နေသူများက ပြောသည်။

လွိုင်ကော်မြို့မှ ကူညီရေးလုပ်နေသူတဦးက “လွိုင်ကော်အနောက်ခြမ်း ဘုရားဖြူ၊ ဘုရားနီဘက်မှာ လူတွေ သေတယ် ကြားတယ်။ စာရင်းတော့ မကောက်နိုင်ဘူး။ ဟိုတနေ့က ကယ်ဆယ်ရေးတွေသွားတာ ရေမိုင်လည်း တော်တော်ဝေး တယ်။ ရေစီးလည်သန်တော့ မရောက်သွားကြဘူး။ အခု ဘယ်မျောလို့၊ မျောကုန်လည်း မသိရဘူး။ တော်တော်များ တယ်” ဟု ပြောသည်။

ထိုကျေးရွာများရှိ ရေဘေးသင့်ပြည်သူများသည် စားနပ်ရိက္ခာနှင့် ရေသန့်၊ ဆေးဝါးများ အရေးပေါ်လိုအပ်နေပြီး ယခုလ အတွင်း ရေထပ်တက်နေမှုကြောင့် အဆက်အသွယ် ပြတ်တောက်မှုများ၊ အသက်ဆုံးရှုံးမှု ကြုံနေရသည်ဟု ဒေသခံ များနှင့် ကူညီပေးနေသူများက ဆိုသည်။

ကရင်နီရေဘေးကူညီနေသူ တောင်ကြီးမြို့မှ အမျိုးသမီးတဦးက ထိုကျေးရွာများဘက်ရှိ ဒေသခံများနှင့် စစ်ရှောင်တချို့ နန်းမယ်ခုံဘက်တွင် ခိုလှုံနေကြောင်း၊ နေရာများပြန့်နေသည့်အပြင် သွားရောက်လှူဒါန်းရေး လမ်းကြောင်းအခက်အခဲ များ ရှိနေကြောင်းဆိုသည်။

၎င်းက “ကျမတို့က ဘုရားနီ၊ ဘုရားဖြူဘက်က သွားရင် ဘယ်လမ်းရွေးမလဲဆိုရင် လွိုင်ကော်-ဆီဆိုင်လမ်းဘက်က ဘယ်လိုမှ အဆင်မပြေဘူး။ ပီကင်းဘက်က သွားမယ်ဆိုတော့လည်း ဖယ်ခုံဘက်မှာတိုက်ပွဲ ဖြစ်နေတော့ လမ်းတွေက သွားမရဘူး” ဟု ပြောသည်။

ပြီးခဲ့သော သြဂုတ်လကလည်း မိုးဗြဲရေကာတာမှ ဆည်ရေလွှတ်ချမှုကြောင့် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော် မြို့နယ် အစပ်ရှိ ဖောင်းတော၊ ဘုရားဖြူ၊ ဘုရားနီ၊ ပလဖ၊ ဆည်မြောင်း၊ နန်းစံခမ်း စသည့်ကျေးရွာများတွင် ပြီးခဲ့သည့် တလ ကျော်ကြာကတည်းက ရေနစ်မြုပ်မှု ကြုံခဲ့ရပြီဖြစ်သည်။

လွိုင်ကော်မြို့ခံတဦးက “သူတို့က အင်းလေးထဲမှာ ဘုရားပွဲလုပ်ချင်တော့ ဒီဘက်ကို တအားလွှတ်ချတယ်။ ဒီဘက်မှာ အိမ်တွေလည်းမြုပ် လွိုင်ကော်ရော၊ ဒီးမော့ဆိုဘက်ရော လယ်တွေ၊ စိုက်ခင်းတွေ မနည်းဘူး။ အကုန်မြုပ်ကုန်ပြီ။ ဘာမှကို မကျန်တော့တာ။ တော်တော့်ကို အခြေအနေဆိုးနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် တလကျော်ကတည်းက ရေဘေးဒုက္ခကြုံနေရသော ဒီးမော့ဆို- လွိုင်ကော်အစပ်ကျေးရွာများရှိ ဒေသခံများ နှင့် စစ်ရှောင်များသည် အလှူရှင်မရောက်၍ အစားအသောက်ပြတ်လပ်မှုနှင့်ပင် ကြုံနေရသလို၊ စက်တင်ဘာ ဒုတိယ အပတ်တွင်းမှ ရေးဘေးနှင့်စကြုံရသည့် လွိုင်ကော်မြို့ပေါ်ရှိ ရေဘေး ဒုက္ခသည်များပင်လျှင် ရက်သတ္တပတ်ကျော် အချိန်အတွင်း၌ပင် ထမင်းနပ်မမှန်မှုများကြုံနေရပြီ ဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့ ရပ်ကွက်တချို့၌ ရေကြီးရေလျှံမှုဖြစ်ပွားနေစဉ်/ဆြာချစ်

လချီကြာရေဘေးသင့်ဒဏ်ရမည့် အရေးကြုံနေသော ကရင်နီပြည်တွင် လက်ရှိအရေးပေါ်ကာလမှာပင် နယ်မြေမတည် ငြိမ်မှုများကြောင့် အလှူရှင်များနည်းပါးနေပြီး စစ်ကောင်စီဂိတ်များကလည်း အလှူပစ္စည်းများကို ပိတ်ဆို့ကန့်သတ်ထား သည်။

တောင်တရုတ်ပင်လယ်၌ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း ရာဂိနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းငယ်တို့အရှိန်ကြောင့် မြန်မာနိုင်ငံအနှံ့ မိုးများ အဆက်မပြတ်ရွာသွန်းခဲ့ပြီး စက်တင်ဘာ ဒုတိယအပတ်က နေပြည်တော်၊ ကရင်နီ၊ ကရင်၊ မွန်၊ ရှမ်း၊ ရခိုင်၊ ပဲခူး၊ မန္တလေး၊ ဧရာဝတီ၊ မကွေး စသည့် ပြည်နယ်နှင့်တိုင်းရှိ ၅၆ မြို့ နယ်အတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် တိုင်းနှင့် ပြည်နယ်အများစုမှာ ရေပြန်ကျသွားပြီဖြစ်သော်လည်း ကရင်နီပြည် (ကယား) ၌ မိုးအဆက်အပြတ် ရွာသွန်းခြင်းနှင့် ဆည်ရေလွှတ်မှုတို့ကြောင့် ရေကြီးမှုဒဏ်ကို ရက်သတ္တပတ်ကျော်ကြာအထိ အဆိုးရွားဆုံးကြုံတွေ့နေရသည်။

ဆက်စပ်ဖတ်ရှုရန်

ရေဘေးကြောင့် မြန်မာမှ ကုလသမဂ္ဂအေဂျင်စီများ အဖတ်ဆယ်ခွင့်ရမည်

ရေဘေးသေဆုံးမှု ၂၉၃ ဦးအထိ တက်လာဟု စစ်ကောင်စီ မီဒီယာပြော

သဘာဝဘေး စစ်ကောင်စီ မစီမံတတ်ပါ

Your Thoughts …
Tags: ကရင်နီဒီးမော့ဆိုဘီလူးချောင်းမိုးဗြဲဆည်လွိုင်ကော်အင်းလေးကန်
စောလွင်

စောလွင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

ကရင်နီစစ်ဆင်ရေးတွင် တာဝန်ရှိသော တိုင်းမှူးနှင့် တပ်မမှူး တချို့ကို အနားပေး

by ဧရာဝတီ
11 January 2024
13.7k

စစ်ဆင်ရေးတာဝန်ယူထားရသော တိုင်းမှူးနှင့်တပ်မမှူးများအား အနားပေးခြင်းသည် ၎င်းတို့တာဝန်ယူထားရသော ဒေသ၌ စစ်ရေးအရ ရှုံးနိမ့်နေခြင်းကြောင့်ဖြစ်နိုင်ကြောင်း

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

ဖမ်းမိ တိုက်လေယာဉ်မှူး လူ့အခွင့်အရေးအရ အသက်ရှင်ခွင့်ရှိဟု IEC ဒုဥက္ကဋ္ဌပြော

by ဧရာဝတီ
22 November 2023
12k

ကရင်နီတပ်ပေါင်းစု၏ စစ်ဆင်ရေးအတွင်း လက်နက်ချအညံ့ခံသူများနှင့် အရှင်ဖမ်းမိထားသည့် စစ်သုံ့ပန်း ၄၀ ကျော်ရှိနေပြီး ၎င်းတို့အား စစ်ဆင်ရေးအတွင်း ပါဝင်ပတ်သက်မှုနှင့်လုပ်ဆောင်ခဲ့သည့် အတိုင်းအတာများအား စစ်ဆေးကာ တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.5k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

Next Post
သေဒဏ်စီရင်မည့်သတင်းအပေါ် စိုးရိမ်ကြောင်း အာဆီယံပါလီမန်အမတ်များ ပြော

သေဒဏ်စီရင်မည့်သတင်းအပေါ် စိုးရိမ်ကြောင်း အာဆီယံပါလီမန်အမတ်များ ပြော

မတ္တရာအနောက်ခြမ်းရွာများ လက်နက်ကြီးဖြင့် ပစ်ခံရ၊ ပြည်သူ ၆ ဦး သေဆုံး

မတ္တရာအနောက်ခြမ်းရွာများ လက်နက်ကြီးဖြင့် ပစ်ခံရ၊ ပြည်သူ ၆ ဦး သေဆုံး

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.1k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate